Category: ကြေငြာချက်

  • KNLA တပ်ရင်းဌာနချုပ်ကို ပူးပေါင်းတပ်ဖွဲ့များ ပြန်လည်သိမ်းပိုက်

    KNLA တပ်ရင်းဌာနချုပ်ကို ပူးပေါင်းတပ်ဖွဲ့များ ပြန်လည်သိမ်းပိုက်

    RNA_ဖေဖော်ဝါရီ(၂၄)၊၂၀၂၃ ခုနှစ်။

    ကရင်အမျိုးသားအစည်းအရုံး -KNU၊ တပ်မဟာ (၆) နယ်မြေ ကော့ကရိတ်မြို့နယ် ဒေါနအရှေ့ဘက်( မြဝတီတောင်ပိုင်း)ရှိ KNLA တပ်ရင်း (၁၀၃) ဌာနချုပ်ကို စစ်ကောင်စီတပ် သိမ်းပိုက်ထားရာမှ KNDO အပါအဝင် ပူးပေါင်းတပ်ဖွဲ့များက ပြန်လည်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

    KNLA တပ်ရင်းစခန်းမီးရှို့ခံထားရသည့်မြင်ကွင်း။

    “စီးနင်းခံရသည့်စခန်းကို ကရင်အမျိုးသားကာကွယ် ရေးတပ်ဖွဲ့ (KNDO) လုံခြုံရေးတပ်ရင်း(၈)တပ်ဖွဲ့နှင့် အထူးကွန်မန်ဒိုတပ်ရင်း၊ Federal Wings ပူးပေါင်းတပ်ဖွဲ့များက ဒရုန်းတိုက်ခိုက်မှုများဖြင့် အဆက် မပြတ်တိုက်ခိုက်မှုများလုပ်ဆောင်ပြီးနောက် ဖေဖော်ဝါရီလ (၂၂) ရက်နေ့ နေ့လည် (၁၂) နာရီခန့်တွင် တပ်ရင်းဌာနချုပ်နေရာကို ပြန်လည်တိုက်ယူနိုင်ခဲ့သည်” ဟု ယနေ့ Federal Wings က ထုတ်ပြန်ထားသည်။

    (more…)

  • ကလေးငယ်အပါအဝင် (၅) ဦး အသတ်ခံရမှု PDF မှ စုံစမ်းဖော်ထုတ် အရေးယူမည်

    ကလေးငယ်အပါအဝင် (၅) ဦး အသတ်ခံရမှု PDF မှ စုံစမ်းဖော်ထုတ် အရေးယူမည်

    RNA_ဖေဖော်ဝါရီ(၂၃)၊၂၀၂၃ ခုနှစ်။

    ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ ရိပ်သာရပ်ကွက်အတွင်း (၃) နှစ်အရွယ် ကလေးငယ်အပါအဝင် (၅) ဦးသတ်ခံရမှုတွင် ကျူးလွန်သူများကို စုံစမ်းဖော်ထုတ်ပြီး ထိရောက်စွာ အရေးယူမည်ဟု လှည်းကူးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့ ထုတ်ပြန်ထားသည်။

    လှည်းကူးမြို့၊ ရိပ်သာရပ်ကွက်၊ ၁/န (၄) လမ်းသွယ်တွင် နေထိုင်သည့် ငါးခြောက်၊ ပုစွန်ခြောက် ရောင်းဝယ်ရေး လုပ်ကိုင်သူများဖြစ်သည့် ဒေါ်စန်းနွဲ့၊ ကိုမောင်မောင်၊ မဝင်းနွယ်၊ မဝင်းနွယ်၏ အသက် (၃) နှစ်အရွယ်သားနှင့် ဧည့်သည်ဖြစ်သည့် အသက် (၈၅) နှစ်အရွယ် အမျိုးသား (၁) ဦးတို့ ‌ဖေဖော်ဝါရီလ ၂၂ ရက်နေ့ ည (၈) နာရီဝန်းကျင်က လူတစုရောက်ရှိလာပြီး ပစ်ခတ်သတ်ဖြတ်သွားခြင်း ဖြစ်သည်။

    (more…)

