Tag: နွေဦးတော်လှန်ရေး

  • KNLA နှင့် တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ (၁၅) ဦးကျဆုံးပြီး (၃၆) ဦး ဒဏ်ရာရ 

    KNLA နှင့် တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ (၁၅) ဦးကျဆုံးပြီး (၃၆) ဦး ဒဏ်ရာရ 

    RNA_ဇူလိုင်(၂၉)၊၂၀၂၃ ခုနှစ်။

    ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူခရိုင် တပ်မဟာ (၃)၊ လယ်ဒိုမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် K.N.L.A တပ်ရင်း (၉) လက်အောက်ခံတပ်ဖွဲ့တို့ ၂ ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ (၁၅) ဦးကျဆုံးပြီး (၃၆) ဦးဒဏ်ရာရရှိခဲ့ကြောင်း KNU ခလယ်လွီထူခရိုင်−သတင်းနှင့်ပြန်ကြားရေးက ထုတ်ပြန်ထားသည်။

    ၂၀၂၃ ခုနှစ် ဇူလိုင်လ ၂၅ ရက် ၂၆ ရက်နေ့တို့တွင် ရေတွင်းကုန်းကျေးရွာ သင်္ချိုင်းကုန်း၊ နံဇကျေးရွာ အနီးတဝိုက်တွင် တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း၊ နယ်မြေရှင်းလင်းစဉ် G3-၁လက်၊ ကျည်ဆံ(၂၀၀)တောင့်၊ 60mm-၁လုံး၊ MA1-၁လက်၊ MA2-၂လက်၊ MA3-၂လက်၊ MA5-၁လက်၊ ကျည်ဘောက် (၁၃)ဘောက်၊ G4-၁လက်၊G4ကျည် -၅၀တောင့်၊ ကျည်အိမ် (၄) ဘောက်နှင့် ဦးထုပ် (၄)လုံး စသည့် လက်နက်ခဲယမ်းများ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်က သိမ်းဆည်းရမိကြောင်း KNU က ထုတ်ပြန်ထားသည်။

    (more…)

  • ဒေါ်အောင်ဆန်းစုကြည်ကို ဝှက်ဖဲအဖြစ် စစ်ခေါင်းဆောင်တွေ အသုံးချလာနိုင်သလား

    ဒေါ်အောင်ဆန်းစုကြည်ကို ဝှက်ဖဲအဖြစ် စစ်ခေါင်းဆောင်တွေ အသုံးချလာနိုင်သလား

    ” နိုင်ငံတကာဖိအားများ များပြားလာတဲ့အပြင် တပ်တွင်းအင်အားပြုန်းတီးမှု၊ အမိန့်မနာခံမှုတွေနဲ့ တပ်တွင်း ပုန်ကန်မှုတွေဆီ ဦးတည်လာပြီး အဖက်ဖက်ကချောင်ပိတ်လာတဲ့ စစ်ကောင်စီဟာ သူတို့ချောင်ထိုးဖို့ ကြိုးစားခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အသုံးချဖို့စတင်ကြိုးစားလာ” 

    နောင်ရိုး

    အခုလက်ရှိ နိုင်ငံရေးအကျပ်အတည်းနဲ့ ထွက်ပေါက်ပိတ်နေတဲ့ စစ်ခေါင်းဆောင်တွေဟာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အသုံးချဖို့ ကြိုးပမ်းလာပါတာ တွေ့ရပါတယ်။ ဒါကြောင့်ပဲ နေပြည်တော်အကျဉ်းထောင်မှာရှိနေတဲ့ လူထုခေါင်းဆောင်ကို စစ်ကောင်စီလက်အောက်ခံတွေက အစိုးရအဆောက်အဦတစ်ခုဆီကို ပြောင်းရွှေ့ထားလိုက်တယ်လို့ နေပြည်တော်အချုပ်ထောင် သတင်းရင်းမြစ်တွေကပြောကြားထားကြပါတယ်။

    ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ (၁)ရက်နေ့မှာ အာဏာစသိမ်းခဲ့တဲ့ စစ်ကောင်စီဟာ သူတို့အာဏာစသိမ်းစဉ်ထဲက ဖမ်းဆီးထားခဲ့တဲ့ နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ ရွေးကောက်ပွဲအနိုင်ရအမတ်တွေကို ဖမ်းဆီးခဲ့ပါတယ်။ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်ရံတော်အဖွဲ့အပြင် ၊ ဒေါ်အောင်ဆန်းစုကြည်ဖွင့်လှစ်ထားတဲ့ ပရဟိတသင်တန်းကျောင်း တာဝန်ရှိသူတွေကိုပါ ဖမ်းဆီးသတ်ဖြတ်ပြီး ရန်ပုံငွေတွေကိုခိုးယူခဲ့ကြပါတယ်။

    ထင်ရှားတဲ့သာဓကတွေအနေနဲ့ စုအသက် မွေးဝမ်းကျောင်းသိပ္ပံ (ရွှေပြည်သာမြို့နယ်) ရဲ့ ကျောင်းအုပ် ဦးဇော်သက်လင်းကို စစ်ကောင်စီဟာ ၂၀၂၁ ခုနှစ်၊ မတ်လ ၈ ရက်နေ့က လာရောက်ဖမ်းဆီးခဲ့ပြီး မတ်လ ၉ ရက်နေ့မှာတော့ လူရုပ်တောင်မပေါ်တော့တဲ့အထိ နှိပ်စက်ထားတဲ့ ရုပ်အလောင်းကိုသာ မိသားစုတွေထံ ပြန်ပေးခဲ့ပါတယ်။အာဏာစသိမ်းစဉ်က လူထုသဘောဆန္ဒကို ပေါ့တန်တန်သဘောထားခဲ့တဲ့ မင်းအောင်လှိုင်တို့ စစ်အုပ်စုဟာ အာဏာသိမ်းပြီး နှစ်နှစ်ကျော်လာတဲ့အထိ နိုင်ငံတဝှမ်းကို သေချာမအုပ်ချုပ်နိုင်သေးပါ။

    (more…)

  • ကိုယ့်မိသားစုနဲ့ကိုယ် ပြန်လာပြီးတော့ အေးဆေးနေချင်တဲ့ အရာခံဗိုလ် နော်ဖော

    ကိုယ့်မိသားစုနဲ့ကိုယ် ပြန်လာပြီးတော့ အေးဆေးနေချင်တဲ့ အရာခံဗိုလ် နော်ဖော

    RNA_ဇူလိုင်(၂၈)၊၂၀၂၃ ခုနှစ်။ 

    တော်လှန်ရေးအတွက် မိဘများ သိခံစောင့်ဆိုင်းပေးရန်နှင့် အဆုံးထိပါဝင်ပေးရန်၊ တော်လှန်ရေးပြီးသည့်အခါ မိသားစုထံပြန်လာပြီး အေးဆေးနေချင်သည်ဟုစွန့်လွှတ်စွန့်စား ပြည့်ရင်သွေးများအစီအစဉ်မှာ အထူးစစ်ဆင်ရေးတပ်ဖွဲ့– S.O.F တပ်ခွဲ () တပ်ခွဲအရာခံဗိုလ် နော်ဖောက ပြောကြားထားသည်။

    ဖေဖေနဲ့မေမေနဲ့ကိုလည်း ခဏလောက်တော့ သိခံပြီးတော့ စောင့်ဆိုင်းပေးပါအုံးပေါ့နော် သိခံပြီးတော့လည်း အဆုံးထိလဲ ပါဝင်ပေးပါအုံးနော်လို့ အဲလိုပြောချင်တယ်။ ပြီးဆုံးသွားတဲ့အခါကျလို့ရှိရင်တော့ ကိုယ့်မိသားစုနဲ့ကိုယ် ပြန်လာပြီးတော့ အေးဆေးနေချင်ပါတယ်ဟု တပ်ခွဲအရာခံဗိုလ်နော်ဖောက ပြောသည်။ 

    [embedyt] https://www.youtube.com/watch?v=cXeeEzDGBWA[/embedyt]

    (more…)

