RNA_ဇူလိုင်(၂၈)၊၂၀၂၃ ခုနှစ်။
တော်လှန်ရေးအတွက် မိဘများ သိခံစောင့်ဆိုင်းပေးရန်နှင့် အဆုံးထိပါဝင်ပေးရန်၊ တော်လှန်ရေးပြီးသည့်အခါ မိသားစုထံပြန်လာပြီး အေးဆေးနေချင်သည်ဟု “စွန့်လွှတ်စွန့်စား ပြည့်ရင်သွေးများ” အစီအစဉ်မှာ အထူးစစ်ဆင်ရေးတပ်ဖွဲ့– S.O.F တပ်ခွဲ (၃) တပ်ခွဲအရာခံဗိုလ် နော်ဖောက ပြောကြားထားသည်။
“ဖေဖေနဲ့မေမေနဲ့ကိုလည်း ခဏလောက်တော့ သိခံပြီးတော့ စောင့်ဆိုင်းပေးပါအုံးပေါ့နော် သိခံပြီးတော့လည်း အဆုံးထိလဲ ပါဝင်ပေးပါအုံးနော်လို့ အဲလိုပြောချင်တယ်။ ပြီးဆုံးသွားတဲ့အခါကျလို့ရှိရင်တော့ ကိုယ့်မိသားစုနဲ့ကိုယ် ပြန်လာပြီးတော့ အေးဆေးနေချင်ပါတယ်” ဟု တပ်ခွဲအရာခံဗိုလ်နော်ဖောက ပြောသည်။
စစ်အာဏာရှင်စနစ်ကို လက်နက်ကိုင်တိုက်ပွဲဝင်နေသည့် ရဲဘော်များထဲတွင် အမျိုးသမီးများပါဝင်နေပြီး စစ်ဆင်ရေးအပါအဝင် တော်လှန်ရေးအတွက် ကျရာတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်နေကြသူများရှိကြောင်း၊ အမျိုးသမီးများသည် နွေဦးတော်လှန်ရေးအတွင်း ခေါင်းဆောင်ပိုင်းနေရာများမှာပင် ပါဝင်နေကြပြီး၊ လက်နက်ကိုင်တပ်ဖွဲ့များတွင်လည်း တပ်ဖွဲ့၊ တပ်ရင်းကို ဦးဆောင်သူများပင် ရှိကြသည်။
Red News Agency