Tag: မကွေးတိုင်
-

အောင်သာပျူရွာ တိုက်ပွဲတွင် လက်နက်ခဲယမ်းများနှင့်အတူ စစ်သုံ့ပန်း (၁၀) ဦးဖမ်းဆီးရမိ
RNA_ဇူလိုင်(၁၇)၊၂၀၂၄ ခုနှစ်။မကွေးတိုင်း၊ ပခုက္ကူမြို့နယ် ဘဲကြီးကျေးရွာအုပ်စု အောင်သာပျူရွာ (မြစ်ခြေမြို့အနီး) ကို ဒေသတွင်းတော်လှန်ရေးအင်အားစုများက ယနေ့ နံနက် (၅) နာရီ ၁၀ မိနစ်ဝန်းကျင်က ဝင်ရောက်စီးနင်း တိုက်ခဲ့ရာ လက်နက်ခဲယမ်းများနှင့်အတူ စစ်ကောင်စီလက်အောက် စစ်သုံ့ပန်း (၁၀) ဦီးဖမ်းဆီးရမိခဲ့သည်ဟု ပြည်သူ့တော်လှန်ရေးတပ်ဦး – PRF ထံမှ သိရသည်။အောင်သာကျေးရွာ အခြေစိုက် ပျူစခန်းနှင့်ပျူများ တပ်စွဲရာနေရာများကို ဝင်ရောက်စီးနင်းတိုက်ခိုက်သည့်တိုက်ပွဲအတွင်းမှ ကာဘိုင်အမျိုးအစား သေနတ် ၃ လက်၊ ဘီအေ ၆၃ အမျိုးအစား သေနတ် ၄ လက်၊ ရှော့ဂန်းသေနတ် ၁ လက်၊ ဝင်ချက်စတာ သေနတ် ၁ လက်၊ ၄၀ မမ ဗုံးပစ်လောင်ချာ ၁လက်၊ လက်ပစ်ဗုံး ၁ လုံး ၊ ကျည်မျိုးစုံ ၃၀၀ ဝန်းကျင် သိမ်းဆည်းရမိမှုနှင့်အတူ သုံ့ပန်း (၁၀) ဦး ဖမ်းဆီးရမိကြောင်း၊ စစ်ကောင်စီလက်အောက်ခံ (၅) ဦးထက်မနည်းသေဆုံးသည်ဟု သိရသည်။ -

မြိုင်မြို့နယ် သံဃာတော်များ ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်ချီတက်ပွဲကို မြိုင် ပကဖ လုံခြုံရေး တာဝန်ယူခဲ့
RNA_ဇွန်(၂၇)၊၂၀၂၄ ခုနှစ်။
အာဏာသိမ်းစစ်ကောင်စီသည် ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံစာသင်တိုက် ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသအပါအဝင် သံဃာတော်များကို သတ်ဖြတ်နေသည့်အတွက် မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ သံဃာတော်များက ပတ္တနိက္ကုဇ္ဇနကံဆောင်သပိတ်စတင်ခဲ့ပြီး ချီတက်လမ်းလျှောက်စဉ် မြိုင် ပကဖ ရဲဘော်များက လုံခြုံရေးယူပေးခဲ့ကြောင်း သိရသည်။
[embedyt] https://www.youtube.com/watch?v=gdnUtSyojCw[/embedyt]
