အရှေ့မြောက်တိုင်းစစ်ဌာနချုပ်သိမ်းတိုက်ပွဲတွင် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ရဲဘော်များ ပါဝင်ဆင်နွှဲခဲ့

RNA_ဇူလိုင်(၂၅)၊၂၀၂၄ ခုနှစ်။
 
လားရှိုးအခြေစိုက် စစ်ကောင်စီ၏ အရှေ့မြောက်တိုင်းစစ်ဌာချုပ် (ရမခ) သိမ်းတိုက်ပွဲနှင့် ယနေ့အထိ ဖြစ်ပေါ်နေသော လားရှိုးတိုက်ပွဲများတွင် MNDAA အပါအဝင် မဟာမိတ်များနှင့်အတူ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ၆၀၅ တပ်ရင်းရဲဘော်များ ပူးပေါင်းပါဝင် ဆင်နွှဲနေကြောင်း သိရသည်။
 
“PLA (ပြည်သူ့လွတ်မြောက်ရေးတပ်မတော်) ၆၀၅ တပ်ရင်းသည် ဇူလိုင်လ ၃ ရက်နေ့ နံနက် ၄ နာရီ ၄၀ မိနစ်အချိန်မှ စတင်၍ မဟာမိတ် MNDAA၊ အခြားတပ်ပေါင်းစုများနှင့် ပူးပေါင်း၍ မြို့ပတ်ပတ်လည်တွင် ဝိုင်းဝန်းထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပါသည်။ တိုက်ပွဲစတင်သည့် ၂၃ ရက်မြောက်နေ့ ယနေ့ ဇူလိုင် ၂၅ရက်နေ့ နံနက် ၄ နာရီတွင် လားရှိုးမြို့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ကို ညီညွတ် စည်းလုံးသော အမိန့်နာခံမှုကောင်းသော တပ်ပေါင်းစုအင်အားဖြင့် သမိုင်းဝင် တိုက်ခိုက်သိမ်းပိုက် အောင်မြင်ခဲ့ပြီဖြစ်ပါကြောင်း ပြည်သူလူထုသို့ လေးစားစွာ အသိပေးတင်ပြအပ်ပါသည်” ဟု PLA က ပြောကြားထားသည်။

စစ်ကောင်စီ၏ အရှေ့မြောက်တိုင်းစစ်ဌာချုပ်ကို MNDAA နှင့် ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ထားနိုင်သော်လည်း လားရှိုးမြို့တွင်း စစ်ကောင်စီလက်အောက်ခံများရှိနေပြီး တိုက်ပွဲဖြစ်ပွားမှုများရှိနေသေးကြောင်း၊ ဒေသခံပြည်သူများမှာလည်း မြို့ကိုစွန့်ခွါ စစ်ဘေးရှောင်များရှိသလို မြို့တွင်း နေထိုင်သည့် ပြည်သူများလည်း ရှိနေသေးကြောင်း သိရသည်။
 
#RedNewsAgency
By Editor