ဝက်လက်မြို့နယ်မှာ စစ်ကောင်စီတပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး (၄၇) ဦးသေဆုံး၊ (၆) ဖမ်းဆီးရမိ၊ (၁၇) ဦးပျောက်ဆုံးနေ

RNA_ဇန်နဝါရီ(၈)၊၂၀၂၅ခုနှစ်။

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ မှတ်ထိရွာနှင့် မင်းကုန်းရွာကြား၌ တော်လှန်ရေးအင်အားစုများ၏ တိုက်ခိုက်ခံရသော အင်အား (၇၀) ဦးပါ စစ်ကောင်စီတပ်စစ်ကြောင်းမှာ (၄၇) ဦးသေဆုံးပြီး (၆) ဦးဖမ်းဆီးရမိကာ (၁၇) ဦးပျောက်ဆုံးနေသေးသည်ဟု အမှတ် (၁) စစ်ဒေသက ထုတ်ပြန်ထားသည်။

လယ်ကိုင်းရွာမှ ထွက်လာသော စစ်ကောင်စီလက်အောက်ခံ မျိုးမင်းသူ (စစ်ကြောင်းမှူး)၊ ဗက နေမျိုးဦး (တပ်ခွဲမှူး) နှင့် ဒု-ရဲမှူး ဇင်ကိုကိုထုတ်နုတ်တပ်ဖွဲ့ {စခတ-၈၊ တထပ-၂၊ ခလရ-၄၂၊ ခမရ-၁၁၊ ခမရ-၁၂၊ စစ်ကိုင်းလှုပ်ရှား ရဲတပ်ဖွဲ့ခွဲ (၃/၁၀)} ပူးပေါင်းထားသော စစ်ကြောင်းအား ဇန်နဝါရီလ (၅) ရက်နေ့တွင် ဒေသတွင်းတော်လှန်ရေး အင်အားစုများက တိုက်ခိုက်ခဲ့ကြခြင်းဖြစ်ပြီး၊ လက်နက် (၄၆) လက်နှင့်အတူ ခဲယမ်းများ သိမ်းဆည်းရမိသည်ဟု သိရသည်။


၂၀၂၅ ခုနှစ် ဇန်နဝါရီလအတွင်း စစ်ကိုင်းတိုင်း၌ စစ်ကြောင်းတစ်ခုလုံးနီးပါး ကုန်သည်အထိ ပထမဆုံး အမြစ်ဖြတ်နိုင်သည့် တိုက်ပဲဖြစ်ကြောင်း၊ ၂၀၂၄ ခုနှစ်အတွင်း၌လည်း စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ဆယ်ဝရွာနှင့် ပါစီရွာကြားတွင် ကူတော်ရွာ အထိုင်ရဲစခန်းမှထွက်လာသော စစ်ကောင်စီတပ်စစ်ကြောင်း စက်တင်ဘာ ၃၀ ရက်နေ့က တိုက်ခိုက်ခံရပြီး စစ်ကောင်စီလက်အောက်ခံ (၃၁) ဦးအလောင်းများတွေ့ရှိရပြီး၊ စစ်သုံ့ပန်း (၄၂) ဦးဖမ်းဆီးရမိကာ လက်နက်ခဲယမ်းများလည် သိမ်းဆည်းရမိခဲ့သည်။

#RedNewsAgency #RNA #REDNEWS

By RNA Editor