တပ်စခန်းကို တိုက်ခိုက်တော့မည်ဖြစ်သည့်အတွက် လင်းဇင်းကျေးရွာပြည်သူများ တပတ်အတွင်း ထွက်ခါရန် PDF (၂) ဖွဲ့ ကြေညာ

RNA_အောက်တိုဘာ(၈)၊၂၀၂၄ခုနှစ်။

မကွေးတိုင်း၊ စလင်းမြို့နယ်၊ လင်းဇင်းကျေးရွာ ရဲစခန်းတွင် တပ်စွဲထားသော စစ်ကောင်စီလက်အောက်ခံများကို တိုက်ခိုက်တော့မည်ဖြစ်သည့်အတွက် လင်းဇင်းကျေးရွာနေပြည်သူများ အောက်တိုဘာ (၇) ရက်မှစတင်ပြီး တပတ်အတွင်း ကျေးရွာအတွင်းနေထိုင်ခြင်း မပြုကြရန် NUG/MOD PDF မင်းဘူးခရိုင် အမှတ် (၁) တပ်ရင်းနှင့် အမှတ် (၅) တပ်ရင်းတို့က ကြေညာချက်ထုတ်ပြန်ထားသည်။

မင်းဘူးခရိုင် အမှတ် (၁) တပ်ရင်းနှင့် အမှတ် (၅) တပ်ရင်းတို့သည် စလင်းမြို့နယ်အခြေစိုက်ဖြစ်ပြီး ထိန်းချုပ်နယ်မြေ၊ စိုးမိုးနယ်မြေ ရရှိနိုင်ရေး အစွမ်းကုန်ကြိုးစားလုပ်ဆောင်နေကြောင်း၊ စစ်ကောင်စီလက်အောက်ခံများသည် လင်းဇင်းကျေးရွာ ပြည်သူများကို အကာအကွယ်ယူ လူသားဒိုင်းအဖြစ် ပြုလုပ်ပြီး တိုက်ခိုက်မခံရရေး လုပ်ဆောင်နေသည့်အတွက် ပြည်သူများထိခိုက်နစ်နာမှုမရှိစေရန် ကြိုတင်အသိပေး သတိပေးဆောင်ရွက်နေခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

#RedNewsAgency #RNA

By RNA Editor