ဝင်းနိမ္မိတာရုံစာသင်တိုက်၏ ပဓာနနာယက၊ နိုင်ငံတော်သံဃာ့ မဟာနာယကအဖွဲ့ဝင်ဟောင်း ဘဒ္ဒန္တမုနိန္ဒာဘိဝံသကို စစ်ကောင်စီတပ်မှ ဇွန်လ ၁၉ ရက်နေ့က ပစ်ခတ်ခဲ့ရာ ပျံလွန်တော်မူခဲ့ရပြီး၊ နွေဦးတော်လှန်ရေးအတွင်း စစ်ကောင်စီသတ်ဖြတ်ထားသည့် ဗုဒ္ဓဘာသာရဟန်းသံဃာ၊ ခရစ်ယာန်ဆရာတော်၊ အစ္စလာမ်ဘာသာရေးဆရာ တဦးတို့ပါအဝင် (၅၀) ကျော်ရှိကြောင်း၊ အကျဉ်းထောင်များတွင် မတရားဖမ်းဆီးချုပ်နှောင်ခံထားရသည့် ဘာသာရေးခေါင်းဆောင် ၁၂၀ ကျော်ရှိကြောင်း AAPP နှင့် MOHR စာရင်းများအရသိရသည်။
-

ရှင်မကန်ပျူရွာတိုက်ခိုက်ခံရပြီီး စစ်ကောင်စီလက်အောက်ခံ (၁၀) ဦးသေဆုံး
RNA_ဇွန်(၂၅)၊၂၀၂၄ ခုနှစ်။
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ဖလံအိုအုပ်စု၊ ရှင်မကန်ပျူရွာကို ဒေသတွင်း တော်လှန်ရေး မဟာမိတ်တပ်ဖွဲ့များက ယနေ့ နံနက် ၅ နာရီကျော်က ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီလက်အောက်ခံ ၁၀ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများနှင့် သုံ့ပန်းတဦး ဖမ်းဆီးရမိကြောင်း သိရသည်။

ရှင်မကန် ပျူးစစ်စခန်းကို အဓိကဦးတည်တိုက်ခိုက်ရာ စစ်ကောင်စီလက်အောက်ခံ ၁၀ ဦးသေဆုံးပြီး၊ ကာဘိုင်အမျိုးအစား သေနတ် ၄ လက်၊ ဘီအေ (63) အမျိုးအစား သေနတ် ၁ လက်၊ လက်လုပ်သေနတ် ၁ လက်၊ ကာဘိုင်သေနတ်ပြောင်း ၂ ပြောင်း၊ လက်ပစ်ဗုံး ၂ လုံး၊လမ်းလျှောက်စကားပြောစက် ၁ လုံး ၊ ခဲယမ်းကျည်မျိုးစုံ ၅၀၀ ဝန်းကျင်နှင့် ရန်သူ့ဆက်စပ်ပစ္စည်းများနှင့်အတူ သုံးပန်းအရှင်တဦး ဖမ်းဆီးရမိခဲ့သည်ဟု တော်လှန်ရေးတပ်ဖွဲ့များထံမှ သိရသည်။
-

စစ်ဆင်ရေးရည်မှန်းချက် အပြည့်အဝမအောင်မြင်ခဲ့ပေမဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၂၀ ခန့် သေဆုံးခဲ့
RNA_ဇွန်(၂၄)၊၂၀၂၄ ခုနှစ်။
မကွေးတိုင်း၊ ငဖဲမြို့နယ်၊ မန်းချောင်းဆည်အနီး၊ ကျောင်းကုန်းရွာဟောင်းအနီးဝန်းကျင်ရှိ စစ်ကောင်စီ၏ ကာကွယ်ရေးပစ္စည်းစက်ရုံ ၁၄ ဂိတ်ကင်းစခန်းတိုက်ပွဲတွင် စစ်ဆင်ရေး ရည်မှန်းချက် အပြည့်အဝ မအောင်မြင်ခဲ့ပေမဲ့ တိုက်ပွဲအတွင်း သော်လည်း စစ်ကောင်စီတပ်သား (၂၀) ခန့်သေဆုံးခဲ့သည်ဟု သိရသည်။
