Red News Agency

Independent Journalism for Justice and Human Rights.

Tag: နွေဦးတော်လှန်ရေး

  • ဗိုလ်စံသျှားပြောသည့် ရန်သူအင်အားကောင်းနယ်မြေက စစ်ရေးလှုပ်ရှားမှု

    ဗိုလ်စံသျှားပြောသည့် ရန်သူအင်အားကောင်းနယ်မြေက စစ်ရေးလှုပ်ရှားမှု

    RNA_မတ်(၈)၊၂၀၂၃ ခုနှစ်။
     
    မကွေးမြို့နှင့်နီးစပ်နေသည့် ရန်သူအင်အားကောင်းသည့် ရေနံချောင်းမြို့နယ်နှင့် မကွေးခရိုင်အတွင်းစစ်ရေးလှုပ်ရှားမှုများပြုလုပ်နေသည့် မကွေးခရိုင် အမှတ် (၂) တပ်ရင်း ( People’s Defence Force -Yenangyaung ) တာဝန်ခံ ဗိုလ်စံသျှားက စစ်ရေးအခြေအနေများနှင့် လက်တလောရင်ဆိုင်ကြုံတွေ့နေရသည့်အခြေအနေများကို ပြောကြားထားသည်။
    [embedyt] https://www.youtube.com/watch?v=mwwKzu8sxvU[/embedyt]
     
    #RedNewsAgency

  • (၂) နှစ်အတွင်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော် စစ်သည်အင်အား ထောင်ဂဏန်းထိရှိလာ

    (၂) နှစ်အတွင်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော် စစ်သည်အင်အား ထောင်ဂဏန်းထိရှိလာ

    RNA_မတ်(၇)၊၂၀၂၃ ခုနှစ်။

    ပြည်သူ့လွတ်မြောက်ရေးတပ်မတော် People’s Liberation Army – PLA တည်ထောင်ခြင်း (၂) နှစ်ပြည့်တွင် စစ်ဒေသ (၄) ခုနှစ် မြို့ပြလုပ်ငန်း ဒေသများတိုးချဲ့တည်ဆောက်နိုင်ခဲ့ကြောင်းနှင့် စစ်သည်အင်အား ထောင်ဂဏန်းအထိ တိုးတက်လာခဲ့ပြီး ပါတီဝင်ကေဒါအများအပြားကိုလည်း စည်းရုံးဖွဲစည်းနိုင်ခဲ့သည်ဟု ယနေ့ ထုတ်ပြန်ထားသည်။

    ၂၀၂၃ ခုနှစ် မတ်လ (၁၅) ရက်နေ့တွင် PLA တည်ထောင်ခြင်း (၂) နှစ်ပြည့်မည်ဖြစ်ကြောင်း၊ ပထမဆုံး အပတ်စဉ် (၁) စစ်သင်တန်းကို မြန်မာပြည်မြောက်ဖျား EAO အဖွဲ့တခု၏ လွတ်မြောက်ဒေသတနေရာတွင် အမာခံ ကေဒါ (၃၂) ‌ဦးဖြင့် ၂၀၂၁ ခုနှစ် မတ်လ (၁၅) ရက်နေ့က စတင်ခဲ့ကြောင်း သိရသည်။

    (more…)

