Tag: မကွေးတိုင်

  • နွေဦးတော်လှန်ရေး ခုခံစစ် ၂ နှစ်အတွင်း အပြောင်းအလဲများ

    နွေဦးတော်လှန်ရေး ခုခံစစ် ၂ နှစ်အတွင်း အပြောင်းအလဲများ

    “မင်းအောင်လှိုင်စစ်တပ်ရဲ့ သဘောတရားကို ကြည့်မယ်ဆိုရင် လက်နက်ကိုင်ထားသူများအပ ၎င်းကို ထောက်ခံသည်ဖြစ်စေ၊ မထောက်ခံသည်ဖြစ်စေ မခွဲခြားပဲ တန်းတူထား ဖိနှိပ်တာကို မြင်တွေ့ရမှာပါ”

    ကျော်ရဲစံ

    ယေဘုယျ အားဖြင့် ၂၀၂၁ ခုနှစ် မတ်လ မှစတင်ခဲ့သောလက်နက်ကိုင် တော်လှန်ရေးသည် နှစ်နှစ်ကျော် ကြာမြင့်လာပြီဖြစ်သည်။ စစ်ကိုင်းတိုင်းက ကလေးမြို့နယ် တာဟန်းခံတပ်က အစပြုလို့ ပြည်သူ့ခုခံစစ်အဖြစ် အမျိုးသားညီညွတ်ရေး အစိုးရက ကြေညာခဲ့သည်ဆိုလျှင် နှစ်နှစ်နီးပါး ပြည့်တော့မှာဖြစ်ပါတယ်။

    ဒီကာလအတွင်း တူမီးကအစပြုလို့ လက်လုပ် မိုင်းတွေနဲ့ စစ်ကောင်စီကို ခုခံ တော်လှန်ခဲ့ကြရာမှ Federal Wings ကဲ့သို့ ဒရုန်းတပ်ဖွဲ့များ၊ ၈၀မမ၊ ၆၀ မမ လက်လုပ်လက်နက်ကြီးများနဲ့ အော်တိုပစ်ခတ်နိုင်တဲ့ မောင်းပြန် သေနတ်များပါ ကာကွယ်ရေးအဖွဲ့တွေက ထုတ်လုပ်လာနိုင်နေပါတယ်။ နည်းပညာပိုင်းနဲ့ ကုန်ကြမ်းပစ္စည်း ကွာခြားမှုအရ စစ်ကောင်စီတပ်နဲ့ လက်နက် အင်အားခြင်းကွာခြားနေသော်လည်း မြန်မာပြည်အနှံ့တွင် ကာကွယ်ရေးအဖွဲ့တွေက စိုးမိုးနယ်မြေများထူထောင်လာနိုင်​​နေပါတယ်။

    စိုးမိုးနယ်မြေဆိုတာဟာ မြို့ကို သိမ်းထားတာမျိုးမဟုတ်ပဲ စစ်ကောင်စီတပ်တွေကို မြို့ကို ပို့ပြီး ဝိုင်းဝန်းပိတ်ဆို့ထားခြင်းသာ ဖြစ်ပါတယ်။ မန္တလေး၊ ရန်ကုန်နဲ့ ဧရာဝတီတိုင်း တွေမှာသာ စစ်ကောင်စီတပ်သားတွေ လွတ်လပ်စွာသွားလာနိုင်ဆဲ ဖြစ်ပေမဲ့ အခြားတိုင်းနဲ့ ပြည်နယ်တွေမှာတော့ နေ့စဉ်နဲ့အမျှ အသက်ဆုံးရှုံးနေရတာကို မြင်တွေ့ရပါတယ်။ ဒါကလည်း ပြည်သူလူထုရဲ့ နေ့စဉ်ရှင်သန်ရတဲ့ ဘဝ အားဆေးတစ်ခွက်လိုကိုဖြစ်နေပါပြီ။
    (more…)

