မကွေးတိုင်

စစ်ကောင်စီတပ်၏ ၈၅ စီးပါယာဉ်တန်းကို ပဒေသာမိုင်း အလုံး (၂၀) ဖြင့် ဖောက်ခွဲတိုက်ခိုက်

စစ်ကောင်စီတပ်၏ ၈၅ စီးပါယာဉ်တန်းကို ပဒေသာမိုင်း အလုံး (၂၀) ဖြင့် ဖောက်ခွဲတိုက်ခိုက်

RNA_မတ်(၁၉)၊၂၀၂၃ ခုနှစ်။ ချင်းပြည်နယ်၊ မင်းတပ်ဘက်သို့တက်လာသည့် စစ်ကောင်စီတပ် (၈၅) စီးပါ ယာဉ်တန်းကို ပဒေသာမိုင်း အလုံး(၂၀) ဖြင့် CDF- Mindat တပ်ဖွဲ့မှ ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ မကွေးတိုင်း၊ ပခုက္ကူမြို့၊ စစ်ကောင်စီတပ် တပ်မ (၁၀၁) မှ ထွက်လာသည့် ယာဉ်တန်း ကျောက်ထု -မင်းတပ်ဘက် တက်လာစဉ် မတ်လ (၁၆) ရက်နေ့က ပဒေသာမိုင်းဖြင့်တိုက်ခိုက်ရာ ယာဉ် (၂) စီး ပျက်စီးသွားပြီး၊ အသေအဆုံး အတိအကျမသိရှိရသေးကြောင်း CDF- Mindat ကထုတ်ပြန်ထားသည်။ (more…)
Read More
ငြိမ်းချမ်းစွာဆန္ဒပြနေစဉ် ပြည်သူ (၆) ဦး ကျဆုံးခြင်း (၂) နှစ်ပြည့်

ငြိမ်းချမ်းစွာဆန္ဒပြနေစဉ် ပြည်သူ (၆) ဦး ကျဆုံးခြင်း (၂) နှစ်ပြည့်

RNA_မတ်(၁၁)၊၂၀၂၃ ခုနှစ်။ မကွေးတိုင်း၊ မြိုင်မြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ငြိမ်းချမ်းစွာဆန္ဒပြနေသည့်ပြည်သူများကို စစ်ကောင်စီလက်အောက်ခံများက အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းသဖြင့် ပြည်သူ (၆) ဦးကျဆုံးခဲ့ရသည်မှာ ယနေ့ (၂) နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ကြောင်း မြိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရသည်။ ၂၀၂၁ ခုနှစ် မတ်လ (၁၁) ရက်နေ့က မြိုင်မြို့ လမ်းမထပ်တွင် ငြိမ်းချမ်းစွာဆန္ဒပြနေစဉ် စစ်ကောင်စီလက်အောက် ခံများ အကြမ်းဖက်ပစ်ခတ် ဖြိုခွင်းခဲ့သည့်အတွက် ကိုသက်ဇော်ဦး ( အသက် - ၃၄) နှစ်၊ ကိုသိုက်ပေါ် (အသက် -;၄၀) နှစ်၊ ကိုဉာဏ်ဝင်း (အသက် -၃၆) နှစ်၊။ကိုကြည်ဖြိုးဝေ (အသက် - ၂၀) နှစ်၊ ကိုအောင်ကျော်ဆင့် (အသက် - ၂၀)…
Read More
ဗိုလ်စံသျှားပြောသည့် ရန်သူအင်အားကောင်းနယ်မြေက စစ်ရေးလှုပ်ရှားမှု

