“ပဇီကြီးရွာ ဖြစ်စဉ်မျိုးမှာတောင် ကုလလုံခြုံရေးကောင်စီက အရေးမယူနိုင်အောင် မြန်မာစစ်တပ်ဖက်က ကာကွယ်ရပ်တည်ပေးခဲ့တယ်။ လက်ပံတောင်းလို တရုတ်ရဲ့ စီမံကိန်းနေရာတွေ မှာလည်း စစ်ကောင်စစ် စစ်ကြောင်းတွေကို တပ်စွဲနေရာချခွင့်ပေးထားတယ်။ လက်ခံထားတဲ့ စစ်ကြောင်းတွေက ကျေးရွာထဲက ပြည်သူတွေကို သတ်ဖြတ်၊ နေအိမ်တွေကို မီးရှို့နေတာကို တရုတ်က သိသိလျက်ခွင့်ပြုထားတာဖြစ်တယ်။ နိုင်ငံမတည်ငြိမ်လေ တရုတ်အတွက်က အခွင့်ကောင်းရလေပါပဲ”
မေဇော်
နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးအတွက်ကူညီမယ်ဆိုတဲ့တရုတ်နိုင်ငံဟာအခုနှစ်ဦးပိုင်းကစလို့မြန်မာနိုင်ငံတွင်းကလက်နက်ကိုင်အင်အားစုတွေနဲ့ထိတွေ့ဆက်ဆံမှုတွေပိုနီးကပ်လို့လာပါတယ်။ဒါကိုအကောင်းဘက်ကလို့ထင်ရင်မှားသွားတိုင်ပါတယ်၊တရုတ်ရဲ့အကျိုးစီးပွားနဲ့လူသတ်စစ်တပ်ကိုဘာ့ကြောင့်ထောက်ခံနေကာကွယ်နေသလဲဆိုရင်တရုတ်အကျိုးစီးပွားတခုထဲနဲ့မြန်မာနိုင်ငံကိုကံဆိုးမိုးမှောင်ကျဖို့ဖြစ်ပါတယ်။
၂၀၂၃၊မေလပထမပတ်မှာပဲတရုတ်ရဲ့နိုင်ငံခြားရေးသံတမန်တန့်ရှီကျန်ဟာစစ်ခေါင်းဆောင်တွေဖြစ်တဲ့သန်းရွှေ၊မင်းအောင်လှိုင်တို့နဲ့တွေ့ဆုံခဲ့ပါတယ်။မတိုင်ခင်၂ပတ်လောက်အလိုမှာလည်းတရုတ်အစိုးရရဲ့နိုင်ငံတကာဆက်ဆံရေးကညွှန်ကြားရေးမှူးချုပ်ကိုယ်တိုင်မြန်မာနိုင်ငံကိုတိတ်တဆိတ်လာရောက်ခဲ့ကြောင်းသတင်းတွေထွက်ပေါ်ခဲ့ပါတယ်။ဒီတွေ့ဆုံမှုတွေမှာမြန်မာနိုင်ငံရဲ့ငြိမ်းချမ်းရေးအပြင်စီးပွါးရေးအကျိုးတူကိစ္စတွေကိုလည်းနှစ်ဖက်ပြောဆိုခဲ့ကြတာဖြစ်ပါတယ်။
မရှေးမနှောင်းမှာပဲ တရုတ်အစိုးရဟာ မြန်မာနိုင်ငံမြောက်ပိုင်းက တိုင်းရင်းသား လက်နက်ကိုင်အင်အားစုတွေကို ယူနန်ပြည်နယ်မှာ ခေါ်ယူဆွေးနွေးခဲ့ပါသေးတယ်။ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ တွေ့ဆုံတဲ့ အချိန်မှာတော့ NDAA နဲ့ဆက်စပ်တဲ့အမေရိကန်ရဲ့ကာကွယ်ရေးအထောက်အပံ့တွေလက်မခံဖို့တရုတ်ကတိုက်တွန်းခဲ့ပါတယ်။အခြားထွက်မလာတဲ့တိုက်တွန်းမှုတွေရှိပါသေးတယ်။တရုတ်နိုင်ငံရဲ့နိုင်ငံခြားရေးမူမှာဘယ်သူသေသေငတေမာရင်ပြီးရောဆိုပြီးဘယ်တွေမှာဘာတွေဖြစ်ဖြစ်လူတွေဘယ်လောက်သေသေသဘာဝပတ်ဝန်းကျင်တွေဘယ်လောက်ပျက်စီးစီးသူတို့အကျိုးအတွက်မလုပ်ရဲ့တာ ဘာမှမရှိပါဘူး။
