မကွေးတိုင်

ဧရာဝတီမြစ်အနောက်ဘက်ခြမ်းတခုလုံးလွတ်မြောက်ရေး ဆောင်ရွက်မည်ဟု PRA စစ်ဦးစီးချုပ်ပြော

ဧရာဝတီမြစ်အနောက်ဘက်ခြမ်းတခုလုံးလွတ်မြောက်ရေး ဆောင်ရွက်မည်ဟု PRA စစ်ဦးစီးချုပ်ပြော

RNA_ဇွန်(၄)၊၂၀၂၃ ခုနှစ်။   လူထုတော်လှန်ရေးမဟာမိတ်အင်အားစု- PRA-Magway အနေဖြင့် စစ်ရေးရည်မှန်းချက်များတွင် ဧရာဝတီဖြစ်အနောက်ဘက်ခြမ်း တခုလုံး လွတ်မြောက်ရေးအတွက် မဟာမိတ်အင်အားစုများနှင့် ပူးပေါင်းဆောင်ရွက်မည်ဟု PRA - Magway စစ်ဦးစီးချုပ် ဟာကြူလီက Red News Agency နှင့်အင်တာဗျူးတွင် ပြောကြားထားသည်။ မကွေးတိုင်း၊ မင်းဘူးခရိုင်အတွင်း အခြေစိုက်ကာ စစ်အာဏာရှင်အား လက်နက်ကိုင်တော်လှန်နေသည့် People's Revolution Alliance - လူထုတော်လှန်ရေးမဟာမိတ်အင်အားစု- PRA-Magway သည် ဒေသတွင်း မဟာမိတ်များနှင့်ပူးပေါင်းကာ စစ်ရေးပစ်မှတ်များကို တိုက်ခိုက်နေကြောင်း၊ အမျိုးသားညီညွတ်ရေးအစိုးရအပါအဝင် တိုင်းရင်းသားလက်နက်ကိုင်တချို့နှင့်လည်း ပူးပေါင်းဆောင်ရွက်မှုများရှိကြောင်း သိရသည်။ (more…)
Read More
ဆေးပေးခန်းအပါအဝင် နေအိမ်အဆောက်အဦ (၆၉၀) ခန့် စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး

ဆေးပေးခန်းအပါအဝင် နေအိမ်အဆောက်အဦ (၆၉၀) ခန့် စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး

RNA_ဇွန်(၃)၊၂၀၂၃ ခုနှစ်။ မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသကို စစ်ကောင်စီတပ် (၃) ရက်တာ စစ်ကြောင်းထိုး ဝင်ရောက်မှုအတွင်း ကျေးရွာ (၂၇) ရွာမှ ကျေးလက်‌ဆေးပေးခန်းအပါအဝင် နေအိမ်အဆောက်အဦ (၆၉၀) ခန့် မီးရှို့ဖျက်ဆီးသွားကြောင်း သိရသည်။ စစ်ကောင်စီတပ် စစ်ကြောင်းသည် ရေလယ်ကျွန်းဒေသကို ၂၀၂၃ ခုနှစ် မေလ ၂၆ ရက်နေ့မှ ၂၈ ရက်နေ့အထိ စစ်ကြောင်းထိုးဝင်ရောက်ပြီး နေအိမ်အဆောက်အဦများ မီးရှို့ခံရမှုနှင့်အတူ ကောက်ပဲသီးနှံနှင့် ဆန်စပါးများ မီးလောင်ဆုံးရှုံးခဲ့ရကြောင်း၊ မီးရှို့ဖျက်ဆီးမှုများအတွင်း ပြည်သူ (၅) ဦးကို သတ်ဖြတ်သွားကြောင်း ရေစကြိုမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။ (more…)
Read More
မီးဘေးသင့် ရေလယ်ကျွန်းဒေသပြည်သူများကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ကူညီပေးနေ

မီးဘေးသင့် ရေလယ်ကျွန်းဒေသပြည်သူများကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ကူညီပေးနေ

