Tag: နွေဦးတော်လှန်ရေး

  • သိမ်ဇရပ်မြို့အနီးမှာ တော်လှန်ရေးတပ်ဖွဲ့များ နယ်မြေစိုးမိုးရေးလုပ်ဆောင်

    သိမ်ဇရပ်မြို့အနီးမှာ တော်လှန်ရေးတပ်ဖွဲ့များ နယ်မြေစိုးမိုးရေးလုပ်ဆောင်

    RNA_ဩဂုတ်(၂၁)၊၂၀၂၃ ခုနှစ်။
     
    မွန်ပြည်နယ်၊ သိမ်ဇရပ်မြို့အနီးထိ KNU/KNLA၊ KRF၊ ABSDF၊ ဝံပုလွေနက်စစ်ကြောင်း၊ ကျိုက်ထို ပကဖ၊ Kawa PDF နှင့် တော်လှန်ရေးရဲဘော်များက ဩဂုတ်လ (၁၈)၊ နံနက် (၇)နာရီမှ (၁၁) နာရီအထိ နယ်မြေစိုးမိုးရေးနှင့် စစ်ဆေးရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
     
    သိမ်ဇရပ်မြို့အနီးရှိ ကမ်းနီတိုးဂိတ်၊ ပုဂံဘုရား၊ သထုံစု၊ ကျောက်ကလပ်၊ ပေရှစ်ဆယ်၊ သိမ်ဇရပ်မြို့အဝင်တို့၌ နယ်မြေစိုးမိုးရေးနှင့် စစ်ဆေး‌ရေးလုပ်ငန်းများလုပ်ဆောင်ခဲ့ကြောင်း၊ လမ်းသွားလမ်းလာ ပြည်သူများက စစ်ဆေးမှုများကို တက်ကြွပျော်ရွှင်စွာ ပူးပေါင်းပါဝင်ပေးခဲ့ပြီး အစားအသောက်ပစ္စည်း အများအပြား လှူဒါန်းပေးခဲ့ကြသည့်အတွက် ပူးပေါင်းပါဝင်ပေးကြသော မိဘပြည်သူများအား ကျေးဇူးအထူးတင်ရှိပါသည်ဟု Kawa PDF ကထုတ်ပြန်ထားသည်။
    [embedyt] https://www.youtube.com/watch?v=ukl0_kHzla4[/embedyt]
     
    မိဘပြည်သူများအနေဖြင့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ယာဉ်များနှင့်အတူ လိုက်ပါစီးနင်းခြင်း၊ အရပ်သား ခရီးသည်တင်ယာဉ်များတွင် စစ်ဖက်ဆိုင်ရာ လက်နက်ပစ္စည်း၊ ရိက္ခာ၊ လူအင်အား တင်ဆောင်ခြင်းများကို လုံးဝ(လုံးဝ) မပြုလုပ်ကြရန်နှင့် တော်လှန်ရေးတပ်ဖွဲ့များ၏ တာဝန်အရ စစ်ဆေးခြင်းအား ဆက်လက်ပူးပေါင်းပါဝင်ပေးကြပါရန် ထပ်မံအသိပေး ပန်ကြားထားသည်။
     
    #RedNewsAgency

  • ကျေးလက်ကိုသိမ်း မြို့ပြကိုဝိုင်းတော့မလား

    ကျေးလက်ကိုသိမ်း မြို့ပြကိုဝိုင်းတော့မလား

    ကာကွယ်ရေးတပ်ဖွဲ့ အင်အားစုဖွဲ့မှုတွေ အမိန့်နာခံမှုတွေလည်း တိုးတက်လာပြီး စခန်းသိမ်း မစ်ရှင်များစွာ ဖော်ဆောင်ထားနိုင်တယ်

