Red News Agency

Independent Journalism for Justice and Human Rights.

Tag: နွေဦးတော်လှန်ရေး

  • လက်နက်ကြီးကျည်ထိမှန်ထားသော ဖားကန့်မှ (၂)နှစ်ကျော်ကလေးငယ် ဆေးကုသမှုခံယူရန် အခက်အခဲဖြစ်နေ

    လက်နက်ကြီးကျည်ထိမှန်ထားသော ဖားကန့်မှ (၂)နှစ်ကျော်ကလေးငယ် ဆေးကုသမှုခံယူရန် အခက်အခဲဖြစ်နေ

    RNA_ဖားကန့်၊ မတ် (၁၉)၊၂၀၂၃ ခုနှစ်။

    ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ ငြိမ်းချမ်းသာယာကျေးရွာ၌ မတ်လ ၁၈ ရက်နေ့ ညနေ ၆ နာရီ‌ကျော်က စစ်ကောင်စီ၏ လက်နက်ကြီးကျည် ထိမှန်ခဲ့သော (၂) နှစ်ကျော်အရွယ် ကလေးငယ် ယောက်ကျားလေးမှာ ဆေးကုသမှုခံယူရန် အခက်အခဲဖြစ်နေကြောင်း သိရသည်။

    ကလေးငယ်၏ မိခင်မှာ ဦးခေါင်းကျည်ထိထားကာ သတိလစ်မေ့မျောနေပြီး ကလေးငယ်၏ ဘယ်ဘက်လက်တစ်ဖက်မှာ ဖြတ်တောက်ကုသရမည့်အခြေအနေတွင်ရှိပြီး ကာယကံရှင်လက်မှတ်ထိုးမည့်သူမရှိ အခြားဆွေမျိုးသားချင်းများနှင့်ချိတ်ဆက်မရပဲ ဖြစ်နေကြောင်း သိရသည်။

    (more…)

  • စစ်ကောင်စီတပ်၏ ၈၅ စီးပါယာဉ်တန်းကို ပဒေသာမိုင်း အလုံး (၂၀) ဖြင့် ဖောက်ခွဲတိုက်ခိုက်

    စစ်ကောင်စီတပ်၏ ၈၅ စီးပါယာဉ်တန်းကို ပဒေသာမိုင်း အလုံး (၂၀) ဖြင့် ဖောက်ခွဲတိုက်ခိုက်

    RNA_မတ်(၁၉)၊၂၀၂၃ ခုနှစ်။

    ချင်းပြည်နယ်၊ မင်းတပ်ဘက်သို့တက်လာသည့် စစ်ကောင်စီတပ် (၈၅) စီးပါ ယာဉ်တန်းကို ပဒေသာမိုင်း အလုံး(၂၀) ဖြင့် CDF- Mindat တပ်ဖွဲ့မှ ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

    မကွေးတိုင်း၊ ပခုက္ကူမြို့၊ စစ်ကောင်စီတပ် တပ်မ (၁၀၁) မှ ထွက်လာသည့် ယာဉ်တန်း ကျောက်ထု -မင်းတပ်ဘက် တက်လာစဉ် မတ်လ (၁၆) ရက်နေ့က ပဒေသာမိုင်းဖြင့်တိုက်ခိုက်ရာ ယာဉ် (၂) စီး ပျက်စီးသွားပြီး၊ အသေအဆုံး အတိအကျမသိရှိရသေးကြောင်း CDF- Mindat ကထုတ်ပြန်ထားသည်။

    (more…)

  • စစ်ကောင်စီတပ် စစ်ကြောင်း ရွှေဂဲပြန်ကျေးရွာမှ အမျိုး သမီး (၁) ဦးအား မုဒိမ်းကျင့်သတ်ဖြတ်

    စစ်ကောင်စီတပ် စစ်ကြောင်း ရွှေဂဲပြန်ကျေးရွာမှ အမျိုး သမီး (၁) ဦးအား မုဒိမ်းကျင့်သတ်ဖြတ်

