မြိုင်မြို့နယ်အတွင်း တိုက်ပွဲတွင် စစ်ကောင်စီလက်အောက်ခံ (၁၅) ဦးထက်မနည်းသေဆုံး

RNA_ဇန်နဝါရီ(၈)၊ ၂၀၂၅ ခုနှစ်။
 
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်အတွင်း ဒီဇင်ဘာ (၇) ရက်နေ့က တိုက်ပွဲ (၂) ကြိမ်ဖြစ်ပွားမှုအတွင်း စစ်ကောင်စီလက်အောက်ခံ (၁၅) ဦးထက်မနည်းသေဆုံးနိုင်ကြောင်း မြိုင် ပကဖ ထံမှ သိရသည်။
 
ပခုက္ကူ -မြစ်ခြေလမ်းခွဲ အရှေ့ဖက် ကောင်းစက်ဝိုင်ဆီဆိုင်အနီးတွင် ယမန့်နေ့ နံနက် ၉ နာရီခန့်က အောင်သာပျူရွာမှ ပခုက္ကူ တပ်မ ၁၀၁ သို့ အစည်းအဝေးသွားသော အင်အား (၁၁) ဦးပါ ယာဉ်ကို အသင့်စောင်းဆိုင်းပြီး တိုက်ခိုက်ရာ အောင်သာရွာပျူ ဒုခေါင်းဆာင် နိုင်ဝင်းနှင့် ၁၀၁ စစ်ခွေးပျူသင်တန်းဆရာအပါအဝင် (၈) ဦးသေဆုံးပြီး ယာဉ်တိမ်းမှောက်သွားသော်လည်း စစ်ကူများရောက်လာခြင်းနှင့် တပ်မ ၁၀၁ မှ ကရိန်းကားဖြင့် သယ်ဆောင်သွားသည့်အတွက် ဆုတ်ပေးခဲ့ရသည်ဟု သိရသည်။

ပခုက္ကူမှ မြိုင်သို့ ရိက္ခာပို့လာသော အင်အား ၂၀၀ ခန့်ပါရှိသော စစ်ကောင်စီယာဉ်တန်းအားလည်း ဒီဇင်ဘာ (၇) ရက်နေ့ နေ့လယ် ၂ နာရီခန့်က (၄၅) မိနစ်ကြာ ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီလက်အောက်ခံ (၇) ဦးသေဆုံးသည်ကို မြင်တွေ့ရကြောင်း၊ ဒီဇင်ဘာ ၇ ရက်နေ့ တိုက်ခိုက်မှုများကို မြိုင် ပကဖ အမှတ် (၁) တပ်ရင်း၊ မြိုင် ပကဖ၊ ပေါက် ပကဖ၊ ကမ္မတပ် ပေါင်းစု၊ ပခုက္ကူခရိုင်အမှတ် (၂၊၆၊၇) တပ်ရင်းများ၊ PPDF၊ PLC တပ်ဖွဲ့၊ 8+ တပ်ဖွဲ့၊ အရှေ့ပိုင်းဇုန် ကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့သည်ဟု မြိုင် ပကဖမှ ယနေ့ ထုတ်ပြန်ထားသည်။
 
#RedNewsAgency #REDNEWS #RNA #AhNyar
By RNA Editor