ကာကွယ်ရေးပစ္စည်းစက်ရုံ ၁၄ ဂိတ်ကင်းစခန်းကို ချင်းကာကွယ်ရေးတပ် – အရှို ( CDF-Asho) နှင့် ဧရာဝတီပြည်သူ့ကာကွယ်ရေးတပ်မတော်စစ်ကြောင်း (APDF) ရဲဘော်များက ဇွန်လ ၂၁ ရက်နေ့ နံနက် ၅ နာရီ ၃၀ မိနစ်က သွားရောက်တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ (၂၀) ခန့် သေဆုံးခဲ့သည်ဟု ကပစ ၁၄ နှင့် နီးစပ်သူတဦးနှင့် ကပစ ၁၄ တပ်သား တဦးထံမှ သိထားရကြောင်း ချင်းကာကွယ်ရေးတပ် – အရှို မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းရိုးချင်းက ပြောသည်။
-

စစ်ကောင်စီတပ်အတွင်း တိုက်ခိုက်ရေးကောင်းသည့် စစ်သားများမရှိတော့
RNA_ဇွန်(၁၇)၊၂၀၂၄ ခုနှစ်။မကွေးတိုင်း၊ မင်းဘူးခရိုင်အတွင်း တိုက်ပွဲများဆက်တိုက်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်စစ်ကြောင်းများတွင် တိုက်ခိုက်ရေးကောင်သည့် စစ်သားများ ပါမလာတော့ဟု မင်းဘူးခရိုင် အမှတ် (၅) တပ်ရင်း ပြောရေးဆိုခွင့်ရှိသူ ရဲဘော်ဂျိုကာမှပြောကြားထားသည်။[embedyt] https://www.youtube.com/watch?v=ps9-j_Mj6sA[/embedyt]Red News Agency -

အညာသူ/အညာသားတွေ စစ်ဘေးကို ဘယ်လို ရင်ဆိုင်ကျော်ဖြတ်နေလဲ
အညာသူ/အညာသားတွေ စစ်ဘေးကို ဘယ်လို ရင်ဆိုင်ကျော်ဖြတ်နေလဲခေတ်ငြိမ်းအေး“စစ်ကြောင်းက အရှေ့ကလာရင် အနောက်ကိုပြေးပြီး အနောက်ကလာရင် အရှေ့ကိုပြေးကြရတာပဲ ဖြစ်ပါတယ်။ စစ်ဘေးဒဏ်ကို ကိုယ်တိုင်ခံစားနေကြရတာမို့ ဆင်းရဲငတ်မွတ်နေကြသော်လည်း စစ်ဘေးရှောင်တွေကိုတော့ ဧည့်ဝတ်ကျေနိုင်အောင် ရှိထမင်း ရှိဟင်းနဲ့ ကြိုးစားဧည့်ခံနေကြတဲ့ အညာက စေတနာတွေကို မျက်လုံးနဲ့မြင်ရ၊ နှလုံးသားနဲ့ ခံစားသိရှိရပါတယ်။ ဒါ့ကြောင့်လဲ အညာက အညာဖြစ်နေတာပေါ့”[embedyt] https://www.youtube.com/watch?v=QMzY9l1je5Y[/embedyt]#RedNewsAgency -