RNA_ဇွန်(၂)၊၂၀၂၃ ခုနှစ်။   မကွေးတိုင်း၊ ရေလယ်ကျွန်းဒေသရှိ​ ကျေးရွာများကို ပခုက္ကူအခြေစိုက် စစ်ကောင်စီတပ်သားများ အပါအဝင် စစ်ကောင်စီလက်အောက်ခံများက ပြီးခဲ့သည့် တစ်ပတ်အတွင်း မီးပတ်ရှို့ခဲ့သည့်အတွက် ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ကူညီပေးနေကြရကြောင်း၊ စစ်ဘေးရှောင် မီးဘေးသင့်ပြည်သူများအတွက် လိုအပ်ချက်များရှိနေသေးကြောင်း သိရသည်။   ရေလယ်ကျွန်းဒေသတွင်း စစ်ကောင်စီတပ်စစ်ကြောင်းသည် ၂၀၂၃ ခုနှစ် မေလ ၂၆ ရက်နေ့မှ စတင်ကာ ကျေးရွာများကို မီးရှို့ဖျက်ဆီးခဲ့ရာ မေလ ၂၉ ရ ရက်နေ့အထိ ကျေးရွာ (၂၆) ရွာမီးရှို့ခံခဲ့ကြောင်း၊ ဒေသခံပြည်သူ ထောင်ချီပြီး စစ်ဘေးရှောင်နေကြရကြောင်း သိရသည်။ (more…)
Read More
ရေစကြိုမြို့ပေါ်တွင် ဖမ်းဆီးခံရသည့် MBT ရဲဘော် နှိပ်စက် သတ်ဖြတ်ခံရ

ရေစကြိုမြို့ပေါ်တွင် ဖမ်းဆီးခံရသည့် MBT ရဲဘော် နှိပ်စက် သတ်ဖြတ်ခံရ

RNA_မေ(၂၆)၊၂၀၂၃ ခုနှစ်။ မကွေးတိုင်း၊ ရေစကြိုမြို့ပေါ်တွင် စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းခံလိုက်ရသည့် Myingyan Black Tiger တပ်ဖွဲ့မှ ရဲဘော်တိုးနိုင် ညှင်းပမ်းနှိပ်စပ်မှုများခံရပြီး သတ်ဖြတ်ခံခဲ့ရကြောင်း သိရသည်။ Myingyan BLack Tiger တပ်ဖွဲ့မှ ရဲဘော်တိုးနိုင်သည် မေလ ၂၄ ရက်နေ့က ရေစကြိုမြို့ပေါ်တွင် ဒဏ်ရာရရှိကာ စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းခံရပြီး မေလ ၂၅ ရက်နေ့တွင် ကျဆုံးသွားခဲ့ကြောင်း၊ စစ်ကောင်စီတပ်သားများသည် ရဲဘော်တိုးနိုင်ကို ညှင်းပမ်းနှိပ်စက် သတ်ဖြတ်ပြီး ချင်းတွင်းမြစ်အတွင်း မျောခဲ့သည့် အတွက် MBT ရဲဘော်များက ပြန်ဆယ်ကာ ယနေ့ ဈာပနအခမ်းအနားပြုလုပ်ခဲ့ကြောင်း သိရသည်။ #RedNewsAgency
Read More
မကွေးဆေးတက္ကသိုလ် ကျောင်းသား တိုက်ပွဲတွင်ကျဆုံး 

မကွေးဆေးတက္ကသိုလ် ကျောင်းသား တိုက်ပွဲတွင်ကျဆုံး 

RNA_မေ(၂၅)၊၂၀၂၃ ခုနှစ်။ မကွေး ဆေးတက္ကသိုလ်၊ ဆေးပညာအခြေခံနှစ် (Foundation Year) မှ ကျောင်းသား မောင်စွမ်းထက် (အသက် ၂၀ နှစ်)သည် မေလ (၂၂) ရက်နေ့ စစ်ကိုင်း တိုင်း၊ ခင်ဦးမြို့နယ်အတွင်း တိုက်ပွဲတွင် ကျဆုံးခဲ့ရကြောင်း သိရသည်။ "မောင်စွမ်းထက်ကို အာဇာနည်သူရဲကောင်းတစ်ဦးအဖြစ် အသိအမှတ်ပြုအပ်ပြီး မိသားစုနှင့်ထပ်တူ ကြေကွဲဝမ်းနည်းရပါသည်" ဟု အမျိုးသားညီညွတ်ရေးအစိုးရ ကျန်းမာရေးဝန်ကြီးဌာနမှ မေလ ၂၄ ရက်နေ့က ထုတ်ပြန်ထားသည်။ (more…)
Read More
ဖမ်းဆီးခံရသည့်ရဲဘော် ကယ်ထုတ်နိုင်ရေးအတွက် ရေစကြိုမြို့ပေါ်တွင် ပစ်ခတ်မှုဖြစ်