မြန်မာနိုင်ငံရဲ့ နိုင်ငံခြားရင်းနှီးမြုတ်နှံမှု အများဆုံးနိုင်ငံတခုဖြစ်တဲ့ တရုတ်ဟာ ဒီနိုင်ငံ ပျက်စီးသွားမှာကို မြန်မာပြည်သူတွေထက် စိုးရိမ်သောက ရောက်ရှာပါတယ်။ မြန်မာနိုင်ငံ ပုံမပျက် တည်ငြိမ်နေမှသာ သူတို့ရဲ့ အကျိုးစီးပွါးတွေအတွက်ဖြစ်ပါတယ်၊ နိုင်ငံပျက်သွားမှာကို စိုးရိမ်သလို တည်ငြိမ်ပြီး လွတ်လပ်ပွင့်လင်းတဲ့နိုင်ငံတခုဖြစ်မှာကိုလည်း စိုးရိမ်နေပါတယ်။ နိုင်ငံတခုကိုခေါင်းရှုပ်ခံနာမည်ပျက်ခံကျူးကျော်အုပ်ချုပ်စရာမလိုဘဲတွင်းထွက်သယံဇာတ၊ရေနံ၊ကျောက်စိမ်းတွေသဲ့ယူနိုင်ဖို့ဆိုတာတရုတ်အစိုးရအတွက်ဗလာမပါတဲ့ကံစမ်းမဲဖြစ်လို့နေပါတယ်။ဒီလိုအပေးအယူတွေဟာဒီမိုကရေစီအစိုးရလက်ထပ်မှာလွယ်လွယ်ကူကူလုပ်လို့မရခဲ့ပါဘူး။အခုလိုအာဏာသိမ်းမှုတကျော့ပြန်လည်လာတဲ့အချိန်ကသာတရုတ်အတွက်ထူးခြားတဲ့အခွင့်အရေးပြန်လည်ပေါ်ပေါက်လာခြင်းဖြစ်ပါတယ်။
တရုတ်အစိုးရဟာအစုလိုက်အပြုံလိုက်သတ်ဖြတ်မှုဖြစ်တဲ့ပဇီကြီးရွာဖြစ်စဉ်မျိုးမှာတောင်ကုလလုံခြုံရေးကောင်စီကအရေးမယူနိုင်အောင်မြန်မာစစ်တပ်ဖက်ကကာကွယ်ရပ်တည်ပေးခဲ့တယ်။လက်ပံတောင်းလိုတရုတ်ရဲ့စီမံကိန်းနေရာတွေမှာလည်းစစ်ကောင်စစ်စစ်ကြောင်းတွေကိုတပ်စွဲနေရာချခွင့်ပေးထားတယ်။လက်ခံထားတဲ့စစ်ကြောင်းတွေကကျေးရွာထဲကပြည်သူတွေကိုသတ်ဖြတ်၊နေအိမ်တွေကိုမီးရှို့နေတာကိုတရုတ်ကသိသိလျက်ခွင့်ပြုထားတာဖြစ်တယ်။နိုင်ငံမတည်ငြိမ်လေတရုတ်အတွက်ကအခွင့်ကောင်းရလေပါပဲ။နယ်မြေချင်းနီးစပ်တဲ့နေရာကတိုင်းရင်းသားလက်နက်ကိုင်တွေကိုလည်းအဆင်ပြေအောင်ပေါင်းအာဏာရှင်တွေနဲ့လည်းအဆင်ပြေအောင်ပေါင်းဆိုတာကသူတို့အကျိုးစီးပွားအတွက်သာဖြစ်တယ်။
တဆက်တည်းမှာပဲ၂၀၂၃၊မတ်လမှာတရုတ်သံအမတ်မစ္စတာချန်းဟိုင်၊ရခိုင်ပြည်နယ်ကိုလာရောက်တဲ့ခရီးစဉ်ရှိခဲ့ပါတယ်။ခရီးစဉ်အပြီးမှာတော့ရိုဟင်ဂျာဒုက္ခသည်တွေပြန်လည်နေရာချဖို့တရုတ်ကကူညီမယ်လို့ဆိုလာပါတယ်။၂၀၁၇တုန်းကလည်းရိုဟင်ဂျာနေရပ်ပြန်ရေးကိစ္စအတွက်တရုတ်ကကြားဝင်ပြီးမြန်မာနဲ့ဘင်္ဂလားဒေ့ရှ်၂နိုင်ငံကြားသဘောတူစာချုပ်ရေးထိုးစေခဲ့ပါတယ်။ဒါပေမဲ့အဆိုပါသဘောတူညီချက်ကိုတောင်ယနေ့အချိန်ထိလက်တွေ့အကောင်အထည်ဖော်နိုင်ခြင်းမရှိသေးပါဘူး။ဆိုရရင်ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ပတ်သတ်တဲ့အရေးမှာလည်းစစ်ကောင်စီလက်မှာပေစွန်းနေတဲ့သွေးတွေကိုတရုတ်ကလိုက်လံဆေးကြောဖို့ကြိုးစားနေတာဖြစ်ပါတယ်။
