အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို MNDAAနှင့် မဟာမိတ်များ တိုက်ခိုက်သိမ်းပိုက်

RNA_ဇူလိုင်(၂၅)၊၂၀၂၄ ခုနှစ်။
 
ရှမ်းမြောက်၊ လားရှိုးမြို့၊ အကြမ်းဖက်စစ်ကောင်စီ၏ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို MNDAA နှင့်မဟာမိတ်များက ယနေ့ (ဇူလိုင် ၂၅ ရက်) နံနက် ၄ နာရီခန့်က အလုံးစုံ သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ကြောင်း MNDAA က ကြေညာထားသည်။
 
“၂၃ ရက်ကြာ တိုက်ပွဲများ ဖြစ်ပွားပြီးနောက် MNDAAတပ်မတော်မှ လားရှိုးမြို့ အရှေ့မြောက်စစ်ဒေသ ဌာနချုပ်ကို ဇူလိုင် ၂၅ ရက် နံနက် ၄ နာရီတွင် လုံးဝ သိမ်းပိုက်နိုင်ခဲ့သည်။ လားရှိုးမြို့ကို လုံး၀ လွတ်မြောက်ကြောင်း MNDAAတပ်၏ ရှေ့တန်းစစ်ဌာနချုပ်က ကြေညာသည်။ လားရှိုးမြို့ လွတ်မြောက်ရေး တော်လှန်ရေး လှုပ်ရှားမှုသည် သမိုင်းဝင်အောင်ပွဲတစ်ခု ဖြစ်သည်” ဟု MNDAA ကထုတ်ပြန်ထားသည်။

စစ်ကောင်စီ၏ တိုင်းစစ်ဌာနချုပ် (၂) ခုဖြစ်သော အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တို့ တိုက်ခိုက်ခံနေရချိန် အရှေ့မြောက်တိုင်းစစ်ဒေသ ဌာနချုပ်ကို တော်လှန်ရေးအင်အားစုများက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်သည်။
 
#RedNewsAgency
By Editor