  • ကပစ (၁၄) ယမ်းသန့်စင်စက်ရုံ တိုက်ခိုက်ခံရပြီး (၆) လခန့် ရပ်နားရနိုင်

    ကပစ (၁၄) ယမ်းသန့်စင်စက်ရုံ တိုက်ခိုက်ခံရပြီး (၆) လခန့် ရပ်နားရနိုင်

    RNA_ဖေဖော်ဝါရီ(၂၂)၊၂၀၂၃ ခုနှစ်။

    မကွေးတိုင်း၊ ငဖဲမြို့နယ်အခြေစိုက်၊ စစ်ကောင်စီတပ် အမှတ် (၁၄) စစ်လက်နက်ပစ္စည်း ထုတ်လုပ်သည့် (အဆင့်မြင့်ယမ်းသန့်စင်)စက်ရုံ တိုက်ခိုက်ခံရပြီး ထိခိုက်ပျက်စီးမှုများကြောင့် (၆) လခန့် ရပ်နားရနိုင်ကြောင်း People’s Revolution Alliance မှ ယနေ့ထုတ်ပြန်ထားသည်။

    (more…)

  • TNLA ဒုစစ်ဦးစီးချုပ် ကွယ်လွန်ခြင်းအတွက် ညီနောင်မဟာမိတ်များမှ ဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့

    TNLA ဒုစစ်ဦးစီးချုပ် ကွယ်လွန်ခြင်းအတွက် ညီနောင်မဟာမိတ်များမှ ဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့

    RNA_ဖေဖော်ဝါရီ(၂၂)၊၂၀၂၃ ခုနှစ်။

    ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး /တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ၏ ဗဟိုကော်မတီဝင်၊ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်မှူးကြီးတားအလှော် (ခ) တားမူစယ် ကွယ်လွန်ခြင်းအတွက် ညီနောင်မဟာမိတ်များဖြစ်သည့် MNDAAနှင့်AAတို့မှ ဝမ်းနည်းကြောင်းသဝဏ်လွှာ ပေးပို့ခဲ့သည်။

    PSLF/TNLA ဗဟိုကော်မတီဝင်၊ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်မှူးကြီးတားအလှော် (ခ) တားမူစယ် ( အသက် ၆၄ နှစ်) သည် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ (၂၁) ရက်နေ့ နံနက် (၄) နာရီ (၁၆) မိနစ်က ကွယ်လွန်ခဲ့ခြင်း ဖြစ်သည်။

    (more…)

  • TNLA နှင့်တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ၁၅ ဦးကျဆုံး

    TNLA နှင့်တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ၁၅ ဦးကျဆုံး

    RNA_ဖေဖော်ဝါရီ(၂၁)၊၂၀၂၃ ခုနှစ်။

    ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ TNLA တပ်မဟာ (၂) စစ်ဒေသတွင် ယမန်နေ့ နံနက် (၇) နာရီ (၃၀) မိနစ် ဝန်းကျင်က စစ်ကောင်စီတပ်နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်- TNLA တို့တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်မှ (၁၅) ဦးကျဆုံးပြီး ဒဏ်ရာရရှိသူများရှိကြောင်း သိရသည်။

    လားရှိုးအခြေစိုက် စစ်ကောင်စီတပ် စကခ(၁၆) ၊ ခလရ (၆၈)မှ အင်အား (၆၀)ဖြင့် နန်ခုံကျေးရွာနှင့် လမ်းဆုံကျေးရွာအနီးရှိ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA စခန်းရှိရာ တပ်ကုန်းသို့ ထိုးစစ်ဆင်တိုက်ခိုက်လာသည့်အတွက် တိုက်ပွဲဖြစ်ပွားပြီး၊ စစ်ကောင်စီဘက်မှ တိုက်လေ ယာဉ် (၁) စီးနှင့် ဟတ်စကီး (၁) စီး၊ လက်နက်ကြီးများဖြင့်ပါ ပစ်ကူသုံးခဲ့သည်ဟု TNLA ကထုတ်ပြန်ထားသည်။

    (more…)

  • တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ တပ်ခွဲမှူး (၁) ဦးအပါအဝင် (၅) ဦးဖမ်းခံရပြီး (၆) ဦးသေဆုံး

    တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ တပ်ခွဲမှူး (၁) ဦးအပါအဝင် (၅) ဦးဖမ်းခံရပြီး (၆) ဦးသေဆုံး

