RNA_ဖေဖော်ဝါရီ(၁)၊၂၀၂၅ခုနှစ်။
အကြမ်းဖက်အာဏာသိမ်း စစ်တပ်၏ မတရားဖမ်းဆီးမှုများကြောင့် အကျဉ်းထောက်အသီးသီးတွင် အမျိုးသမီး အကျဉ်းသူ (၅၀၀၀) ကျော်အပါအဝင် အကျဉ်းသားများ အားလုံးလုံလောက်သော ကျန်းမာရေးစောင့်ရှောက်မှုရရှိရေး လှုပ်ရှားမှု နိုင်ငံရေးအကျဉ်းသူများအဖွဲ့မှ ပြုလုပ်နေကြောင်း သိရသည်။
စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခဲ့ကြသည့် ပြည်သူများကို လက်နက်အားကိုဖြင့် အကြမ်းဖက်ဖြိုခွင်းပြီး ကလေးငယ်များအပါအဝင် အမျိုးသမီးများ၊ အမျိုးသားများ၊ သက်ကြီးရွယ်အိုများကိုဖမ်းဆီးထောင်ချမှုအပါအဝင် လမ်းမပေါ်တွင် ပစ်ခတ်သတ်ဖြတ်ခဲ့သည့် စစ်တပ်အာဏာသိမ်းမှုသည် (၄) နှစ်ပြည့်မြောက်ပြီ ဖြစ်သည်။
“လက်ရှိ မြန်မာနိုင်ငံနေရာအနှံ့အပြားရှိ အကျဉ်းထောင် အသီးသီးတွင် ဖမ်းဆီးခံထားရသည့် နိုင်ငံရေးအကျဉ်းသူများမှာ ငါးထောင်ကျော်ပင် ရှိသည်။ အကျဉ်းထောင်များတွင်လည်း ထောင်အာဏာပိုင်များမှ နိုင်ငံ ရေးအကျဉ်းသူများကို ဖိနှိပ်ရုံသာမက စားသောက် ရေး၊ နေထိုင်ရေးကိစ္စများတွင်လည်း ကန့်သတ်မှုများစွာ ပြုလုပ်နေသည်” ဟု နိုင်ငံရေးအကျဉ်းသူများအဖွဲ့မှ ယနေ့ထုတ်ပြန်ပြောကြားထားသည်။
နိုင်ငံရေးအကျဉ်းသူများအဖွဲ့မှ အကျဉ်းထောင်များတွင် လုံလောက်စွာ ကျန်းမာရေးစောင့်ရှောက်မှုများ ရရှိရေးအတွက် မိတ်ဖက်အဖွဲ့အစည်းများ၊ တော်လှန်ပြည်သူများနှင့် ပူးပေါင်းကာ လှုပ်ရှားမှုတစ်ရပ်ကို ပြုလုပ်ပြီး၊ အကျဉ်းထောင်များအတွင်း လုံလောက်စွာ ကျန်းမာရေး စောင့်ရှောက်မှုရရှိရေးအတွက် သက်ဆိုင်သည့်အဖွဲ့အစည်းများနှင့် ပူး ပေါင်းကာ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။