နွေဦးတော်လှန်ရေး

ခင်ဦးဆေးရုံမှာ စစ်ကောင်စီလက်အောက်ခံ ၉ ဦးဆေးကုသမှုခံယူနေရ

ခင်ဦးဆေးရုံမှာ စစ်ကောင်စီလက်အောက်ခံ ၉ ဦးဆေးကုသမှုခံယူနေရ

RNA_စက်တင်ဘာ(၁)၊၂၀၂၃ ခုနှစ်။ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ခင်ဦးမြို့နှင့်ကံသာယာရွာအကြားတွင် ခင်ဦး ပလဖ ရဲဘော်များ၊စေတန်ဦးဆောင်သည့် MRDA ရဲဘော်များနှင့် စစ်ကောင်စီတပ်သားများ ဩဂုတ်လ ၃၀ ရက်နေ့ ညနေ ၅ နာရီဝန်းကျင်က ပစ်ခတ်မှုဖြစ်ပွားရာ စစ်ကောင်စီတပ်သား ၄ ဦးသေဆုံးပြီး ၉ ဦး ဒဏ်ရာရရှိကာ ခင်ဦးမြို့ဆေးရုံတွင် ဆေးကုသမှု ခံယူနေရသည်ဟု MRDA စေတန်တပ်ခွဲမှ တပ်ခွဲမှူးက ပြောသည်။ #RedNewsAgency
Read More
စစ်ကိုင်းတိုင်းမှာ AK 47 ထုတ်လုပ်အောင်မြင်

စစ်ကိုင်းတိုင်းမှာ AK 47 ထုတ်လုပ်အောင်မြင်

RNA_ဩဂုတ်(၃၁)၊၂၀၂၃ ခုနှစ်။   စစ်ကိုင်းတိုင်း၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ယင်းမာပင်ခရိုင် တပ်ရင်းအမှတ် (၃၂)၊ ရွှေတြိဂံပြည်သူ့ကာကွယ်ရေးတပ်ရင်း၊ တပ်ခွဲ (၁) Infinite Revolution Force -I.R.F က AK 47 ထုတ်လုပ်အောင်မြင်ခဲ့ကြောင်း သိရသည်။   “ထုတ်လုပ်သည့်သေနတ်အမျိုးအစားကို AK47ဟု ခေါ်ဆို၍ ထုတ်လုပ်သည့်နေရာသည် စစ်ကိုင်းတိုင်းဖြစ်ပါသည်။ ထို့ကြောင့် ကျွန်တော်တို့ထုတ်လုပ်ထားသော AK47ကို "AK47 MADE IN SAGAING” (သို့မဟုတ်) "SAGAING MADE AK 47” ဟုခေါ်ဆိုသွားပါမည်” ဟု Infinite Revolution Force ကထုတ်ဖော်ပြောကြားထားသည်။   "AK 47 MADE IN SAGAING"(သို့အဟုတ်)…
Read More
လက်ခတ်တောင်ကိစ္စနှင့်ပတ်သက်ပြီး ဗိုလ်ဒါဘောပြောကြား

လက်ခတ်တောင်ကိစ္စနှင့်ပတ်သက်ပြီး ဗိုလ်ဒါဘောပြောကြား

RNA_ဩဂုတ်(၂၉)၊၂၀၂၃ ခုနှစ်။   ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ လက်ခတ်တောင်တာဝါတိုင်ကုန်းစခန်း သိမ်းပိုက်ထားမှုအခြေအနေများနှင့် ပတ်သက်ပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကော်ဘရာစစ်ကြောင်း စစ်ဆင်ရေးမှူး ဗိုလ်ဒါဘောက ပြောကြားထားသည်။ Red News Agency
Read More
ဒေသခံကာကွယ်ရေးတပ်ဖွဲ့များ လုံခြုံရေးကင်းလှည့်နေစဉ် စကစတပ်နှင့်တိုက်ပွဲဖြစ်

