လွိုင်လင်းလေးမြို့တွင် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီလက်အောက်ခံ (၃၀) ကျော်သေဆုံး

RNA_စက်တင်ဘာ(၁၆)၊၂၀၂၄ ခုနှစ်။

ကရင်နီ – ရှမ်းတောင်နယ်စပ်ရှိ လွိုင်လင်လေးမြို့အတွင်း တပ်စွဲထားသည့် စစ်ကောင်စီ၏ ကင်းစခန်းများ၊ ကျောင်းကုန်း၊ ကုန်းဆွတ်၊ အောင်ပလ၊ ကယန်းလေးတာဝါတိုင်ကုန်းစသည့်နေရာများကို KNDF နှင့်ပူးပေါင်း တပ်ဖွဲ့များ၏ (၄) ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီလက်အောက်ခံ (၃၀) ကျော်သေဆုံးပြီး (၃)ဦးအားအရှင်ဖမ်းဆီးရမိပြီး လက်နက်ကြီး/ငယ်အစုံ (၂၄)လက်အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီဖက်မှ ထိခိုက်မှုများခဲ့သည့်အတွက် လေကြောင်း ပစ်ကူပေးတိုက်ခိုက်ခဲ့သည့်အပြင် ဒရုန်းများ၊ လက်နက်ကြီးများဖြင့်လည်း တောက်လျှောက်အသုံးပြု၍ တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲဝင် (၃၀)ဦးကျော်သေဆုံးကာ (၃)ဦးအား အရှင်ဖမ်းဆီးရရှိခဲ့ပြီး လက်နက်ကြီး/ငယ်အစုံ (၂၄) လက်အား တော်လှန်ရေးတပ်ပေါင်းစုမှ သိမ်းဆည်းရမိခဲ့သည်ဟု KNDF ဗဟိုသတင်းနှင့်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ထားသည်။


ကရင်နီပြည်နယ်တွင် စက်တင်ဘာလ (၁၀)ရက်နေ့မှစ၍ မိုးအလွန်အကျွံရွာသွန်းကာ နေရာအနှံ ရေးကြီးမြေပြိုမှုများဖြစ်၍ ပြည်သူများ (စစ်ဘေးရှောင်များ) ၏ အိုးအိမ်ပျက်ဆီးဆုံးရှုးမှုများနှင့် ရေဘေးဒုက္ခများကြီးကြီးမားမားကြုံတွေ့ရင်ဆိုင်နေရကြောင်း၊ လက်ရှိအချိန်အထိ လွိင်ကော်-လွိုင်လင်လေး -ဆီဆိုင် လမ်းမကြီးအနီးတွင်လည်း ကြိုကြားထိတွေ့တိုက်ပါဲဖြစ်ပွားနေသောကြောင်ံ ဒေသခံများ နှင့်အတူ အများပြည်သူများအနေဖြင့် စစ်ရေးသတိကြီးစွာထား၍ နေထိုင်သွားလာကြပါရန် KNDF က တိုက်တွန်းထားသည်။

#RedNewsAgency #RNA

By Editor