Tag: နွေဦးတော်လှန်ရေး

  • ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် အပါအဝင် အချက် ၈ ချက်ကို  ပြည်သူ့ညီလာခံတွင် အတည်ပြု

    ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် အပါအဝင် အချက် ၈ ချက်ကို ပြည်သူ့ညီလာခံတွင် အတည်ပြု

    RNA_ဇန်နဝါရီလ (၃၀) ရက်၊ ၂၀၂၂ ခုနှစ်။

    ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် အစိတ်အပိုင်း (၁) ၊(၂) ကြားကာလ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာအစီအမံ အပါအဝင် အချက် ၈ ချက်ကို ပထမအကြိမ် ပြည်သူ့ညီလာခံတွင် အတည်ပြုလိုက်ကြောင်း ပထမအကြိမ်ပြည်သူ့ညီလာခံ၏ ယနေ့ ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။

    စစ်အာဏာရှင်စနစ်အပါအဝင် မည်သည့်အာဏာရှင် စနစ်မဆို အပြီးတိုင်ချုပ်ငြိမ်းရေးနှင့် ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးများကို အပြည့်အဝ အာမခံချက်ပေးနိုင်သည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ထောင်ရေးကို ဦးတည်လျက် ပထမအကြိမ် ပြည်သူ့ညီလာခံကို အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီကကြီးမှူး၍ ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ (၂၇)ရက်နေ့မှ (၂၉)ရက်နေ့အထိ အောင်မြင်စွာ ကျင်းပခဲ့သည်။

    ပြည်သူ့ညီလာခံသည် နိုင်ငံရေးအရ အမြင့်ဆုံး ဆုံးဖြတ်ချက် ချမှတ်ပေးနိုင်သည့် စုစည်းမှု ဖြစ်ပြီး အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် ဖက်ဒရယ်ဒီမိုကရေစီအင်အားစုများ စုပေါင်း၍ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ လုံခြုံရေးနှင့် အာဏာရှင်စနစ်တိုက်ဖျက်ရေးဆိုင်ရာ အခြေခံမူများ၊မူဝါဒများ၊ မဟာဗျူဟာများနှင့် အသွင်ကူးပြောင်းမှုဆိုင်ရာအစီအမံများ ညှိနှိုင်းဆွေးနွေးအတည်ပြု ဆောင်ရွက်ရန် ရည်ရွယ်ချက်များဖြင့် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

    (more…)

  • မြိုင်မြို့နယ် လင်းကတော ရဲစခန်းကို PDF တွေတိုက်ခိုက် သိမ်းပိုက်

    မြိုင်မြို့နယ် လင်းကတော ရဲစခန်းကို PDF တွေတိုက်ခိုက် သိမ်းပိုက်

    RNA_ဇန်နဝါရီ ၂၉ ရက်၊ ၂၀၂၂ ခုနှစ်။

    မကွေးတိုင်း၊ မြိုင်မြို့နယ်၊ လင်းကတောနယ်မြေရဲစခန်းအား မြိုင် PDF၊ ရေစကြို PDF၊ ဆားလင်းကြီး PDF၊ ရွှေဓားဗိုလ်တပ်ဖွဲ့တို့ ယနေ့ တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း သိရသည်။

    ယနေ့ ညနေ့ ( ၂) နာရီ ဝန်းကျင်ခန့်က မြိုင်မြို့နယ် လင်းကတော ရဲစခန်းအား ရေစကြိုမြို့နယ်ပြည်သူကာကွယ်ရေးတပ်ဖွဲ့ ၊ မြိုင်မြို့နယ်ပြည်သူကာကွယ်ရေးတပ်ဖွဲ့ ၊ဆားလင်းကြီးမြို့နယ်ပြည်သူကာကွယ်ရေးတပ်ဖွဲ့ မဟာမိတ် ( ၃) မြို့နယ် ပူးပေါင်း၍( ၁) နာရီကြာ တိုက်ပွဲဆင်နွှဲခဲ့ပြီီး G-3 ( ၅ ) လက် နှင့် ကျည် (၄၀၀) ၊ အူစီ (၃ ) လက်နှင့် ကျည် ( ၂၀၀)၊ ခြောက်လုံးပျူး ( ၁) လက်၊ ဗုံးသီး ( ၇) လုံး၊ လက်တော့ ( ၂ )လုံးပရင့်တာ ( ၁ )လုံး၊ ဆိုင်ကယ် ( ၄ )စီး နှင့် တခြားစစ်ဘက်အသုံးဆောင်များ သိမ်းဆည်းရခဲ့မိသည်ဟု ရေစကြို PDF ကထုတ်ပြန်ထားသည်။