    RNA_မတ်(၁၈)၊၂၀၂၃ ခုနှစ်။

    စစ်ကိုင်းမြို့နယ်၊ မင်းကွန်းကျေးရွာဘက်မှ အင်အားများသည့် စစ်ကောင်စီတပ်စစ်ကြောင်း ရွှေဂဲပြန်ရွာနေ အမျိုး သမီး (၁) ဦးအား မုဒိမ်းကျင့်သတ်ဖြတ်ခဲ့သည့်အပြင် မဇလီ‌ကျေးရွာရှိ သံဃာ (၁) ပါးကိုလည်း သတ်ဖြတ်သွားကြောင်း သိရသည်။

    စစ်ကောင်စီတပ်စစ်ကြောင်းသည် မတ်လ (၁၅) ရက်နေ့က မန္တလေးဆိပ်ကမ်းမှ ထွက်ရှိလာပြီး အင်အားဖြည့်တင်းကာ မတ်လ (၁၆) ရက်နေ့တွင် ရွှေဂဲပြန်ကျေးရွာနှင့် မဇလီကျေးရွာဘက်ရောက်ရှိကာ အမျိုး သမီး (၁) ဦးနှင့် သံဃာ (၁) ပါးကို သတ်ဖြတ်သွားခြင်း ဖြစ်ကြောင်း Wetlet Informational Network ထံမှ သိရသည်။

    (more…)

  • PDF များ၏ စောင့်ရှောက်မှုကြားမှ အမေရေယဉ် နတ်နန်း ဆက်သပွဲနှင့်ဆုတောင်းပွဲ အောင်မြင်စွာကျင်းပနိုင်ခဲ့

    PDF များ၏ စောင့်ရှောက်မှုကြားမှ အမေရေယဉ် နတ်နန်း ဆက်သပွဲနှင့်ဆုတောင်းပွဲ အောင်မြင်စွာကျင်းပနိုင်ခဲ့

    RNA_မတ်(၁၈)၊၂၀၂၃ခုနှစ်။

    ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ စောင့်ရှောက်မှုကြားမှ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်တွင်းရှိ မမေရေယဉ် ဆက်သပွဲနှင့် ဆုတောင်းပွဲကို တပေါင်းလဆန်း (၁၀) ရက်မှ လပြည့်ကျော် () ရက်နေ့အထိအောင်မြင်စွာကျင်းပနိုင်ခဲ့ကြောင်းသိရသည်။

    ပုလဲမြို့နယ်အတွင်းရှိ အမေရေယဉ်နတ်ပွဲမှာ ဒေသခံပြည်သူများ စျေးရောင်းခြင်းနှင့် နတ်နန်းမှာ ပန်းဆက်သခြင်း၊ စားတော်ဆက်သခြင်းများ၊ စစ်ပွဲကြီးပြီးအတွင်း ဒုက္ခများအတွင်းမှ လွတ်မြောက်ရေးဆုတောင်းခြင်းစသည်တို့ ပြုလုပ်ခဲ့ကြကြောင်း၊ နှစ်စဉ်နှစ်တိုင်း အမေရေယဉ်ပွဲတော်သို့ တနိုင်ငံလုံးက ယုံကြည်သူများ လာရောက်ကြသော်လည်း ကိုဗစ်ကာလနှင့်ပြည်တွင်းစစ်ပြင်းထန်နေသည့်အတွက် စည်ကားသိုက်မြိုက်စွာ မကျင်းပနိုင်သည်မှာ () နှစ်ရှိပြီဖြစ်ကြောင်းသိရသည်။

    (more…)