မေလ (၃) ရက်နေ့က South China Morning Post ရဲ့ “စစ်ကောင်စီကို အသိအမှတ် “မပြု” တာ ရပ်ပြီး၊ မြန်မာကို စီးပွါးရေး အကူအညီပေးဖို့ ကတိပြု”ဆိုတဲ့ ဆောင်းပါးမှာ တရုတ်အစိုးရရဲ့ ဦးတည်ချက် စီမံကိန်းတွေကို တပိုင်းတစ မြင်တွေ့နိုင်ပါတယ်။ တရုတ်အနေနဲ့ စစ်ကောင်စီကိုအတိအလင်းအသိအမှတ်ပြုတယ်လို့ထုတ်မပြောသော်လည်းစီးပွါးရေးအရပူးပေါင်းလုပ်ဆောင်မှုတွေအနာဂါတ်မှာတိုးချဲ့လာမှာဖြစ်ကြောင်းဆောင်းပါးမှာဖော်ပြထားပါတယ်။
တရုတ်အစိုးရ ဖြစ်စေချင်တဲ့ မြန်မာပြည်နိုင်ငံရေးလမ်းကြောင်းက ရွေးကောက်ပွဲလုပ်၊ ပြီးရင် သူတို့နဲ့ ပနံသင့်တဲ့ အနိုင်ရပါတီကသာ ကျကျနန အုပ်ချုပ်စေလိုတဲ့ ရွှေရည်စိမ် ငြိမ်းချမ်းရေးဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသူတချို့က သုံးသပ်ကြပါတယ်။ ဒါဟာ မြန်မာနိုင်ငံအတွက် မှန်ကန်တဲ့ ဖြေရှင်းနည်းမဟုတ်ခဲ့ပါဘူး။ စနစ်ကိုတကယ်မပြင်နိုင်ဘဲမြန်မာ့နိုင်ငံရေးကိုစေ့စပ်ညှိနှိုင်းရေးလမ်းကြောင်းပေါ်ဆွဲတင်တာကလက်တွေ့အလုပ်ဖြစ်မှာမဟုတ်မှန်းသာဓကပေါင်းများစွာရှိခဲ့ပါတယ်။စစ်တပ်ကစစ်တပ်အလုပ်မလုပ်ဘဲနိုင်ငံရေးမှာခြေရှုပ်နေသ၍အရည်အသွေးနိမ့်ငြိမ်းချမ်းရေးတွေသာပေါ်ပေါက်လာမှာဖြစ်ပါတယ်။တရုတ်နိုင်ငံအနေနဲ့ကလည်းမြန်မာနိုင်ငံကိုတည်ငြိမ်နေတာမျိုးမလိုလားတာကတော့သူတို့အကျိုးစီးပွားအတွက်ဖြစ်ပါတယ်။
သတရုတ်အစိုးရကတော့ ၂၀၂၃ နှစ်ဦးပိုင်းကစလို့ သူ့ဦးတည်းချက်ကို ပေါပေါ်ထင်ထင် လျှောက်လှမ်းနေပါတော့တယ်။ သူ့အကျိုးအမြတ်အတွက် မြန်မာနိုင်ငံရေးကို ဝင်ရောက်စွက်ဖက်ပြီး မြန်မာစစ်ခေါင်းဆောင်းတွေကို ကာကွယ်နေတယ်။ လူသတ်ဖက်ဆစ်တပ်ကို အားပေးထောက်ခံတယ်။ တရုတ်ရဲ့ ဗီတိုအာဏာကို ယီးလေးခိုနေရတဲ့ မင်းအောင်လှိုင်နဲ့ ခေါင်းဆောင်တွေကလည်း သူတို့ အာဏာတည်မြဲဖို့ နိုင်ငံရဲ့ ပိုင်ဆိုင်မှုတွေနဲ့ လဲလှယ်နေဦးမှာဖြစ်တယ်။ အခုလည်း မင်းအောင်လှိုင်ဟာ တရုတ်အလိုအတိုင်း ပေးနေရတာဖြစ်တယ်။ သူတို့ လူ (၂) စု အမြတ်ရဖို့ ကြားထဲက နောက်တကြိမ် အရှုံးပေါ်မှာတော့ မြန်မာနိုင်ငံနဲ့ ပြည်သူလူထုသာ ဖြစ်ပါတယ်။
Red News Agency