ဗိုလ်စံသျှားပြောသည့် ရန်သူအင်အားကောင်းနယ်မြေက စစ်ရေးလှုပ်ရှားမှု

RNA_မတ်(၈)၊၂၀၂၃ ခုနှစ်။   မကွေးမြို့နှင့်နီးစပ်နေသည့် ရန်သူအင်အားကောင်းသည့် ရေနံချောင်းမြို့နယ်နှင့် မကွေးခရိုင်အတွင်းစစ်ရေးလှုပ်ရှားမှုများပြုလုပ်နေသည့် မကွေးခရိုင် အမှတ် (၂) တပ်ရင်း ( People's Defence Force -Yenangyaung ) တာဝန်ခံ ဗိုလ်စံသျှားက စစ်ရေးအခြေအနေများနှင့် လက်တလောရင်ဆိုင်ကြုံတွေ့နေရသည့်အခြေအနေများကို ပြောကြားထားသည်။   #RedNewsAgency
Read More
ကင်းမရွာနေအိမ်များနှင့် စစ်ဘေးရှောင်ပြည်သူများ၏ ရိက္ခာပစ္စည်းများကို စစ်ကောင်စီတပ်မီးရှို့

ကင်းမရွာနေအိမ်များနှင့် စစ်ဘေးရှောင်ပြည်သူများ၏ ရိက္ခာပစ္စည်းများကို စစ်ကောင်စီတပ်မီးရှို့

RNA_‌မတ်(၄)၊၂၀၂၃ ခုနှစ်။ မကွေးတိုင်း၊ ပေါက်မြို့နယ် (တောင်ပိုင်း)၊ ကင်းမကျေးရွာမှနေအိမ် (၁၄) လုံးနှင့် ကင်းမရွာစစ်ဘေးရှောင်ပြည်သူများ၏ ဖောကားတစ်စီး၊ ဆန်၊ ပဲ၊ အခြားစားသောက်ကုန်စသည်တို့ကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားကြောင်း သိရသည်။ ပေါက်မြို့မှ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်သည် မတ်လ (၂) ရက်နေ့တွင် ကင်းမရွာဘက်ရောက်ရှိလာပြီး စစ်ဘေးရှောင်များ၏ ကာလတန်ကြေး သိန်း (၆၀၀) ခန့်ရှိ ပစ္စည်းများ၊ ကင်းမကျေးရွာ နေအိမ်များနှင့် PDF စခန်းတခုတို့ကို မီးရှို့ဖျက်ဆီးသွားသည်ဟုပခုက္ကူခရိုင် အမှတ် (၁၈)တပ်ရင်း ( ပေါက်တောင်ပိုင်း ပြောက်ကျားတပ်) မှ ထုတ်ပြန်ထားသည်။ (more…)
Read More
ပျူစောထီးများအားတိုက်ခိုက်ပြီးအပြန် PDF များကို ပြည်သူများကြိုဆို 

ပျူစောထီးများအားတိုက်ခိုက်ပြီးအပြန် PDF များကို ပြည်သူများကြိုဆို 

RNA_ဖေဖော်ဝါရီ(၂၃)၊၂၀၂၃ ခုနှစ်။ မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ကုက္ကိုစုမှ စစ်ကောင်စီတပ် လက်အောက်ခံ ပျူစောထီးများကို တိုက်ခိုက်ပြီးအပြန် PDF ရဲဘော်များကို ‌ပြည်သူများက ကြိုဆိုခဲ့ကြကြောင်း သိရသည်။ PDF မဟာမိတ်တပ်ဖွဲ့ (၃၄)ဖွဲ့မှ ရဲဘော်များလက်နက်ကြီး၊ လပ်နက်ငယ်များဖြင့် ဖေဖော်ဝါရီလ (၂၂) ရက်နေ့က ပျူစောထီးများကို တိုက်ခိုက်ရာ စီးနင်းမှု အောင်မြင်ခါနီးအချိန် စစ်ကောင်စီတပ်မှ လေကြောင်းပစ်ကူများရောက်ရှိလာသည့်အတွက် ဆုတ်ခွါခဲ့ရကြောင်း၊ ပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်လက်အောက်ခံ ( ၆) ဦးသေဆုံးပြီး၊ PDF များဘက်မှ ရဲဘော် (၂) ဦးဒဏ်ရာရရှိကြောင်း မှ Myaing Underground Defence Force-MUGDF ထုတ်ပြန်ထားသည်။ #RedNewsAgency
Read More
စစ်ကောင်စီတပ်နှင့်ပျူစောထီးတို့ကို PDF များတိုက်ခိုက်

