RNA_ဇန်နဝါရီ(၁၀)၊၂၀၂၅ ခုနှစ်။
ကချင်ပြည်နယ်တွင် KIA နှင့် တော်လှန်ရေးအင်အားစုများ၏ တိုက်ခိုက်သိမ်းပိုက်ခဲ့သည့်အတွက် မံစီမြို့အပါအဝင် ဆွမ်ပရာဘွမ်၊ ချီဖွေ၊ ဆဒုံး၊ မြို့လှ၊ ကံပိုင်တည်၊ ဆော့လော်၊ အင်ဂျန်းယန်၊ ဆင်ဘို၊ မိုးမောက်၊ ပန်ဝါ စသည့် (၁၄) မြို့ကို ကချင်လွတ်လပ်ရေး တပ်မတော် (KIA)က ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း BNI ၏ Issue 16, Bi-Weekly News Review တွင် ဖော်ပြထားသည်။
တော်လှန်ရေး အင်အားစုများ သိမ်းပိုက်ထိန်းချုပ်ထားသည့် မြို့ပေါင်း (၉၅) မြို့တွင် ULA/AA မှ (၂၅) မြို့၊ KIO/KIAမှ (၁၄) မြို့၊ PSLF/TNLA မှ (၁၂) မြို့၊ MNDAAမှ (၁၀) မြို့၊ NUG-PDFမှ (၇) မြို့၊ CNF-CDFမှ (၇) မြို့၊ KRFမှ (၆) မြို့၊ KNUမှ (၄) မြို့၊ Chin Brotherhoodမှ (၄) မြို့၊ UWSP/UWSAမှ (၂)၊ MDF/MTCမှ (၁) မြို့၊ CDF-Mindetမှ (၁) မြို့တို့ဖြစ်သည်ဟု ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၈) ရက်နေ့အထိ BNI – Myanmar Peace Monitor (BNI-MPM) ကောက်ယူထားသော မြို့သိမ်းတိုက်ပွဲဆိုင်ရာ အချက်အလက်များတွင် ဖော်ပြထားသည်။
#RedNewsAgency #REDNEWS #RNA #BNI