  • သေနတ်အစစ်ရှိပါက စစ်ကောင်စီစခန်းကို မိနစ်ပိုင်းအတွင်းသိမ်းနိုင်

    သေနတ်အစစ်ရှိပါက စစ်ကောင်စီစခန်းကို မိနစ်ပိုင်းအတွင်းသိမ်းနိုင်

    သေနတ်အစစ်ရှိပါက စစ်ကောင်စီစခန်းကို မိနစ်ပိုင်းအတွင်း သိမ်းနိုင်သည့်အနေအထားရှိ

    RNA_မတ်လ(၃)၊၂၀၂၃ ခုနှစ်။

    “ကျွန်တော်တို့က အညာသား မြင်းခြံသားတွေ စကားပြောရင်ပြတ်တယ်၊ လုပ်ရင်လည်းကျွန်တော်တို့က ရိုးရိုးရှင်းရှင်းလေးပဲ ဘာမှဂရုမစိုက်ဘူး ကျွန်တော်တို့ကလုပ်တယ်။ ကျွန်တော်တို့ လက်လုပ်နဲ့တိုက်တယ်” ဟု လက်လုပ်သေနတ်များ၊ ပခုံးထမ်းများဖြင့် စစ်ကောင်စီတပ်စစ်ကြောင်းနှင့်မြို့ပေါ်အထိ တိုက်ပွဲဆင်နွှဲနေသည့် မြင်းခြံ Black Tiger အနေဖြင့် သေနတ်အစစ်များရှိပါက စစ်ကောင်စီစခန်းကို မိနစ်ပိုင်းအတွင်း သိမ်းနိုင်သည့်အနေအထားရှိသည်ဟု အဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောသည်။

    [embedyt] https://www.youtube.com/watch?v=2rDsy-w8SY8[/embedyt]

    “ကျွန်တော်တို့ မြင်းခြံ Black Tiger ကထွက်တဲ့ ပခုံးထမ်းနဲ့တိုက်တယ်၊ ပွင့်ပွင့်လင်းလင်းပြောမယ်ဆို ကျွန်တော်တို့ ဒီပခုံးထမ်းအားကိုးနဲ့ ကျွန်တော်တို့ မြို့ထဲထိ တက်တိုက်တယ်၊ အစစ်တလက်မှမရှိဘူး တိုက်တယ်၊ ကျွန်တော်တို့က ရိုးရှင်းတယ်၊ စစ်ကောင်စီစစ်ကြောင်းလဲတိုက်ဖို့ ကျွန်တော်တို့က ပြင်ဆင်ပြီးသား Ready ပြင်ဆင်ပြီးသား ကျွန်တော်တို့အဖွဲ့ရဲ့ သုံးပုံပုံ တပုံမှာ တိုင်းရင်းသားလက်နက်ကိုင်ဆီမှာ ပညာသင်ကြားထားတယ်။ ကျွန်တော်တို့ တိုက်ခိုက်ရေးအားသာတယ် ကျွန်တော်တို့တွေတိုက်တယ်၊ အစစ်ရရင်တော့ ကျွန်တော်တို့ သူတို့ရဲ့စခန်းတွေကိုတောင် မိနစ်ပိုင်းအတွင်း သိမ်းနိုင်တဲ့ အနေအထားတွေ ကျွန်တော်တို့မှာ ရှိပါတယ်ဗျ” ဟု Myingyan Black Tiger အဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောသည်။

    Red News Agency

  • ကဗျာဆရာကေဇဝင်းကျဆုံးခြင်း (၂) နှစ်ပြည့် အခမ်းအနားပြုလုပ်

    ကဗျာဆရာကေဇဝင်းကျဆုံးခြင်း (၂) နှစ်ပြည့် အခမ်းအနားပြုလုပ်

    RNA_မတ်(၃)၊၂၀၂၃ ခုနှစ်။

    ကဗျာဆရာကေဇဝင်း ရေးခဲ့သားခဲ့သည့် “ဦးခေါင်းခွံများအကြောင်း” ကဗျာထဲမှ “တော်လှန်ရေးရဲ့စနက်တံဟာ ခများမဟုက်ရင်ကျနော်ပဲ” စာသားကိုကိုင်ဆောင်ပြီး ကဗျာဆရာကေဇဝင်း ကျဆုံးခြင်း (၂) နှစ်ပြည့် အခမ်းအနား ယနေ့ပြုလုပ်ခဲ့ကြောင်း သိရသည်။

    ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်စစ်ကြောင်းနှင့် ဒေသခံပြည်သူများပူးပေါင်းကာ ယနေ့ ကဗျာဆရာကေဇဝင်းနှင့် ကျဆုံးခဲ့သည့် အာဇာနည်များကို အလေးပြုခြင်းစသည့် စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်သံများ ပြုလုပ်ခဲ့ကြသည်။

    (more…)

  • ကော့ကရိတ် ကမိုင်ကုန်း စစ်ကောင်စီတပ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များတိုက်ခိုက် 