    ကျော်ရဲစံ

    စစ်ကောင်စီရဲ့ အထိနာမှုနဲ့အတူ နိုင်ငံတဝှမ်း ကာကွယ်ရေးအဖွဲ့တွေရဲ့ ထိုးစစ်တွေမြင့်မားလာလျက်ရှိပါတယ်။ တိုက်ဆိုင်မှုတစ်ခုတော့ မဟုတ်ပါဘူး။ လူထုလှုပ်ရှားမှုတွေ အရှိန်ဟုန်မြင့်မားလာခြင်းနဲ့အတူ လက်နက်ကိုင်တော်လှန်ရေးဟာလည်း အဆင့်တန်း တစ်ခုထက်ပိုပြီးရောက်လာခဲ့တာပါ။ တိုင်းပြည်တစ်ခုလုံးရဲ့ နယ်မြေ ၆၀ ရာခိုင်နှုန်းကျော်ကို စိုးမိုးထားနိုင်တဲ့ ကာကွယ်ရေးအဖွဲ့တွေရဲ့ မြို့ပြ စစ်ဆင်ရေးတွေဟာလည်း နေ့စဉ်နဲ့အမျှ မြင်တွေ့နေရပါတယ်။

    သြဂုတ်လ တစ်လတည်းမှာပင် မိုးကုတ် မြို့ပေါ်ကစခန်းတွေကို ကာကွယ်ရေးအဖွဲ့တွေက အေးဆေးတည်ငြိမ်စွာတိုက်ခိုက်ခဲ့ပါတယ်။ ဒါဟာ ပထမဆုံးအကြိမ်မဟုတ်ဘူးလို့ Red Wolves Of Mogok က တာဝန်ရှိသူတစ်ဦးက ဖြေကြားထားပြီးတော့ အချိန်မရွေးမြို့ကို သိမ်းနိုင်ပေမဲ့ ပြည်သူတွေစစ်ဘေးဒဏ်ခံရမှာကြောင့် မြို့သိမ်းတိုက်ပွဲ မဆင်နွှဲတာလို့ သိရပါတယ်။

    ပြည်သူ့စစ်မဟာဗျူဟာအရ ရပ်ကျေးဒေသတွေကို ချဉ်းကပ်ပြီးတော့မှ မြို့ကို ဝိုင်းထားတဲ့ သဘောကို ကာကွယ်ရေးအဖွဲ့တွေက လက်ကိုင်ထားပါတယ်။ အညာဒေသမှာ တိုက်ပွဲတွေမှာလည်း မြို့ပေါ်က စခန်းတွေကို အချိန်မရွေးသွားရောက်တိုက်ခိုက်ကြပေမဲ့ စခန်းသိမ်းတာမျိုးလုပ်ဆောင်တာမတွေ့ရပါဘူး။ မြို့ပေါ်စခန်းက စစ်တပ်လက်အောက်ခံတွေကို ရှင်းလင်းပြီးတာနဲ့ လက်နက်ယူ ပြန်ဆုတ်ကြတာပါပဲ။ ဒါ့ကြောင့်ပဲ သတင်းထုတ်ပြန်ချက်တွေမှာ ကိုးဆယ်ရာခိုင်နှုန်းဆိုတဲ့ အသုံးအနှုန်းကို အသုံးများနေတာပါ။

    (more…)

  • ကရင်နီစစ်ရေးအခြေအနေကြောင့် နေပြည်တော်စိုးရိမ်နေရပြီလား

    ကရင်နီစစ်ရေးအခြေအနေကြောင့် နေပြည်တော်စိုးရိမ်နေရပြီလား

    RNA_ဩဂုတ်(၁၇)၊၂၀၂၃ ခုနှစ်။
     
    စစ်ကောင်စီအနေဖြင့် ကရင်နီပြည်၏ နယ်မြေတော်တော်များများကို လက်လွတ်ထားရသည့်အပြင် စစ်ကြောင်းပေါင်းများစွာနှင့်လေကြောင်းများပါ အသုံးပြုနေသော်လည်း မရှုမလှရှုံးနေသည့်အတွက် နေပြည်တော်အထိ ခြိမ်းခြောက်လာနိုင်သလား၊ စိုးရိမ်နေရပြီလားဆိုတာကို တင်ပြထားခြင်းဖြစ်သည်။
    [embedyt] https://www.youtube.com/watch?v=FhrTh-XYylQ[/embedyt]
     
    #RedNewsAgency
     

  • ကရင်နီကို‌မထိန်းနိုင်တော့တဲ့ စစ်ကောင်စီ နေပြည်တော်အပေါ် စိုးရိမ်နေ

    ကရင်နီကို‌မထိန်းနိုင်တော့တဲ့ စစ်ကောင်စီ နေပြည်တော်အပေါ် စိုးရိမ်နေ

    “တပ်မ ၅၅ လက်အောက်ခံ ခလရ(၃)နှင့် ခမရ (၁၁၂) တပ်ရင်းတို့အတွင်း အမျှဝေသံတွေဆူညံကြတော့မယ်”