    RNA_ဖေဖော်ဝါရီ(၂၀)၊၂၀၂၃ ခုနှစ်။

    ဘောလခဲမြို့နယ်၊ ဟွေ့မာကော်နှင့် ဟွေခွန်းမောင်းကျေးရွာအကြား လက်နက်ခဲယမ်းနှင့် ရိက္ခာများသယ်ပို့နေသည့် စစ်ကောင်စီတပ် ခလရ (၅၄) မှ အင်အား (၃၀) ခန့်ပါ စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရပြီး တပ်ခွဲမှူး(၁)ဦးအပါအဝင် (၅) ဦးအရှင်ဖမ်းခံရပြီး (၆) ဦးသေဆုံးကြောင်း သိရသည်။

    ကရင်နီတပ်မတော်(KA)၊ ကရင်နီကွန်မန်ဒိုတပ်ဖွဲ့မှ ဦးစီး၍ ကရင်နီတပ်မတော် အမှတ်(၁)တပ်ရင်း၊ ကရင်နီတပ်မတော်အမှတ် (၅) တပ်ရင်းနှင့် KNDFတို့ ပါဝင်သော ပူးပေါင်းတပ်ဖွဲ့က ဖေဖော်ဝါရီလ (၁၉) ရက်နေ့က တိုက်ခိုက်ခဲ့ကြောင်း၊ အရှင်ဖမ်းမိသူများနှင့်အတူ MA လက်နက်မျိုးစုံ (၁၀)လက်နှင့် ကျည်ဆံ၊ ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း ကရင်နီစစ်ဘက်ဆိုင်ရာ ဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

    (more…)

  • ချင်းပြည်နယ်မှာ (၁၀) ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ (၄၅) ထက်မနည်းသေဆုံး

    ချင်းပြည်နယ်မှာ (၁၀) ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ (၄၅) ထက်မနည်းသေဆုံး

    RNA_ဖေဖော်ဝါရီ (၁၅)၊၂၀၂၃ ခုနှစ်။

    ချင်းပြည်နယ်၊ ထန်တလန်မြို့အပါအဝင် မတူပီမြို့နယ်တွင်းရှိ ဇိုတုန်ဒေသ၊CNA တပ်မဟာ (၄) နယ်မြေ စသည်တို့တွင် (၁၀) ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့မှ (၄၅) ထက်မနည်း သေဆုံးကာ (၆) ဦးအရှင်ဖမ်းခံရပြီး လက်နက် (၅၀)ကျော်သိမ်းဆည်းရမိသည်ဟု ချင်းအမျိုးသားတပ်ဦး -CNF ကထုတ်ပြန်ထားသည်။

    ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၁၁ ရက်နေ့အထိ တိုက်ပွဲများအတွင်း CNA၊ CDF ပူးပေါင်းတပ်မှ ရဲဘော် (၃) ဦးကျဆုံးခဲ့ကြောင်း၊ ‌ဖေဖော်ဝါရီလ (၄) ရက်နေ့မှစတင်ကာဇိုတုန်နယ်တွင် CNA၊ CDF-Matupi၊ CDF – Zotung၊ CDF – Mara ပူးပေါင်းတပ်ဖွဲ့များက စစ်ကောင်စီတပ်နှင့် (၆) ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ (၄၀) ဝန်းကျင်သေဆုံးကြောင်း ထုတ်ပြန်ထားသည်။

    (more…)

  • လက်နက်ပြည့်အစုံနှင့်အလင်းဝင်ပါက ကျပ်သိန်း (၁၀၀) ဆုငွေပေးမည်

    လက်နက်ပြည့်အစုံနှင့်အလင်းဝင်ပါက ကျပ်သိန်း (၁၀၀) ဆုငွေပေးမည်

    RNA_ဖေဖော်ဝါရီ(၁၄)၊၂၀၂၃ ခုနှစ်။

    စစ်ကောင်စီလက်အောက်ခံ လက်နက်ကိုင်အဖွဲ့မှ ပြည်သူ့ဘက်အလင်းဝင်ရောက်လာမည်ဆိုပါက ဆုကြေးငွေ ကျပ်သိန်း (၁၀၀) ပေးအပ်မည်ဖြစ်ကြောင်း ချင်းအမျိုးသားအဖွဲ့ချုပ် သတင်းပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဌာနမှ ထုတ်ပြန်ထားသည်။

