နွေဦးတော်လှန်ရေး

နေပြည်တော် မကြာမီ မျှော်

နေပြည်တော် မကြာမီ မျှော်

"နေပြည်တော် အတွင်းနဲ့ ဆက်စပ် နယ်​မြေတွေနဲ့ပတ်သက်ပြီး စစ်ရေး လုံခြုံရေးနဲ့ဆိုင်တဲ့ သတင်းတွေ တော်လှန်ရေးတပ်ဖွဲ့တွေ PDF တပ်ဖွဲ့အသီးသီးတွေရဲ့ လှုပ်ရှားမှုတွေကို နည်းမျိုးစုံသုံးပြီး အရေးတစ်ကြီး၊ အငမ်းမရ အနံ့ခံနေကြပါတယ်" ငြိမ်းမောင် အကြမ်းဖက် လက်နက်ကိုင်ခေါင်းဆောင် မင်းအောင်လှိုင်က လူမိုက်ဆန်ဆန် လူရမ်းကားစကား ပြောခဲ့တယ်။ "မလုပ်ရဲတာ ဘာမှ မရှိဘူး”တဲ့။ ဒီစကားကို ကြားမိသူတိုင်းက လူတိုင်း ထိထိမိမိ ပြန်ပြီးတုန့်ပြန်ခဲ့ကြတယ်။ ဒါဆို "xxx”ကြည့်ပါလား တဲ့။ အားရကျေးနပ်စေခဲ့တယ်။ မင်းအောင်လှိုင် အပေါ်စီး ကနေ လူမိုက်ဆန်ဆန် လူပါးဝ ပြောခဲ့ပေမယ့် ဒီလို တုန့်ပြန်မေးခွန်းထုတ်တာကို မင်းအောင်လှိုင်လည်း ဖင်တွန့်သွားခဲ့ပုံရတယ်။ အခုလည်းပဲ တော်လှန်ရေးအင်အားစုတွေ စစ်ရေးအရှိန်တွေ တိုက်ခိုက်ရေးစွမ်းရည်တွေ တစတစ အင်အားကြီးထွားပုံတွေအပေါ်…
Read More
ခုခံတော်လှန်စစ် ဒုတိယနှစ်အတွင်း စစ်ကောင်စီတပ်စခန်း ၁၀၇ ခု သိမ်းပိုက်နိုင်ခဲ့ 

ခုခံတော်လှန်စစ် ဒုတိယနှစ်အတွင်း စစ်ကောင်စီတပ်စခန်း ၁၀၇ ခု သိမ်းပိုက်နိုင်ခဲ့ 

RNA_စက်တက်ဘာ(၇)၊၂၀၂၃ ခုနှစ်။  နွေဦးတော်လှန်ရေး ခုခံစစ် ဒုတိယနှစ်အတွင်း စစ်ကောင်စီတပ်စခန်း (၁၀၇) ခု တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်ဟု ယနေ့ ကျရောက်သည့် ပြည်သူ့ခုခံတော်လှန်စစ် (၂) နှစ်ပြည့်နေ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန အစီရင်ခံစာတွင် ထုတ်ပြန်ထားသည်။  ခုခံတွန်းလှန်စစ် ပထမနှစ်တွင် စစ်ကောင်စီတပ်စခန်း (၂၈) ခုသာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ ဒုတိယနှစ်တွင် စစ်ကောင်စီတပ်စခန်း (၁၀၇) ခု တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ ခုခံစစ် ဒုတိယနှစ်အတွင်း မဟာမိတ်တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များနှင့် လက်တွဲ၍ ပြောက်ကျားစစ် သာမက သမရိုးကျစစ် အဆင့်သို့ တိုးမြှင့်ဆောင်ရွက်နိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။  (more…)
Read More
Myanmar Now ဓာတ်ပုံသတင်းထောက် ကိုစိုင်းဇော်သိုက် ထောင်ဒဏ် အနှစ်(၂၀) ချမှတ်ခံရ 