ဖမ်းဆီးခံရသည့်ရဲဘော် ကယ်ထုတ်နိုင်ရေးအတွက် ရေစကြိုမြို့ပေါ်တွင် ပစ်ခတ်မှုဖြစ်

RNA_မေ(၂၅)၊၂၀၂၃ ခုနှစ်။ မကွေးတိုင်း၊ ရေစကြိုမြို့ပေါ်တွင် Myingyan Black Tiger (MBT) အမှတ် (၂) စခန်းမှ ရဲဘော်တဦးဒဏ်ရာရရှိကာ မေလ ၂၄ ရက်နေ့ နံနက်ပိုင်းက ဖမ်းဆီးခံရပြီးနောက် နေ့တွင်းချင်း ပြန်လည်ကယ်ထုတ်နိုင်ရေးအတွက် MBT တပ်ဖွဲ့ရဲဘော်များအင်အားအများအပြားဖြင့် မြို့တွင်းဝင်ကာ စစ်ကောင်စီတပ်စခန်းချထားသည့် ရုံးပေါင်းစုံတွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။ အင်အားအများအပြားဖြင့် MBT ရဲဘော်များ မြို့ပေါ်တက်လာသည့်အတွက် စစ်ကောင်စီတပ်မှ ဒဏ်ရာရ ရဲဘော်ဆေးကုနေသည့်ဆေးရုံတွင် အင်အားပြည့်တင်းထားသည့်အတွက် ရုံးပေါင်းစုံစခန်းကိုသာ ပစ်ခတ်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ရဲဘော်အား မကယ်နိုင်သော်လည်း စစ်ကောင်စီတပ်ဘက်မှ ကျဆုံးမှုများရှိကြောင်း MBTက ယနေ့ ထုတ်ပြန်ထားသည်။ Red News Agency
Read More
“သူတို့လာတိုက်ရင် ကျွန်တော်တို့ ပြန်တိုက်မယ်၊ သူတို့လာမတိုက်ရင် ကျွန်တော်တို့ သွားတိုက်မယ်“

“သူတို့လာတိုက်ရင် ကျွန်တော်တို့ ပြန်တိုက်မယ်၊ သူတို့လာမတိုက်ရင် ကျွန်တော်တို့ သွားတိုက်မယ်“

“ကျွန်တော်တို့ မိုက်ရူးရဲဆန်တယ် စွန့်စားတယ်၊ ကျွန်တော်တို့ သေရဲတယ်”   RNA_မေ(၂၄)၊၂၀၂၃ ခုနှစ်။ စစ်ကောင်စီတပ် ဘီလူးစစ်ကြောင်းနှင့်တိုက်ပွဲဖြစ်ပြီး ဌာနချုပ်စခန်းစွန့်ခွါခဲ့ရသလို၊ မြင်းခြံဌာနချုပ်စခန်းများလည်း စွန့်ခွါခဲ့ရပြီး ယနေ့အချိန်ထိ ရပ်တည်ကာ နယ်မြေသစ်ရှာဖွေကာ တိုက်ပွဲများ ဆက်လက်ဖော်ဆောင်မှုအားကောင်းနေပြီး မဟာမိတ်များနှင့်အတူတကွ ပူးပေါင်းတိုက်ပွဲဖော်ဆောင်မှုများပါရှိနေသည့် Myingyan Black Tiger (MBT) မှ ဗိုလ်မိုက်ခဲက “သူတို့လာတိုက်ရင် ကျွန်တော်တို့ ပြန်တိုက်မယ်၊ သူတို့လာမတိုက်ရင် ကျွန်တော်တို့ သွားတိုက်မယ်“ ဟု ပြောကြားထားပါသည်။   #RedNewsAgency
Read More
ဂန့်ဂေါခရိုင်အမှတ် (၁၃) တပ်ရင်းကို မကွေးတိုင်းကွပ်ကဲရေးရုံးတာဝန်ရှိသူများက လက်နက်တပ်ဆင် 

ဂန့်ဂေါခရိုင်အမှတ် (၁၃) တပ်ရင်းကို မကွေးတိုင်းကွပ်ကဲရေးရုံးတာဝန်ရှိသူများက လက်နက်တပ်ဆင် 

RNA_မေ ၁၈ ၊၂၀၂၃ ခုနှစ်။ အမျိုးသားညီညွတ်ရေးအစိုးရ- NUG၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဂန့်ဂေါခရိုင်အမှတ် (၁၃) တပ်ရင်းနှင့် မကွေးတိုင်းကွပ်ကဲရေးရုံးမှ တာဝန်ရှိသူများနှင့်တွေ့ဆုံပြီး လက်နက်အချို့ တပ်ဆင်ပေးမှုများ ပြုလုပ်ခဲ့ကြောင်း ဂန့်ဂေါခရိုင်အမှတ် (၁၃) တပ်ရင်းမှ ယနေ့ ထုတ်ပြန်ထားသည်။ #RedNewsAgency
Read More
မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် တိုင်းနှင့်ပြည်နယ် (၇) ခုတွင် သေဆုံးသူ (၄၃၅) ဦးရှိ

မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် တိုင်းနှင့်ပြည်နယ် (၇) ခုတွင် သေဆုံးသူ (၄၃၅) ဦးရှိ

RNA_မေ(၁၇)၊၂၀၂၃ ခုနှစ်။   မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ မကွေးတိုင်း နှင့် စစ်ကိုင်းတိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ် (၇) ခုတွင် သေဆုံးသူ (၄၃၅) ဦးရှိခဲ့ပြီး အဆက်အသွယ်မရသေးသည့် ပျောက်ဆုံးနေသူများရှိနေသေးကြောင်း မေလ (၁၆) ရက်နေ့ထိ စာရင်းကောက်ယူထားနိုင်ပြီဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ -NUG က ထုတ်ပြန်ထားသည်။   မေလ ၁၄ ရက်နေ့က ရခိုင်ပြည်နယ်အတွင်း ဦးတည်ဝင်ရောက်လာသည့် ဆိုင်ကလုန်းမုန်တိုင်းဒဏ်ကြောင့် နေအိမ်အဆောက်အဦများ၊ လမ်းတံတားများ၊ စိုက်ပျိုးရေးလုပ်ငန်းများနှင့် ကျွဲနွားသေဆုံးမှု များပြားခဲ့ကြောင်း၊ စစ်တွေမြို့နယ်အတွင်းရှိ ဒုက္ခသည်စခန်းအပါအဝင် ကျေးရွာများနှင့် မကွေးတိုင်း စလင်းမြို့နယ်အတွင်း သေဆုံးသူများရှိခဲ့ကြောင်း သိရသည်။ (more…)
Read More
မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ပျက်စီးသွားမှုများကို PDF ရဲဘော်များ ကူညီ

မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ပျက်စီးသွားမှုများကို PDF ရဲဘော်များ ကူညီ

RNA_မေ(၁၇)၊၂၀၂၃ခုနှစ်။ မကွေးတိုင်း၊ ပေါက်မြို့နယ်အတွင်း မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ပျက်စီးသွားရသည့် ပြည်သူများ၏ နေအိမ် အဆောက်အဦပျက်စီးထိခိုက်မှုများ အပါအဝင် နိုင်ရာတာဝန်များကို ပြည်သူ့တော်လှန်ရေးတပ်ဦး-PRF ရဲဘော်များက ကူညီမှုများပေးခဲ့ကြောင်းသိရသည်။ “ မိုခါမုန်တိုင်းရဲ့ရိုက်ခတ်မှုဒဏ်ကြောင့်လည်း စစ်ဘေးရှောင်ရာ ယာယီနေအိမ်တဲတိုက်များစွာ ပြိုလဲပျက်စီးခဲ့ကြရပါတယ်။‌ အဲ့ဒီရိုက်ခတ်မှုဒဏ်ကြောင့် အလုပ်သမားလယ်သမားများ အားကိုးအားထားပြုရတဲ့ ဒေသထွက်စိုက်ပျိုးသီးနှံများအပါဝင် သိုလှောင်ရိက္ခာတချို့နဲ့အသုံးအဆောင်ပစ္စည်းများစွာ ထပ်မံဆုံးရှုံးခဲ့ရပြန်ပါတယ်။ ထိုသို့ စစ်ဘေးရေဘေးသင့်ပြီး စိတ်အားကိုယ်အားဖြင့် ဒုက္ခအတိရောက်ရှိနေကြတဲ့ ပြည်သူလူထုကို ကျနော်တို့ ပြည်သူ့တော်လှန်ရေးတပ်ဦး ရဲဘော်များက ပြိုလဲပျက်စီးသွားခဲ့တဲ့ပြည်သူ့နေအိမ်များကို ဝိုင်းဝန်းရှင်းလင်း‌ပေးခဲ့ကြပြီး စိတ်အားကိုယ်အားပင်ပန်းနွမ်းနယ်နေကြတဲ့ပြည်သူလူထုကိုလည်း ပြည်သူ့ဒုက္ခကိုယ့်ဒုက္ခလို့မှတ်ယူကာ အခုလို နိုင်ရာဝန်ကိုထမ်းပြီး ဝိုင်းဝန်းအားပေးကူညီခဲ့ကြတာဖြစ်ပါတယ်” ဟု ပြည်သူ့တော်လှန်ရေးတပ်ဦး-PRF ကထုတ်ပြန်ပြောကြားထားသည်။ (more…)
Read More