Red News Agency

Independent Journalism for Justice and Human Rights.

Category: ကြေငြာချက်

  • စစ်တပ်မှ အာဏာသိမ်းရန် တိုက်တွန်းအကြံပေးခဲ့သူဆိုသည့် ဗိုလ်ချုပ်ဟောင်း အုန်းသွင် ရှင်းလင်းခံရ

    စစ်တပ်မှ အာဏာသိမ်းရန် တိုက်တွန်းအကြံပေးခဲ့သူဆိုသည့် ဗိုလ်ချုပ်ဟောင်း အုန်းသွင် ရှင်းလင်းခံရ

    RNA_စက်တင်ဘာ(၂၄)၊၂၀၂၂ခုနှစ်။

    စစ်တပ်ကို ဦးဆောင်နေသည့် မင်းအောင်လှိုင်နှင့် အပေါင်းအပါများ NLD အစိုးရထံမှ အာဏာသိမ်းရန် အကြံပေးတိုက်တွန်းခဲ့သူ အငြိမ်းစား ဗိုလ်ချုပ်အုန်းသွင်ကို မြို့ပြပြောက် ကျားတပ်ဖွဲ့က ယနေ့ နေ့လည် (၃) နာရီဝန်းကျင်က ရန်ကုန်မြို့ လှိုင်မြို့နယ် ( ၁၂) ရပ်ကွက်အတွင်းရှိ နေအိမ်အတွင်း ဝင်ရောက်ပစ်ခတ်ရှင်းလင်းခဲ့သည်ဟု သိရသည်။

    “အငြိမ်းစားယူထားသော်ငြားလည်း ပြည်သူလူထုအပေါ် ရက်စက်ကြမ်းကြုတ်သောလုပ်ရပ်များ လုပ်ကိုင်ရန် အား ပေးအားမြှောက်ပြုလုပ်သူ၊ စစ်အာဏာသိမ်းရန် တိုက် တွန်းအကြံပေးသူ၊ စစ်မိစ္ဆာများနှင့် ပူးပေါင်းပြီး အကျိုးမြတ်များ ရရှိနေသူ၊ တော်လှန်ရေးရဲဘော်များအား အ ကြမ်းဖက်နှိမ်နှင်းရန်​တိုက်တွန်း စေခိုင်းသူ အစရှိသူတို့အား ကျွန်ုပ်တို့ မေ့လျော့ထားမည်မဟုတ်ပါ။ နောက်ထပ် mission တွေလဲ ဆက်လက်ဖော်ဆောင်သွားဦးမှာပါ” Inya Urban Force အဖွဲ့က ပြောကြားထားသည်။

    Red News Agency

  • စစ်ကောင်စီတပ်မှ စက်လတ်သေနတ်ဖြင့် ပစ်ခတ်တိုက်ခိုက်သည့်အတွက် ကျောင်းသား (၂) ဦးသေဆုံး

    စစ်ကောင်စီတပ်မှ စက်လတ်သေနတ်ဖြင့် ပစ်ခတ်တိုက်ခိုက်သည့်အတွက် ကျောင်းသား (၂) ဦးသေဆုံး

    RNA_ဩဂုတ် ၃၊၂၀၂၂ခုနှစ်။

    ရခိုင်ပြည်နယ်၊ ပလက်ဝမြို့နယ်၊ တူးမဝ (တုံးမဝ) ကျေးရွာ မှ ကျောင်းတက်၍ ပြန်လာသော ကျောင်းကြိုပို့စက်လှေအား နှမဒါကျေးရွာစေတီကုန်း၌ စခန်းချတပ်စွဲနေရာယူထားသော စစ်ကောင်စီတပ်က ဩဂုတ်လ ၂ ရက်နေ့ နေ့လည် ၁ နာရီ ၃၅ မိနစ်ဝန်းကျင်က ပစ်ခတ်သည့်အတွက် ကျောင်းသား (၂) ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

    (more…)

  • တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားများ ကစဉ့်ကလျား ထွက်ပြေး

    တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားများ ကစဉ့်ကလျား ထွက်ပြေး

    RNA_ဇူလိုင်၃၀၊၂၀၂၂ခုနှစ်။

    နောင်ချိုမြို့နယ်နှင့် ပြင်ဦးလွင်မြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်မတော်တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်သားများ သေဆုံးမှုရှိပြီး ကျန်တပ်သားများ ကစဉ့်ကလျား ထွက်ပြေး သွားခဲ့သည်ဟု သိရသည်။

    မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်မတော်နှင့် စစ်ကောင်စီတပ်တို့ ဇူလိုင် (၂၂)ရက်နေ့မှစ၍ (၂၄)ရက်နေ့တွင် တစ်ကြိမ် ၊ ဇူလိုင် (၂၈)ရက်နေ့တွင်တစ်ကြိမ် နောင်ချိုမြို့နယ်နှင့် ပြင်ဦးလွင်မြို့နယ်အတွင်း ထိတွေ့တိုက်ပွဲများဖြစ်ပွါးခဲ့သည်။

    (more…)

  • လက်နက်မဲ့ အဖွဲ့အစည်းများကို တိုက်ခိုက်မည်မဟုတ်ဟု ပွင့်ဖြူ PDF ကြေညာ 

    လက်နက်မဲ့ အဖွဲ့အစည်းများကို တိုက်ခိုက်မည်မဟုတ်ဟု ပွင့်ဖြူ PDF ကြေညာ 

    RNA_ဇူလိုင်၃၀၊၂၀၂၂ခုနှစ်။

    ပွင့်ဖြူမြို့နယ်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ( ပွင့်ဖြူ PDF ) က လက်နက်မဲ့ အဖွဲ့အစည်းများကို တိုက်ခိုက်သွားမည်မဟုတ်ကြောင်း ယနေ့ ထုတ်ပြန်ထားသည်။

    ယခုရက်ပိုင်းအတွင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးသိပ္ပံကျောင်းကို ကျောင်းပိတ်ပြီး အမြန်ဆုံး ပြောင်းရွှေ့ကြရန်စသည့် သတိပေးမှုများထွက်ပေါ်နေကြောင်း၊ ပွင့်ဖြူမြို့နယ်အတွင်း စာသင်ကျောင်းများ၊ အသက်မွေး ဝမ်းကျောင်းများကို ကာကွယ်ရေးတပ်ဖွဲ့ (PDF)အမည်အသုံးပြုကာဖုန်းဆက်ခြိမ်းခြောက်သတိပေးခြင်းများပြုလုပ်လာပါက People Defence Force-Pwintbyu အနေဖြင့် လုပ်ဆောင်ခြင်းမရှိကြောင်း သိရသည်။

    (more…)

  • စစ်ကောင်စီတပ် ရခိုင်ပြည်နယ်အတွင်း ရှုံးမဲမဲနေဟု ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ထုတ်ပြန်

    စစ်ကောင်စီတပ် ရခိုင်ပြည်နယ်အတွင်း ရှုံးမဲမဲနေဟု ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ထုတ်ပြန်

    RNA_ဇူလိုင်၂၁၊၂၀၂၂ ခုနှစ်။

    တိုက်ပွဲအတွင်း စစ်ကောင်စီတပ် အသေအဆုံးနှင့် အရှင်ဖမ်းခံရမှုများကြောင့် ပြည်သူလူထုအပေါ် ရှုံးမဲမဲနေသည်ဟု က္ခိုင်အမျိုးသားအဖွဲ့ချုပ်၏ ယနေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    စစ်ကောင်စီတပ်သည် တိုက်ပွဲများတွင် ရှုံးတိုင်း ပြည်သူ လူထုအပေါ် အငြိုးအတေးကြီးများပြီး ရက်သက်သော လုပ်ရပ်များလုပ်နေသည်မှာ ဆယ်စုနှစ်ပေါင်းများစွာရှိနေပြီဖြစ်ကြောင်း၊ ရခိုပြည်နယ်အတွင်း ပြည်သူများအပေါ် စစ်ကောင်စီတပ်သည် ကုန်းလမ်း ရေလမ်း စစ်ဆေးရေးဂိတ်များဖွင့်ကာ ဖုန်း ဆိုင်ကယ် ကားများကို အကြောင်း အမျိုးမျိုးပြကာ စစ်ဆေးမှုများပြုလုပ်ပြီး လူဖမ်းပွဲကဲ့သို့ ညအချိန်မတော် ပြည်သူများကို အပြစ်မရှိ အပြစ်ရှာကာ ဖမ်းဆီးမှုများ ပြုလုပ်နေသည်ဟု သိရသည်။

    (more…)

