ယနေ့ ရေစကြိုမြို့ပေါ် ၂ နာရီကြာ တိုက်ပွဲဖြစ်

RNA_နိုဝင်ဘာ(၁၀)၊၂၀၂၃ ခုနှစ်။

မကွေးတိုင်း၊ ရေစကြိုမြို့၊ စစ်ကောင်စီလက်အောက်ခံ ငြိမ်းဇာနီတပ်စခန်း (စစ်မှုထမ်းဟောင်းရုံး) အား ဒေသခံ ပူးပေါင်းတပ်ဖွဲ့က ယနေ့ နံနက် ၉ နာရီဝန်းကျင်မှစတင်တိုက်ခိုက်ရာ ၂ နာရီနီးပါး တိုက်ပွဲဖြစ်ပွါးခဲ့ကြောင်း သိရသည်။

“တိုက်ပွဲကြာချိန် ၂နာရီခန့်ကြာမြင့်ခဲ့ပြီး စခန်းသိမ်းနိုင်ရန် အလိုတွင် ရုံးပေါင်းစုံမှ စစ်ကူလာသော စစ်ကူများအား ကြားဖြတ်တိုက်ခိုက်မှုမှာ ရေရှည်တေဋင့်မခံနိုင်သောကြောင့် တိုက်ခိုက်မှုအပိုင်းမှ ရဲဘော်များအနေဖြင့် ရင်နာနာဖြင့်ပြန်လည်ဆုတ်ခွါပေးခဲ့ရသည်” ဟု Myingyan Black Tiger (MBT) က ထုတ်ပြန်ထားသည်။

ငြိမ်းဇာနီတပ်စခန်း (စစ်မှုထမ်းဟောင်းရုံး) တိုက်ခိုက်မှုကို Myingyan Black Tiger (MBT)၊ YSO TPG မြို့ပြပြောက်ကျားတပ်ဖွဲ့၊ Popa Production & Guerilla Force (PPGF)၊ မြောင်တပ်ပေါင်းစု၊ Thway Thauk Revolution Force တို့ ပူးတွဲဖော်ဆောင်ခဲ့ကြောင်း သိရသည်။

[embedyt] https://www.youtube.com/watch?v=CFtLpVMabLU[/embedyt]

နံနက်ပိုင်းတိုက်ပွဲတွင် စစ်ကောင်စီလက်အောက်ခံများ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း၊ MBTတပ်ဖွဲ့မှ ရဲဘော် ၂ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ညနေ (၃)နာရီ (၁၅) မိနစ်ဝန်း ကျင်တွင် ရေလယ်ကျွန်းနှင့်မြောင်ဒေသ တစ်နေရာအား နာရီဝက်ခန့် စစ်ကောင်စီတပ်မှ လေကြောင်း ပစ်ခတ်မှု ပြုလုပ်ခဲ့ရာ MBTတပ်ဖွဲ့မှ ရဲဘော်တစ်ဦးအပါအဝင် အခြားထိခိုက်ဒဏ်ရာရမှုလည်းရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

#RedNewsAgency

By RNA Editor