28                                    
                                    
                                        Sep 
                                    
                                
                            
                        
                        
                    
                        RNA_စက်တင်ဘာ(၂၈)၊၂၀၂၃ ခုနှစ်။ မကွေးတိုင်း၊ မင်းလှမြို့နယ်၊ လက်ယားရှည်ကျေးရွာမှအုပ်ချုပ်ရေးမှူးဟောင်း၊ ကြံ့ခိုင်ရေးပါတီခေါင်းဆောင်တဦးကို စစ်ကောင်စီတပ်သားများက စက်တင်ဘာ (၂၇) ရက်နေ့တွင် ပစ်သတ်သွားကြောင်း ဒေသခံများထံမှ သိရသည်။ စစ်ကောင်စီတပ် အင်းအား (၆၀) ခန့်ရှိ စစ်ကြောင်းသည်လက်ယားရှည်ရွာ မြောက်ဘက်မှ ဝင်ရောက်မွှေနှောက်ပြီး ပြည်သူများကို ဇရပ်တွင် စုရုံးခိုင်းခဲ့ကြောင်း၊ ရွာအရှေ့ဘက်သို့ ဝင်ရောက်စဉ် အသက် (၅၂) နှစ်အရွယ် ဦးဝင်းလှိုင်နေအိမ်အနီးသို့ ရောက်ရှိချိန် စစ်ဆေးရန်ခေါ်ယူသည့်အခါ နောက်ဖေးပေါက်မှ ထွက်ပြေးခဲ့သည့် အတွက် ပစ်သတ်ခံခဲ့ရခြင်း ဖြစ်သည်။ စစ်ကောင်စီတပ်သားများက ကြံ့ခိုင်ရေးပါတီ ရပ်ကျေးခေါင်းဆောင်လည်းဖြစ်၊ အုပ်ချုပ်ရေးမှူးလည်းဖြစ်သူ ဦးဝင်စလှိုင်ကို မပြေးရန်အော်ပြောသော်လည်း ဆက်ပြေးသည့်အတွက် သေနတ်ဖြင့် ပစ်ခတ်ပြီး အလောင်းကို စစ်ကောင်စီတပ်သားများ ယူဆောင်သွားကြောင်း သိရသည်။ (more…)                    
                                            
                                    