  • တောင်းယူလို့တော့မရဘူး တိုက်ယူမှရတော့မယ် တောခိုဖို့ အချိန်တန်ပြီ

    တောင်းယူလို့တော့မရဘူး တိုက်ယူမှရတော့မယ် တောခိုဖို့ အချိန်တန်ပြီ

    RNA_ဇူလိုင်(၉)၊၂၀၂၃ ခုနှစ်။

    “ကျွန်တော်အတွေ့အကြုံအရ သိလိုက်ရတယ် တောင်းယူလို့တော့မရတော့ဘူး တိုက်ယူမှရတော့မယ် ကျွန်တော် ကိုယ့်ကိုယ်ကို တောခိုသင့်တဲ့အချိန်တန်ပြီပေါ့” ဟုစသဖြင့်  “ပြည်သူ့ဘက်သား ရင်တွင်းစကား” အစီအစဥ်မှာ CDM စစ်သား ကဗျာဆရာဂနိုက်၏ ရင်တွင်းစကားများ၊ အတွေ့အကြုံများနှင့် ခံယူချက်စသည်တို့ကို ပြောကြားထားသည်။

    [embedyt] https://www.youtube.com/watch?v=TfE02xq382Y[/embedyt]

    Red News Agency

  • NLD ပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ကိုဝေလင်းအောင် ထောင်ဒဏ် ၃၈ နှစ်ချမှတ်ခံရ

    NLD ပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ကိုဝေလင်းအောင် ထောင်ဒဏ် ၃၈ နှစ်ချမှတ်ခံရ

    RNA_ဇူလိုင်(၂၇)၊၂၀၂၃ ခုနှစ်။

    အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်- NLD ပါတီမှ ဧရာဝတီတိုင်း၊ မြောင်းမြမြို့နယ်၊ ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ကိုဝေလင်းအောင်ကို အာဏာသိမ်းစစ်ကောင်စီက ထောင်ဒဏ် ၃၈ နှစ် ချမှတ်ထားကြောင်း သိရသည်။

    မြောင်းမြထောင်တွင် မတရားဖမ်းဆီးချုပ်နှောင်ခံထားရသည့် ကိုဝေလင်းအောင်ကို ၂၀၂၃ ခုနှစ် ဇူလိုင်လ ၁၂ ရက်နေ့က ပုဒ်မ ၅၀ ညဖြင့် CDM ထောက်ပံ့သည့်အတွက် မြောင်းမြအကျဉ်းထောင် သီးသန့်တရားရုံးက ထောင်ဒဏ် (၁၀) နှစ်၊ ဧပြီလ ၄ ရက်နေ့က ၅၀၅ က ဖြင့် ထောင်ဒဏ် (၂) နှစ် ချမှတ်ခဲ့ကြောင်း၊ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်နေ့က မြဝတီမြို့နယ်တရားရုံးက ၅၂ က ဖြင့် ထောင်ဒဏ် ၄ နှစ်၊ ၅၀ က ဖြင့်ထောင်ဒဏ် ၁၁ နှစ်၊ ၅၀ ည ဖြင့် ထောင်ဒဏ် ၁၁ နှစ် ချမှတ်ခဲ့သည့်အတွက် စုစုပေါင်းထောင်ဒဏ် ၃၈ နှစ် ချမှတ်ခံထားရသည်ဟု သိရသည်။

    မြောင်းမြမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ကိုဝေလင်းအောင်ကို ကရင်ပြည်နယ် မြဝတီမြို့နယ် လေးကေ့ကော်တွင် ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၄ ရက်နေ့က စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်း ခံခဲ့ရခြင်းဖြစ်သည်။

    #RedNewsAgency

  • နှစ်သောင်းကျပ်တန်ငွေစက္ကူအား တရားမဝင်ငွေအဖြစ် NUG ကြေညာ

    နှစ်သောင်းကျပ်တန်ငွေစက္ကူအား တရားမဝင်ငွေအဖြစ် NUG ကြေညာ

    RNA_ဇူလိုင်(၂၇)၊၂၀၂၃ ခုနှစ်။

    စစ်ကောင်စီကထုတ်မည့် ၂ သောင်းတန်ငွေစက္ကူအား အမျိုးသားညီညွတ်ရေးအစိုးရနှင့် ယင်းအားဆက်ခံသောအစိုးရများက အသိအမှတ်ပြုမည်မဟုတ်ကြောင်းနှင့် တရားမဝင်ငွေစက္ကူများအဖြစ် သတ်မှတ်ကြောင်း ယနေ့ ကြေညာထားသည်။