    နောင်ရိုး

    ကရင်နီ ပြည်နယ်ဟာ နွေဦးတော်လှန်ရေးမှာ အစောဆုံး ပုန်ကန်ထကြွခဲ့တဲ့ ပြည်နယ်ဖြစ်သလို အခုချိန်မှာ တော်လှန်ရေးအင်အားစုများဘက်ကလည်း၊ လူသူလက်နက်အင်အား တောင့်တင်းတဲ့ ပြည်နယ်တစ်ခုဖြစ်တယ်။ စိုးမိုးနယ်မြေများရရှိထားပြီး အောင်ပွဲအလီလီရရှိနေတဲ့ ပြည်နယ်တစ်ခုဖြစ်ပါတယ်။

    ကရင်နီတော်လှန်ရေးတပ်ဖွဲ့ရဲ့ တိုက်ခိုက်ရေးစွမ်းရည်ဟာ ကရင်နီပြည်နယ် တခုလုံးအပြင်၊ မိုးဗြဲ၊ ဖယ်ခုံ၊ ပင်လောင်းဒေသအထိပါ ပျံ့နှံ့ခဲ့ပြီး နေပြည်တော်နဲ့ ရှမ်းပြည်တောင်ပိုင်းတို့ကို ခြိမ်းခြောက်နိုင်ခဲ့ပါတယ်။ အခုလက်ရှိမှာ ကရင်နီပြည်နယ်တွင်းက လွိုင်ကော်၊ ဒီးမော့ဆို၊ ဘောလခဲ၊ ဖရူဆို၊ ဖားဆောင်း၊ မယ်စဲ့၊ ရှားတော မြို့နယ်‌တွေအပြင် ဖယ်ခုံ (မိုးဗြဲ) မြို့နယ်၊ ပင်လောင်းမြို့နယ်များတို့ပါ တိုက်ပွဲ‌တွေ ဆက်လက်ပြင်းထန်နေခဲ့တယ်။

    လက်ရှိစစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တယားဟာ လွိုင်ကော်မြို့‌ပေါ်မှာပဲရှိပြီး ဒီးမော့ဆို၊ ဖရူဆို၊ ဘောလခဲမြို့တွေဆိုရင် လူသူကင်းမဲ့နေပါတယ်။ ဒီမြို့တွေမှာ စစ်ကောင်စီတပ်ဖွဲ့နဲ့ သူတို့ မိသားစုများသာ ကျန်နေတဲ့ အခြေအနေပဲဖြစ်တယ်။ စစ်ကောင်စီ ထိန်းချုပ်တဲ့ မြို့ပေါ်ရပ်ကွက်‌တွေမှအပ ကျန်မြို့နယ် အစိတ်အပိုင်းများက ကရင်နီတော်လှန်ရေးတပ်ဖွဲ့များနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ ထိန်းချုပ်မှုအောက်မှာပဲ ရှိပါတယ်။ မြို့တချို့ကတော့ ကြားခံနယ်မြေအဖြစ်မျိုး ရှိနေတာပါ။ စစ်ကောင်စီကလည်း အထိန်းချုပ်နိုင်သလို တော်လှန်ရေးအင်အားစုတွေကလည်း ထိန်းချုပ်ထားတာမျိုး မလုပ်ထားတဲ့ တောအုပ်ကြီးဖုံးလွှမ်းနေတဲ့ မြို့တချို့တော့ ရှိပါတယ်။

    (more…)

  • တိုက်ပွဲအတွင်း ကျဆုံးသွားသော တပ်ခွဲမှူးဈာပန ပြည်သူအများအပြား ပို့ဆောင် 

    တိုက်ပွဲအတွင်း ကျဆုံးသွားသော တပ်ခွဲမှူးဈာပန ပြည်သူအများအပြား ပို့ဆောင် 

    RNA_ဩဂုတ်(၁၁)၊၂၀၂၃ ခုနှစ်။

    စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီလက်အောက်ခံများနှင့် ဩဂုတ်လ ၁၀ ရက်နေ့ တိုက်ပွဲအတွင်း ကျဆုံးသွားခဲ့ရသည့် အမှတ်(၁)စစ်ဒေသ၊ ယင်းမာပင်ခရိုင်၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ်(၂၁)တပ်ရင်း – ကျောက်လုံးကြီး တပ်မဟာ) မှ တပ်ခွဲမှူးနိုင်ဝင်းဈာပန ယနေ့ ပြုလုပ်ခဲ့ ပြည်သူ အများအပြားနှင့် PDF များပို့ဆောင်ခဲ့သည်။

