နွေဦးတော်လှန်ရေး

လွတ်လပ်ရေးနေ့မှာ ခင်ဦးမြို့နယ် အလယ်ရှိုရွာမှ ဒေသခံပြည်သူ (၉) ဦး အလောင်းများတွေ့ရှိ

လွတ်လပ်ရေးနေ့မှာ ခင်ဦးမြို့နယ် အလယ်ရှိုရွာမှ ဒေသခံပြည်သူ (၉) ဦး အလောင်းများတွေ့ရှိ

RNA_ဇန်နဝါရီ (၄)၊၂၀၂၃ ခုနှစ်။   စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်၊ အလယ်ရှိုရွာကို ယနေ့ လွတ်လပ်ရေးနေ့တွင် ဒေသခံရွာသူ ရွာသားများထွက်ပြေးနေရာမှ ပြန်အရောက်တွင် စစ်ကောင်စီတပ်ဝင်ရောက်တပ်စွဲထားချိန်တွင် အမျိုးသမီး (၂) ဦးအပါအဝင် ဒေသခံပြည်သူ (၉) ဦးကို သတ်ဖြတ်သွားခဲ့သည်။   စစ်ကောင်စီ၏ ရွှေဘိုလေ့ကျင်ရေး တပ်နှင့် ပျူစောထီများ ပါဝင်သည့် အဖွဲ့ဝင် ၁၀၀ ကျော်တို့သည် အလယ်ရှိုကျေးရွာအတွင်း ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ (၂၈) ရက်မှ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ (၂) ရက်နေ့အထိ တပ်စွဲအထိုင်ချနေခဲ့ချိန်တွင် ဒေသခံပြည်သူ (၉) ဦးကို သတ်ဖြတ်ပြီး အိမ်မွေးတိရိစ္ဆာန်များနှင့် နေအိမ် ၁၀၀ ကျော်ကို်…
Read More
Lion Battalion Commando-ဗျူဟာစစ်ကြောင်းမှ ရဲဘော်စောဘုန်းအောင်ကျဆုံး

Lion Battalion Commando-ဗျူဟာစစ်ကြောင်းမှ ရဲဘော်စောဘုန်းအောင်ကျဆုံး

Lion Battalion Commando-ဗျူဟာစစ်ကြောင်းမှ ရဲဘော်စောဘုန်းအောင် ကျဆုံး၊ တိုက်ပွဲမှာ တောင်စွန်း BGF စခန်း (၂) ကိုသိမ်းပိုက်ထား RNA_ဇန်နဝါရီ၂၊၂၀၂၃ခုနှစ်။ ကရင်ပြည်နယ်၊ ဘုရားသုံးဆူလမ်းပေါ်ရှိ တောင်စွန်း BGF စခန်း (၂) ခုကို သိမ်းထားနိုင်ပြီး Lion Battalion Commando-ဗျူဟာစစ်ကြောင်းမှ ရဲဘော်စောဘုန်းအောင် (ခ) အနဲ့နှင့်ပူးပေါင်းတပ်ဖွဲ့မှရဲဘော်တချို့ကျဆုံးခဲ့ရကြောင်းသိရသည်။ (more…)
Read More
စစ်ကောင်စီပြုလုပ်မည့် ရွေးကောက်ပွဲ ဆန့်ကျင်ကြဖို့ အသိပညာပေးဟောပြော

စစ်ကောင်စီပြုလုပ်မည့် ရွေးကောက်ပွဲ ဆန့်ကျင်ကြဖို့ အသိပညာပေးဟောပြော

RNA_ဇန်နဝါရီ ၂၊၂၀၂၂ ခုနှစ်။   အကြမ်းဖက် အာဏာသိမ်းစစ်တပ်က ပြုလုပ်မည့် ရွေးကောက်ပွဲကို ဆန့်ကျင်ကြရန်အတွက် စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ရှိ ကျေးရွာတရွာ၏ စာသင် ကျောင်းတွင် ယင်းမာပင် ဆားလင်းကြီး ရွာပေါင်းစုံ သပိတ်ဦးဆောင်ကော်မတီက ယနေ့ နံနက်ပိုင်းက အသိပညာပေး ဟောပြောမှုများ ပြုလုပ်ခဲ့ကြသည်။   "တရားမဝင် ရွေးကောက်ပွဲဖြင့် ဖက်ဆစ်စစ်တပ်ကို ထွက်ပေါက်မပေးကြေး" စာတန်းပါ ဗွီနိုင်းဖြင့် ကမ်ပိန်းများပြုလုပ်ခဲ့ကြောင်း၊ စစ်ကောင်စီက ၂၀၂၃ ခုနှစ်အတွင်း ပြုလုပ်မည်ဟု ကြေညာထားသည့် ရွေးကောက်ပွဲကို ဆန့်ကျင်ကြရန် တိုက်တွန်းထားခြင်းဖြစ်သည်။ (more…)
Read More
“တော်လှန်သော နှစ်သစ်သာဖြစ်ပါစေ မိတ်ဆွေ “