    အကြမ်းဖက်အာဏာသိမ်းခဲ့သည့် စစ်ကောင်စီအနေဖြင့် ဇူလိုင်လ ၃၁ ရက်နေ့တွင် ၂ သောင်းတန်ငွေစက္ကူများကို ရိုက်နှိပ်ထုတ်ဝေမည်ဖြစ်ကြောင်း ဇူလိုင်လ ၂၃ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့သည်။

    (more…)

  • လက်ခတ်တောင် တာဝါတိုင်ကုန်းစခန်းမှာ တိုက်ပွဲပြန်ဖြစ်

    လက်ခတ်တောင် တာဝါတိုင်ကုန်းစခန်းမှာ တိုက်ပွဲပြန်ဖြစ်

    RNA_ဇူလိုင်(၂၅)၊၂၀၂၃ ခုနှစ်။

    KNLA-ပူးပေါင်းတပ်ဖွဲ့များ သိမ်းပိုက်ထားသည့် မြဝတီမြို့၊ မေတ္တာလင်းမြိုင်နှင့် လက်ခတ်တောင်အကြားတွင် လက်ခတ်တောင်စခန်းကုန်းအား စစ်ကောင်စီတပ်မှ ပြန်လည်ရရှိရေး ထိုးစစ်ဆင်နေသည့်အတွက် ယနေ့ တိုက်ပွဲပြင်းထန်နေကြောင်း သိရသည်။

    KNLA−ပူးပေါင်းတပ်ဖွဲ့မှ ဇူလိုင်လ ၂၁ ရက်နေ့က စစ်ကောင်စီတပ် တပ်စွဲထားသည့် လက်ခတ်တောင် စခန်းကုန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ကြကြောင်း၊ ယင်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ် အကျအဆုံးများပြီး တပ်ရင်းမှူးနှင့် ဒုတပ်ရင်းမှူး ထွက်ပြေးခဲ့သည့်အတွက် အရေးယူခံနေရကြောင်း သိရသည်။

    စစ်ကောင်စီတပ်မှ လပ်ခတ်တောက် စခန်းကုန် ပြန်လည်ရရှိရေးအတွက် တပ်မ(၄၄) မှူးမှ တိုက်ရိုက် ညွန်ကြားပြီး ခမရ(၂) နှင့် ခမရ(၁၁၈) စုပေါင်းထုတ်နုတ်အင်အား (၁၀၀) ကျော်ဖြင့် ထိုးစစ်ဆင်နေကြောင်း KNLA− ကော်ဘရာစစ်ကြောင်း စစ်ဆင်ရေးမှူး ဗိုလ်ဒါဘောထံမှ သိရသည်ဟု ဒူးပလာယာခရိုင်−သတင်းနှင့်ပြန်ကြားရေးက ထုတ်ပြန်သည်။

    (more…)

  • PDFကို ငွေလှူသည့်ကိစ္စနှင့်ပတ်သက်ပြီး အင်းစိန်ထောင်ညွှန်ချုပ် အနားပေးခံရ

    PDFကို ငွေလှူသည့်ကိစ္စနှင့်ပတ်သက်ပြီး အင်းစိန်ထောင်ညွှန်ချုပ် အနားပေးခံရ

    RNA_ဇူလိုင်(၂၅)၊၂၀၂၃ ခုနှစ်။

    ရန်ကုန်မြို့၊အင်းစိန်အကျဉ်းထောင်အတွင်းမှ ငွေစုပြီး PDF များကို ၁၁ သိန်းလှူဒါန်းသည့်ကိစ္စနှင့် ပတ်သက်ပြီး ထောင်တွင်းမှ ဖုန်း ၇ လုံးဖမ်းဆီးမိခဲ့သည့်ကိစ္စနှင့်အင်းစိန်ထောင် ညွန်ချုပ် ဦးဇော်မင်းကို ၂၄ နာရီအတွင်း အနားပေးခံရကာ အလုပ်ပြုတ်သွားပြီဖြစ်ကြောင်း သိရသည်။

