ရှမ်းမြောက်

သိန္နီမြို့သိမ်းတိုက်ပွဲတွင် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ရဲဘော်များ ပါဝင်

သိန္နီမြို့သိမ်းတိုက်ပွဲတွင် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ရဲဘော်များ ပါဝင်

RNA_အောက်တိုဘာ(၂၉)၊၂၀၂၃ ခုနှစ်။ ၁၀၂၇ စစ်ဆင်ရေးတွင် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် People's Liberaion Army - PLA တပ်ရင်းများသည် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) ၏ ဦးဆောင်မှုဖြင့် အခြားမဟာမိတ်တပ်များ၊ Drone တပ်ဖွဲ့များနှင့်အတူ သိန္နီမြို့ မြို့သိမ်းတိုက်ပွဲတွင် ပူးပေါင်းပါဝင်ကာ ရွပ်ရွပ်ချွံချွံ အစွမ်းကုန် တိုက်ပွဲဆင်နွှဲလျက်ရှိကြောင်း သိရသည်။ "PLA ဟာ မဟာမိတ်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးအောက်မှာ သိန္နီမြို့ တောင်ပိုင်းနဲ့ မြောက်ပိုင်းကို စီးမိထားတယ်။ တောင်ပိုင်းမှာတော့ တိုက်ပွဲတွေ ဆက်နေဆဲဖြစ်ပါတယ်” ဟု PLA ကထုတ်ပြန်ထားသည်။ (more…)
Read More
“သိန္နီ” ရဲစခန်းအပါအဝင် စစ်ကောင်စီတပ်စခန်းများကို ယနေ့နံနက် ဆက်လက်တိုက်ခိုက်သိမ်းပိုက်

“သိန္နီ” ရဲစခန်းအပါအဝင် စစ်ကောင်စီတပ်စခန်းများကို ယနေ့နံနက် ဆက်လက်တိုက်ခိုက်သိမ်းပိုက်

RNA_အောက်တိုဘာ(၇)၊၂၀၂၃ ခုနှစ်။ မြောက်ပိုင်းမဟာမိတ် (၃) ဖွဲ့နှင့် မဟာမိတ်များ ပူးပေါင်းဖော်ဆောင်နေသည့် ၁၀၂၇ စစ်ဆင်ရေး "Operation 1027" တတိယနေ့ ယနေ့ နံနက် ၁၁ နာရီအထိ သိန္နီ ရဲစခန်းအပါအဝင် စစ်ကောင်စိတပ် စခန်းများကို ဆက်လက် တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်းသိရသည်။ စစ်ဆင်ရေး တတိယနေ့တွင် နောင်ချို၊ သိန္နီ၊ မိုးကုတ်၊ လားရှိုး၊ ချင်းရွှေဟော်၊ မုံးကိုးမြို့နယ်များအတွင်း၌ စစ်ကောင်စီတပ် စခန်းသိမ်း တိုက်ပွဲများကို ပြုလုပ်လျက်ရှိကြောင်း၊ စစ်ကောင်စီလက်အောက်ခံ အလောင်းအမြောက်အမြားနှင့်အတူ လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်း အမြောက်အမြားတို့ကို သိမ်းဆည်းရမိပြီး စစ်သုံ့ပန်းအချို့ကိုလည်း ဖမ်းဆီးရမိထားပြီး စစ်သုံ့ပန်းဥပဒေနှင့်အညီ ထိန်းသိမ်းထားကြောင်း ညီနောင် မဟာမိတ် ၃ ဖွဲ့က ထုတ်ပြန်ထားသည်။ (more…)
Read More
မိုးဗြဲ PDF တပ်ရင်းတိုးချဲ့တည်ထောင်ခြင်း (၁) နှစ်ပြည့် အခမ်းအနားကျင်းပ 