  • ကော်သူးလေတပ်မတော် ထပ်မံပေါ်‌ပေါက်လာသည်ကို KNLAနှင့် KNDO တို့က လက်မခံ

    ကော်သူးလေတပ်မတော် ထပ်မံပေါ်‌ပေါက်လာသည်ကို KNLAနှင့် KNDO တို့က လက်မခံ

    RNA_ဇူလိုင်၂၀၊၂၀၂၂ခုနှစ်။

    ၂ဝ၂၂ ခုနှစ် ဇူလိုင်လ (၁၉) ရက်နေ့ စောနယ်ဒါးမှ စစ်ဦးစီးချုပ်အဖြစ် လက်မှတ်ရေးထိုးပြီးဖွဲ့စည်းလိုက်သည့် ကော်သူးလေတပ်မတော်ကို ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နှင့် ကရင့်အမျိုးသားကာကွယ်ရေးအဖွဲ့အစည်း(KNDO) အနေ ဖြင့် လုံးဝယုံကြည် လက်ခံမှုမပြုနိုင်ကြောင်း ယနေ့ထုတ်ပြန်ထားသည်။

    ကော်သူးလေတပ်မတော်(Kawthoolei Armed Forces) သည် ၁၉၄၉ခုနှစ်၊ဇန်နဝါရီလ(၃၁)ရက်နေ့တွင် စတင်ခဲ့သည့် ကရင့်တော်လှန်ရေး၏ နိုင်ငံရေး၊ စစ်ရေးလိုအပ် ချက်အရ ကရင့်လက်နက်ကိုင်အဖွဲ့များအားလုံးကိုပေါင်းစည်းပြီး ၁၉၅၆ခုနှစ်တွင် ဖွဲ့စည်းခဲ့ကြောင်း၊ နှစ်စဉ် ဇူလိုင်လ (၅) ရက်နေ့ရောက်တိုင်း ကရင်တော်လှန် ရေးအဖွဲ့များနှင့် ပြည်သူများက ကော်သူးလေတပ်မတော်နေ့ကို တရားဝင်နေ့ကြီးရက်မြတ်အဖြစ် ဂုဏ်ပြုကျင်းပကြမြဲဖြစ်ကြောင်း သိရသည်။ (more…)

  • ဒုတိယဗိုလ်မှူးကြီးစောစလုံး(တပ်ရင်းမှူး)က ဥကရစ်ထ စခန်းတိုက်ပွဲနှင့်ပတ်သက်ပြီး ထုတ်ပြန်

    ဒုတိယဗိုလ်မှူးကြီးစောစလုံး(တပ်ရင်းမှူး)က ဥကရစ်ထ စခန်းတိုက်ပွဲနှင့်ပတ်သက်ပြီး ထုတ်ပြန်

    RNA_ဇူလိုင်၅၊၂၀၂၂ခုနှစ်။

    KNDO အထူးကွန်မန်ဒိုတပ်ရင်း ဆင်ဖြူစစ်ကြောင်း ဒုတိယဗိုလ်မှူးကြီးစောစလုံး(တပ်ရင်းမှူး)က စစ်ကောင်စီတပ် ဥကရစ်ထ စခန်းတိုက်ပွဲနှင့် ပတ်သက်ပြီး ပြည်သူသို့ အသိပေးချက် ယနေ့ ထုတ်ပြန်လိုပ်သည်။

    ထုတ်ပြန်ချက် အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်သည်။

    မြဝတီတောင်ဘက်၊ ထိုင်း-မြန်မာနယ်စပ်ရှိ ဥကရစ်ထစစ်ကောင်စီခြေကုတ်စခန်းအား တိုက်ခိုက်သိမ်းပိုက်နိုင်ရန်ကြိုးပမ်းလျှက်ရှိသော ဆင်ဖြူစစ်ကြောင်းနှင့် ပတ်သက်၍ ပြည်သူသို့ အောက်ပါအတိုင်း တင်ပြအပ်ပါသည် –

    ကရင်ပြည်နယ်၊ KNU တပ်မဟာ (၆) ထိန်းချုပ်နယ်မြေ၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့နယ်၊ ဥကရစ်ထကျေးရွာ၌တည်ရှိသော ဥကရစ်ထစစ်ကောင်စီခြေကုတ်စခန်းအား ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ရှိ မိမိတို့ ဆင်ဖြူစစ်ကြောင်းမှ (၂၆.၆.၂၀၂၂)ရက်နေ့၊ နံနက်အစောပိုင်းတွင် စတင်တိုက်ခိုက်ခဲ့ပါသည်။

