တိုက်ကတောကျေးရွာကို ရွှေဘိုအခြေစိုက် စစ်ကောင်စီတပ် စစ်ကြောင်းမှ မီးရှို့သွား

RNA_မေ(၁၃)၊၂၀၂၃ ခုနှစ်။

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ သစ်ချိုပင်ကျေးရွာအုပ်စု၊ တိုက်ကတောကျေးရွာမှ နေအိမ် (၅) လုံးကို ရွှေဘိုမြို့အခြေစိုက် လေ့ကျင့်ရေးတပ်မှ စစ်ကြောင်းထိုးဝင်ရောက်လာပြီး မေလ (၁၂) ရက်နေ့ မီးရှို့ဖျက်ဆီးသွားကြောင်း သိရသည်။

“စစ်ကြောင်းကတော့ ထွက်သွားပြီး ဆက်သွားတာပေါ့လေ တိုက်ကတောရွာက နေအိမ် ၅ လုံးနဲ့ ဆိုင်ကယ် ၂ စီးကို မီးရှို့သွားတယ်၊ အခြားရွာတွေလည်း ပတ်ဝင်သွားတယ်၊ စစ်ကြောင်းလာတော့ တရွာလုံးထွက်ပြေးနေကြရတာပေါ့ အခုမနက်မှ ရွာကိုပြန်သွားကြည့်ရတာ ဒေသခံတွေက ပြေးနေကြရတုန်း“ ဟု ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တခုဖြစ်သည့် နယ်စည်းမခြား ရွှေဘိုသား -LPDF အဖွဲ့ဝင်တဦးက ပြောသည်။

ရွှေဘိုမြို့နယ်အတွင်း စစ်ကောင်းစီတပ်စစ်ကြောင်းများ မကြာခဏ နယ်မြေရှင်းလင်းရေးအကြောင်းပြကာ စစ်ကြောင်းထိုးဝင်ရောက်နေကြောင်း၊ စစ်ကောင်စီတပ်စစ်ကြောင်းများ ဝင်လာပါက ဒေသခံများထွက်ပြေးတိမ်းရှောင်နေကြရကြောင်း၊ ကျေးရွာအတွင်းမှ အဖိုးတန်ပစ္စည်းများ အခိုးခံရပြီး နေအိမ်အဆောက်အဦများ မီးရှို့ဖျက်ဆီးခံနေကြရကြောင်း သိရသည်။

#RedNewsAgency

By Editor