  • အညာမှာ ဗမာ့အမျိုးသားတော်လှန်ရေးတပ် ပေါ်ပေါက်လာအောင် ဗိုလ်နဂါးစုစည်းနေ

    အညာမှာ ဗမာ့အမျိုးသားတော်လှန်ရေးတပ် ပေါ်ပေါက်လာအောင် ဗိုလ်နဂါးစုစည်းနေ

    RNA_ဩဂုတ်(၁၄)၊၂၀၂၃ ခုနှစ်။
     
    စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်းတို့မှ MOD လက်အောက်မှာ အကြောင်းအမျိုးမျိုးကြောင့် မရောက်ရှိနေပေမဲ့ စစ်သည်တော်ကျင့်ဝတ်များကို လိုက်နာကြမည့် ရဲဘော်များပါဝင်ပြီး စနစ်ကျသည့် တပ်တခုဖြစ်သည့် အညာက ဗမာ့အမျိုးသားတော်လှန်ရေးတပ် ပေါ်ပေါက်ရေး စုစည်းနေကြောင်း ဩဂုတ်လ ၁၂ ရက်နေ့က ပြည်သူများကိုပြောကြားသည့် Facebook Live တွင် ဗိုလ်နဂါးက ထည့်သွင်း အသိပေးသွားသည်။
    [embedyt] https://www.youtube.com/watch?v=uHnyo5IkTXA[/embedyt]
     
    နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် လက်နက်ကိုင်တော်လှန်ရေးတွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနနှင့် ဆက်ဆံရေးရှိသော်လည်း တိုက်ရိုက်အမိန့်နှင့်ညွန်ကြားမှုများကို လိုက်နာစရာမလိုသည့် ပြည်သူ့ထောက်ခံမှုရရှိထားသည့် စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းအတွင်းမှာ လှုပ်ရှားနေသော 96 Soldiers – PDF အညာဒေသ တပ်ခွဲ၊ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် People’s Liberation Army – PLA၊ People’s Revolution Alliance (PRA-Magway) တို့ရှိကြောင်း၊ Bamar People’s Liberation Army – BPLA အနေဖြင့်လည်း အညာဒေသတွင် အခြေချနိုင်ရေး ကျိုးပမ်းနေကြောင်း၊ အခြားသော MOD လက်အောက်မှာမရှိသည့် ABSDF အပါအဝင် ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့များရှိနေကြောင်း သိရသည်။
     
    #RedNewsAgency

  • မကွေးတိုင်းအတွင်း စစ်ရေးအခြေအနေနဲ့ စစ်ကောင်စီတပ်တွေအနေအထား

    မကွေးတိုင်းအတွင်း စစ်ရေးအခြေအနေနဲ့ စစ်ကောင်စီတပ်တွေအနေအထား

    ရခိုင်ရိုးမနဲ့ ထိစပ်နေတဲ့ နွားမတောင်တကြောမှာ ကာကွယ်ရေးအဖွဲ့ တွေကော စစ်တပ်ကပါ နေရာဖြန့်ပြီး ယူထားပေမဲ့ ဒါဟာ စစ်တပ်အတွက်တော့ တဒင်္ဂနေရာယူထားတာသာဖြစ်ခဲ့ပါတယ်။ မုန်းတလျှောက်နဲ့ မင်းဘူးခရိုင်- ဂန့်ဂေါခရိုင်နဲ့ ချင်းပြည်နယ် အစပ်ကို ပတ်ချာလည် ဝန်းရံ ပြီး ကာမယ်လို့ ထင်ထားခဲ့ပေမဲ့ အင်အားမရှိတဲ့ စစ်တပ်ဟာ တစ်ပတ်သာ တောင့်ခံပြီး ပြန်ဆုတ်သွားခဲ့ပါတယ်

    ကျော်ရဲစံ

    မကွေးတိုင်းမှာ ခရိုင် ငါးခုနဲ့ မြို့နယ် ၂၅ မြို့နယ် ရှိပါတယ်။ မင်းဘူးခရိုင်၊ မကွေးခရိုင်၊ ပခုက္ကူခရိုင်၊ ဂန့်ဂေါခရိုင်နဲ့ သရက်ခရိုင်တို့ မှာ မြို့နယ်ပေါင်း ၂၅ မြို့နယ်ကို နယ်မြေဒေသအခြေခံပြီး အချိုးကျ ဖွဲ့စည်းထားတာပဲ ဖြစ်ပါတယ်။