    KNU တပ်မဟာ (၆) ထိန်းချုပ်နယ်မြေတွင် အကြမ်းဖက်စစ်ကောင်စီတပ်များနှင့် တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားလျှက်ရှိရာတွင် မိမိတို့ ဆင်ဖြူစစ်ကြောင်းအနေဖြင့် လေးကေ့ကော်တိုက်ပွဲတွင် စစ်ကူအနေဖြင့် ပါဝင်တိုက်ခိုက်ခဲ့ခြင်းမှအစပြု၍ ဖလူးတိုက်ပွဲ၌ ဦးဆောင် တိုက်ပွဲဝင်ခဲ့ကာ အကြမ်းဖက်စစ်ကောင်စီစခန်းများဖြစ်သော မော်ခီးစခန်း၊ ဝေါလေ ရဲစခန်းတို့အား တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ဥကရစ်ထစစ်ကောင်စီ ခြေကုတ်စခန်းအား ဆက်လက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပါသည်။

    KNDO အထူးကွန်မန်ဒိုတပ်ရင်း၊ စစ်ကြောင်းမှူး ဗိုလ်မှူးစောဝင်းမြင့် ဦးဆောင်သော ဆင်ဖြူစစ်ကြောင်းနှင့်Venom စစ်ကြောင်းတို့သည် (၂၂.၆.၂ဝ၂၂)ရက်နေ့၊ ည (၁ဝးဝဝ)နာရီအချိန်မှစ၍ မိမိတို့စခန်းမှ ဥကရစ်ထစစ်ကောင်စီခြေကုတ်စခန်းအား တိုက်ခိုက်ရန် ထွက်ခွာခဲ့ပြီး (၂၆.၆.၂ဝ၂၂)ရက်နေ့၊ နံနက် (၄းဝဝ) နာရီအချိန်တွင် ဥကရစ်ထစစ်ကောင်စီခြေကုတ်စခန်း အနားသို့ ရောက်ရှိကာ နံနက် (၅းဝဝ)နာရီအချိန်၌ တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပါသည်။ ထွက်ခွာချိန်အချိန် (၃)ရက်ကြာမြင့်ခဲ့ပြီး မိမိတို့ရဲဘော်များသည် လမ်းခရီး၌ သတ်မှတ်နေရာများတွင် နားခို၍ သိုသိပ်စွာဖြင့် ခရီးဆက်ကာ စစ်ကောင်စီစခန်းအနီးသို့ ချဉ်းကပ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပါသည်။

    KNDO အထူးကွန်မန်ဒိုတပ်ရင်း၊ စစ်ကြောင်းမှူး ဗိုလ်မှူးစောဝင်းမြင့် ဦးဆောင်သော ဆင်ဖြူစစ်ကြောင်းနှင့်Venom စစ်ကြောင်းတို့သည် (၂၂.၆.၂၀၂၂)ရက်နေ့၊ ည (၁ဝးဝဝ)နာရီအချိန်မှစ၍ မိမိတို့စခန်းမှ ဥကရစ်ထစစ်ကောင်စီ ခြေကုတ်စခန်းအား တိုက်ခိုက်ရန် ထွက်ခွာခဲ့ပြီး (၂၆.၆.၂ဝ၂၂)ရက်နေ့၊ နံနက် (၄းဝဝ) နာရီအချိန်တွင် ဥကရစ်ထ စစ်ကောင်စီခြေကုတ်စခန်း အနားသို့ ရောက်ရှိကာ နံနက် (၅းဝဝ)နာရီအချိန်၌ တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပါသည်။

    ထွက်ခွာချိန်အချိန် (၃)ရက်ကြာမြင့်ခဲ့ပြီး မိမိတို့ရဲဘော်များသည် လမ်းခရီး၌ သတ်မှတ်နေရာများတွင်နားခို၍ သိုသိပ်စွာဖြင့် ခရီးဆက်ကာစစ်ကောင်စီစခန်းအနီးသို့ ချဉ်းကပ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပါသည်။

    စစ်ကောင်စီဘက်မှ စက်လက်များ၊ 40 mm များဖြင့် ပစ်ခက်ခဲ့ပြီး နှစ်ဖက်အပြန်အလှန်ပစ်ခက်တိုက်ခိုက်နေ့လည် (၁း၃၀)နာရီအချိန်တွင် မိမိတို့ဘက်မှ ထိခိုက်ကျဆုံးမှုရှိလာပြီး ကျည်နည်းပါးလာသည့်အတွက် မိမိ (ဆင်ဖြူစစ်ကြောင်း၊ KNDO အထူး ကွန်မန်ဒိုတပ်ရင်း၊တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီးစောစလုံး) ထံသို့ တင်ပြရာတွင် နေ့လည်(၂းဝဝ)နာရီအချိန်တွင် KNDO မှ ဗိုလ်အယ်စေးဝါးတို့အဖွဲ့ စစ်ကူရောက်ရှိလာခဲ့ပါသည်။