မိုးဗြဲ PDF တပ်ရင်းတိုးချဲ့တည်ထောင်ခြင်း (၁) နှစ်ပြည့် အခမ်းအနားကျင်းပ 

RNA_ဇွန်(၇)၊၂၀၂၃ ခုနှစ်။ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်းအမှတ် ၁၀၀၇ (မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်၂) တိုးချဲ့ တည်ထောင်ခြင်း ( ၁) နှစ်ပြည့်အခမ်းအနား ယနေ့ ကျင်းပခဲ့ကြောင်း သိရသည်။ ၂၀၂၃ ခုနှစ် ဇွန်လ ၇ ရက်နေ့သည် စစ်အာဏာရှင်ကို လက်နက်ကိုင်ခုခံသည့်တွန်းလှန်ခြင်း ၂ နှစ်ပြည့်နှင့် မိုးဗြဲပြည်သူ့ ကာကွယ်ရေးတပ်ရင်း ၂တိုးချဲ့တည်ထောင်ခြင်းတစ်နှစ်ပြည့်အခမ်းအနားကို အခြေအနေအရ အကျဥ်းချုပ်ပြုလုပ်ခဲ့ရကြောင်း၊ တပ်ရင်းအမှတ် ၁၀၀၁ ( ယမိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် ၁) မှအဖြစ်မှ စစ်မြေပြင်တည်နေရာ အနေအထားအရ ခွဲထွက်ကာ တိုးချဲ့ဖွဲ့စည်းခဲ့ရခြင်း ဖြစ်သည်ဟု MOBYE PDF ၂ သတင်းနှင့်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ထားသည်။ (more…)
Read More
ကျောက်မောရွာရှိ ရဲကင်းစခန်းကို ABSDF ရဲဘော်များ တိုက်ခိုက်သိမ်းပိုက်

ကျောက်မောရွာရှိ ရဲကင်းစခန်းကို ABSDF ရဲဘော်များ တိုက်ခိုက်သိမ်းပိုက်

RNA_မေ(၂၅)၊၂၀၂၃ ခုနှစ်။ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မိုးမိတ်မြို့နယ် ကျောက်မောကျေးရွာရှိ ရဲကင်းစခန်းကို ABSDF ရဲဘော်များ မေလ (၂၄) ရက်နေ့ နံနက်(၆) နာရီ (၁၅) မိနစ်က ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်ခဲ့ကြောင်း သိရသည်။ မိနစ် (၃၀) ဝန်းကျင်ကြာ ရဲကင်းစခန်းစီးနင်းတိုက်ခိုက်မှုအတွင်း စစ်ကောင်စီလက်အောက်ခံ ရဲတပ်ကြပ်ကြီး အပါအဝင် (၄) ဦးသေဆုံးပြီး၊ BA- 63 (G-3) ၄ လက်၊ BA-64 (G-4)၁ လက်၊ BA-93 Uzi ၁ လက်၊ ကျည်ကဒ် ၉ ကဒ်၊ ကျည် ၆၅၀ နှင့် လက်ပစ်ဗုံး ၃ လုံးအပါအဝင် ရဲ…
Read More
စစ်ကောင်စီတပ် ခလရ (၁၄၇) တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး မြတ်မင်းထွန်း သေဆုံး 

စစ်ကောင်စီတပ် ခလရ (၁၄၇) တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး မြတ်မင်းထွန်း သေဆုံး 

RNA_ဧပြီ( ၂၃)၊၂၀၂၃ ခုနှစ်။ ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်နှင့် ပြင်ဦးလွင်မြို့နယ် နယ်စပ်ဒေသရှိ ခလရ (၁၄၇) စခန်းကုန်းကို ဧပြီလ (၂၂) ရက်နေ့ နံနက် (၃)နာရီခန့်တွင် မန္တလေး PDF ရဲဘော်များ တိုက်ခိုက်မှုအပြီး တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး မြတ်မင်းထွန်းရောက်ရှိလာချိန် ကားရပ်မပေးသည့်အတွက် ပစ်ခတ်ရာ သေဆုံးသွားကြောင်း သိရသည်။   "မိမိတို့တပ်ဖွဲ့များ အခြေပြုနေရာ ယူထားရာ နေရာသို့ အိမ်စီးကား(၂) စီး ရောက်ရှိလာရာ အိမ်စီးကားပေါ်တွင် ရန်သူ့တပ် ယူနီဖောင်းဝတ်တဦး ပါလာသဖြင့် တားမြစ်စစ်ဆေးရာ မရပ်ပေးသဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့သည်။ Toyota Corolla အိမ်စီးကားတစီး ရပ်တန့်သွားပြီး ကားပေါ်မှ ခလရ(၁၄၇) တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး မြတ်မင်းထွန်းအား…
Read More
စစ်ကောင်စီတပ် ဂိတ်စခန်း တိုက်ခိုက်ခံရပြီး (၇) ဦးသေ 