    ဒီခရိုင်တွေမှာ အရေးကြီးတဲ့ အချက်ကစစ်တပ်က အားကိုးတဲ့ ပုသိမ် – မုံရွာ လမ်းပိုင်းနဲ့ နီးစပ်တဲ့ ခရိုင်တွေပဲဖြစ်ပါတယ်။ ဂန့်ဂေါခရိုင်နဲ့ ပခုက္ကူခရိုင် ဘက်မှာ ပုသိမ်- မုံရွာလမ်းပိုင်းကို ကာကွယ်ရေးအဖွဲ့တွေက စိုးမိုးထားပြီ ​ဖြစ်ပြီးတော့ မကွေးဘက်ကလာမယ်ဆို ကန်စွန်းမ ဂိတ်ကို ကျော်တာနဲ့ PDF ဂိတ်တွေ ကို ဆက်တိုက်ဖြတ်ရတော့မှာပဲ ဖြစ်ပါတယ်။

    ပခုက္ကူခရိုင်နဲ့ ဂန့်ဂေါခရိုင်က အဓိကမြို့ချင်းဆက်လမ်းတွေမှာ ကာကွယ်ရေးအဖွဲ့တွေရဲ့ ဂိတ်ပေါင်းစုံ စစ်တပ်ကတောင် အသနားခံပြီး ဖြတ်ရတဲ့ အနေအထားတွေလည်း ​ကြားသိနေရပါတယ်။ ဒါတွေက မကွေးတိုင်းကာကွယ်ရေးအဖွဲ့တွေရဲ့ နယ်မြေစိုးမိုးမှုတွေပဲ ဖြစ်ပြီးတော့ ကြေညာခြင်း မရှိတဲ့ တချို့မြို့တွေဟာ ရာနှုန်းပြည့်နီးပါး ကာကွယ်ရေးအဖွဲ့တွေ စိုးမိုးထားတာပါ။

    စစ်ရေးနဲ့နယ်မြေ အနေအထားအရ အရေးပါလှတဲ့ ဂန့်ဂေါ၊ ဆော၊ ပခုက္ကူ၊ ရေစကြို၊ ပေါက်၊ မြိုင် နဲ့ စေတုတ္တရာနယ်တွေမှာ ကာကွယ်ရေးအဖွဲ့တွေနဲ့ စစ်ကောင်စီတို့ မကြာခဏဆိုသလို တိုက်ပွဲ ဖြစ်ပွားရာကနေ လက်ရှိအချိန်မှာတော့ အဲဒီဒေသက က.ပ.စ တွေကိုတောင်မှ PDF တွေက ဝိုင်းဝန်းပိတ်ဆို့ထားတဲ့ အခြေနေမှာရှိပါတယ်။ ဒါ့ကြောင့်ပဲ မကွေးတိုင်း PDF တာဝန်ခံ ကိုတံခွန်က စစ်တပ်ရဲ့ အသဲ နှလုံးတွေကို ဖောက်စားတော့မယ်လို့ ပြောကြားထားပါတယ်။

    (more…)

  • မကွေးတိုင်းက စစ်ကောင်စီ အသည်းနှလုံးတွေ အပေါဆုံးနေရာ

    မကွေးတိုင်းက စစ်ကောင်စီ အသည်းနှလုံးတွေ အပေါဆုံးနေရာ

    RNA_ဩဂုတ်()၊ ၂၀၂၃ ခုနှစ်။ 

    မကွေးတိုင်းအတွင်း စစ်ကောင်စီတပ်၏ လက်နက်စက်ရုံများ၊ ငွေစက္ကူထုတ်လုပ်ရေးအပါအဝင် စစ်ကောင်စီတန်ဖိုးထားရသည့် အသည်းနှလုံးများစွာရှိပြီး ထိုးစိုက်ရန် ဓားရိုးများကို တော်လှန်ရေးတပ်ဖွဲ့တွေက ကိုင်ထားနိုင်ပြီဟုစွန့်လွှတ်စွန့်စား ပြည့်ရင်သွေးများအစီအစဥ်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF မကွေးတိုင်း တာဝန်ခံ ကိုတံခွန်က ပြောကြားထားသည်။ 

