RNA_မတ်(၁၁)၊၂၀၂၅ခုနှစ်။
စစ်ကိုင်းတိုင်းအခြေစိုက်၊ 96 Soldiers PDF – အညာတပ်ခွဲ၌ တာဝန်ထန်းဆောင်ခဲ့သော တပ်ခွဲမှူး ရဲဘော်ဝေဖြိုးအောင် (ခ) တစ်ဆယ်သည် ၂၀၂၅ ခုနှစ် မတ်လ ၁၁ ရက်နေ့ နံနက်ပိုင်းက စစ်ဆင်ရေးတစ်နေရာတွင် မြင့်မြတ်စွာ ကျဆုံးခဲ့ကြောင်း သိရသည်။
“ရဲဘော်ဝေဖြိုးအောင် (ခေါ်) တစ်ဆယ်သည် နွေဦးတော်လှန်ရေးကာလအတွင် ကျွန်တော်တို့ 96 Soldiers – PDF (အညာဒေသ) တပ်ခွဲ၌ ပါဝင်၍ စစ်အာဏာရှင်ကို လက်နက်စွဲကိုင် တော်လှန်ခဲ့ပါသည်။ ရဲဘော်တစ်ဆယ် အနေဖြင့် စစ်အာဏာရှင်အပြီးတိုင်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီရရှိရေး တိုက်ပွဲလမ်းခုလက်တွင် မြင့်မြတ်စွာကျဆုံးရင်း သူ၏အသက်ကိုပေးလှူခဲ့ပါသည်” ဟု 96 Soldiers PDF – အညာတပ်ခွဲကယနေ့ ထုတ်ပြန်ထားသည်။
ရဲဘော်တစ်ဆယ် အတွက်ကြေကွဲဝမ်းနည်းစွာဖြင့် ယူကျုံးမရဖြစ်ရသလို သူ၏စွန့်လွှတ်အနစ်နာခံမှုအတွက်လည်း ဂုဏ်ယူမိသည်ဟု 96 Soldiers – PDF ကပြောကြားထားကြောင်း၊ 96 Soldiers – PDF အညာတပ်ခွဲအနေဖြင့် ညီနောင်မဟာမိတ်များ၊ ပူးပေါင်းတပ်ဖွဲ့များနှင့် ပူးပေါင်းကာ စစ်ကိုင်းတိုင်းပြင်ပတွင်လည်း တိုက်ပွဲဝင်နေကြောင်း သိရသည်။
#RedNewsAgency #REDNEWS #RNA