    ဇူလိုင်လ ဒုတိယပတ်အတွင်းက အကျဉ်းထောင်အတွင်းမှနေ၍ PDF များထံ အလှူငွေ ၁၁ သိန်းလှူဒါန်းပေးသည့် ဝန်ထမ်းမှာလည်း ဖမ်းဆီးခံထားရကြောင်း၊ ထောင်အတွင်းမှ ဖုန်း ၇ လုံးသိမ်းဆည်းရမိကြောင်း၊ ယင်းကိစ္စများနှင့်ပတ်သက်ပြီး ညွန်ချုပ်ကို ၂၄ နာရီအတွင်း အရေးယူခံလိုက်ရခြင်းဖြစ်ကြောင်း၊ ညွန်ချုပ်အသစ်ဖြစ်သည့် စစ်ကောင်စီတပ်မှ ဗိုလ်မှူးကြီးအဆင့်ရှိ အင်းစိန်ထောင် ညွန်ချုပ်ဦးမျိုးဇော် အသစ်ပြောင်းလာပြီဖြစ်ကြောင်း သိရသည်။

    (more…)

  • အကြောက်တရားနဲ့ ဖိအားတွေအောက်မှာ စစ်မှုထမ်းရတော့မယ့် Non CDM များ

    အကြောက်တရားနဲ့ ဖိအားတွေအောက်မှာ စစ်မှုထမ်းရတော့မယ့် Non CDM များ

    “အခုဆိုရင် ကင်းစခန်းငယ်လေးတွေမှာ ရဲ‌နဲ့ အရပ်ဝတ် လက်နက်ကိုင်တွေကို ပိုသုံးလာတာတွေ့ရမှာပါ။ ပျူစောထီးအမည်ခံလည်းမမဟုတ် ပြည်သူ့စစ်လဲအမည်မခံတဲ့ စစ်ကောင်စီလက်အောက်ခံ လက်နက်ကိုင်တွေအဖြစ် အသုံးချခံနေကြရတာ Non-CDM တွေဖြစ်တယ်”

    နောင်ရိုး

    အခုရက်ပိုင်း ကြားနေရတဲ့ သတင်းတွေအရ စစ်ကောင်စီက ဗဟိုဝန်ထမ်းတက္ကသိုလ်(ဖောင်ကြီး)မှာ စစ်သင်တန်းနဲ့ ပစ်ခတ်‌မှုသင်တန်းစဉ်တွေကို အဓိက ထား သင်ကြားလာပြီး လိုအပ်လာရင် စစ်ကောင်စီလက်အောက်က ဝန်ထမ်းတွေလည်း စစ်မှုထမ်းရမယ်ဆိုတဲ့ အကြောင်းပါ။

    စစ်ကောင်စီအနေနဲ့ ဝန်ထမ်းတွေ၊တက္ကသိုလ်‌ ကျောင်းသား‌တွေကိုသေနတ်ပစ်သင်ပေးတာက မထူးဆန်းပါဘူး။ ဘာလို့လဲဆိုတော့ အရင် NLD အစိုးလက်ထပ်ကတည်းက စစ်တပ်က တိုင်းပြည်ရဲ့ အရံအင်အားဖြစ်တဲ့ ရဲ၊မီးသတ်၊ ကြက်ခြေနီ အပါအဝင်၊ တက္ကသိုလ်ကျောင်းသားတွေ၊ ဆရာဆရာမတွေကို စစ်ရေးပြနဲ့ သေနတ်ပစ်ခတ်တာကို သင်ကြားလေ့ရှိပါတယ်။ ဒါပေမယ့်အရင်ကတော့ အဖြစ်သဘောမျိုးပဲ သင်ကြားတဲ့သဘောပါ။