    [embedyt] https://www.youtube.com/watch?v=SqJs0yW6TcI[/embedyt]

    “စစ်အာဏာရှင်စနစ် ဆန့်ကျင်တိုက်ဖျက်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်ရင်း 2023ခုနှစ် ဩဂုတ်လ 10ရက်နေ့က မြင့်မြတ်စွာကျဆုံးခဲ့သည်။ ပေးအပ်သော တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ရင်း မိမိအသက်ကို ပေးလှူသွားခဲ့သော သင့်အား ပြည်သူ့ကာကွယ်ရေးတပ်မတော်မှ ဦးညွှတ်ဂုဏ်ပြုလိုက်ပါသည်” ဟု ကျောက်လုံးကြီး KLG တပ်မဟာ၏ အမိန့်ပြန်တမ်းတွင် ဖော်ပြထားသည်။

    (more…)

  • စစ်ကောင်စီတပ်စခန်းတခုကို ၁၅ မိနစ်အတွင်း သိမ်းခဲ့တယ်

    စစ်ကောင်စီတပ်စခန်းတခုကို ၁၅ မိနစ်အတွင်း သိမ်းခဲ့တယ်

    RNA_ဩဂုတ်(၁၁)၊ ၂၀၂၃ ခုနှစ်။
     
    ကျွန်တော်တို့ တပ်ဖွဲ့သည် ယုံကြည်မှုအပြည့်ရှိပြီး ၁၅ မိနစ်အတွင်း စစ်ကောင်စီတပ်စခန်းတခုကို သိမ်းပိုက်ခဲ့ပြီး၊ လက်နက်ခဲယမ်းများသိမ်းဆည်းရမိခဲ့သည်ဟု “စွန့်လွှတ်စွန့်စား ပြည့်ရင်သွေးများ” အစီအစဉ်တွင် အထူးစစ်ဆင်ရေးတပ်ဖွဲ့ (S.O.F)တာဝန်ခံ တပ်မှူး အောင်စံရှားကပြောကြားထားသည်။
    [embedyt] https://www.youtube.com/watch?v=m17DAtJBmrg[/embedyt]
     
    #RedNewsAgency

  • မကွေးတိုင်းအတွင်း စစ်ရေးအခြေအနေနဲ့ စစ်ကောင်စီတပ်တွေအနေအထား

    မကွေးတိုင်းအတွင်း စစ်ရေးအခြေအနေနဲ့ စစ်ကောင်စီတပ်တွေအနေအထား

    ရခိုင်ရိုးမနဲ့ ထိစပ်နေတဲ့ နွားမတောင်တကြောမှာ ကာကွယ်ရေးအဖွဲ့ တွေကော စစ်တပ်ကပါ နေရာဖြန့်ပြီး ယူထားပေမဲ့ ဒါဟာ စစ်တပ်အတွက်တော့ တဒင်္ဂနေရာယူထားတာသာဖြစ်ခဲ့ပါတယ်။ မုန်းတလျှောက်နဲ့ မင်းဘူးခရိုင်- ဂန့်ဂေါခရိုင်နဲ့ ချင်းပြည်နယ် အစပ်ကို ပတ်ချာလည် ဝန်းရံ ပြီး ကာမယ်လို့ ထင်ထားခဲ့ပေမဲ့ အင်အားမရှိတဲ့ စစ်တပ်ဟာ တစ်ပတ်သာ တောင့်ခံပြီး ပြန်ဆုတ်သွားခဲ့ပါတယ်

