လက်နက်ခဲယမ်း သယ်ဆောင်လာသောယာဉ်တန်း တိုက်ခိုက်ခံရပြီီး ယာဉ် (၁) စီးမီးလောင် (၇) ဦးသေဆုံး

RNA_ဖေဖော်ဝါရီ(၂၃)၊၂၀၂၅ခုနှစ်။
မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ နတ်ရေကန် လေကြောင်းကာကွယ်ရေးတပ်မှ လက်နက်ခဲယမ်းများ သယ်ဆောင်လာသော ယာဉ်တန်း ဖေဖော်ဝါရီလ ၂၂ ရက် နေ့လယ် ၁ နာရီ ၃၀ မိနစ်ခန့်က တိုက်ခိုက်ခံရပြီး ယာဉ် (၁) စီး မီးလောင်ပျက်စီးသွားသည့်အပြင် စစ်ကောင်စီတပ်သား (၇) ဦးသေဆုံးသွားကြောင်း သိရသည်။

စစ်ကောင်စီတပ် အင်အား ၁၀၀ ခန့်ပါ လက်နက်ခဲယမ်း တင်ဆောင်လာသော ယာဉ် (၄) စီးအား ချင်းကာကွယ်ရေးတပ် – အရှို (CDF-Asho) ရဲဘော်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲအတွင်း မီးလောင်နေသော ယာဉ်အား ရှင်းလင်းရေးလုပ်စဉ် ရဲဘော် (၁) ဦး မြင့်မြတ်စွာ ကျဆုံးခဲ့ရကြောင်း၊ တိုက်ပွဲအတွင်းမှ လက်နက်ငယ် (၄) လက်နှင့် ခဲယမ်းအချို့ သိမ်းဆည်းရမိသည်ဟု ချင်းကာကွယ်ရေးတပ် – အရှို (CDF-Asho) က ထုတ်ပြန်ထားသည်။
By RNA Editor