  • စစ်ကောင်စီတပ် ခလရ (၁၃၅) စခန်းတခုကို ကရင်နီကွန်မန်ဒိုတပ်ဖွဲ့မှ သိမ်းပိုက်

    စစ်ကောင်စီတပ် ခလရ (၁၃၅) စခန်းတခုကို ကရင်နီကွန်မန်ဒိုတပ်ဖွဲ့မှ သိမ်းပိုက်

    RNA_မတ်(၁၇)၊၂၀၂၃ ခုနှစ်။
     
    သံလွင်အရှေ့ခြမ်းရှိ စစ်ကောင်စီတပ် ခလရ (၁၃၅) ရှေ့တန်းတပ်စခန်းတခုကို မတ်လ (၁၆) ရက်နေ့ ညနေ ၅ နာရီမှ ၆ နာရီအတွင်း ကရင်နီကွန်မန်ဒိုတပ်ဖွဲ့မှ ဝင်ရောက်သိမ်းပိုက်နိုင်ခဲ့ကြောင်း ကရင်နီစစ်ဘက်ဆိုင်ရာ ဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့က ယနေ့ ထုတ်ပြန်ထားသည်။
     
    စစ်ကောင်စီတပ် ခလရ (၁၃၅) ရှေ့တန်းတပ်စခန်းတခုကို သိမ်းပိုက်စဉ် စစ်ကောင်စီတပ်သား အလောင်း (၃) လောင်းတွေ့ရှိရပြီး၊ လက်နက်မျိုးစုံ (၆)နှင့် ခဲယမ်းများ၊ စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရမိကြောင်း၊ စခန်းအထိုင်တပ်သားတချို့ထွက်ပြေးသွားကြကြောင်း သိရသည်။
     
    #RedNewsAgency

  • ပအဖ၊ ပကဖ၊ ပလဖ၊ PDFနှင့် LDF အကြားစုစည်းနိုင်ရေး အရေးအကြီးလုပ်ဆောင်ရမည်

    ပအဖ၊ ပကဖ၊ ပလဖ၊ PDFနှင့် LDF အကြားစုစည်းနိုင်ရေး အရေးအကြီးလုပ်ဆောင်ရမည်

    RNA_မတ်(၁၆)၊၂၀၂၃ ခုနှစ်။

    လက်တလော အရေးကြီးပြီး ဦးစား‌ပေးလုပ်ကိုင် ဆောင်ရွက်ရမှာ မြေပြင်အင်အားများဖြစ်သည့် ပအဖ၊ ပကဖ၊ ပလဖ၊ PDFများနှင့် LDF များရဲ့ကြား အင်အား စုစည်းနိုင်ဖို့ အရေးအကြီးဆုံးဖြစ်သည်လို့ NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောသည်။

    ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအစည်းအဝေး မတ်လ (၁၆) ရက်နေ့မှာကျင်းပသည့် အမှတ်စဉ်(၁၁/၂၀၂၃)မှာ ပြောကြားခဲ့ခြင်းဖြစ်သည်။

    “လက်တလောမှာ အရေးကြီးပြီး ဦးစားလုပ်ကိုင် ဆောင်ရွက်ရမှာတော့ မြေပြင်အင်အားတွေရဲ့ စုစည်းနိုင်မှုအခြေအနေပဲဖြစ်ပါတယ်။ ပအဖ၊ ပကဖ၊ ပလဖ၊ PDF တွေနဲ့ LDF တွေရဲ့ကြားမှာ အင်အား စုစည်းနိုင်ဖို့က အရေးအကြီးဆုံးဖြစ်နေပါတယ်။ ကာကွယ်ရေးဝန်ကြီး ဌာနက ထုတ်ပြန်ထားတဲ့ ပကဖများ ဖွဲ့စည်းပုံနဲ့ လုပ်ငန်းလမ်းညွှန် အပိုဒ်(၂၂)မှာ ဖော်ပြထားတဲ့အတိုင်း LDFနဲ့ ပူးပေါင်းဆောင်ရွက်မှု တွေကိုလည်း တိုးမြှင့်ဆောင်ရွက်ကြမှသာ ကျွန်တော်တို့ဆောင်ရွက်ချင်တဲ့ နယ်မြေစိုးမိုးထိန်းချုပ်မှုတွေ၊ စနစ်ကျနခိုင်မာအားကောင်းပြီး ဖက်ဆစ်စစ်တပ်နေရာမှာလည်း အသင့်အစားထိုးဝင်ရောက် တာဝန်ထမ်းဆောင်နိုင်ပြီး ပြည်သူကအားကိုးတဲ့ စစ်ရေး/ကာကွယ်ရေးယန္တရားများဖြစ်မှာဖြစ်ပါတယ်။ စိုးရိမ်ကြောက်လန့်မှုတွေနဲ့ ကြုံတွေ့နေရတဲ့ ပြည်သူတွေအနေနဲ့လည်း မိမိတို့ ယုံကြည်အားကိုးတဲ့ အစိုးရရဲ့အကာအကွယ် အစောင့်အရှောက်တွေကို အပြည့်အဝ ရချင်မှာပဲ ဖြစ်ပါတယ်။ ဒီအတွက် ကျွန်တော်တို့အစိုးရအနေနဲ့ မြေပြင်ပေါင်းစပ်ညှိနှိုင်းမှုတွေ စနစ်တကျ လုပ်ဆောင် သွားဖို့ အရေးတကြီးလိုအပ်နေကြောင်း ပြောကြားလိုပါတယ်” ဟုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားခဲ့ပါတယ်။