အညာသူ/အညာသားတွေ စစ်ဘေးကို ဘယ်လို ရင်ဆိုင်ကျော်ဖြတ်နေလဲ
“ကျွန်မအရီးဆိုရင်ခြုံထဲတိုးလိုက် ပြေးလိုက်နဲ့ အတွင်းခံလက်ကြိုး ပါမလာတာကို ဘေးကင်းရာရောက်မှ သတိထားမိတော့တယ်။ တကယ်ပြေးနေရတာဆိုတော့ အတွင်းခံကြိုးရှိမရှိလည်း သတိမထားမိကြတော့ပါဘူး။ လေယာဥ်အသံငြိမ်တော့ ကျွန်မတို့နေရာနဲ့ တော်တော်ဝေးတဲ့ရွာကို ပြောင်းနေကြတယ်။ အဲ့ဒီရွာကိုရောက်လို့ အဖေ့ကိုရေချိုးခိုင်းတော့ အဖေက ပစ္စည်းထည့်ယူလာတယ်သာပြောတယ် အိင်္ကျီမပါဘဲ ပုဆိုးတွေပဲယူလာခဲ့တာမို့ ကျွန်မတို့မှာ ငိုရခက် ရယ်ရခက်ပါပဲ”
ခေတ်ငြိမ်းအေး
အညာလို့ပြောလိုက်ရင် တောင်ဆင်းတောင်တက်တွေနည်းပြီး ကွင်းပြင်ကြီးတွေ တမျှော်တခေါ်ရှိတဲ့ စစ်ကိုင်း၊ မကွေး၊ မန္တလေးက လယ်ကွင်းစိမ်းစိမ်းထဲဒေသကို မြင်ကြလိမ့်မယ်။ အညာဟာ မိုးခေါင်ရေရှားလို့ ပြောကြပေမယ့် ရာသီဥတုကို အံ့တုပြီး ဆန်၊ရေ၊စပါး ပေါများအောင် ကြိုးစားတတ်ကြတဲ့ စိတ်ဓာတ်မာကြောသူတွေ ရှိတဲ့အရပ်တခုလည်းဖြစ်တယ်။ ဒီလိုပဲ အညာသူ အညာသားဆိုတာ အစောကတည်းကမှ မာရေကျောရေနဲ့ လက်ကြောတင်းကြသလို စိတ်ဓာတ်ဆိုတာလည်း တော်တော်လေး ခိုင်မာကြတာ အားလုံးအသိဖြစ်မှာပါ။ ဒီလိုလူတွေက မတရားတာကို မတရားမှန်းသိလေတော့ တော်လှန်လိုစိတ်အပြည့်နဲ့ ကျွန်မတို့ အညာသူ၊ အညာသာတွေလည်း ဆန္ဒဆိုတော့ ပြကြ၊ သပိတ်ဆိုတော့လည်း သပိတ်ကြ၊ လက်နက်ကိုင်တော်လှန်ရေးဆိုလည်း ကျွန်မတို့အညာ နောက်မကျခဲ့ပါဘူးရှင်။
အညာက အဲ့သလိုပဲ ပြေးဆိုရင်လည်း ညီကြပြန်ပါရော။ ကျွန်မတို့ရွာရဲ့ အနောက်ဖက် နှစ်ရွာခြားမှာ စစ်သားတွေရောက်နေတော့ ကျွန်မတို့ရွာတွေက လူတွေက ထမင်းထုပ်ကိုယ်စီနဲ့ မိုးရေထဲ ရှောင်ကြတာပေါ့။ ကျွန်မကတော့ မရှောင်ပါဘူး။ ကြောက်စရာလို့လည်း မထင်ခဲ့ပါဘူး။ ဟန်ပါပါနဲ့ အရီးအိမ်မှာ ကလေးတွေ၊ အရီးတွေနဲ့ စကားလက်ဆုံကျနေတာပေါ့။ နေလေးနည်းနည်းစောင်းလာတော့ အဲ့ရွာဆီကနေ သေနတ်သံတွေလည်းကြားရော ကျွန်မ အိမ်ကနေ လည်ပင်းလောက်ထိရှိတဲ့ ရိုးကိုဖြတ်ပြီး စပါးခင်းတွေထဲ အပြေးသွားတာ ဆယ်မိနစ်တောင်ကြားရဲ့လား မသိဘူး။