    ကျော်ရဲစံ

    မကွေးတိုင်းမှာ ခရိုင် ငါးခုနဲ့ မြို့နယ် ၂၅ မြို့နယ် ရှိပါတယ်။ မင်းဘူးခရိုင်၊ မကွေးခရိုင်၊ ပခုက္ကူခရိုင်၊ ဂန့်ဂေါခရိုင်နဲ့ သရက်ခရိုင်တို့ မှာ မြို့နယ်ပေါင်း ၂၅ မြို့နယ်ကို နယ်မြေဒေသအခြေခံပြီး အချိုးကျ ဖွဲ့စည်းထားတာပဲ ဖြစ်ပါတယ်။

    ဒီခရိုင်တွေမှာ အရေးကြီးတဲ့ အချက်ကစစ်တပ်က အားကိုးတဲ့ ပုသိမ် – မုံရွာ လမ်းပိုင်းနဲ့ နီးစပ်တဲ့ ခရိုင်တွေပဲဖြစ်ပါတယ်။ ဂန့်ဂေါခရိုင်နဲ့ ပခုက္ကူခရိုင် ဘက်မှာ ပုသိမ်- မုံရွာလမ်းပိုင်းကို ကာကွယ်ရေးအဖွဲ့တွေက စိုးမိုးထားပြီ ​ဖြစ်ပြီးတော့ မကွေးဘက်ကလာမယ်ဆို ကန်စွန်းမ ဂိတ်ကို ကျော်တာနဲ့ PDF ဂိတ်တွေ ကို ဆက်တိုက်ဖြတ်ရတော့မှာပဲ ဖြစ်ပါတယ်။

    ပခုက္ကူခရိုင်နဲ့ ဂန့်ဂေါခရိုင်က အဓိကမြို့ချင်းဆက်လမ်းတွေမှာ ကာကွယ်ရေးအဖွဲ့တွေရဲ့ ဂိတ်ပေါင်းစုံ စစ်တပ်ကတောင် အသနားခံပြီး ဖြတ်ရတဲ့ အနေအထားတွေလည်း ​ကြားသိနေရပါတယ်။ ဒါတွေက မကွေးတိုင်းကာကွယ်ရေးအဖွဲ့တွေရဲ့ နယ်မြေစိုးမိုးမှုတွေပဲ ဖြစ်ပြီးတော့ ကြေညာခြင်း မရှိတဲ့ တချို့မြို့တွေဟာ ရာနှုန်းပြည့်နီးပါး ကာကွယ်ရေးအဖွဲ့တွေ စိုးမိုးထားတာပါ။

    စစ်ရေးနဲ့နယ်မြေ အနေအထားအရ အရေးပါလှတဲ့ ဂန့်ဂေါ၊ ဆော၊ ပခုက္ကူ၊ ရေစကြို၊ ပေါက်၊ မြိုင် နဲ့ စေတုတ္တရာနယ်တွေမှာ ကာကွယ်ရေးအဖွဲ့တွေနဲ့ စစ်ကောင်စီတို့ မကြာခဏဆိုသလို တိုက်ပွဲ ဖြစ်ပွားရာကနေ လက်ရှိအချိန်မှာတော့ အဲဒီဒေသက က.ပ.စ တွေကိုတောင်မှ PDF တွေက ဝိုင်းဝန်းပိတ်ဆို့ထားတဲ့ အခြေနေမှာရှိပါတယ်။ ဒါ့ကြောင့်ပဲ မကွေးတိုင်း PDF တာဝန်ခံ ကိုတံခွန်က စစ်တပ်ရဲ့ အသဲ နှလုံးတွေကို ဖောက်စားတော့မယ်လို့ ပြောကြားထားပါတယ်။

    (more…)

  • မွေးဖွားကာနီး ကိုယ်ဝန်ဆောင်ကို သတ်ပြီး ဓားပြတိုက်သွားသူများကို PDF အဖွဲ့က ဖမ်းဆီး

    မွေးဖွားကာနီး ကိုယ်ဝန်ဆောင်ကို သတ်ပြီး ဓားပြတိုက်သွားသူများကို PDF အဖွဲ့က ဖမ်းဆီး