    (more…)

  • ကုရင်ကျေးရွာအုပ်စုတောင်ကြားတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ (၆) ဦးအရှင်ဖမ်းခံရပြီး (၁၉) ဦးသေ

    ကုရင်ကျေးရွာအုပ်စုတောင်ကြားတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ (၆) ဦးအရှင်ဖမ်းခံရပြီး (၁၉) ဦးသေ

    RNA_မတ်(၁၄)၊၂၀၂၃ ခုနှစ်။

    ဖယ်ခုံမြို့နယ်၊ ကုရင်ကျေးရွာအုပ်စု တောင်းကြားတိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ (၆) ဦးအရှင်ဖမ်းခံရပြီး နယ်မြေရှင်းလင်းရေးလုပ်စဉ် စစ်ကောင်စီတပ်မှ (၁၉) ဦးသေဆုံးကြောင်း သိရသည်။

    ကုရင်ကျေးရွာအုပ်စုတောင်ကြားတွင် စစ်ကောင်စီတပ် ရောက်ရှိနေကြောင်း သတင်းရရှိခဲ့သည့်အတွက် ဖယ်ခုံ PDF တပ်ရင်း (၂) နှင့် မဟာမိတ်များက တောနင်းရှာဖွေရာ မတ်လ (၁၁) ရက်နေ့ နံနက် (၁၀) နာရီမှ ညနေ့ (၅) နာရီအထိ ပစ်ခတ်တိုက်ခိုက်ကြကြောင်း၊ တိုက်ပွဲဖြစ်အပြီး စစ်ကောင်စီတပ်ထွက်ပြေးစဉ် (၆) ဦးအရှင်ဖမ်းခံခဲ့ရကြောင်း၊ တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးရဲဘော်တဦး ဒဏ်ရာရရှိခဲ့ကြောင်း PKPDF -2 ကထုတ်ပြန်ထားသည်။

    (more…)

  • ကျေးရွာပိုင်ရေကန်အတွင်း ရွှေမျောတိုက်မှု ပိုတိုးလာ၊ KIA/PDF မှ အရေးယူဆောင်ရွက်ပေးမှုမရှိ

    ကျေးရွာပိုင်ရေကန်အတွင်း ရွှေမျောတိုက်မှု ပိုတိုးလာ၊ KIA/PDF မှ အရေးယူဆောင်ရွက်ပေးမှုမရှိ

    RNA_ဖားကန့်၊ မတ် (၁၃)၊၂၀၂၃ ခုနှစ်။

    ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊လုံးခင်းကျေးရွာအုပ်စု၊ မှော်စီစာကျေးရွာရှိ အများသုံး ကျေးရွာပိုင်ရေကန်အတွင်းရွှေမျောတိုက်မှု ဒေသခံများမလိုလားသော်လည်း ဒေသအာဏာပိုင်များ၏ အရေးယူဆောင်ရွက်ပေးမှု မရှိခြင်းကြောင့် ရွှေမျောစင်များ ပိုတိုးလာကြောင်း သိရသည်။