    အခုက သေနတ်ပစ်သင်တာထက် စစ်တပ်နဲ့ တွဲပြီး လုံခြုံရေး၊ စစ်ဆင်ရေးဆောင်ရွက်ရမယ်ဆိုတာဟာ ဖြစ်လာနိုင်ပါတယ်။ တခြားမကြည့်နဲ့ ပြည်ထဲရေးရဲ့ လက်အောက်မှာရှိတဲ့ ရဲတပ်ဖွဲ့ရဲ့ တပ်ရင်း ၁၀ ရင်းကိုတောင် စစ်ကောင်စီအနေနဲ့ နေပြည်တော်မှာ ခံစစ်သဖွယ်ပြင်ဆင်ထားကြတယ်။ “လာတိုက်ရင် မင်းတို့အသေခံဆိုတဲ့ သဘောပါပဲ…” ပြောရမယ်ဆိုရင် ရဲတပ်ဖွဲ့ဟာ တရားဥပဒေစိုးမိုးရေးကိုပဲ လုပ်ရမယ့် ဌာနဖြစ်ပေမယ့် စစ်တပ်ရဲ့ လိုအပ်ချက်အရ စစ်ပွဲတွေမှာ အသုံးချခံလာရပါတယ်။ မီးသတ်တွေဆိုရင် နွေဦးတော်လှန်ရေး ဆန္ဒပြမှုတွေစကတည်းက မီးသတ်တွေကို အသုံးပြုလာတာဖြစ်ပါတယ်။

    (more…)

  • အထူးစစ်ဆင်ရေးတပ်ဖွဲ့မှ ၂ နှစ်အတွင်း စခန်းသိမ်းတိုက်ပွဲများနှင့် မြို့တွင်း စစ်ဆင်ရေးများ ဆောင်ရွက်နိုင်ခဲ့

    အထူးစစ်ဆင်ရေးတပ်ဖွဲ့မှ ၂ နှစ်အတွင်း စခန်းသိမ်းတိုက်ပွဲများနှင့် မြို့တွင်း စစ်ဆင်ရေးများ ဆောင်ရွက်နိုင်ခဲ့

    RNA_ဇူလိုင်(၂၁)၊၂၀၂၃ ခုနှစ်။

    အထူးစစ်ဆင်ရေးတပ်ဖွဲ့ – S.O.F ရဲဘော်များသည် ၂ နှစ်အတွင်း ရန်ကုန်မြို့တွင်း စစ်ဆင်ရေးများ၊ စခန်းသိမ်းတိုက်ပွဲများကို ဆင်နွှဲခဲ့ကြောင်း ယနေ့ ဇူလိုင် ၂၁ ရက်နေ့သည် တပ်ဖွဲ့တည်ထောင်ခြင်း ၂ နှစ်ပြည့်မြောက်ပြီဖြစ်သည့်အတွက် စစ်ဆင်ရေးဆောင်ရွက်ခဲ့ခြင်းများနှင့် ပတ်သက်ပြီး ထုတ်ပြန်ထားသည်။

    ၂ နှစ်အတွင်း ရန်ကုန်မြို့တွင်း စစ်ဆင်ရေးများတွင် ဗားကရာ၊ သန်လျင်တံတား၊ ထန်းတပင်တာဆုံ၊ လှိုင်သာယာဘုရားလမ်း၊ မြောက်ဥက္ကလာတံတား၊ ဗဟန်းစစ်တပ်အရာရှိရိပ်သာ၊ အင်းစိန်ထောင်အရာရှိရိပ်သာအပါအဝင် ၅၂ ကြိမ်ပြုလုပ်ခဲ့ရာ စစ်ကောင်စီလက်အောက်ခံ ၉၁ ဦးသေဆုံးခဲ့ကြောင်း၊ မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များနှင့်အတူ စခန်းသိမ်းတိုက်ပွဲ ၄ ကြိမ်၊ စစ်ကြောင်းထိတွေ့တိုက်ပွဲ ၃၅ ကြိမ်၊ ဒရုန်းနှင့်လက်နက်ကြီးတိုက်ပွဲ ၁၆ ကြိမ် ပြုလုပ်ခဲ့ရာတွင် စစ်ကောင်စီလက်အောက်ခံ ၁၇၁ ဦးသေဆုံးကြောင်း ယနေ့ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    (more…)