    RNA_ဩဂုတ်(၁၁)၊၂၀၂၃ ခုနှစ်။

    စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ထန်တောရပ်ကွက်အတွင်း နေအိမ်တအိမ်ကို ဓားပြတိုက်ပြီး အသက် ၂၄ နှစ်အရွယ် မွေးဖွားကာနီး ကိုယ်ဝန်ဆောင် မအေးငြိမ်းသူကို သတ်ဖြတ်သွားသည့် လူသတ်ဓားပြ (၇) ဦးကို ဩဂုတ်လ ၁၁ ရက်နေ့ကတည်းက Guardian Force ရဲဘော်များမှ ဖမ်းဆီးရမိထားပြီဖြစ်ကြောင်း သိရသည်။

    ဩဂုတ်လ ၁၀ ရက်နေ့ ညနေ ၃ နာရီဝန်းကျင်က ဓားပြတိုက် လူသတ်ပြုလုပ်ခဲ့သူ (၇) ဦးကို စစ်ဆေးမေးမြန်းနေသည့် Facebook Live ကို Guardian Force ခေါင်းဆောင်က အများပြည်သူသိရှိအောင်တင်ပြခဲ့ပြီးနောက် “ပြည်သူကိုချပြပြီးဖြစ်တဲ့အတွက် liveကိုပြန်ဖျက်ပါပြီခင်ဗျာ” ဟုဆိုကာ ဖျက်ချသွားခဲ့သည်။

    (more…)

  • စစ်ကောင်စီ လျှပ်စစ်ဝန်ကြီး ပြောင်းလဲခန့်အပ်သော်လည်း ရန်ကုန်မှာ မီးဆိုးဆိုးဝါးဝါး ပျက်မြဲပျက်နေ

    စစ်ကောင်စီ လျှပ်စစ်ဝန်ကြီး ပြောင်းလဲခန့်အပ်သော်လည်း ရန်ကုန်မှာ မီးဆိုးဆိုးဝါးဝါး ပျက်မြဲပျက်နေ

    RNA_သြဂုတ် ၉ ရက်၊၂၀၂၃ ခုနှစ်။

    အာဏာသိမ်း စစ်ကောင်စီအဖွဲ့ခန့် လျှပ်စစ်ဝန်ကြီးနေရာကို  ပြောင်းလဲခန့်အပ်သော်လည်း ရန်ကုန်မြို့တွင် ဆိုးဆိုးရွားရွား မီးပျက်မြဲပျက်နေကြောင်း ဒေသခံများက ပြောကြားခဲ့သည်။

    ” သူတို့ စစ်ကောင်စီက လျှပ်စစ်ဝန်ကြီးတွေဘာတွေ ပြောင်းတယ်ကြားတယ်။ အပြောင်းအလဲ လုပ်လည်း ဒီပုတ်ထဲကဒီပဲဘဲ။ စစ်ကောက်စီကမှ အသုံးအကျတော့ စစ်ကောင်စီခန့်ထားတဲ့သူကလည်း ဘာအသုံးကျမှာလဲ။အပေါ်က ခိုင်းတာပဲ လုပ်ရတာလေ” ဟု အလုံမြို့နယ်‌ နေထိုင်သူတစ်ဦးက ပြောသည်။

    လျှပ်စစ်မီး စစ်ကောင်စီ လက်ထက် အချိန်ဇယားဆွဲကာ အချိန်ပိုင်း မီးပေး၊ အလှည့်ကျမီးဖြတ်သည့်စနစ်ကို ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်ကတည်းက ယနေ့ အထိလုပ်ဆောင်နေကြောင်း၊ အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်က လျှပ်စစ်မလုံလောက်ခြင်းသည် ရေအားလျှပ်စစ်စီမံကိန်းများ ပျက်ခဲ့သည့်အတွက်ဟု ပြီးခဲ့သည့်ရက်ပိုင်းက ပြောကြားထားသည်။

    (more…)

  • စစ်ကောင်စီ၏ မဟာစီးပွားရေးအကောင်အထည်ဖော်မှုကြားက ပြည်သူများ

    စစ်ကောင်စီ၏ မဟာစီးပွားရေးအကောင်အထည်ဖော်မှုကြားက ပြည်သူများ

    “ဘဏ်စနစ်အကြောင်း၊ ငွေရေးကြေးရေး စနစ်အကြောင်း စျေးကွက်သဘောတရား ဘာတစ်ခုမှနားမလည်ပဲ  စစ်ကောင်စီဟာ ဒေါ်လာကို ထိန်းချုပ်ဖို့ လုပ်လာခဲ့တယ်။ ရလဒ်က စျေးကွက် ကမောက်ကမဖြစ်ပြီး စာတွေ ခဏခဏထုတ် မူဝါဒအမျိုးမျိုး ပြောင်းနေရတဲ့အထိ ဖြစ်ခဲ့ရတယ်”