စစ်ကောင်စီတပ် ဂိတ်စခန်း တိုက်ခိုက်ခံရပြီး (၇) ဦးသေ 

RNA_ဧပြီ(၈)၊၂၀၂၃ ခုနှစ်။ မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်၊ မိုးကုတ်- ပြင်ဦးလွင် - ကျောက်မဲ ဆက်သွယ်ရေး လမ်းမပေါ်ရှိ စစ်ကောင်စီတပ်နှင့် ရဲများအထိုင်ချသည့် လယ်ကြီးဂိတ်စခန်းကို KIA နှင့် ပူးပေါင်းများဟာမိတ်များ သွားရောက် တိုက်ခိုက်ရာ စစ်ကောင်စီတပ်နှင့်ရဲ (၇) ဦးသေဆုံးပြီး (၇) ဦးထက်မနည်း ဒဏ်ရာရရှိသွားကြောင်း သိရသည်။ KIA၊ K- PDF ( Kachin Region )၊ PDF( NUG )၊ ကျောင်းသားတပ်မတော်( A.B.S.D.F )၊ ရှမ်းမြောက်ဒေသ မဟာမိတ်တပ်ပေါင်းစုတို့မှ ပူးပေါင်းစစ်ဆင်ရေးအဖြစ် ဧပြီလ (၇) ရက်နေ့ နံနက် (၇) နာရီ (၄၀) မိနစ်ဝန်းကျင်က လယ်ကြီး…
Read More
ပြည်သူစစ်တပ်ဖွဲ့မှ ဖမ်းဆီးသွားသည့် တအာင်းလူမျိုး (၁၂၇)ဦးကို TNLA မှ ကယ်ထုတ်နိုင်ခဲ့

ပြည်သူစစ်တပ်ဖွဲ့မှ ဖမ်းဆီးသွားသည့် တအာင်းလူမျိုး (၁၂၇)ဦးကို TNLA မှ ကယ်ထုတ်နိုင်ခဲ့

RNA_ဖေဖော်ဝါရီ(၇)၊၂၀၂၃ ခုနှစ်။ စစ်ကောင်စီလက်အောက်ခံ ဂျာယန်ကျေးရွာ ဂျာယန်ပြည်သူ့စစ်အဖွဲ့မှ စစ်မှုထမ်းရန် မတရားဖမ်းဆီးထားပြီး စစ်သင်ဆန်းပေးခံနေရသည့် တအာင်းလူမျိုး (၁၂၇)ဦိးအား TNLA မှသွားရောက်ကယ်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။ တအာင်းပြည်နယ်၊ တပ်မဟာ (၆) စစ်ဒေသအတွင်း အဓမ္မဖမ်းဆီးခံထားရသည့် တအာင်းလူမျိုး(၁၂၇)ဦိးတွင် အသက်မပြည့်သေးသည့် ကျောင်းနေအရွယ်ကလေး (၂၀)ဦီး၊ အမျိုးသမီးငယ်(၁၅)ဦီး၊ အခြားအရွယ် (၉၂)ဦီး ပါဝင်ကြောင်း၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLAမှ ဖေဖော်ဝါရီလ ၄ ရက်နေ့က ကယ်ထုတ်နိုင်ခဲ့သော်လည်း စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုများစွာပြုလုပ်ကာ ဟန့်တားခဲ့ကြောင်း TNLA က ထုတ်ပြန်ထားသည်။ (more…)
Read More
ညီညွတ်ရေးနှင့် အောင်ပွဲခံမည့် မဟာဗျူဟာများဖြင့် တိုက်ပွဲဝင်ရမည့် အချိန်ဟု TNLA ကြေညာ

ညီညွတ်ရေးနှင့် အောင်ပွဲခံမည့် မဟာဗျူဟာများဖြင့် တိုက်ပွဲဝင်ရမည့် အချိန်ဟု TNLA ကြေညာ