    [embedyt] https://www.youtube.com/watch?v=0rrqWY1w6z4[/embedyt]

    မကွေးတိုင်းက စစ်ကောင်စီရဲ့ လူသတ်လက်နက်စက်ရုံတွေ အပေါဆုံး နေရာဒေသတခုဖြစ်ပါတယ်။ ကျွန်တော်တို့ မကွေးတိုင်းအတွင်းမှာဆိုလို့ရှိရင် ဒါသူတို့ရဲ့ အသည်းနှလုံးတွေလို့ ပြောလို့ရပါတယ်။ အသည်းနှလုံးကို ထိုးစိုက်ဖို့ ဓားရိုးကိုတော့ ကျွန်တော်တို့ မကွေးတိုင်းသားတွေ PDF တပ်ဖွဲ့ တပ်ရင်းတွေက ကိုင်ထားပြီလို့ ပြောလို့ရပါတယ်ဟု မကွေးတိုင်း PDF တာဝန်ခံ ကိုတံခွန်က ပြောထားသည်။ 

    (more…)

  • ဂန့်ဂေါခရိုင်မှာ NUG လက်အောက်ခံများ ပြဿနာတက်နေ

    ဂန့်ဂေါခရိုင်မှာ NUG လက်အောက်ခံများ ပြဿနာတက်နေ

    RNA_ဩဂုတ်(၄)၊ ၂၀၂၃ ခုနှစ်။

    မကွေးတိုင်း၊ ဂန့်ဂေါခရိုင်ရှိ ဂန့်ဂေါ ပ.က.ဖ နှင့် ဆောမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ – ပ.လ.ဖ တို့သည် ယခုရက်ပိုင်း ဒေသခံပြည်သူတချို့နှင့် NUG လက်အောက်ခံမဟုတ်သည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် ပြဿနာဖြစ်ပွားနေကြောင်း သိရသည်။

    ဂန့်ဂေါခရိုင်၊ ဆောမြို့နယ် ပ.လ.ဖ အဖွဲ့ဝင် အချုပ်ခန်းစောင့် (အစမ်းခန့်) ၈ ဦး သည် ခိုးမှုဖြင့် အချုပ်ကျနေသော အမျိုးသမီးတဦးအား အတင်းအဓမ္မပြုကျင့်ခဲ့မှု ၂၀၂၃ ခုနှစ် ဧပြီလနောက်ဆုံးပတ်က ဖြစ်ပွားခဲ့သည့်အတွက် ဇူလိုင်လ ၃၁ ရက်နေ့တွင် ကျူးလွန်ခဲ့သူ (၈) ဦးလုံးကို ဖမ်းဆီးနိုင်ခဲ့ပြီး အမှုစစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိသည်ဟု ဆောမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ယမန်နေ့က ကြေညာထားသည်။

    [embedyt] https://www.youtube.com/watch?v=YcAu4y3YKVM[/embedyt]

    ဂန့်ဂေါမြို့နယ် ပ.က.ဖ အဖွဲ့မှ တဦးတယောက်တည်းဆုံးဖြတ်လုပ်ကိုင်နေခြင်းနှင့် အခက်အခဲများကို ဖြေရှင်းပေးနိုင်ခြင်း မရှိသည့်အတွက် NUG တာဝန်ရှိသူများအနေဖြင့် ဖြုတ်ချပြီး အစားထိုးခန့်အပ်နိုင်ရေးအတွက် ဒေသခံတချို့က ဩဂုတ်လ ၂ ရက်နေ့က ဆန္ဒပြခဲ့သည်။

    (more…)