“တော်လှန်သော နှစ်သစ်သာဖြစ်ပါစေ မိတ်ဆွေ “

RNA_ဇန်နဝါရီ ၁၊၂၀၂၃ ခုနှစ်။ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ဖိုလ်ဝင်တောင် ရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း Yinmarbin Local People's Defence Force ၏ လုံခြုံရေးပေးမှုနှင့်အတူ ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်စစ်ကြောင်းမှ စစ်အာဏာရှင်ဆန့်ကျင်ရေး "တော်လှန်သော နှစ်သစ်သာဖြစ်ပါစေ မိတ်ဆွေ " စာသားကိုကိုင်ဆောင်ပြီး ယနေ့ ဆန္ဒပြခဲ့ကြောင်း သိရသည်။ #RedNewsAgency
Read More
ပျူစောထီးခေါင်းဆောင်များနေအိမ်တချို့ကို ဝင်ရောက် စီးနင်း

ပျူစောထီးခေါင်းဆောင်များနေအိမ်တချို့ကို ဝင်ရောက် စီးနင်း

RNA_ဇန်နဝါရီ ၁၊၂၀၂၃ ခုနှစ်။ တနင်္သာရီတိုင်း၊လောင်းလုံးမြို့နယ်အတွင်းရှိ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးခေါင်းဆောင်နေအိမ်များကို ဝင်ရောက်စီးနင်းကာ နယ်မြေရှင်းလင်းရေးပြုလုပ်ခဲ့ရာ စစ်ရေးမှတ်တမ်းများနှင့် လက်လုပ်သေနတ်များ သိမ်းဆည်းရခဲ့မိကြောင်း သိရသည်။ (more…)
Read More
96 Soldiers -PDF အညာမြေတပ်ခွဲ ရဲဘော်များ နှစ်သစ်ကူးည မြင်ကွင်း

96 Soldiers -PDF အညာမြေတပ်ခွဲ ရဲဘော်များ နှစ်သစ်ကူးည မြင်ကွင်း

RNA_ဇန်နဝါရီ ၁၊၂၀၂၃ ခုနှစ်။ စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီတပ်ကို လက်နက် ကိုင်တိုက်ခိုက်နေသည့် 96 Soldiers -PDF အညာမြေတပ်ခွဲရဲဘော်များက ၂၀၂၃ ခုနှစ်အကြို ညပိုင်းတွင် တော်လှန် ရေးသီချင်းတခုဖြစ်သည့် သွေးသစ္စာ သီချင်းသံပြိုင်သီဆိုကာ ကျော်ဖြတ်ခဲ့ကြကြောင်း သိရသည်။ #RedNewsAgency
Read More
“စစ်ခွေးလုပ်မဲ့ ရွေးကောက်ပွဲ လူထုအားနဲ့ တွန်းလှန်ကြ” စာတန်း လာဖြုတ်သည့် ရဲများ မိုင်းဆွဲခံရ 

“စစ်ခွေးလုပ်မဲ့ ရွေးကောက်ပွဲ လူထုအားနဲ့ တွန်းလှန်ကြ” စာတန်း လာဖြုတ်သည့် ရဲများ မိုင်းဆွဲခံရ 

RNA_ဇန်နဝါရီ၁၊၂၀၂၃ ခုနှစ်။ ပဲခူးတိုင်း (အနောက်ခြမ်း) ပြည်ခရိုင် ပုတီးကုန်းမြို့၊ တာဂွရွာနှင့် ပွဲပြည့်ရွာ လမ်းမပေါ်တွင် ချိတ်ဆွဲထားသော "စစ်ခွေးလုပ်မဲ့ ရွေးကောက်ပွဲ လူထုအားနဲ့ တွန်းလှန်ကြ" စာတန်းဆိုင်းဘုတ်လာဖြုတ်သည့် ရဲ (၃) ဦး ယနေ့ နံနက် (၈) နာရီ (၁၅) မိနစ်ခန့်က မိုင်းဆွဲတိုက်ခိုက်ခံရကြောင်း သိရသည်။ "စစ်ခွေးလုပ်မဲ့ ရွေးကောက်ပွဲ လူထုအားနဲ့ တွန်းလှန်ကြ" စာတန်းလာဖြုတ်သည့် ရဲ (၃) ဦးကို ပြည်ခရိုင် PDF တပ်ရင်း (၃၆၀၁) တပ်ခွဲ ၃ (တိုင်းလုံးကျော်အဖွဲ့) က နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ရဲ (၁) ဦးသေဆုံးပြီး (၁) ဦးဒဏ်ရာပြင်းထန်စွာ ရရှိသွားကြောင်း…
Read More
နှစ်သစ်ကူးလက်ဆောင်အဖြစ် ကံပြားရဲစခန်းကို ဗုံး (၄) လုံးကျဲ တိုက်ခိုက် 

