RNA_ဇန်နဝါရီ(၁၇)၊၂၀၂၅ ခုနှစ်။
ပဲခူးတိုင်း၊ သာယာဝတီမြို့ရှိ အကျဉ်းထောင်တွင် လက်နက်ပုဒ်မ ၂၃ (က)ဖြင့် စစ်ခုံရုံးမှ ထောင်ဒဏ်(၃)နှစ် အပြစ်ချမှတ်ခံထားရသည့် အသက်(၃၂)နှစ်အရွယ် နိုင်ငံရေးအကျဉ်းသား ကိုသူရအောင် (ခ) ကိုကုလားကြီးသည် နှလုံးနှင့် ပတ်သက်သော ရောဂါမရှိသော်လည်းဇန်နဝါရီလ (၅) ရက်နေ့က ရုတ်တရက်နှလုံးဖောက်ရောဂါကြောင့် ကျဆုံးခဲ့ရသည်ဟု ထောင်အာဏာပိုင်များက ပြောကြားထားသည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က ယနေ့ ထုတ်ပြန်ထားသည်။
ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပ နယ်ထိန်းရဲတပ်ဖွဲ့ဝင်များမှ ကိုသူရအောင်အား ၂၀၂၄ ခုနှစ် ဇွန်လ ၂၃ ရက်နေ့က ဖမ်းဆီးခဲ့ချိန်တွင် နှလုံးနှင့် ပတ်သက်သည့် ရောဂါမရှိသည့်အပြင် ကျန်းမာသန်စွမ်းသူဖြစ်သည့်အတွက် ရုတ်တရက်နှလုံးဖောက်ခြင်းကြောင့် သေဆုံးရသည်ဟူသည့် အကျဉ်းထောင်အာဏာပိုင်များ၏ ပြောဆိုချက်အား မှန်ကန်မှုရှိမရှိကိုမှု စိစစ်ရန်လိုအပ်သည်ဟု PPNM အနေဖြင့် အသိပေးထုတ်ပြန်ထားခြင်း ဖြစ်သည်။
#RedNewsAgency #REDNEWS #RNA