သေနတ်သံတွေကြောင့် အသွားသာ သေမှာကြောက်တဲ့စိတ်နဲ့မို့ ပြေးတာ အပြန်ကျ ရေခါးလာက်ရှိတဲ့ စပါးခင်းကို စမ်းတဝါးဝါးနဲ့ ဖြတ်ရင်း အရီးက “ငါ့တူမတော့ သူ့အဖေက ဖူးဖူးမှုတ်ထားလို့ အိမ်ကစပါးခင်း ဘယ်နားရှိမှန်းမသိရှာတာ၊ ခွေးသား မင်းအောင်လှိုင်နဲ့မှ ရေပေါင်းနှုတ်တဲ့သူတွေကို နားလည်တော့မယ်” တဲ့။ အရီပြောတာလဲ ဟုတ်တယ်။ ကျွန်မကို အဖေက ဘာအလုပ်မှ မခိုင်းတာမို့ ကျွန်မက တောင်သူရဲ့သားသမီးဖြစ်ရတာ ဂုဏ်ယူရမယ့်စိတ်တောင်ပျောက်နေခဲ့တာကြာပြီ။ အဲ့ဒီစကားသံကြားမှ အညာသူက ဒီကာလတော့ အညာသူပီပီနေသင့်တာပဲလို့ စဥ်းစားမိတယ်။
-

တိုင်းပြည်က လိုအပ်လာတဲ့အခါ လူငယ်တွေက ရှေ့ဆုံးမှာ
“ငါတို့နဲ့ စစ်တပ်ကကောင်တွေနဲ့က မီတာတစ်ရာလောက်ပဲဝေးတာ တချို့နေရာတွေဆိုလှမ်းတောင်မြင်ရတယ်.. ဒါပေမဲ့ ဒီကောင်တွေတက်မလာရဲတော့ဘူး..တခါတလေဆေးကြောင်ပြီး ကျွံလာတဲ့ကောင်တွေတော့ရှိတယ်..အဲ့လိုကောင်မျိုးဆိုရင်တော့ ဖမ်းထားလိုက်တာပဲကွာ.. အာဏာရှင်ကို တော်လှန်နေတာတော့ဟုတ်တယ် အတက်နိုင်ဆုံးတော့ လူမသတ်ခြင်ဘူး ယဖရာ..ဆိုပြီး ပြောသွားခဲ့ပါတယ်…”
ချမ်းမင်း – Wiper
“တော်လှန်ရေး” ဒီစကားအသုံးအနှုန်းဟာ ကျွန်တော်တို့မျိုးဆက်အတွက် မစိမ်းလှတဲ့ စကားအသုံးအနှုန်းဖြစ်ပေမဲ့လည်း တကယ့်တကယ် နဖူးတွေ့ ဒူးတွေ့ ကြုံတွေ့လာရတဲ့အချိန်မှာတော့ အခက်အခဲတွေ၊ ပင်ပန်းမှုတွေများစွာနဲ့ ကြုံတွေ့ရင်ဆိုင်ခဲ့ရတယ်။ အထူးသဖြင့် ၈၈ လူထုအရေးတော်ပုံနဲ့ ၇၃/၇၄ ကျောင်းသားသပိတ်နဲ့ အလုပ်သမားအရေးအခင်းတွေအကြောင်း စာအုပ်တွေထဲမှာ လူကြီးတွေ ပြန်ပြောပြတဲ့အကြောင်းအရာတွေထဲမှာလောက်တော့ သိရှိခဲ့ဖူးခဲ့ပေမဲ့လည်း တကယ့်တကယ် ကိုယ်တွေမျိုးဆက်လက်ထက်မှာခုလိုဖြစ်လာကြတော့ မျိုးဆက်သစ်လူငယ်တွေဟာ တကယ့်ကို ကိုယ်ကျိုးစွန့်ပြီး စစ်အာဏာသိမ်းမှုကို ရွပ်ရွပ်ချွံချွံ ခုခံတော်လှန်ခဲ့ကြတာကို ကိုယ်တွေပတ်ဝန်းကျင်မှာကော၊ နီးစပ်ရာအသိုင်းအဝိုင်းတွေမှာပါ မြင်တွေ့ခဲ့ရတယ်။