ဒေသခံကာကွယ်ရေးတပ်ဖွဲ့များ လုံခြုံရေးကင်းလှည့်နေစဉ် စကစတပ်နှင့်တိုက်ပွဲဖြစ်

RNA_ဩဂုတ်(၂၈)၊၂၀၂၃ ခုနှစ်။   မကွေးတိုင်း၊ ပေါက်မြို့နယ်၊ အုန်းတော့မြောက်စုရွာအနောက်ဘက် ( ဒေသအခေါ် ကျွန်းနစ်ကုန်းနှင့် တမာချာက်ရိုးကြား) တွင် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များ လမ်းပိုင်းဆိုင်ရာအတွက် လုံခြုံရေးကင်းလှည့် စစ်ကောင်စီတပ်နှင့်တွေ့ပြီး ထိတွေ့တိုက်ပွဲ ၁၅ မိနစ်ခန့် ဩဂုတ်လ ၂၇ ရက်နေ့ ညနေ ၃ နာရီ ၄၀ မိနစ်ခန့်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပေါက်မြို့မှ ထွက်လာသည့် စစ်ကောင်စီတပ်နှင့် လမ်းပိုင်းဆိုင်ရာ လုံခြုံရေးအတွက် ကင်းလှည့်နေသည့် ပေါက် ပကဖနှင့် ပေါက်ကျေးရွာ ကာကွယ်ရေးအဖွဲ့များ၊ မြိုင် ပကဖ ရင်း (၃) ခွဲ(၅) ပူးပေါင်းတပ်ဖွဲ့နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး အကျအဆုံးကို မသိရသေးကြောင်း မြိုင် ပကဖမှ ယနေ့…
Read More
တော်လှန်ရေးအင်အားစုများ စည်းလုံးမှုအားနည်းလာပြီး နယ်မြေခွဲခြားမှုများရှိလာပြီဟု ဗိုလ်မိုက်ခဲပြော

တော်လှန်ရေးအင်အားစုများ စည်းလုံးမှုအားနည်းလာပြီး နယ်မြေခွဲခြားမှုများရှိလာပြီဟု ဗိုလ်မိုက်ခဲပြော

RNA_ဩဂုတ်(၂၇)၊၂၀၂၃ ခုနှစ်။   ဘုံရန်သူကို မနိုင်သေးခင် စည်းလုံးမှုပျက်လို့မဖြစ်ကြောင်း၊ စစ်ကောင်စီတပ်ကို ခုခံစစ်စတင်စဉ် တူမီးကာလပျော်စရာကောင်းခဲ့ပေမဲ့ ယခုအချိန်တွင် စည်းလုံးမှုပိုင်းဆိုင်ရာ အားနည်းလာပြီး သူ့နယ်မြေ ငါ့နယ်မြေ ခွဲခြားလာမှုများ ရှိနေသည့်အတွက် ပူးပေါင်းပြီးလုပ်ဆောင်ကြရန် Myingyan Black Tiger တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောကြားထားသည်။ မြင်းခြံမြို့နယ်နှင့် ရေစကြိုမြို့နယ်ရှိ ရေလယ်ကျွန်းဒေသကို စစ်ကောင်စီတပ်အနေဖြင့် ပွင့်လင်းရာသီရောက်လာပါက အင်အားသုံးဖြိုခွင်းမည့် သတင်းများထွက်ပေါ်နေသည့်အတွက် ဒေသတွင်း တော်လှန်ရေးအင်အားစုများ ပူးပေါင်းဆောင်ရွက်ကြရန်အတွက် မဟာမိတ်အင်အားစုဖွဲ့စည်းရန် လုပ်ဆောင်နေသည်ဟု စသဖြင့် ဒေသတွင်း အခြေအနေများကို ပြောကြားထားသည်။   #RedNewsAgency
Read More
ကရင်နီပြည်ရဲဌာန (၂) နှစ်ပြည့်အထိမ်းအမှတ် အကျဉ်းသား (၃၈) ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပေး

ကရင်နီပြည်ရဲဌာန (၂) နှစ်ပြည့်အထိမ်းအမှတ် အကျဉ်းသား (၃၈) ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပေး

RNA_ဩဂုတ်(၂၅)၊၂၀၂၃ ခုနှစ်။  ကရင်နီပြည်နယ်အတိုင်ပင်ကောင်စီနှင့် ကြားကာလ ကရင်နီပြည်နယ်အုပ်ချုပ်ရေးကောင်စီ၏ ကြပ်မတ်လမ်းညွှန်မှုဖြင့် ကရင်နီပြည်ရဲဌာန ဖွဲ့စည်းခြင်း (၂) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် လူ့အခွင့်အရေးနှင့် လူသားချင်းစာနာထောက်ထားမှုဖြင့် ယနေ့တွင် အကျဉ်းသား (၃၈) ဦးကို ပြစ်ဒဏ်လျော့ပေ့ါကာ လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့ကြောင်း သိရသည်။  ကရင်နီပြည်ရဲဌာနကို ၂၀၂၁ ခုနှစ် ဩဂုတ်လ ၂၅ ရက်နေ့က စတင်ဖွဲ့စည်းခဲ့ကြောင်း ယနေ့ ၂ နှစ်ပြည့်ချိန်တွင် ခိုးမှု၊ မူးယစ်ဆေးမှုအပါအဝင် အမှု (၃၆၂) မှုကိုအရေးယူနိုင်ခဲ့ပြီး စစ်ကောင်စီတပ်ကျူးလွန်ခဲ့သည့် မိုဆိုကျေးရွာအနီး အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုနှင့် နမ်းနိမ်းကျေးရွာဘုန်းကြီးကျောင်း အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတို့ကို NUG လူ့အခွင့်အရေးဝန်ကြီးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ခြင်း၊ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့အစည်းများနှင့် ပြည်တွင်း ပြည်ပ မီဒီယာများသို့ ချပြခြင်းများ ပြုလုပ်နိုင်ခဲ့ကြောင်း…
Read More
ဗိုလ်နဂါး၏ စစ်ရေးနိုင်ငံရေးရည်ရွယ်ချက်

ဗိုလ်နဂါး၏ စစ်ရေးနိုင်ငံရေးရည်ရွယ်ချက်

RNA_ဩဂုတ်(၂၅)။၂၀၂၃ ခုနှစ်။   စစ်ဗိုလ်ချုပ်များနှင့် နောက်လိုက်အပေါင်းအပါများ အားလုံး ဒူးထောက်လက်မြှောက်ပြီး ပြည်သူ့ရှေ့မှောက်မှာ လက်နက်ချ အညံ့ခံပြီး၊ ပြည်သူလိုချင်သမျှ ပြည်သူဆန္ဒကို လိုက်လျောရသည်အထိ စစ်ရေးရည်မှန်းချက်ရှိသည်ဟု ဗိုလ်နဂါး၏ စစ်ရေး၊နိုင်ငံရေး ရည်မှန်းချက်များကို Facebook Live တွင် ထည့်သွင်းပြောကြားထားမှုကို ကောက်နုတ်တင်ပြအပ်ပါသည်။   #RedNewsAgency
Read More
နွေဦးတော်လှန်ရေး ခုခံစစ် ၂ နှစ်အတွင်း အပြောင်းအလဲများ

နွေဦးတော်လှန်ရေး ခုခံစစ် ၂ နှစ်အတွင်း အပြောင်းအလဲများ

"မင်းအောင်လှိုင်စစ်တပ်ရဲ့ သဘောတရားကို ကြည့်မယ်ဆိုရင် လက်နက်ကိုင်ထားသူများအပ ၎င်းကို ထောက်ခံသည်ဖြစ်စေ၊ မထောက်ခံသည်ဖြစ်စေ မခွဲခြားပဲ တန်းတူထား ဖိနှိပ်တာကို မြင်တွေ့ရမှာပါ" ကျော်ရဲစံ ယေဘုယျ အားဖြင့် ၂၀၂၁ ခုနှစ် မတ်လ မှစတင်ခဲ့သောလက်နက်ကိုင် တော်လှန်ရေးသည် နှစ်နှစ်ကျော် ကြာမြင့်လာပြီဖြစ်သည်။ စစ်ကိုင်းတိုင်းက ကလေးမြို့နယ် တာဟန်းခံတပ်က အစပြုလို့ ပြည်သူ့ခုခံစစ်အဖြစ် အမျိုးသားညီညွတ်ရေး အစိုးရက ကြေညာခဲ့သည်ဆိုလျှင် နှစ်နှစ်နီးပါး ပြည့်တော့မှာဖြစ်ပါတယ်။ ဒီကာလအတွင်း တူမီးကအစပြုလို့ လက်လုပ် မိုင်းတွေနဲ့ စစ်ကောင်စီကို ခုခံ တော်လှန်ခဲ့ကြရာမှ Federal Wings ကဲ့သို့ ဒရုန်းတပ်ဖွဲ့များ၊ ၈၀မမ၊ ၆၀ မမ လက်လုပ်လက်နက်ကြီးများနဲ့ အော်တိုပစ်ခတ်နိုင်တဲ့ မောင်းပြန် သေနတ်များပါ ကာကွယ်ရေးအဖွဲ့တွေက…
Read More
နိုင်ငံရေးလုပ်ရင်း စီးပွားဖြစ်သွားကြသည့် လူမျိုးတွေဆိုတာ