    ကော့ကရိတ် ကမိုင်ကုန်း စစ်ကောင်စီတပ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များတိုက်ခိုက် 

    RNA_မတ် (၃)၊၂၀၂၃ ခုနှစ်။

    ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ ကမိုင်ကုန်းတွင်တပ်စခန်းချထားသည့် စစ်ကောင်စီတပ်ကို အဖိုးဘီဂျီ ဦးဆောင်သည့် ကျားဖြူစစ်ကြောင်းနှင့် မဟာမိတ်တပ်ဖွဲ့တို့မှ ယမန်နေ့က သွားရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

    ” ကျွန်နော်တို့ မနေ့က ကမိုင်ကုန်း စခန်းကို သွားတိုက်တာ အကျအဆုံးက မသိရသေးဘူး၊ ညဘက်ကြတော့ စကစက လက်နက်ကြီးနဲ့ ရွာတွေဘက်ကို ရမ်းသမ်းပစ်တယ်” ဟု ကျားဖြူစစ်ကြောင်းမှ တိုက်ပွဲတွင်ပါဝင်ခဲ့သူ ရဲဘော်သစ်နောင်နောင်က ပြောသည်။

    [embedyt] https://www.youtube.com/watch?v=JIzVeEhhqWU[/embedyt]

    ကျားဖြူစစ်ကြောင်းမှ စစ်ကောင်စီတပ် ကော့ကရိတ်  ကမိုင်ကုန်းစခန်းအား (၄၅) မိနစ်ဝန်းကျင်တိုက်ခိုက်နေစဉ်အတွင်း မဟာမိတ်တပ်ဖွဲ့တခုဖြစ်သည့် Lion Battalion Commando Special Force ဗျူဟာစစ်ကြောင်းမှ ဒုစစ်ကြောင်းမှူးဦးဆောင်သည့်ရဲဘော်များမှ စစ်‌ကူရောက်ရှိလာပြီး ပူးပေါင်းတိုက်ခိုက်ခဲ့သည်ဟု သိရသည်။

    #RedNewsAgency

  • ပြည်သူ (၁၀၀) ကျော်ခန့်ကို စစ်ကောင်စီတပ်စစ်ကြောင်းက ဖမ်းဆီး

    ပြည်သူ (၁၀၀) ကျော်ခန့်ကို စစ်ကောင်စီတပ်စစ်ကြောင်းက ဖမ်းဆီး

    RNA_မတ်(၁)၊၂၀၂၃ ခုနှစ်။

    ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ အေးမြသာယာအုပ်စု၊ ရှရော်ခကျေးရွာမှ ပြည်သူ(၁၀၀)ကျော်ခန့်ကို စစ်ကောင်စီတပ် စစ်ကြောင်းက ယနေ့ညနေ ၄ နာရီခွဲခန့်တွင် အကြောင်းမဲ့ဖမ်းဆီး‌သွားကြောင်း သိရသည်။

    ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလမှစတင်ကာ အာဏာသိမ်းစစ်ကောင်စီ၏ စစ်ကြောင်းများသည် ဖားကန့်မှော်ကျေးရွာများအတွင်း သေနတ်ပစ်ဖောက်ဝင်ရောက်ပြီး ကျေးရွာသားများအား အတင်းအဓမ္မဖမ်းဆီးခြင်းများဆောင်ရွက်လျက်ရှိနေသည်။

    စစ်ကောင်စီတပ်သားများသည် ဖေဖော်ဝါရီ ၁၅ ရက်နေ့က လုံးခင်းကျေးရွာအုပ်စု၊ မှော်စီစာကျေးရွာအပိုင် အောင်သာယာနှင့် ဆောင်းချိန်ကျေးရွာမှ ပြည်သူ(၃၀)ခန့်အားလည်းကောင်း၊ ‌ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် အေးမြသာယာအုပ်စု၊ စပျစ်ခူးကျေးရွာမှ ပြည်သူ (၄၀)ခန့်အားလည်းကောင်း ဖမ်းဆီးစစ်ဆေးပြီး အချို့ကိုပြန်လွှတ်ပေးခဲ့သော်လည်း အချို့ကို ဖမ်းဆီးထားဆဲဖြစ်သည်။