RNA_ဇန်နဝါရီ(၁၂)၊၂၀၂၃ ခုနှစ်။ နွေဦးတော်လှန်ရေးမှပေါက်ဖွားလာသည့် အင်အားစုအသီးသီးမှအဖွဲ့အစည်းများ၊ တိုင်းရင်းသားတော်လှန်ရေးအင်အားစုများသည် အမျိုးမျိုးသော ဝိဝါဒကွဲပြားမှုကို ကျော်လွှားပြီး ပိုမိုခိုင်မာသည့် ညီညွတ်ရေးနှင့် အောင်ပွဲခံမည့်မဟာဗျူဟာများဖြင့် တော်လှန်တိုက်ပွဲဝင်ရန် အရေးကြီးသော အချိန်ကာလဖြစ်သည်ဟု PSLF/TNLA က ကြေညာထားသည်။ (more…)
Read More
TNLA နှင့် တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၅၀ ဝန်းကျင် သေဆုံးပြီး ၂၇ ဦး အရှင်ဖမ်းခံရ 

TNLA နှင့် တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၅၀ ဝန်းကျင် သေဆုံးပြီး ၂၇ ဦး အရှင်ဖမ်းခံရ 

RNA_ဒီဇင်ဘာ(၁၄)၊၂၀၂၂ခုနှစ်။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ TNLA တပ်မဟာ(၂) စစ်ဒေသ၊ နမ့်ဆန်မြို့နယ်၊ ကုန်းသာ(ရဝ်ဘြာန်း) ကျေးရွာဝန်းကျင်တွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၅၀ ဝန်းကျင်သေဆုံးပြီး ၂၇ ဦး အရှင်ဖမ်းခံခဲ့ရကြောင်း သိရသည်။ စစ်ကောင်စီတပ် အင်အားအများအပြားနှင့် လေကြောင်း ပစ်ကူ၊ လက်နက်ကြီးပစ်ကူများ အပါအဝင် ကုန်းသာကျေးရွာ ဝန်းကျင်မှာ TNLA နှင့် ဒီဇင်ဘာ (၇) ရက်နေ့ နေ့လည်မှစတင်ကာ ဒီဇင်ဘာလ (၁၁) ရက်နေ့အထိ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း၊ ဒီဇင်ဘာ ၁၂ ရက်နေ့မှာ တိုက်ပွဲဖြစ်ပွားမှု မရှိပေမဲ့ စစ်ကောင်စီတပ် လေကြောင်းမှတဆင့် ပျံသန်းကြည့်ရှုမှုများရှိကြောင်း သိရသည်။ " တိုက်ပွဲကြီး အောင်မြင်စွာပြီးဆုံး စကစ အလောင်း ၄၇…
Read More
ရှမ်းမြောက်မှာ PDF အချင်းချင်း ပစ်ခတ်မှုဖြစ်ပြီး (၅) ဦးကျဆုံး၊ ၆ ဦးပျောက်နေ

ရှမ်းမြောက်မှာ PDF အချင်းချင်း ပစ်ခတ်မှုဖြစ်ပြီး (၅) ဦးကျဆုံး၊ ၆ ဦးပျောက်နေ

RNA_နိုဝင်ဘာ(၂၅)၊၂၀၂၂ ခုနှစ်။  ရှမ်းပြည်နယ် မြောက်မိုင်း မူဆယ်မြို့နယ်အခြေစိုက် People Security Defemse Army - Northern Shan State အဖွဲ့က ခွဲထွက်သည့် PDF ၁၄ ဦးရှိ စခန်းကို ဝင်ရောက်တိုက်ခိုက်သည့်အတွက် နေရာတွင် PDF (၅) ဦးကျဆုံးကာ ဒဏ်ရာရ (၂) ဦးအပါအဝင် (၃) ဦးလွတ်မြောက်ပြီး (၆) ဦးပျောက်ဆုံးနေကြောင်း သိရသည်။ PDF အဖွဲ့ဝင် ၁၄ ဦးရှိနေသည့် မူဆယ်မြို့နယ်၊ ကျေးရွာတရွာအနီးဝန်းကျင်ရှိ စခန်းကို People Security Defemse Army - Northern Shan State အဖွဲ့ဝင် (၁၀) ဦးဝန်းကျင်က…
Read More