ပြီးခဲ့တဲ့ နှစ်ရက်လောက်က အညာဘက်ကို ရောက်နေတဲ့ သူငယ်ချင်းတစ်ယောက်နဲ့ VC ပြောနေရင်း ကိုယ့်ဟာကိုယ်တွေးမိပါတယ်။ အဆိုပါသူငယ်ချင်းဟာ မန္တလာတက္ကသိုလ်ကနေ မြန်မာစာနဲ့ဘွဲ့ရပြီး ကိုယ့်မြို့မှာ Street Food လေးတွေ စမ်းသပ်ရောင်းရင်း ဘဝကိုစတင်ဖို့ကြိုးပမ်းနေတဲ့အချိန်မှာ အာဏာသိမ်းမှုတွေဖြစ်သွားခဲ့တယ်။ အာဏာသိမ်းပြီးတဲ့နောက်မှာလည်း ဆန္ဒပြပွဲတွေ၊ သပိတ်မှောက်ပွဲတွေမှာ သူနဲ့မကြာခဏဆုံခဲ့ပြီး နောက်ဆုံး သင်္ကြန်အပြီးမှာ သူမြို့ကနေပျောက်သွားခဲ့ပါတယ်။ အဲ့တုန်းက စစ်တပ်အနေဖြင့် ဆန္ဒပြပွဲမှာပါတဲ့လူငယ်တွေ၊ ကျောင်းသားတွေနဲ့နိုင်ငံရေး သမားတွေကို အိမ်တွေရပ်ကွက်တွေထဲထိ ဝင်ရောက်ဖမ်းဆီးတာတွေပြုလုပ်နေတဲ့ကာလဖြစ်တာကြောင့် ထိုသူငယ်ချင်းအနေဖြင့် ခေတ္တရှောင်တိမ်းနေတာဖြစ်မယ်လို့ အစောပိုင်းက တွေးထင်မိပါသေးတယ်။
အခုနောက်ပိုင်း သူ့သတင်းတွေကို တဖြည်းဖြည်းနဲ့ ပြန်ကြားလာရတဲ့အချိန်မှာတော့ ကျွန်တော်ထင်သလို ခေတ္တရှောင်တိမ်းသွားတာမျိုးမဟုတ်ဘဲ ဆန္ဒပြရုံ၊ သပိတ်မှောက်ရုံနဲ့ စစ်အာဏာရှင်ကို တိုက်ထုတ်လို့မရကြောင်း သေချာတာမို့ သူတို့ကျောင်းက သူငယ်ချင်းတွေစုပြီး ကချင်ပြည်နယ် လိုင်ဇာမြို့မှာ သင်တန်းသွားတက်တာဖြစ်ကြောင်း ပြန်သိခဲ့ရတယ်။ ထိုအချိန်က စစ်တပ်အနေဖြင့် အင်တာနက်နဲ့ FB ကို အဓိကဖြတ်တောက်ထားတဲ့ကာလဖြစ်တဲ့အပြင် သူကိုယ်တိုင်လည်း စစ်သင်တန်းတက်နေတာကြောင့် အဆက်အသွယ်သိပ်တော့မရခဲ့ပါဘူး။ တစ်ခါတစ်လေ လိုင်းပေါ်တက်လာရင် သူအဆင်ပြေကြောင်း၊ အခုဆို လက်ဖြောင့်သင်တန်းပါ ဆက်တက်နေကြောင်း သင်တန်းမှာ ထူးချွန်ဆုရတာကြောင့် မြေပြင်ကိုမဆင်းရသေးဘဲ မွမ်းမံသင်တန်းတွေဆက်တက်နေရကြောင်းတွေ ပြောပြလေ့ရှိပါတယ်။
-

အနောက်ရိုးမကို ကျော်ဖြတ်ပြီး လွန်မြောက်လာနိုင်သော တော်လှန်ရေးနယ်မြေများ