    #RedNewsAgency

  • စစ်ကောင်စီတပ်မှ (၁၃) ဦးကျဆုံးခဲ့သည့် တိုက်ပွဲ ရုပ်သံ

    စစ်ကောင်စီတပ်မှ (၁၃) ဦးကျဆုံးခဲ့သည့် တိုက်ပွဲ ရုပ်သံ

    RNA_ဖေဖော်ဝါရီ(၂၇)၊၂၀၂၃ခုနှစ်။

    တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ အရှေ့တောနယ်ဒေသ၊ ထားဝယ်ထီးခီး လမ်းမပေါ်ရှိ ဗဲ့မဲ့တပ်တောင်အနီး၊ ကွာလီတောင်ကြောနှင့် သင်္ကန်းတုံးကျေးရွာအနီး ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ (၁၃) ဦးခန့် သေဆုံးခဲ့သည်။

    ဥဩစစ်ကြောင်းနှင့် ထားဝယ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်း() တို့ ပူးပေါင်းပြီး ဖေဖော်ဝါရီ (၁၇) ရက်နေ့က စစ်ကောင်စီတပ်နှင့် တိုက်ပွဲပြင်းထန်ခဲ့ရာ နံနက်ပိုင်းတွင် စစ်ကောင်စီတပ်သား (၁၀) ဦးသေဆုံးပြီး၊ နေ့လည်ပိုင်းတိုက်ပွဲတွင် () ဦးသေဆုံးခဲ့ကြောင်း၊ယင်းတိုက်ပွဲအတွင်းပြည်သူ့ကာကွယ်ရေးရဲဘော်တဦးကျဆုံးခဲ့ကြောင်းဥဩစစ်ကြောင်းကထုတ်ပြန်ထားသည်။

    [embedyt] https://www.youtube.com/watch?v=U3mxzJyA8Xg[/embedyt]

    စစ်ကောင်စီတပ်သားများ အသေအဆုံးများခဲ့သည့် ဖေဖော်ဝါရီလ (၁၇) ရက်နေ့မှ ၁၈ ရက်နေ့အထိ ဖြစ်ပွားခဲ့သည့် ထားဝယ်ထီးခီးလမ်းမကြီးနေရာတိုက်ပွဲမှတ်တမ်းရုပ်သံကိုယနေ့မှာဥဩစစ်ကြောင်းထားဝယ်မြို့နယ်မှထုတ်ပြန်ထားသည်။

    Red News Agency

  • ဆားလင်းကြီးမြို့နယ်အနီးတဝိုက်တွင် မပေါက်ကွဲသေးသော လက်လုပ်လက်နက်ကြီးအဖူးများတွေ့ရှိ

    ဆားလင်းကြီးမြို့နယ်အနီးတဝိုက်တွင် မပေါက်ကွဲသေးသော လက်လုပ်လက်နက်ကြီးအဖူးများတွေ့ရှိ

    RNA_ဖေဖော်ဝါရီ(၂၆)၊၂၀၂၃ ခုနှစ်။

    စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်အနီးတဝိုက်တွင် မပေါက်ကွဲသေးသော လက်လုပ်လက်နက်ကြီးအဖူးများ တွေ့ရှိသဖြင့် သေမင်းတမန်ပြောက်ကြားတပ်ဖွဲ့ရဲဘော်များ သွာရောက်ရှင်းလင်းခဲ့ရကြောင်း သိရသည်။

    ပြည်သူများအနေဖြင့် မပေါက်ကွဲသေးသော လက်လုပ်လက်နက်ကြီးအဖူးများ၊ မပေါက်ကွဲသေးသည့်လက်နက်ကြီးအစစ် အဖူးများ စသည်တို့ကိုတွေ့ရှိပါက ကိုင်တွယ်ခြင်း မီးရှို့ခြင်းနှင့် လက်တည့်စမ်းပစ်ခတ်ခြင်း၊ လွှင့်ပစ်ခြင်းများမပြုလုပ်ကြရန် သတိပေးထားပြီး၊ တွေ့ရှိပါက နီးစပ်ရာ PDF တပ်ဖွဲ့များ အကြောင်း ကြားပေးရန် အသိပေးကြေဘာထားသည်။