စစ်ကောင်စီတပ်နှင့်ပျူစောထီးတို့ကို PDF များတိုက်ခိုက်

ပခုက္ကူ၊မြိုင်၊ပေါက်မြို့နယ် တကျောတွင် နေ့စဉ်နီးပါး တိုက်ပွဲဖြစ်နေ   RNA_ဖေဖော်ဝါရီ(၂၃)၊၂၀၂၃ ခုနှစ်။   မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြိုင်မြို့နယ်၊ ပေါက်မြို့နယ်တို့တွင် နေ့စဉ်နီးပါး ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်၊ ပျူစောထီးတို့ နေ့စဉ်နီးပါး တိုက်ပွဲဖြစ်နေကြောင်း သိရသည်။   ဖေဖော်ဝါရီလ ၁၈ ရက်၊ ၁၉ ရက်နေ့များတွင် ပခုက္ကူမြို့နယ် အနောက်ဘုန်းကံ ကျေးရွာ၊ မြိုင်မြို့ အရှေ့ဘက်နှင့် မြောက်ဘက် ဂိတ်၊ ပေါက်မြို့ပေါ် အိမ်တွင်းမှုကျောင်းမှ ယာကြီးပင်ပျူရွာသို့ စစ်ကူလာသော စစ်ကောင်စီတပ်တို့ကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ကြသည်ဟု မြိုင် ပကဖမှ သတင်းထုတ်ပြန်ထားသည်။   #RedNewsAgency
Read More
ကပစ (၁၄) ယမ်းသန့်စင်စက်ရုံ တိုက်ခိုက်ခံရပြီး (၆) လခန့် ရပ်နားရနိုင်

ကပစ (၁၄) ယမ်းသန့်စင်စက်ရုံ တိုက်ခိုက်ခံရပြီး (၆) လခန့် ရပ်နားရနိုင်

RNA_ဖေဖော်ဝါရီ(၂၂)၊၂၀၂၃ ခုနှစ်။ မကွေးတိုင်း၊ ငဖဲမြို့နယ်အခြေစိုက်၊ စစ်ကောင်စီတပ် အမှတ် (၁၄) စစ်လက်နက်ပစ္စည်း ထုတ်လုပ်သည့် (အဆင့်မြင့်ယမ်းသန့်စင်)စက်ရုံ တိုက်ခိုက်ခံရပြီး ထိခိုက်ပျက်စီးမှုများကြောင့် (၆) လခန့် ရပ်နားရနိုင်ကြောင်း People's Revolution Alliance မှ ယနေ့ထုတ်ပြန်ထားသည်။ (more…)
Read More
အသက်အသေခံပြီး စစ်ကောင်စီတပ်သားများကို မိုင်းကွင်းခေါ်ခဲ့သည့် PDF ဇနီးမောင်နှံ

အသက်အသေခံပြီး စစ်ကောင်စီတပ်သားများကို မိုင်းကွင်းခေါ်ခဲ့သည့် PDF ဇနီးမောင်နှံ

RNA_ဖေဖော်ဝါရီ(၁၉)၊၂၀၂၃ ခုနှစ်။ မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ သဲတောကျေးရွာတွင် စစ်ကောင်စီတပ်ဝင်စီးစဉ် ဖမ်းဆီးခံရသည့် ဇနီးမောင်နှံသည် အသက်အသေခံကာ စစ်ကောင်စီတပ်သားများကို မိုင်းကွင်းခေါ်ခဲ့ခြင်းဖြစ်သည်ဟု Southern YSO PDF တာဝန်ခံ ကိုအောင်မောင်းက ပြောသည်။ Urban Underground Revolution Force (UURF -YSO) တပ်ခွဲမှ PDF ရဲဘော် ကိုပေနှင့်မချိုတို့သည် ဖေဖော်ဝါရီ လ (၁၈) ရက်နေ့တွင် မင်္ဂလာဆောင်ကြမည်ဖြစ်ပြီး မိဘများရောက်ရှိလာသည့်အတွက် သဲတောကျေးရွာတွင် (၁) ညအိပ်စဉ် စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းကို ဖေဖော်ဝါရီလ (၁၇) ရက်နေ့က ခံခဲ့ရခြင်း ဖြစ်သည်။ (more…)
Read More
ပုသိမ် – မုံရွာလမ်းမကြီး လမ်းပိုင်းနေရာတချို့ကို PDF များထိမ်းချုပ်ထား

