RNA_နိုဝင်ဘာ(၁၆)၊၂၀၂၄ ခုနှစ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန အနေဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တို့ကို အဆင့်ဆင့် စည်းကမ်းထိန်းသိမ်းမှုနှင့် အရေးယူမှုများ ဆောင်ရွက်လျက်ရှိရာ အောက်တိုဘာလ အတွင်း PDF နှင့် ပကဖ စုစုပေါင်း (၆) ဦးကို လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်ခဲ့သည်ဟု NUG/MOD ကထုတ်ပြန်ထားသည်။
အကျဉ်းစစ်တရားရုံးဖြင့် စစ်ဆေး၍ PDF (၁) ဦးကို ထောင်ဒဏ်ချမှတ်စီရင်ခြင်း၊ စစ်ခုံရုံးဖြင့် စစ်ဆေး၍ PDF (၁) ဦးကို ထောင်ဒဏ်ချမှတ်စီရင်ခြင်း၊ စုံစမ်းစစ်ဆေးရေးခုံရုံးဖြင့် စုံစမ်းစစ်ဆေး၍ ပေါ်ပေါက်ချက်အရ စီမံခန့်ခွဲမှု နည်းလမ်းဖြင့် ပကဖ အဖွဲ့ဝင် (၄) ဦး အနက်မှ (၁) ဦးကို ရာထူးမှ ထုတ်ပယ်ခြင်း၊ (၂) ဦးကို တာဝန်မှ (၆) လ ယာယီ ရပ်ဆိုင်းခြင်း၊ (၁) ဦးကို စာဖြင့် သတိပေး အရေးယူခြင်းတို့ လုပ်ဆောင်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
NUG/MOD အနေဖြင့် PDF နှင့် ပကဖ တို့ကို စည်းကမ်းသေဝပ်ကာ ပြည်သူကို အလုပ်အကျွေးပြုသည့် တပ်မတော်တရပ် ဖြစ်လာစေရန် ရည်ရွယ် တည်ဆောက်လျက်ရှိပြီး၊ လိုအပ်သည့် ထိန်းကြောင်းမှုများကို အဆင့်ဆင့်ဆောင်ရွက်လျက်ရှိကာ မျှတသည့် တရားစီရင်မှုများ (fair trial)၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူမှုများ ဆောင်ရွက်လျက်ရှိသည်ဟု NUG/MOD ကဆိုသည်။
#RedNewsAgency #REDNEWS #RNA