Myanmar Now ဓာတ်ပုံသတင်းထောက် ကိုစိုင်းဇော်သိုက် ထောင်ဒဏ် အနှစ်(၂၀) ချမှတ်ခံရ 

RNA_စက်တင်ဘာ(၆)၊၂၀၂၃ ခုနှစ်။ ရန်ကုန်မြို့၊ အင်းစိန်အကျဉ်းထောင်၊ အထူးတရားရုံးမှ စစ်ကောင်စီလက်အောက်ခံများက ယနေ့ (စက်တင်ဘာ ၆ ရက်) တွင် Myanmar Now ဓာတ်ပုံသတင်းထောက် ကိုစိုင်းဇော်သိုက်ကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် နှစ် ၂၀ ချလိုက်ကြောင်း သိရသည်။ ရခိုင်ပြည်နယ်အတွင်း မိုခါမုန်တိုင်းအခြေအနေများကိုသွားရောက် မှတ်တမ်းတင်စဉ် ၂၀၂၃ ခုနှစ် မေ ၂၃ ရက်က စစ်တွေမြို့၌ ကိုစိုင်းဇော်သိုက် ဖမ်းဆီးခံလိုက်ရကြောင်း၊ ကိုစိုင်းဇော်သိုက်ကို သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၇ (ထိတ်လန့်စေမှု)၊ ဆူပူအောင်လှုံ့ဆော်မှုဆိုင်ရာ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ – က၊ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ)၊ နိုင်ငံတော်အကြည်ညိုပျက်စေမှုဆိုင်ရာ ဥပဒေ ပုဒ်မ…
Read More
စစ်ကောင်စီတပ် ရိက္ခာနှင့်လက်နက်များတင်ဆောင်လာသည့် ရေယာဉ်အုပ်စု ပစ်ခတ်ခံရ

စစ်ကောင်စီတပ် ရိက္ခာနှင့်လက်နက်များတင်ဆောင်လာသည့် ရေယာဉ်အုပ်စု ပစ်ခတ်ခံရ

RNA_စက်တင်ဘာ(၃)၊၂၀၂၃ ခုနှစ်။ ဆင်ဖြူရှင်တံတားမှ ချင်းတွင်းမြစ်ကြောင်းအတိုင် းဆန်တက်လာသော စစ်ကောင်စီတပ်၏ ရိက္ခာနှင့်လက်နက်ပစ္စည်းများသယ်ဆောင်လာသည့် မော်တော်( ၈) စီးနှင့် သ‌င်္ဘော( ၃) စီးပါဝင်သည့် ရေယာဉ်အုပ်စုကို စစ်ကိုင်းတိုင်း၊ မုံရွာနှင့် ဆားလင်းကြီးအကြားတွင် MRDA နှင့်ပူးပေါင်းအဖွဲ့က ပစ်ခတ်ခဲ့ကြောင်း သိရသည်။ စစ်ကောင်စီတပ် ရေယာဉ်အုပ်စုကို MRDA စေတန်တပ်ခွဲမှဦးဆောင်ပြီး ဒေသတွင်းမဟာမိတ်အဖွဲ့များဖြစ်သော မုံရွာခရိုင်၊ တပ်ရင်း( ၁၁) တပ်ခွဲ( ၃)၊ Royal Alliance အဖွဲ့များမှ ဩဂုတ်လ ၂ ရက်နေ့ နေလယ် ၃ နာရီဝန်းကျင်က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ထိတွေ့တိုက်ပွဲ (၁)နာရီခန့်ဖြစ်ပွားခဲ့ကြောင်း MRDA ‌စေတန် တပ်ခွဲမှူးထံမှ သိရသည်။ (more…)
Read More
လက်ခတ်တောင်တာဝါတိုင်ကုန်းစခန်းကို ယနေ့အထိ ကော်ဘရာစစ်ကြောင်း စိုးမိုးထား