ပုသိမ် – မုံရွာလမ်းမကြီး လမ်းပိုင်းနေရာတချို့ကို PDF များထိမ်းချုပ်ထား

RNA_ဖေဖော်ဝါရီ(၁၈)၊၂၀၂၃ ခုနှစ်။ မကွေးတိုင်းအတွင်းမှ ဖြတ်သန်းဖောက်လုပ်ထားသည့် ပုသိမ် - မုံရွာလမ်းမကြီး၏ တချို့သော လမ်းပိုင်းများကို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ် - PDF များက ထိမ်းချုပ်ထားကြောင်း သိရသည်။ အနောက်ပိုင်းတပ်ရင်း(၇၀၃)မှ ရဲဘော်များသည် ပုသိမ် - မုံရွာ လမ်းမကြီးပေါ် သွားလာနေသည့် ပြည်သူများကိုတော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသည့်နယ်မြေများ၌ ခရီးသွားလာရာတွင် အခက်အခဲများရှိပါက ကူညီနိုင်ပေးနိုင်ရန် ပြည်သူများကို မေးမြန်း ကူညီပေးမှုများ ပြုလုပ်ခဲ့ကြကြောင်း အသိပေးထားသည်။ (more…)
Read More
ပုသိမ်-မုံရွာလမ်းအတိုင်း ဝင်ရောက်လာသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး (၂၀) ကျော်သေဆုံး

ပုသိမ်-မုံရွာလမ်းအတိုင်း ဝင်ရောက်လာသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး (၂၀) ကျော်သေဆုံး

RNA_ဖေဖော်ဝါရီ(၁၇)၊၂၀၂၃ ခုနှစ်။ မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ ပုသိမ်-မုံရွာလမ်းပိုင်းအတိုင်း၊ ကျေးရွာတရွာသို့ အင်အား (၄၀) ပါ စစ်ကောင်စီတပ် စစ်ကြောင်းထိုးအပြန် ပြည်သူ့စွမ်းအားတပ်ပေါင်းစု - PPC (ပခုက္ကူခရိုင်အမှတ် (၁၁) တပ်ရင်း)မှ မိုင်း (၉)လုံးဆွဲတိုက်ခိုက်မှုနှင့် အပြန် အလှန်ပစ်ခတ်မှု (၃၅) မိနစ်ခန့်အတွင်း စစ်ကောင်စီဘက်မှ (၂၀) ကျော်သေဆုံးခဲ့ကြောင်း သိရသည်။ ပြည်သူ့စွမ်းအားတပ်ပေါင်းစု-PPC (ပခုက္ကူခရိုင် အမှတ် (၁၁) တပ်ရင်း)မှ ဖေဖော်ဝါရီ (၁၄) ရက်နေ့က စစ်ကောင်စီတပ် စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ပြီးပစ်ခတ်တိုက်ခိုက်ခဲ့ကြကြောင်း၊ တိုက်ပွဲဖြစ်ပွားချိန် (၅) မိနစ်ဝန်းကျင်တွင် စစ်ကောင်စီတပ် အကူများ ရောက်ရှိလာခဲ့ကြောင်း၊ တိုက်ပွဲအတွင်း စစ်ကောင်စီဘက် အကျအဆုံးများခဲ့သော်လည်း ပြန်အဆုတ်တွင် PPC ဒုတပ်စိတ်မှူးရဲ‌ဘော်တဦး…
Read More