    ဆက်လက်ပြီး တိုက်ပွဲမှာပြင်းထန်လာခဲ့ပြီး ဥကရစ်ထစစ်ကောင်စီခြေကုတ်စခန်းမှနေ၍ ခုခံမှုကောင်းများ ရှိနေသည့်အတွက် ညသန်းခေါင်းအချိန်တွင် ဗိုလ်ဒါဘော ဦးဆောင်သည့် Cobra စစ်ကြောင်းမှ စစ်ကူထပ်မံရောက်ရှိကာ တိုက်ခိုက်ခဲ့ပါသည်။

    ထိုသို့ စခန်းတစ်ခုလုံးအား သိမ်းပိုက်နိုင်ရန် ကြိုးပမ်းခဲ့ကြသော်လည်း ရန်သူ့ဘက်မှ စစ်ကူများ ထပ်မံရောက်ရှိလာခြင်း၊ ရဟတ်ယာဉ်များဖြင့် လက်နက်ကျည်ဆံများ လာရောက်ပို့ဆောင်ခြင်းများကြောင့် တိုက်ပွဲမှာဆက်လက်ပြင်းထန်နေခဲ့ပြီး မိမိတို့ဘက်မှ ထိခိုက်ကျ ဆုံးမှုများ၊ ဒဏ်ရာရသူများ တိုးလာပြီး ကျည်ဆံမလုံလောက်မှုများရှိလာပါသည်။

    စစ်ကူလာရောက်သော Cobra စစ်ကြောင်း၌လည်း ကျဆုံးရဲဘော်များ ရှိလာပါသည်။ မိမိတို့ဘက်မှ ထိခိုက် ကျဆုံးမှုများရှိလာနေသော်လည်း ဆက်လက်တိုက်ခိုက်ခဲ့ပါသည်။ လိုအပ်မှုများအား ဖြည့်ဆည်းနိုင်ရန်အတွက် နောက်တန်းတွင်ကျန်ခဲ့သည့် ထောက်ပို့တပ်ဖွဲ့ဝင်များက ကြိုးစားခဲ့ကြပါသည်။

    စစ်ကောင်စီခြေကုတ်စခန်းဘက်မှ အကျအဆုံးများပြားလွန်းလှသဖြင့် ရဟတ်ယာဉ်များ၊ တိုက်လေယာဉ်များဖြင့်အကြိမ်ရေများစွာ လာရောက်ပစ်ခက်ခြင်း၊ ဗုံးကြဲခြင်းများ ပြုလုပ်ခဲ့ရာတွင် ယနေ့အထိဆိုပါက (၁၂၅) ကြိမ်တိုင် ရှိခဲ့ပြီ ဖြစ်ပါသည်။ (၂၈.၆.၂ဝ၂၂)ရက်နေ့ကလည်း လူတစ်ရပ်ခန့်မြင့်မားသော ဗုံးများ ကြဲချခဲ့ပါသည်။ တိုက်ပွဲစချိန်ကတည်းက(၃)မိုင်ခန့်သာ ဝေးကွာသည့် ဝေါလေဗျူဟာကုန်းမှ 120 mm ဖြင့် ပစ်ကူပေးခြင်း၊ ရဟတ်ယာဉ်၊ တိုက်လေယာဉ်များဖြင့်လာရောက်ပစ်ခက်ဗုံးကြဲခြင်းများကြောင့် ထပ်မံ၍ ကျဆုံးမှုများ ရှိလာခဲ့ပါသည်။ ထို့အတူ စစ်ကောင်စီဘက်မှ စစ်ကူလာ

    ရောက်သော တပ်မ (၄၄) စစ်ကြောင်းအား KNDO မှ ဗိုလ်အယ်စေးဝါးတို့အဖွဲ့နှင့် ပူးပေါင်းကာ အပြီးသတ် တိုက်ခိုက်ချေမှုန်းနိုင်ခဲ့ပါသည်။ သို့ရာတွင် တိုက်ပွဲရက် ကြာမြင့်လာသည်နှင့်အမျှ လက်နက်ခဲယမ်းလိုအပ်ချက်များလည်း ရှိလာခဲ့ပါသည်။