နိုင်ငံရေးလုပ်ရင်း စီးပွားဖြစ်သွားကြသည့် လူမျိုးတွေဆိုတာ

RNA_ဩဂုတ်(၂၃)၊၂၀၂၃ ခုနှစ်။   နိုင်ငံ့အကျိုးထက် မိသားစုအကျိုး၊ နိုင်ငံရေးလုပ်ရင်း စီးပွားဖြစ်သွားကြသည့် လူမျိုးတွေဆိုတာ မင်းအောင်လှိုင်တို့အုပ်စု၏ လုပ်ရပ်များ ဖြစ်သည်ဟု ဗိုလ်နဂါး၏ သဘောထားအမြင်များကို ယမန်နေ့ညကပြောသည့် Facebook Live တွင် ထည့်သွင်းပြောကြားသွားသည်။   “ပြည်သူကို သူတို့ဘာတွေလုပ်ပေးနေပါတယ်၊ ဘာတွေတိုးတက်အောင်လုပ်ပေးနေပါတယ်ဆိုပြီး စကားလုံးတွေနဲ့ပဲပြောပြီးတော့ ပြည်သူ့အကျိုးစီးပွားထက် သူတို့အကျိုးစီးပွားပဲလုပ်သွားကြတဲ့ အုပ်စု၊ နိုင်ငံရေးတပိုင်းလုပ်ပြရင်းနဲ့ မိမိမိသားစုအကျိုးစီးပွားကို များများလုပ်နေတဲ့အုပ်စု အဲဒါမင်းအောင်လှိုင်တို့အုပ်စု” စသဖြင့် ဗိုလ်နဂါးက နိုင်ငံရေးမှာ အကျိုးစီးပွားလုပ်နေသူများကိစ္စနှင့် ပတ်သက်ပြီးသဘောထား အမြင်များ ပြောကြားထားမှုကို ကောက်နုတ်တင်ပြလိုက်ပါသည်။ (more…)
Read More
ပွိုင့် 5 တလက်နှင့် လက်နက်အချို့ယူကာ သစ္စာဖောက်ခံရသည်ဟု ဗိုလ်နဂါးပြော

ပွိုင့် 5 တလက်နှင့် လက်နက်အချို့ယူကာ သစ္စာဖောက်ခံရသည်ဟု ဗိုလ်နဂါးပြော

RNA_ဩဂုတ်(၂၂)၊၂၀၂၃ ခုနှစ်။ အဖွဲ့အစည်းအတွင်း တပ်ရင်းမှူး တဦးက ပွိုင့် 5 တလက်နှင့် လက်နက်အချို့ယူကာ ဖမ်းဆီးမည်အထိ လုပ်ဆောင်သည့် သစ္စာဖောက် ခံခဲ့ရသည်ဟု ဗိုလ်နဂါးက ယမန့်နေ့ညက ပြုလုပ်သည့် Facebook Live တွင် ထည့်သွင်းပြောကြားသွားသည်။ NUG-MOD နှင့် ဆက်ဆံရေးကောင်းရှိနေပြီး တပ်ရင်းမှူးတဦးက ဒုစစ်ဦးစီးချုပ်အထိတောင်းသည်ကို မပေးသည့်အတွက် ဒေသတွင်းအဖွဲ့တချို့နှင့်ပေါင်းကာ သစ္စာဖောက်ခံခဲ့ရကြောင်း၊ သစ္စာဖောက်သွားသည့် ရင်းမှူးကို ထုတ်ပယ်လိုက်ပြီ စသည့် အဖွဲ့အစည်းတွင်းအခြေအနေများကို ပြောကြာားထားသည်။ Red News Agency
Read More