  • မြိုင်နှင့်ပေါက်တို့တွင် ပူးပေါင်းတပ်ဖွဲ့များ တော်လှန်ရေးအရှိန်မြင့်လာ

    မြိုင်နှင့်ပေါက်တို့တွင် ပူးပေါင်းတပ်ဖွဲ့များ တော်လှန်ရေးအရှိန်မြင့်လာ

    RNA_ဇူလိုင်(၃၀)၊၂၀၂၃ ခုနှစ်။
     
    မကွေးတိုင်း၊ မြိုင်မြို့နယ်နှင့် ပေါက်မြို့နယ်အတွင်း အာဏာသိမ်း စစ်ကောင်စီ လက်အောက်ခံများနှင့် မြိုင် ပ.က.ဖ ပူးပေါင်းတပ်ဖွဲ့များ နေ့စဉ် ပစ်ခတ်မှုဖြစ်ပွားနေပြီး တော်လှန်ရေးအရှိန်မြင့်လာကြောင်း သိရသည်။
     
    ဇူလိုင် ၂၄၊ ၂၅၊ ၂၆၊ ၂၇၊ ၂၈ ရက်နေ့များအတွင်း စစ်ကောင်စီလက်အောက်ခံ စစ်ဆေးရေးဂိတ်၊ ရဲစခန်း၊ ပျူရွာ၊ ကြားဖြတ် တိုက်ခိုက်မှုမျိုးစုံရှိခဲ့ပြီး အနည်းဆုံး စစ်ကောင်စီတပ်သား ၅ ဦး၊ ပျူ ၃ ဦး၊ ရဲ၁ ဦး သေဆုံးခဲ့ရကြောင်း၊ ပျူရွာများအတွင်းနှင့် ရဲစခန်းများအတွင်း Drone ဗုံးသီးများ၊ ရှော့တိုက်ဒုံး ပစ်ခတ်မှုများအတွင်း ထိခိုက်ပျက်စီးမှုများကို တိတိကျကျ မသိရှိရသေးကြောင်း သိရသည်။
    [embedyt] https://www.youtube.com/watch?v=BjLKd_SLt5s[/embedyt]
    ” တော်လှန်ရေးအရှိန်မြင့်တင်လာသည်နှင့်အမျှ စခ၊ ပခ များအနေဖြင့် မိမိတို့ နေရာများသည် လုံခြုံမှုကင်းမဲ့နေပြီ ဟုသော အတွေးရစေရန်  အခွင့်အရေးရသည်နှင့် အလစ် ဝင်ရောက်တိုက်ခိုက်သွားမည်ဖြစ်ပါသည်။ မြို့နေမိဘပြည်သူများအနေဖြင့်လည်း စခ၊ ပခ များနှင့် နီးစပ်ရာနေရာများတွင် နေထိုင်ခြင်း၊ သွားလာခြင်း မပြုလုပ်ကြရန်နှင့် အကယ်၍ ပြည်သူများရှိခဲ့မည် ဆိုပါက အတတ်နိုင်ဆုံးပြည်သူများ ကိုထိခိုက်မှုမရှိစေရန် ဆောင်ရွက်သွားမည်ဖြစ်ပါသည်” ဟု မြိုင် ပ.က.ဖ ထုတ်ပြန်ထားသည်။

    (more…)

  • ဆောမြို့နယ်က ၆ ရက်တာတိုက်ပွဲ

    ဆောမြို့နယ်က ၆ ရက်တာတိုက်ပွဲ

    “ဒဏ်ရာရတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ အလောင်းတွေကို သုသာန်ကိုသယ်လာပြီးမှ အလောင်းတွေကို သင်္ဂြိုလ်ကာ ဒဏ်ရာရတွေကို ဆောမြို့ပေါ်ကို သယ်ဆောင်သွားတာပါ။ ဆောမြို့ပေါ်ကို သယ်ဖို့အရေး စစ်ကောင်စီက ငါးနာရီလောက်စောင့်ဆိုင်းခဲ့ရပြီး ညနက်ပိုင်းမှသာ သယ်ယူပို့ဆောင်ခဲ့တာ”

    ကျော်ရဲစံ

    မကွေးတိုင်း ပခုက္ကူကနေ ဆိပ်ဖြူ-ဆင်ဖြူကျွန်း-စလင်း-စေတုတ္တရာဘက်ကို ဇူလိုင်လ ၇ ရက်နေ့က သံချပ်ကာကား ၃ စီးအပါအဝင် အစီးရေ သုံးဆယ်ကျော်ရှိတဲ့ အကြမ်းဖက်အာဏာသသိမ်းတပ်က စစ်ကြောင်းထွက်လာပါတယ်။ ဇူလိုင်လ ၁၀ ရက်နေ့မှာတော့ ခြေလျင်အင်အား ၃၀၀ ဝန်းကျင်ဟာ စေတုတ္တရာမြို့နယ်ကို ရောက်ရှိလာတာပါ။