    နွေဦးတော်လှန်ရေးကာလ လက်နက်အစစ်ရှားပါးသည့်အတွက် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များသည် လက်လုပ်လက်နက်ကြီးများပြုလုပ်ကာ စမ်းသပ်မှုများပြုလုပ်နေကြရကြောင်း၊ စစ်ကောင်စီတပ်ပစ်ခတ်သည့် လက်နက်ကြီးကျည်တချို့မှာလည်း ကေါက်ကွဲမှု မရှိကြောင်း သိရသည်။

    #RedNewsAgency

  • ချင်းတွင်းဒေသရောက်လာသည့် ABSDF ရဲဘော်များကို ပြည်သူများ ဝမ်းသာအားရကြိုဆို

    ချင်းတွင်းဒေသရောက်လာသည့် ABSDF ရဲဘော်များကို ပြည်သူများ ဝမ်းသာအားရကြိုဆို

    RNA_ဖေဖော်ဝါရီ(၂၆)၊၂၀၂၃ ခုနှစ်။

    စစ်ကိုင်းတိုင်း၊ ချင်းတွင်းဒေသအတွင်း လက်နက်တပ်ဆင်ပေးထားသည့် မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ကျောင်းသားတပ်မတော် – ABSDF) သင်တန်းဆင်းရဲဘော်များ ပြန်လည်ရောက်ရှိလာသည့်အတွက် ပြည်သူများက အောင်သပြေပန်းများဖြင့် ဝမ်းသာအားရကြိုဆိုခဲ့ကြကြောင်း သိရသည်။

    ” လက်နက်တပ်ဆင်အပြီး ချင်းတွင်းဒေသကို ပြန်လည်ရောက်ရှိလာတဲ့ အမှတ်စဉ် (၁) သင်တန်း ဆင်း ABSDF ရဲဘော်တွေကို ဖေဖော်ဝါရီ(၂၄) ရက် ညနေ (၃) နာရီမှာ ဒေသခံပြည်သူ​တွေက အောင်သပြေပန်းတွေနဲ့ ဝမ်းသာအားရကြိုဆိုခဲ့ကြတယ်” ဟု Nothern ABSDF က ယနေ့ အသိပေးထားသည်။

    (more…)

  • ပျူစောထီးများအားတိုက်ခိုက်ပြီးအပြန် PDF များကို ပြည်သူများကြိုဆို 

    ပျူစောထီးများအားတိုက်ခိုက်ပြီးအပြန် PDF များကို ပြည်သူများကြိုဆို 

    RNA_ဖေဖော်ဝါရီ(၂၃)၊၂၀၂၃ ခုနှစ်။

    မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ကုက္ကိုစုမှ စစ်ကောင်စီတပ် လက်အောက်ခံ ပျူစောထီးများကို တိုက်ခိုက်ပြီးအပြန် PDF ရဲဘော်များကို ‌ပြည်သူများက ကြိုဆိုခဲ့ကြကြောင်း သိရသည်။

    [embedyt] https://www.youtube.com/watch?v=XihG37YvjpQ[/embedyt]

    PDF မဟာမိတ်တပ်ဖွဲ့ (၃၄)ဖွဲ့မှ ရဲဘော်များလက်နက်ကြီး၊ လပ်နက်ငယ်များဖြင့် ဖေဖော်ဝါရီလ (၂၂) ရက်နေ့က ပျူစောထီးများကို တိုက်ခိုက်ရာ စီးနင်းမှု အောင်မြင်ခါနီးအချိန် စစ်ကောင်စီတပ်မှ လေကြောင်းပစ်ကူများရောက်ရှိလာသည့်အတွက် ဆုတ်ခွါခဲ့ရကြောင်း၊ ပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်လက်အောက်ခံ ( ၆) ဦးသေဆုံးပြီး၊ PDF များဘက်မှ ရဲဘော် (၂) ဦးဒဏ်ရာရရှိကြောင်း မှ Myaing Underground Defence Force-MUGDF ထုတ်ပြန်ထားသည်။

    #RedNewsAgency