    “ကျနော်အရင်တစ်ခါလည်းပြောပါတယ်၊ ရေကြည်ရေကန်ထဲ ရွှေမျောတိုက်တော့၊ ရေအသုံးပြုရအဆင်မပြေဘူးလို့၊ ဒါကိုသတင်းတက်လာလည်း KIAရော PDF ရော ရွှေမျောတိုက်တာကို မတားပေးကြဘူးဗျ” ဟု ဒေသခံတစ်ဦးကပြောသည်။

    (more…)

  • စစ်အာဏာရှင်ဆန့်ကျင်ရေး အညာအမျိုးသမီးသပိတ်စစ်ကြောင်း

    စစ်အာဏာရှင်ဆန့်ကျင်ရေး အညာအမျိုးသမီးသပိတ်စစ်ကြောင်း

    RNA_မတ်(၉)၊၂၀၂၃ ခုနှစ်။

    “သာတူညီမျှမှုနဲ့အတူချီတက် အာဏာရှင်တို့ အဆုံးသတ်” ခေါင်းစဉ်ဖြင့် စစ်အာဏာရှင်ဆန့်ကျင်ရေး အညာအမျိုးသမီးသပိတ်စစ်ကြောင်း မတ်လ (၈) ရက်နေ့က စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်အတွင်း ပြုလုပ်ခဲ့သည်။

    “အမျိုးသမီးတွေဟာဆိုရင် တော်လှန်ရေးရဲ့နိုင်ရာတာဝန်တွေကို ထမ်းဆောင်နေကြပါတယ်။ အမျိုးသားတွေနဲ့တန်းတူ တော်လှန်ရေးမှာပါဝင်တိုက်ပွဲ ဝင်နေကြတယ်။အမျိုးသမီးများနေ့မှာ တစ်နိုင်ငံလုံးက အမျိုးသမီးတွေ ကျရာနေရာမှာ ပါဝင်နေကြတယ်ဆိုတာကို ပြသသည့်သဘောပါ” ဟု အညာပစ်တိုင်းထောင်လေးများအဖွဲ့မှ ဦးဆောင်သူတဦးက ပြောသည်။

    (more…)

  • စစ်ကောင်စီတပ် Mi-17ထောက်ပို့ရဟတ်ယာဉ် တိုက်ခိုက်ခံရ

    စစ်ကောင်စီတပ် Mi-17ထောက်ပို့ရဟတ်ယာဉ် တိုက်ခိုက်ခံရ

    RNA_မတ်(၈)၊၂၀၂၃ ခုနှစ်။
     
    ချင်းပြည်နယ်၊ ထန်တလန်မြို့၊စစ်ကောင်စီတပ် အထိုင်ချနေသည့် တပ်ကုန်းသို့ ဆင်းသက်လာသည့် စစ်ကောင်စီတပ်ထောက်ပို့ Mi-17 ရဟတ်ယာဉ် Drone ဖြင့် တိုက်ခိုက်ခံခဲ့ရကြောင်း သိရသည်။
     
    CNA နှင့် CDF-Thantlang တို့ပူးပေါင်းပြီး ထန်တလန် တပ်ကုန်းသို့ဆင်းသက်လာသည့် စစ်ကောင်စီတပ် Mi-17 ထောက်ပို့ ရဟာတ်ယာဉ်ကို မတ်လ (၃) ရက်နေ့ ညနေ (၃) နာရီ (၃၀) မိနစ်ခန့်က Drone ဖြင့်တိုက်ခိုက်ခဲ့ကြသည်ဟု Chinland Information Center မှ ယနေ့ ထုတ်ပြန်ထားသည်။
    [embedyt] https://www.youtube.com/watch?v=0cjFASSoGnI[/embedyt]
    #RedNewsAgency