နှစ်သစ်ကူးလက်ဆောင်အဖြစ် ကံပြားရဲစခန်းကို ဗုံး (၄) လုံးကျဲ တိုက်ခိုက် 

RNA_ဇန်နဝါရီ ၁၊၂၀၂၃ခုနှစ်။ မကွေးတိုင်း၊ စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က နှစ်သစ်ကူးလက်ဆောင်အဖြစ် စလင်းမြို့နယ်၊ ကံပြားရဲစခန်းကို ယမန်နေ့ (ဒီဇင်ဘာ ၃၁ ရက်) ညပိုင်းက ဝေဟင်ဗုံး (၄) လုံးကျဲပြီး တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။ #RedNewsAgency
Read More
လွတ်လပ်ရေး ကျောက်တိုင်‌ရှေ့အရောက် စကစ တပ်သား (၃)ဦး တိုက်ခိုက်ခံရပြီး (၂) ဦးသေ

လွတ်လပ်ရေး ကျောက်တိုင်‌ရှေ့အရောက် စကစ တပ်သား (၃)ဦး တိုက်ခိုက်ခံရပြီး (၂) ဦးသေ

RNA_ဇန်နဝါရီ ၁ ၊၂၀၂၃ ခုနှစ်။ စစ်ကိုင်းတိုင်း၊ မြင်းမူမြို့ရှိ လွတ်လပ်ရေးကျောက် တိုင်ရှေ့အ‌ရောက် စစ်ကောင်စီတပ်သား (၃) ဦး ယနေ့ ( ဇန်နဝါရီ ၁ ရက်) နံနက် ၆ နာရီဝန်းကျင်က မိုင်းဆွဲတိုကိခိုက်ခံရပြီး (၂) ဦး သေဆုံးကြောင်း သည်ရသည်။ စစ်ကောင်စီတပ်သား (၃)ဦးသည် မြင်းမူမြို့အထက် တန်းကျောင်းတွင် တပ်စွဲထားသောအဖွဲ့မှ အပြင်ထွက်လာစဉ် လွတ်လပ်ရေးကျောက်တိုင်ရှေ့အရောက် ပဒေသသာမိုင်း နှစ်လုံးဖြင့် Zeroပြောက်ကျား တပ်ဖွဲ့ (မြင်းခြံ)နှင့် Ture Fighter အဖွဲ့တို့က ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း၊ ၂၀၂၃ ခုနှစ် နှစ်သစ်အကြို တိုက်ခိုက်ခြင်းဖြစ်သည်ဟု Zero ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ)က ထုတ်ပြန်ထားသည်။ #RedNewsAgency
Read More
“စစ်ခွေးနိဂုံး ၂၀၂၃ ” ဟု ဆိုကာ နှစ်သစ်ကိုကြိုဆိုရင်း စစ်အာဏာရှင်ဆန့်ကျင်ရေး ပြုလုပ် 

“စစ်ခွေးနိဂုံး ၂၀၂၃ ” ဟု ဆိုကာ နှစ်သစ်ကိုကြိုဆိုရင်း စစ်အာဏာရှင်ဆန့်ကျင်ရေး ပြုလုပ် 

RNA_ဇန်နဝါရီ ၁၊၂၀၂၃ ခုနှစ်။ စစ်ကိုင်းတိုင်းအတွင်း အခြေစိုက် အညာပစ်တိုင်း ထောင်လေးများအဖွဲ့က "စစ်ခွေးနိဂုံး ၂၀၂၃ " ဟုစာတန်းပါသည့် LED မီးဖြင့် စစ်အာဏာရှင်ဆန့်ကျင်ရေး ပြီးခဲ့သည့် ညပိုင်းက လှုပ်ရှားမှု ပြုလုပ်ခဲ့ကြသည်။ (more…)
Read More