“မကွေးတိုင်းနဲ့ ဧရာဝတီတိုင်းတို့ဟာ ရခိုင်ပြည်နယ် အစပ်တွေ ဖြစ်နေတဲ့အတွက် တနိုင်ငံလုံးစစ်အာဏာရှင်လက်အောက်က လွတ်မြောက်ရေးရည်မှန်းချက်ဖြစ်တဲ့ တော်လှန်ရေးအင်အားစုများရဲ့ မျှော်လင့်ချက်ကိုတော့ စစ်ကောင်စီအနေနဲ့ မချိုးဖျက်နိုင်သလို ထိုးစစ်ဆင်လာသမျှအတွင်းမှာလည်း စစ်ကောင်စီတပ်တွေဟာ ဖရိုဖရဲဖြစ်နေတာ အားလုံးအသိဖြစ်ပါတယ်။ အခုချိန်မှာတော့ AA ရဲ့ အောင်ပွဲတွေကတော့ ဗျူဟာကျကျနဲ့ ပုံမှန်လျှောက်လှမ်းနေဆဲသာဖြစ်ပါတယ်။ ကြိုတင်စဉ်းစားဆင်ခြင်နိုင်စွမ်းရှိပြီး မဟာဗျူဟာချမှတ်နိုင်တဲ့ ခေါင်းဆောင်ကောင်းရှိမှုအပေါ်မှာ အခြေခံတဲ့ တပ်အင်အား အစုအဖွဲ့ ကျစ်လစ် တောင့်တင်းခိုင်မာမှု၊ လုံ ၄လုံနဲ့ ပြည့်စုံတဲ့ စစ်နည်းပရိယာယ်ရှိမှုတွေဟာ အောင်ပွဲတွေဖြစ်ပါတယ်”
ကေဂျီ – Wiper
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြတ်သန်းလာခဲ့ကြတဲ့ ၃နှစ်တာ ကာလအတွင်းမှာ ခေါင်းဆောင်ကောင်းနဲ့ စုစည်းညီညွတ်မှု အသီးသီးရှိနေကြတဲ့ ဒေသခံလက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေဟာ ရည်မှန်းချက်ပန်းတိုင် မဟာဗျူဟာကို ချမှတ်ထားကြပြီး တခုချင်းအကောင်အထည်ဖော်လာတာကို တွေ့ရပါတယ်။ တိုက်ပွဲတစ်ခုခြင်းအပေါ်မှာလည်း အောင်မြင်မှုရရှိစေဖို့ မြေပြင်အခြေအနေနဲ့ ကိုက်ညီတဲ့ နည်းဗျူဟာတွေကို အသေးစိတ်ကအစ ချမှတ်ကျင့်သုံးနိုင်ကြတဲ့အတွက် စစ်ဆင်ရေး အောင်မြင်မှုတွေနဲ့ နယ်မြေစိုးမိုးမှုတွေ ရရှိလာကြတာလည်း တွေ့ရပါတယ်။
၂၀၂၄ ခုနှစ်ဟာ ဒေသခံလက်ကိုင်တော်လှန်ရေးအဖွဲ့တွေရဲ့ အားအကောင်းဆုံးနဲ့ အောင်မြင်မှုအရှိဆုံး နှစ်တစ်နှစ်ဖြစ်လာပြီး မြန်မာစစ်တပ်ရဲ့ သမိုင်းတလျောက်မှာ အထိအနာဆုံး ဖြစ်စေခဲ့ပါတယ်။ လူအင်အား လက်နက်အင်အား ယန္တရားများ ပြည်စုံပါတယ်ဆိုတဲ့ နိုင်ငံတခုရဲ့ အကြီးဆုံး စစ်တပ်ကြီးဟာ အလဲလဲအကွဲကွဲနဲ့ မြင်မကောင်း ရှုမကောင်းအောင် ကျဆုံးနေတာကို အားလုံးတွေ့မြင်ရမှာဖြစ်ပါတယ်။ အာဏာရှင် မင်းအောင်လှိုင်ရဲ့ လက်နက်တုတ် ဖြစ်နေတဲ့ စစ်တပ်ဟာ ပြိုလဲချင်တိုင်းပြိုလဲနေတာကြီးဟာ နိုင်ငံတကာက အံ့ဩကြရအောင်ထိ စစ်ရှုံးနေရတာ ဖြစ်ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေနဲ့အတူ နွေဦးတော်လှန်ရေးက ဖောက်ဖွားလာတဲ့ လက်နက်ကိုင်တော်လှန်ရေးတပ်တွေဟာ တိုက်ပွဲတွေကို အားအကောင်းဆုံး ဖော်ဆောင်နိုင်တဲ့ နှစ်တစ်နှစ် ဖြစ်လာခဲ့ပါပြီ။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ AA၊ TNLA နဲ့ MNDAA တို့ရဲ့ ၁၀၂၇ စစ်ဆင်ရေးအဖြစ် ချိန်သားကိုက် တရစပ်ထိုးစစ်ဆင်မှုတွေကနေ စစ်ကောင်စီကင်းစင်တဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသကို ရရှိခဲ့ကြပြီ ဖြစ်ပါတယ်။ ၁၀၂၇ စစ်ဆင်ရေးမှာ ပါဝင်တဲ့ AA တပ်တော်ရဲ့ ရခိုင်ပြည်နယ်တွင်း စစ်ဆင်ရေးဖော်ဆောင် သိမ်းပိုက်မှုတွေဟာလည်း ၆လ ကျော်ကြာလာတဲ့ အချိန်အထိ ရပ်တန့်အားလျော့သွားခြင်းမရှိဘဲ စစ်ကောင်စီရဲ့ ကြည်း၊ ရေ၊ လေ ပူးပေါင်းစစ်ဆင်ရေးတွေကြားမှာပဲ စစ်တပ်အခိုင်အမာ နေရာယူတပ်စွဲထားတဲ့ မြို့တွေ၊ စစ်ရေးအရ အရေးပါတဲ့ ဗျူဟာကုန်းတွေနဲ့ တပ်စခန်းတွေကို ဆက်လက် တိုက်ခိုက်သိမ်းပိုက်နိုင်နေဆဲပဲ ဖြစ်ပါတယ်။
ဗျူဟာကောင်းပြီး ခြေသံလုံတဲ့ AA တပ်တော်ရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေကြောင့် ရခိုင်ပြည်နယ်အတွင်းမှာ စစ်ကောင်စီရဲ့ ကမ္ဘာ့အဆင့် ၃၈ တပ်မတော်ကြီးဟာ ခုခံစစ်အနေအထားမှာပဲ ရှိတော့တာကို တွေ့ရပါတယ်။ စစ်ရေးအရ မြေပြင်အသာစီးရယူနိုင်တဲ့ တောင်ကုန်းမြေနေရာတွေမှာ စစ်လက်နက်ပစ္စည်းအကောင်းစားတွေနဲ့ အင်ပြည့်အားပြည့် အထိုင်ချတပ်စွဲထားပြီး လေကြောင်း၊ ရေကြောင်း လက်နက်ကြီးပစ်ကူတွေနဲ့ ခုခံကာကွယ်စစ်ကိုသာ အသုံးပြုထားတဲ့ အခြေအနေမှာတောင် စစ်ကောင်စီတပ်တွေဟာ AA ရဲ့ ဖြေးဖြေးမှန်မှန် တိုက်ခိုက်သိမ်းပိုက်ခြင်းကို ခံနေရပြီး အလံဖြူထောင် လက်နက်ချ အရှုံးပေးနေရမြဲဖြစ်သလို နယ်ခြားဖြတ်ကျော် ထွက်ပြေးနေကြဆဲ ဖြစ်ပါတယ်။