    ခြေလျင် အင်အားနဲ့ စစ်ကြောင်းက စေတုတ္တရာ ကျွန်းတောကနေ လောင်းရှည် က.ပ.စ ၂၅ အဲဒီကနေမှ ချင်းပြည်နယ် ကျင်ဒွေးဘက်ကို ရိက္ခာပို့သွားကြတာ ဖြစ်ပါတယ်။ ကြားထဲမှာလည်း လောင်းရှည်ဒေသမှာ ဆောဘက်ကို ထိုးမယ့် အင်အား ၁၂၀ စစ်ကြောင်းရှိနေပါတယ်။ ပြောရရင်တော့ စစ်ကြောင်း ၂ ကြောင်းပါ တကြောင်းက ရိက္ခာပို့ တကြောင်းက နယ်မြေရှင်းလင်းရေးပေါ့။

    ဓာတ်ပုံ – ချင်းပြည်နယ်နှင့် မကွေးတိုင်းစေတုတ္တရာမြို့နယ် နယ်စပ်တွင် ခေါ်နူးတပ်ရင်း (CDF-KANPETLET) နှင့် ပူးပေါင်းတပ်ဖွဲ့များ ၂၀၂၂ ခုနှစ်​ အောက်တိုဘာလအတွင်းက နယ်မြေရှင်းလင်းရေးဆောင်ရွက်နေစဉ်။

    ခြေလျင်အင်အား ၃၀၀ ဝန်းကျင်က ရှေ့ပြေးအနေနဲ့ လောင်းရှည်ဒေသကို ဇူလိုင်လ ၁၁ ရက်နေ့မှာ ရောက်ရှိပြီးတော့ ဇူလိုင်လ ၁၂ ရက်မှာ ကျင်ဒွေးဘက်ကို ​ရှေ့ပြေးစစ်ကြောင်းထိုးပါတယ်။ လောင်းရှည် ဘက်က အင်အား ၁၂၀ ပါတဲ့ စစ်ကြောင်းကလည်း ဆောမြို့ဘက်ကိုစတင်စစ်ကြောင်းထိုးလာပါတယ်။

    (more…)

  • ဝက်ပုတ်ကျေးရွာ ပျူစခန်းကို ဒေသခံ PDF များ ပူးပေါင်းပြီး ၆၀ မမ၊ ၁၂၀ မမ များဖြင့် ပစ်ခတ်

    ဝက်ပုတ်ကျေးရွာ ပျူစခန်းကို ဒေသခံ PDF များ ပူးပေါင်းပြီး ၆၀ မမ၊ ၁၂၀ မမ များဖြင့် ပစ်ခတ်

    RNA_ဇူလိုင်(၂၀)၊၂၀၂၃ ခုနှစ်။

    မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ဝက်ပုတ်ကျေးရွာရှိ စစ်ကောင်စီလက်အောက်ခံ ပျူစခန်းကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များပူးပေါင်းကာ အာဇာနည်နေ့အထိမ်အမှတ်အဖြစ် ဇူလိုင် ၁၉ ရက်နေ့က ၆၀ မမ၊ ၁၂၀ မမ များဖြင့် အချက်ရေ ၁၅၀ ကျော်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

    စစ်ကောင်စီလက်အောက်ခံများ သေဆုံးနှင့်ထိခိုက်ဒဏ်ရာရစာရင်းကို အတိအကျမသိရှိရသေးကြောင်း၊ အာဇာနည်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ကျဆုံးသွားသော အာဇာနည်ခေါင်းဆောင်ကြီးများ၊ တော်လှန်ရး အဆက်ဆက်တွင် အသက်ပေးသွားကြသော အာဇာနည်အပေါင်းအား အောက်မေ့ ဂုဏ်ပြုသောအားဖြင့် တိုက်ပွဲဖော်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း Myaing Underground Defence Force – MUGDF က ထုတ်ပြန်ထားသည်။

