RNA_ဒီဇင်ဘာ(၂၃)၊၂၀၂၄ ခုနှစ်။
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင် အမှတ်(၃၁၈) တွင် Natogyi People Defence Force မြင်းခြံခရိုင် အမှတ် (၄-၁၀) တပ်ရင်း ရဲဘော်များက ယနေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်က ယာဉ်များကို စစ်ဆေးခြင်းအပါအဝင် ပြည်သူများနှင့် တွေ့ဆုံ စကားပြောခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရန်ကုန် -မန္တလေး အမြန်လမ်းမကြီးပေါ်တွင် အချိန်မရွေးတိုက်ပွဲဖြစ်ပွားနိုင်သည့်အတွက် ပြည်သူများအနေဖြင့် ညချိန်ခရီးမထွက်ကြရန်နှင့် တိုက်ပွဲဖြစ်ပွားချိန် နီးစပ်ရာ လုံခြုံသောရေများတွင် နေထိုင်ကြရန် Natogyi People Defence Force ကယနေ့ ထုတ်ပြန်ထားသည်။
ရန်ကုန်-မန်းလေးအမြန်လမ်း မိုင်တိုင် (၃၁၉) အနီးဝန်းကျင်ရှိ စစ်ကောင်စီလက်အောက်ခံ ဂိတ်စခန်းကိုလည်း ဒီဇင်ဘာ ၁၂ ရက်နေ့က Natogyi People Defence Force မြင်းခြံခရိုင်အမှတ် (၄-၁၀) နှင့် မဟာမိတ်များက ဒရုန်းဗုံးကြဲခြင်း၊ ပစ်ခတ်တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့ကြသည်။
#RedNewsAgency #REDNEWS #RNA #AhNyar