    (more…)

  • ဆိုင်ပိတ်ပါက အရေးယူမည်ဟု ကြေညာသူ သေနတ်ပစ်ခံရ

    ဆိုင်ပိတ်ပါက အရေးယူမည်ဟု ကြေညာသူ သေနတ်ပစ်ခံရ

    အသံတိတ်သပိတ်နေ့မှာ ဆိုင်ပိတ်ပါက အရေးယူမည်ဟု ကြေညာနေသူ သေနတ်ပစ်ခံရပြီး သေဆုံး

    RNA_ဇန်နဝါရီ ၂၈ ရက်၊ ၂၀၂၂ ခုနှစ်။

    ပဲခူးတိုင်း၊ အနောက်ဘက်ခြမ်း၊ နတ်တလင်းမြို့နယ်၊ တံခွန်တိုင်ရွာမှာ စစ်တပ်အာဏာသိမ်းသည့် ဖေဖော်ဝါရီ လ ၁ ရက်နေ့တွင် အသံတိတ်သပိတ်တွင်ပါဝင်ပြီး ဆိုင်ပိတ်ပါက အရေးယူမည်ဟု ယနေ့ နံနက်က လိုက်လံကြေညာနေသည့် ဒလန်ဟုသတ်မှတ်ခံထားရသူ ကျော်မင်းသူ သေနတ် သုံးချက်ပစ်ခံရပြီး သေဆုံးသွားကြောင်း သိရသည်။

    စစ်ကောင်စီသတင်းပေး၊ စစ်ကောင်စီတပ်သား၏ ဖခင်ဖြစ်သူ ကျော်မင်းသူကို နတ်တလင်း အခြေစိုက် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဖြစ်သည့် နတ်စစ်သည် အဖွဲ့က ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ကြေညာထားသည်။

    Red News Agency

  • တင့်ကားပါစစ်ကောင်စီယာဉ်တန်း တိုက်ခိုက်ခံရပြီး (၁၀) ဦးအနည်းဆုံးသေ

    တင့်ကားပါစစ်ကောင်စီယာဉ်တန်း တိုက်ခိုက်ခံရပြီး (၁၀) ဦးအနည်းဆုံးသေ

    RNA_ဇန်နဝါရီ ၂၈ ရက်၊ ၂၀၂၂ ခုနှစ်။

    ကချင်ပြည်နယ်၊ မိုးညှင်းမှ မိုးကောင်းဘက် တက်လာသည့် တင့်ကားပါ စစ်ကောင်စီတပ်ယာဉ်တန်းကို ယနေ့ ဟိုပင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ( Kachin Region People Defense Force- KPDF_Hopin) က ငါးမိုင်နှင့် ကြာကြီးကွင်းတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး၊ ဟိုပင် တိုးဂိတ်အနီးတွင်လည်း ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အတွက် စစ်ကောင်စီတပ်က (၁၀) ဦးထက်မနည်း သေဆုံးပြီး ဒဏ်ရာရရှိသူများလည်း ရှိကြောင်း KPDF – Hopin ကထုတ်ပြန်ထားသည်။

    Red News Agency

  • စစ်ကောင်စီတပ် ကျေးရွာအတွင်း လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံ ၄၀၀ ကျော် ထွက်ပြေးနေရ 

    စစ်ကောင်စီတပ် ကျေးရွာအတွင်း လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံ ၄၀၀ ကျော် ထွက်ပြေးနေရ 