    ငြိမ်းမောင်

    ၂ သောင်းတန် ထုတ်တယ်၊ ငွေကြေးမဖောင်းပွပါဘူးလို့ စစ်ကောင်စီပြောခွင့်ရ ဇော်မင်းထွန်းက ပြောခဲ့တယ်။ အောက်ခြေမြေပြင် အခြေအနေအမှန်ကို မသိ၊ လုပ်ချင်သလိုလုပ် ပျက်ချင်သလို ပျက်နေတဲ့ စစ်ကောင်စီလက်ထက် အရာအားလုံးဟာ ပျက်စီးမှုဆီ ဦးတည်နေခဲ့ပါပြီ။ လက်နက် ကိုင်အကြမ်းဖက်ဆီကလာတဲ့ စကားလုံးတွေဟာ ယုံကြည်စရာတစ်ကွက်မှ မရှိခဲ့တာကြာပါပြီ။ အလိမ်အညာတွေနဲ့ မဟုတ်မမှန် ဝါဒဖြန့်တဲ့အလုပ်ပဲ လုပ်တတ်တော့ ပြည်သူက အယုံကြည်မရှိခဲ့တာကြာခဲ့ပါပြီ။

    အကြမ်းဖက်အာဏာစလုကတည်းက စစ်ကောင်စီလက်ထက်မှာ ဒီနေ့အထိ မြန်မာကျပ်ငွေဟာ တစ်နေ့ထက်တစ်နေ့ တန်ဖိုးတွေ ဇောက်ထိုးဆင်းလာခဲ့တာပါ။ ဒီအခြေအနေရောက်နေတာတောင် လိုအပ်ရင် ငွေစက္ကူ အသစ်ရိုက်ထုတ်ဖို့ စိတ်ကူးခဲ့တဲ့ ဥာဏ်ရည်နည်းပါးမှုကို ဖော်ပြနေတာပါ။ ငွေစက္ကူအသစ်ထုတ်မယ်အသံကြားကတည်းက တက်လိုက်တဲ့ ကုန်စျေးနှုန်းတွေဟာ ဘယ်ခေတ်အခါမှ မကြားဖူးခဲ့တဲ့ ကုန်စျေးနှုန်းတွေပါ။ ဆန်စျေး ဆီစျေး ဟင်းသီးဟင်းရွက်စျေး၊ ကားခနှုန်းထားတွေ အကုန်လိုက်တက်ပါတယ်။

     

    သြဂုတ် ၆ ရက်နေ့မှာ ဒေါ်လာစျေးဟာ ၃၃၀၀ ကျော်နေပါပြီ။ ရွှေစျေးဟာ ၃၅သိန်းကျော်နေပါပြီ၊ စက်သုံးဆီစျေးဟာ တစ်လီတာစျေးနှုန်း  92 တစ်လီတာကို ၂၁၇၅ ၊ 95 တစ်လီတာကို ၂၂၈၅ ကျပ်ဖြစ်နေပါပြီ။ ဒေါ်လာစျေးတက်တာနဲ့အမျှ ကန်ဇွန်းရွက်စျေးကအစ လိုက်တက်နေတာကို ကုန်စျေးနှုန်းတည်ငြိမ်ရေးအဖွဲ့ဖွဲ့လည်း ဘာမှထူးမလာဘူးဆိုတာ အားလုံးအသိဖြစ်ပါတယ်။ မတည်ငြိမ်တဲ့ နိုင်ငံတခုကို တည်ငြိမ်အောင် ဘာမှထိန်းမရပါဘူး။ အားလုံးတည်ငြိမ်စေချင်တယ်ဆိုရင် အားလုံးလိုချင်တဲ့ လွတ်လပ်ခွင့်၊ လွတ်လပ်ခွင့်နဲ့ ဒီမိုကရေစီကို အရင်ဆုံးပေးလိုက်ပါ။ စစ်ရာဇဝတ်ကျူးလွန်ထားသူတွေ အပြစ်ခံလိုက်ပါ။

    (more…)