M7 People’s Defense Force ဘဏ္ဍာရေးမှူးတာဝန်ထမ်းဆောင်ခဲ့သော မင်းသွေးသစ်ကို ယင်းမာပင်ခရိုင် တပ်ရင်းအမှတ်(၂၀)တွင် ဖမ်းဆီးထား

RNA_မတ်(၁၀)၊၂၀၂၅ခုနှစ်။

စစ်ကိုင်းတိုင်းအခြေစိုက်၊ M7 People’s Defense Force တွင် ဘဏ္ဍာရေးမှူးတာဝန်ထမ်းဆောင်ခဲ့သော မင်းသွေးသစ်ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ယင်းမာပင်ခရိုင် တပ်ရင်းအမှတ် (၂၀) တွင် ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရသည်။

M7 People’s Defense Force တွင် မင်းသွေးသစ် ဘဏ္ဍာရေးမှူးအဖြစ် တာဝန်ထမ်းဆောင်စဉ်က ယင်းမာပင်ခရိုင် တပ်ရင်း ၃၈ အဖြစ် တရားဝင် မဖြစ်သေးကြောင်း၊ ယင်းမာပင်ခရိုင် တပ်ရင်းအမှတ် ၂၀ (YOMA YAR ZAR)မှ ၂၀၂၄ ခုနှစ် နိုဝင်ဘာ (၁၀) ရက်နေ့က ဖမ်းဆီးခဲ့သည့်အတွက် (၄) ပြည့်ပြီဟု မင်းသွေးသစ်နှင့် နီးစပ်သူ တစ်ဦးက ပြောပြထားသည်။

“ကျွန်တော်ကကျတော့ လက်နက်ကိုင်တပ်ဖွဲ့တစ်ခု ဖြစ်တယ်။လက်နက်ကိုင် တပ်ဖွဲ့တစ်ခုဖြစ်တဲ့အတွက် ကျွန်တော့်ဆီ ညွှန်ကြားချက်ရောက်လာတယ် အဲ့အတိုင်း ကျွန်တော်က ထိန်းသိမ်းထားပေးတယ်။ သူတို့ကို ထိပ်တုန်းထဲ ထည့်ထားတာလဲ မဟုတ်ဘူး ကြိုးတုပ်ထားတာလည်းမဟုတ်ဘူး ထိန်းသိမ်းပါဆိုလို့ ထိန်းသိမ်းထားတယ်။ ကျနော်တို့ ထိန်းသိမ်းထားတယ်ဆိုတာလည်း သတ်မှတ် ဧရိယာတစ်ခုထဲမှာ လွတ်လွတ်လပ်လပ် သွားခွင့် လာခွင့်တော့ ပေးထားတယ်။ ကျန်တဲ့ဟာတော့ အထက်က လူကြီးတွေမှ သိမှာ ” ဟု ယင်းမာပင်ခရိုင် တပ်ရင်းအမှတ်(၂၀) တပ်ရင်းမှူးက ကိုရန်ရှင်းအောင်က ပြောသည်။

M7 People’s Defense Force ဘဏ္ဍာရေးမှူးလုပ်ခဲ့သူ မင်းသွေးသစ်နှင့်အတူ တပ်ရင်း ၃၈ တပ်ရင်းမှူး ဗိုလ်ဂျစ်တူး၊ ဒုတပ်ရင်းမှူး ဗိုလ်ဘလက်တို့ကို သတင်းပေါက်ကြားမှုဖြင့် တိုင်ခံထားရသော်လည်း တပ်ရင်းမှူးနှင့် ဒုတပ်ရင်းမှူးကို ဖမ်းဆီးထိန်းသိမ်းခြင်းမရှိကြောင်း၊ တိုင်ကြားခံရသူများထဲမှ မင်းသွေးသစ်ကိုသာ ဖမ်းဆီးထားပြီး တရားဝင်စစ်ဆေးမှုများလည်း မပြုလုပ်ကြောင်း၊ ယင်းတိုင်ကြားခံရသည့်အကြောင်းအရာနှင့်ပတ်သက်ပြီး ပုလဲမြို့နယ် ပကဖ တာဝန်ရှိသူတစ်ဦးကလည်း သတင်းပေါက်ကြားမှုမှာ မဟုတ်ကြောင်း MOD တာဝန်ရှိသူထံ စာပို့ထားသည်ဟု သိရသည်။

#RedNewsAgency #REDNEWS #RNA

By RNA Editor