    RNA_ဇန်နဝါရီ ၂၈ ရက်၊ ၂၀၂၂ ခုနှစ်။

    စစ်ကောင်စီတပ် ခလရ(၂၀၇)မှ လက်နက်ကြီးများ ကျေးရွာအတွင်းသို့ ပစ်ခတ်မှုကြောင့် KNU ထိန်းချုပ်နယ်မြေ၊ ညောင်လေးပင်ခရိုင် ၊ဆောထိမြို့နယ်အတွင်းရှိ ကော်ကပ်နှင့် ခမောက်ခွင် ကျေးရွာမှ ရွာသူ၊ ရွာသား ၄၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။ (more…)

  • ၄ ရက်ကြာ တိုက်ပွဲအတွင်း PDF သူရဲကောင်း ၃ ဦးကျဆုံး

    ၄ ရက်ကြာ တိုက်ပွဲအတွင်း PDF သူရဲကောင်း ၃ ဦးကျဆုံး

    RNA_ဇန်နဝါရီ ၂၇ ရက်၊ ၂၀၂၂ ခုနှစ်။

    မကွေးတိုင်း၊ ကျောက်ထုမြို့နယ်အတွင်း စစ်ကောင်စီတပ်ကို ဇန်နဝါရီလ ၂၂ ရက်မှ ၂၅ ရက်နေ့ထိ ၄ ကြာတိုက်ပွဲအတွင်း ကျောက်ထု PDF မှ သူရဲကောင်း ရဲဘော်ဗိုလ်စော၊ ရဲဘော်ဗိုလ်ရဲခေါင် နှင့် ရဲဘော်ဗိုလ်ပေတိုးတို့ ကျဆုံးခဲ့ရကြောင်း ကျောက်ထု PDF က ယနေ့ထုတ်ပြန်ထားသည်။

    Red News Agency

  • ချင်းတွင်းတိုက်ပွဲက ပြန်လာသည့် ရဲဘော်များကို ဒေသခံပြည်သူများ ဆိုကြို

    ချင်းတွင်းတိုက်ပွဲက ပြန်လာသည့် ရဲဘော်များကို ဒေသခံပြည်သူများ ဆိုကြို

    RNA_ဇန်နဝါရီ ၂၇ ရက်၊ ၂၀၂၂ ခုနှစ်။

    စစ်ကိုင်းတိုင်စ၊ ကနီမြို့နယ်၊ ချင်းတွင်းမြစ်အတွင်း ဆန်တက်လာသည့် စစ်ကောင်စီရေယာဉ်အုပ်ကို တိုက်ခိုက်ပြန်လာသည့် ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့မှ ရဲ‌ဘော်များကို ဒေသခံပြည်သူများက ယနေ့ ညပိုင်းတွင်း ကြိုဆိုခဲ့ကြကြောင်း သိရသည်။

    ဓာတ်ပုံ: ပြည့်အောင်နိုင်(ကနီ)

    တိုက်ပွဲပြန်ရဲဘော်များကို ပန်းများနှင့် အရေးတော်ပုံ အောင်ရမည်ဟု ကြွေးကြော်သံများဖြင့် ကြိုဆိုပြီး၊ စစ်အာဏာရှင်ဆန့်ကျင်ရေး ညသပိတ်ပါ ပြုလုပ်ခဲ့ကြကြောင်း ဒေသခံများထံက သိရသည်။

    ဓာတ်ပုံ: ပြည့်အောင်နိုင်(ကနီ)