    “CNO/CNDF အနေဖြင့် လက်နက်အပြည့်စုံနှင့် အလင်း ဝင်ရောက်သူအားလုံးအား ၎င်းတို့ အသက်မွေးဝမ်းကြောင်းအတွက် ယခင်ဆုကြေးငွေ ကျပ်သိန်း (၅၀) အပြင် ထပ်တိုးချီးမြှင့်ငွေ ဆုကြေး ကျပ်သိန်း(၅၀)၊စုစုပေါင်း ကျပ်သိန်း (၁၀၀)ထိ ပေးအပ်သွားမည် ဖြစ်သည်” ဟု ကြေညာထားသည်။

    (more…)

  • မန္တလေး PDF ကို စစ်ကြောင်းထိုးတိုက်ခိုက်စဉ် စစ်ကောင်စီဘက်မှ (၂၅) ဦးသေဆုံး

    မန္တလေး PDF ကို စစ်ကြောင်းထိုးတိုက်ခိုက်စဉ် စစ်ကောင်စီဘက်မှ (၂၅) ဦးသေဆုံး

    RNA_ဖေဖော်ဝါရီ( ၁၂)၊၂၀၂၃ ခုနှစ်။

    ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)၏ တပ်ရင်းတပ်ဖွဲ့များကို စစ်ကောင်စီတပ်မှ မြေပြင် ဝေဟင် ညှပ်တိုက်သည့်တိုက်ပွဲတွင် စစ်ကောင်စီတပ်သား (၂၅) ဦးသေဆုံးပြီး ပြည်သူ့ကာကွယ်ရေး ရဲဘော်(၂) ဦးကျဆုံးခဲ့ကြောင်း သိရသည်။

    မြေပြင်တိုက်ပွဲများ ပြင်းထန်သည့်အပြင် Mi 35 တိုက် ခိုက်ရေးရဟတ်ယာဉ်ကို အသုံးပြု၍ ပြည်သူ့ကာကွယ် ရေးတပ်မတော် (မန္တလေး)မှ စစ်သည်များကို ဖေဖော်ဝါရီ (၁၀) ရက်နေ့ နံနက် (၆) နာရီဝန်းကျင်က စစ်ကောင်စီတပ်မှ ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်လာခဲ့ကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) မှ ကိုယ်ပိုင်အမှတ် (P1- 1202-085) ရဲဘော်စစ်နိုင် နှင့် ကိုယ်ပိုင်အမှတ် (P1- 1202-159) ရဲဘော် ဖိုးဝတို့ တိုက်ပွဲအတွင်း ကျဆုံးခဲ့ရကြောင်း သိရသည်။

    (more…)

  • အမေရိကန် မရိန်းတပ်ဖွဲ့မှ သင်တန်းဆရာများ တက်ရောက်ခဲ့သည့် အထူးစစ်ဆင်ရေး သင်တန်းဆင်းပွဲ

    အမေရိကန် မရိန်းတပ်ဖွဲ့မှ သင်တန်းဆရာများ တက်ရောက်ခဲ့သည့် အထူးစစ်ဆင်ရေး သင်တန်းဆင်းပွဲ

    RNA_ဖေဖော်ဝါရီ (၁၂)၊၂၀၂၃ ခုနှစ်။

    အမျိုးသားညီညွတ်ရေးအစိုးရ – NUG တောင်ပိုင်းစစ်ဒေသကွပ်ကဲရေး၊ အထူးစစ်ဆင်ရေးသင်တန်း အပတ်စဥ် – ၄ သင်တန်းဆင်းပွဲအား KNU တပ်မဟာ (၆) နယ်မြေ၊ ကြာအင်းဆိပ်ကြီးမြို့နယ်၌ ကျင်းပခဲ့ရာ အမေရိကန် မရိန်းတပ်ဖွဲ့မှ သင်တန်းဆရာများ တက်ရောက်ခဲ့ကြောင်း သိရသည်။

    ” သင်တန်းဆင်းပွဲသို့ အမျိုးသားညီညွတ်ရေးအစိုးရ တောင်ပိုင်းစစ်ဒေသကွပ်ကဲရေးအဖွဲ့ စစ်ဆင်ရေးချုပ်နှင့် စစ်တိုင်းတာဝန်ခံများ၊ ဌာနအသီးသီးမှတာဝန်ရှိသူများ၊ နယ်မြေခံ ERO မဟာမိတ်ခေါင်းဆောင်များ၊ အမေရိကန် မရိန်းတပ်ဖွဲ့မှ သင်တန်းဆရာများ တက်ရောက်ခဲ့ကြသည်” ဟု NUG – MOHAI က ယနေ့ ထုတ်ပြန်ထားသည်။

    (more…)