    (more…)

  • အာဇာနည်နေ့ အထိမ်းအမှတ် Myingyan Black Tiger တိုက်ပွဲဖော်ဆောင်

    အာဇာနည်နေ့ အထိမ်းအမှတ် Myingyan Black Tiger တိုက်ပွဲဖော်ဆောင်

    RNA_ဇူလိုင်(၁၉)၊၂၀၂၃ ခုနှစ်။

    အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ဟင်္သာ (ရွာမ) ကျေးရွာတွင်တပ်စွဲထားသည့် စစ်အာဏာရှင် မင်းအောင်လှိုင်လက်အောက်ခံ တပ်စခန်းကို ယနေ့ ညနေ ၅ နာရီခန့်က Myingyan Black Tiger (MBT) အဖွဲ့မှ သွားရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

    “တပ်ဖွဲ့မှ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ တိုက်ပွဲကြာချိန်မိနစ် (၃၀)ခန့် ကြာမြင့်ခဲ့ပြီး စကစ တပ်သားအများအပြားထိခိုက် Tayဆုံးခဲ့သည်။ စခန်းသိမ်းနိုင်ရန် လက်တကမ်းအလိုတွင် RPG-7 ပြောင်းကွဲသွား၍ ရန်သူဘန်ကာအား ဆက်လက်မဖြိုခွင်းနိုင်သောကြောင့်  ရဲဘော်အားလုံး အန္တရယ်ကင်းစွာဖြင့် ပြန်လည်ဆုတ်ခွာခဲ့ရသည်” ဟု (MBT) က ထုတ်ပြန်ထားသည်။

    (more…)

  • ဆောမြို့နယ်တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်က အနည်းဆုံး ၂၀ ဦးသေ

    ဆောမြို့နယ်တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်က အနည်းဆုံး ၂၀ ဦးသေ

    RNA_ဇူလိုင် (၁၉)၊၂၀၂၃ ခုနှစ်။

    မကွေးတိုင်း ဆောမြို့အနီးဝန်းကျင်ထိ ဇူလိုင် ၁၃ ရက်နေ့မှ ၁၈ ရက်နေ့အထိ စစ်ကောင်စီတပ်စစ်ကြောင်းနှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ နေ့စဉ် တိုက်ပွဲဖြစ်ပွားရာတွင် စစ်ကောင်စီဘက်မှ ၂၀ ဦးအနည်းဆုံးသေဆုံးပြီး ဒဏ်ရာရရှိသူများပြားကြောင်း ဒေသခံများထံမှ သိရသည်။

    “ကျွန်တော်တို့ ဒေသမှာထိတာတော့ အလွန်ဆုံး ဆယ်ယောက်ပေါ့။ သူတို့ဂျမ်မာကားတွေလည်းပါတယ်လေ။ စုပြုံပြီးတက်လာတာမဟုတ်ဘူး” ဟု ဆောနှင့် ချင်းပြည်နယ်အစပ်က ဒေသခံတစ်ဦးက ပြောသည်။

    ဇူလိုင်လ ၁၈ ရက်နေ့မှာ ဆောနှင့် ကန်ပက်လက်ကြားမှာ ကာကွယ်ရေးအဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်လို့ စစ်ကောင်စီဘက် လက်အောက်ခံများ မြေပြင်တွင် ၁၀ ဦးဝန်းကျင် သေဆုံးကြောင်း၊ ဆောမြို့ အနီးတိုက်ပွဲတွင် စစ်ကောင်စီလက်အောက်ခံ ၁၀ ဦးထက်မနည်းသေဆုံးနိုင်ကြောင်း၊ ယခုရက်ပိုင်း တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သားများ ဒဏ်ရာရရှိမှု များပြားသော်လည်း သေဆုံးမှုမှာ ၂၀ ဝန်းကျင်သာရှိကြောင်း သိရသည်။

    NUG ကကွယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လောင်းရှည်ဒေသတိုက်ပွဲရုပ်သံမှ

    (more…)