    ကနီမြို့နယ် ဘုမ္မဇင်းအရှေ့ရွာနှင့် ထောက်ကြံ့ကုန်းရွာအနီးမှ ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တတ်လာသည့် စစ်ရေယာဥ်အုပ်စုကို ကနီမြို့နယ် PDF တပ်ရင်း (၁)၊ မဟူရာနဂါးတပ်ရင်း၊မဟူရာကျားရိုင်းတပ်ဖွဲ့ ၊ M&K The Boys ၊ KLG Kani PDF၊ ရွှေတွိဂံတပ်ရင်း ၊KPDF (1) ၊ B 21 Kani PDF ၊KGF ပျောက်ကြားတပ်ဖွဲ့ ၊ ChinDwin Dragon ၊ DRPA CDDF ၊ မြွေပိုင်းတောင် PDFအဖွဲ့များ ၊ မဟာမိတ်ညီနောင် တော်လှန်ရေးတပ်များနှင့် ကနီမြို့နယ် ဒေသခံ ပ.က.ဖ အဖွဲ့များ စုပေါင်းပြီး ချင်းတွင်းမြစ်ကမ်း​ဘေး သုံးနေရာက တိုက်ခိုက်ရာ စစ်ကောင်စီတပ်က (၁၅) ယောက်ခန့် သေဆုံးနိုင်ကြောင်း ကနီ PDF က ထုတ်ပြန်ထားသည်။

    ဓာတ်ပုံ: ပြည့်အောင်နိုင်(ကနီ)
    ဓာတ်ပုံ: ပြည့်အောင်နိုင်(ကနီ)
    ဓာတ်ပုံ: ပြည့်အောင်နိုင်(ကနီ)

    Red News Agency

  • Silence Strike ပြုလုပ်မည့်နေ့ ဆိုင်ပိတ်ပါက အရေးယူခံရမည်ဟု ချိန်းခြောက်

    Silence Strike ပြုလုပ်မည့်နေ့ ဆိုင်ပိတ်ပါက အရေးယူခံရမည်ဟု ချိန်းခြောက်

    RNA_ဇန်နဝါရီ ၂၇ ရက်၊ ၂၀၂၂ ခုနှစ်။

    လူမှုကွန်ရက်များတွင် ပျံ့နှံ့နေသည့် Silence Strike အသံတိက်သပိတ်နှင့် အသံထွက်သပိတ် ပြုလုပ်မည့်ဖေဖော်ဝါရီ၁ ရက်နေ့တွင် ဆိုင်ပိတ်ပါက ဥပဒေအရ အရေးယူခြင်းခံရနိုင်ကြောင်း အကြမ်းဖက် စစ်တပ်လက်အောက်ခံ ရန်ကုန်စည်ပင်ကော်မတီဟုဆိုသော
    ကော်မတီက ဗီနှိုင်း​ဖြင့် ချိတ်ဆွဲ ကြေညာကာ ခြိမ်းခြောက်ထားသည်။

    CRPH၊ NUG နှင့် ယင်းတို့လက်အောက်ခံ အဖွဲ့ အစည်း များ၊ ယင်းတို့နှင့်ဆက်နွယ်နေသော အဖွဲ့ အစည်းများ၊ လူပုဂ္ဂိုလ်များ၏ Facebook Account များမှတစ်ဆင့် Silence Strike (အသံတိတ်သပိတ်)ပြုလုပ်ရန် လက်ခုပ်တီးခြင်း၊ သံပုံးတီးခြင်း၊ ကားဟွန်းတီးခြင်းများ စသည်ဖြင့် အသံထွက်သပိတ် )များ ပြုလုပ်ရန်လှုံ့ဆော်ခြင်း၊ ပြုလုပ်ထားကြောင်း ရန်ကုန်စည်ပင်ကော်မတီဟုဆိုသော ကော်မတီက ချိတ်ဆွဲထားသော အပြာရောင်ဗီနှိုင်းတွင် ရေးထားသည်။ (more…)

  • စစ်ကောင်စီတပ်က ပြည်သူ့စစ် (ပျူစောထီး) ဖွဲ့ဖို့ တရွာ (၂၀) ယောက် တောင်းနေ

    စစ်ကောင်စီတပ်က ပြည်သူ့စစ် (ပျူစောထီး) ဖွဲ့ဖို့ တရွာ (၂၀) ယောက် တောင်းနေ

    RNA_ဇန်နဝါရီ ၂၇ ရက်၊ ၂၀၂၂ ခုနှစ်။

    စစ်တပ်အာဏာသိမ်းပြီး ပြည်သူ့ဘက်ပူးပေါင်းမှုနှင့် ထွက်ပြေးမှုများကြောင့် အင်အားနည်းနေသည့် စစ်ကောင်စီတပ်သည် ‌မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ကျေးရွာ (၁၀) ကျော်မှာ ပြည်သူ့စစ် ( ပျူစောထီး) ဖွဲ့ရန် တရွာ လူ (၂၀) ပေးရမည်ဆိုပြီး အတင်းအဓမ္မ လူတောင်း စုဆောင်းနေကြောင်း ဒေသခံများထံက သိရသည်။