လက်ခတ်တောင်တာဝါတိုင်ကုန်းစခန်းကို ယနေ့အထိ ကော်ဘရာစစ်ကြောင်း စိုးမိုးထား

RNA_စက်တင်ဘာ(၁)၊၂၀၂၃ ခုနှစ််။   ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ရှိ၊ လက်ခတ်တောင်တာဝါတိုင်ကုန်းစခန်းကို KNU/KNLA တပ်မဟာ (၆) ကော်ဘရာစစ်ကြောင်းနှင့် ပူးပေါင်းတပ်ဖွဲ့များက ယနေ့ ( စက်တင်ဘာလ ၁ ရက်) အထိ နယ်မြေထိန်းချုပ်ကာ စိုးမိုးထားသည်ဟု Cobra Column တပ်ခွဲ - ၃ က အသိပေးထားသည်။ "မိဘပြည်သူများ ပို့သတဲ့မေတ္တာနဲ့ အားပေးဝန်းရံဖေးမကူညီမှု့များကြောင့် ကောင်ဘရာစစ်ကြောင်းစစ်သည်ရဲဘော်များ ဘေးကင်းလုံခြုံစွာနဲ့ တော်လှန်ရေးတာဝန်များကို ကျေပြွန်စွာထမ်းရွက်လျှက်ရှိနေကြပါကြောင်း အသိပေးတင်ပြလိုက်ပါတယ်" ဟု Cobra Column တပ်ခွဲ - ၃ က ရုပ်သံနှင့်တကွ အသိပေးထားသည်။   #RedNewsAgency
Read More
ခင်ဦးဆေးရုံမှာ စစ်ကောင်စီလက်အောက်ခံ ၉ ဦးဆေးကုသမှုခံယူနေရ

ခင်ဦးဆေးရုံမှာ စစ်ကောင်စီလက်အောက်ခံ ၉ ဦးဆေးကုသမှုခံယူနေရ

RNA_စက်တင်ဘာ(၁)၊၂၀၂၃ ခုနှစ်။ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ခင်ဦးမြို့နှင့်ကံသာယာရွာအကြားတွင် ခင်ဦး ပလဖ ရဲဘော်များ၊စေတန်ဦးဆောင်သည့် MRDA ရဲဘော်များနှင့် စစ်ကောင်စီတပ်သားများ ဩဂုတ်လ ၃၀ ရက်နေ့ ညနေ ၅ နာရီဝန်းကျင်က ပစ်ခတ်မှုဖြစ်ပွားရာ စစ်ကောင်စီတပ်သား ၄ ဦးသေဆုံးပြီး ၉ ဦး ဒဏ်ရာရရှိကာ ခင်ဦးမြို့ဆေးရုံတွင် ဆေးကုသမှု ခံယူနေရသည်ဟု MRDA စေတန်တပ်ခွဲမှ တပ်ခွဲမှူးက ပြောသည်။ #RedNewsAgency
Read More
စစ်ကိုင်းတိုင်းမှာ AK 47 ထုတ်လုပ်အောင်မြင်

စစ်ကိုင်းတိုင်းမှာ AK 47 ထုတ်လုပ်အောင်မြင်

RNA_ဩဂုတ်(၃၁)၊၂၀၂၃ ခုနှစ်။   စစ်ကိုင်းတိုင်း၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ယင်းမာပင်ခရိုင် တပ်ရင်းအမှတ် (၃၂)၊ ရွှေတြိဂံပြည်သူ့ကာကွယ်ရေးတပ်ရင်း၊ တပ်ခွဲ (၁) Infinite Revolution Force -I.R.F က AK 47 ထုတ်လုပ်အောင်မြင်ခဲ့ကြောင်း သိရသည်။   “ထုတ်လုပ်သည့်သေနတ်အမျိုးအစားကို AK47ဟု ခေါ်ဆို၍ ထုတ်လုပ်သည့်နေရာသည် စစ်ကိုင်းတိုင်းဖြစ်ပါသည်။ ထို့ကြောင့် ကျွန်တော်တို့ထုတ်လုပ်ထားသော AK47ကို "AK47 MADE IN SAGAING” (သို့မဟုတ်) "SAGAING MADE AK 47” ဟုခေါ်ဆိုသွားပါမည်” ဟု Infinite Revolution Force ကထုတ်ဖော်ပြောကြားထားသည်။   "AK 47 MADE IN SAGAING"(သို့အဟုတ်)…
Read More
လက်ခတ်တောင်ကိစ္စနှင့်ပတ်သက်ပြီး ဗိုလ်ဒါဘောပြောကြား