    ရခိုင်ပြည်နယ်နှင့် နယ်မြေထိစပ်နေသည့် မကွေးတိုင်း၊ ငဖဲမြို့နယ်မှာ စစ်ကောင်စီတပ် အင်အားနည်းနေပြီး ကျေးရွာတွေအပေါ် နိုင်ထက်စီးနင်း လူစုဆောင်းနေပြီး၊ နတ်ရေကန် တောင်ပေါ်က ရေကြောင်းရန် ကာကွယ်ရေးတပ်များနှင့် ထွေအုပ်များ ပူးပေါင်းအင်အား (၅၀) နီးပါးဖြင့် ကျေးရွာအတွင်းဝင်ကာ ဖုန်းများစစ်ဆေးခဲ့ပြီး၊ ကျေးရွာအတွင်းလူငယ်များ ပျောက်ဆုံးမှု ရှိ မရှိ ဇန်နဝါရီလ ၂၆ ရက်နေ့က စစ်ဆေးခဲ့ကြကြောင်း သိရသည်။

    ငဖဲမြို့နယ်၊ နောင်၊ လိုင်၊ စွန်တက်၊ ဂုတ်ကြီး၊ ပဘွေး၊ ဘုံဘော၊ ခွန်ဆူ၊ လင်းတဲ၊ ဆင်ယင်း၊ ကြက်ဥစသည့် ကျေးရွာများတွင် အိမ်ထောင်စုစာရင်းတွေတောင်းပြီး တရွာလျှင် လူဦးရေ ၂၀ ပြည့်သူစစ်ဝင်ရန် ယခုလကုန် ပေးပို့ရမည်ဟု စစ်ကောင်စီတပ်တွေ လာရောက်ပြောဆိုသွားကြောင်း သိရသည်။ (more…)

  • ရခိုင်ရိုးမအစပ် စေတုတ္တရာမြို့နယ်နှင့် ငဖဲမြို့နယ်ပြည်သူများ အထူးဂရုစိုက်နေထိုင်ကြရန် မေတ္တာရပ်ခံ

    ရခိုင်ရိုးမအစပ် စေတုတ္တရာမြို့နယ်နှင့် ငဖဲမြို့နယ်ပြည်သူများ အထူးဂရုစိုက်နေထိုင်ကြရန် မေတ္တာရပ်ခံ

    RNA_ဇန်နဝါရီ ၂၅ ရက်၊ ၂၀၂၂ ခုနှစ်။

    ရခိုင်ရိုးမအစပ် ရခိုင်ပြည်နှင့်မကွေးတိုင်း ထိစပ်ထားဟည့် စေတုတ္တရာမြို့နယ်နှင့် ငဖဲမြို့နယ်အတွင်းက ပြည်သူများအနေဖြင့် အထူးဂရုစိုက် သွားလာနေထိုင်ကြရန် လူထုတော်လှန်ရေး မဟာမိတ် ( People’s Revolution Alliance – PRA- Magway ) အဖွဲ့က မေတ္တာရပ်ခံထားသည်။

    စေတုတ္တရာမြို့နယ်အတွင်း ဇန်နဝါရီလ ၂၄ ရက်နေ့က PRA- Magway၊ ကျောင်းသားလက်ရုံးတပ်တော် နှင့် နယ်မြေရှင်းလင်းရေး လုပ်နေသည့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်က သေဆုံး ဒဏ်ရာရရှိခဲ့သူများရှိကြောင်း၊ စစ်ကောင်စီတပ်စစ်ကြောင်းများ ထပ်မံတိုးလာနိုင်ကြောင်း သိရသည်။

    Red News Agency