လက်ခတ်တောင်ကိစ္စနှင့်ပတ်သက်ပြီး ဗိုလ်ဒါဘောပြောကြား

RNA_ဩဂုတ်(၂၉)၊၂၀၂၃ ခုနှစ်။   ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ လက်ခတ်တောင်တာဝါတိုင်ကုန်းစခန်း သိမ်းပိုက်ထားမှုအခြေအနေများနှင့် ပတ်သက်ပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကော်ဘရာစစ်ကြောင်း စစ်ဆင်ရေးမှူး ဗိုလ်ဒါဘောက ပြောကြားထားသည်။ Red News Agency
Read More
ဒေသခံကာကွယ်ရေးတပ်ဖွဲ့များ လုံခြုံရေးကင်းလှည့်နေစဉ် စကစတပ်နှင့်တိုက်ပွဲဖြစ်

ဒေသခံကာကွယ်ရေးတပ်ဖွဲ့များ လုံခြုံရေးကင်းလှည့်နေစဉ် စကစတပ်နှင့်တိုက်ပွဲဖြစ်

RNA_ဩဂုတ်(၂၈)၊၂၀၂၃ ခုနှစ်။   မကွေးတိုင်း၊ ပေါက်မြို့နယ်၊ အုန်းတော့မြောက်စုရွာအနောက်ဘက် ( ဒေသအခေါ် ကျွန်းနစ်ကုန်းနှင့် တမာချာက်ရိုးကြား) တွင် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များ လမ်းပိုင်းဆိုင်ရာအတွက် လုံခြုံရေးကင်းလှည့် စစ်ကောင်စီတပ်နှင့်တွေ့ပြီး ထိတွေ့တိုက်ပွဲ ၁၅ မိနစ်ခန့် ဩဂုတ်လ ၂၇ ရက်နေ့ ညနေ ၃ နာရီ ၄၀ မိနစ်ခန့်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပေါက်မြို့မှ ထွက်လာသည့် စစ်ကောင်စီတပ်နှင့် လမ်းပိုင်းဆိုင်ရာ လုံခြုံရေးအတွက် ကင်းလှည့်နေသည့် ပေါက် ပကဖနှင့် ပေါက်ကျေးရွာ ကာကွယ်ရေးအဖွဲ့များ၊ မြိုင် ပကဖ ရင်း (၃) ခွဲ(၅) ပူးပေါင်းတပ်ဖွဲ့နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး အကျအဆုံးကို မသိရသေးကြောင်း မြိုင် ပကဖမှ ယနေ့…
Read More
တော်လှန်ရေးအင်အားစုများ စည်းလုံးမှုအားနည်းလာပြီး နယ်မြေခွဲခြားမှုများရှိလာပြီဟု ဗိုလ်မိုက်ခဲပြော

တော်လှန်ရေးအင်အားစုများ စည်းလုံးမှုအားနည်းလာပြီး နယ်မြေခွဲခြားမှုများရှိလာပြီဟု ဗိုလ်မိုက်ခဲပြော

RNA_ဩဂုတ်(၂၇)၊၂၀၂၃ ခုနှစ်။   ဘုံရန်သူကို မနိုင်သေးခင် စည်းလုံးမှုပျက်လို့မဖြစ်ကြောင်း၊ စစ်ကောင်စီတပ်ကို ခုခံစစ်စတင်စဉ် တူမီးကာလပျော်စရာကောင်းခဲ့ပေမဲ့ ယခုအချိန်တွင် စည်းလုံးမှုပိုင်းဆိုင်ရာ အားနည်းလာပြီး သူ့နယ်မြေ ငါ့နယ်မြေ ခွဲခြားလာမှုများ ရှိနေသည့်အတွက် ပူးပေါင်းပြီးလုပ်ဆောင်ကြရန် Myingyan Black Tiger တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောကြားထားသည်။ မြင်းခြံမြို့နယ်နှင့် ရေစကြိုမြို့နယ်ရှိ ရေလယ်ကျွန်းဒေသကို စစ်ကောင်စီတပ်အနေဖြင့် ပွင့်လင်းရာသီရောက်လာပါက အင်အားသုံးဖြိုခွင်းမည့် သတင်းများထွက်ပေါ်နေသည့်အတွက် ဒေသတွင်း တော်လှန်ရေးအင်အားစုများ ပူးပေါင်းဆောင်ရွက်ကြရန်အတွက် မဟာမိတ်အင်အားစုဖွဲ့စည်းရန် လုပ်ဆောင်နေသည်ဟု စသဖြင့် ဒေသတွင်း အခြေအနေများကို ပြောကြားထားသည်။   #RedNewsAgency
Read More