    ဤအခြေအနေကို ကာကွယ်ရေးဝန်ကြီးဌာနသို့လည်း အစီရင်ခံတင်ပြထားရှိပြီး ဖြစ်ပါသည်။ တိုက်ပွဲကာလအတွင်းပြည်သူတို့၏ ပူးပေါင်းပါဝင်လှူဒါန်းမှုများကိုလည်း လက်ခံရရှိကာ လိုအပ်သော ကျည်များကို ဝယ်ယူအသုံးပြုခဲ့ပါသည်။ကူညီထောက်ပံ့လှူဒါန်းကြသော အလှူရှင်များအားလည်း ဂုဏ်ပြုမှတ်တမ်းလွှာများကို မိမိအနေဖြင့်လည်းကောင်း၊Unity PDF စခန်း တာဝန်ခံများအနေဖြင့်လည်းကောင်း ထုတ်ပေးလျှက်ရှိပါသည်။

    လိုအပ်ချက်များအား ဝိုင်းဝန်းကူညီပံ့ပိုးမှသာလျှင် တော်လှန်ရေးခရီး အောင်မြင်မည်ဖြစ်ပြီး ယခုလက်ရှိ ဥကရစ်ထစစ်ကောင်စီခြေကုတ်စခန်းအားလည်းအမြန်ဆုံးတိုက်ခိုက်သိမ်းပိုက်နိုင်မည် ဖြစ်ပါသည်။

    လက်ရှိအခြေအနေတွင်လည်း မြဝတီ-ဝေါလေလမ်းတလျှောက် စစ်ကောင်စီတပ်များ၏ အင်အားတိုးမြှင့်လှုပ်ရှားမှုများ ရှိနေပြီး တိုက်ပွဲကြီးများ ဆက်လက်ဖြစ်ပေါ်လာနိုင်ပါသည်။ ဆင်ဖြူစစ်ကြောင်းအနေဖြင့်လည်း KNU,KNLA, KNDO တို့ အပါအဝင် ရဲရင့်ပြောင်မြောက်စွာ တိုက်ပွဲဝင်လျှက်ရှိသော Cobra စစ်ကြောင်း၊ Venom စစ်ကြောင်းတို့နှင့် အခြားသော PDF တပ်ခွဲများနှင့်အတူ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းများကို ဆက်လက်တိုက်ခိုက်သိမ်းပိုက်သွားမည် ဖြစ်ပါကြောင်းပြည်သူတရပ်လုံးအား အသိပေးတင်ပြအပ်ပါသည်။

    သို့ဖြစ်ပါ၍ မိမိတို့ ဆင်ဖြူစစ်ကြောင်းအနေဖြင့် ဆက်လက်တိုက်ပွဲဝင်ရာတွင် … အမျိုးသားညီညွတ်ရေးအစိုးရနှင့်အတူ ပြည်သူတရပ်လုံး၏ ထိရောက်စွာ ပံ့ပိုးကူညီထောက်ပံ့မှုများက အဓိကကျလှပါသည်။ တိုက်ပွဲတစ်ခုဖော်ဆောင်ရာတွင် လိုအပ်ချက်များစွာရှိပြီး ၎င်းလိုအပ်ချက် များအတွက် မိမိတို့ ဆင်ဖြူစစ်ကြောင်း၊ KNDO အထူးကွန်မန်ဒိုတပ်ရင်းသို့ တိုက်ရိုက်ပံ့ပိုးကူညီလှူဒါန်းမည်ဆိုပါက မိမိထံသို့ လည်းကောင်း၊ Unity PDF စခန်း တာဝန်ခံများထံသို့ လည်းကောင်းဆက်သွယ်လှူဒါန်းနိုင်ပါကြောင်း အသိပေး တင်ပြအပ်ပါသည်။

    ဒုတိယဗိုလ်မှူးကြီးစောစလုံး(တပ်ရင်းမှူး)

    KNDOအထူးကွန်မန်ဒိုတပ်ရင်းဆင်ဖြူစစ်ကြောင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်

    Red News Agency

  • ကြိုးမိန့်ပေးမည့်သတင်းနှင့်ပတ်သက်ပြီး Red News Agency ၏သတင်းမှားယွင်းမှုအပေါ် ဝမ်းမြောက်ခြင်း ထုတ်ပြန်ချက်

    ကြိုးမိန့်ပေးမည့်သတင်းနှင့်ပတ်သက်ပြီး Red News Agency ၏သတင်းမှားယွင်းမှုအပေါ် ဝမ်းမြောက်ခြင်း ထုတ်ပြန်ချက်

     16/6/2022

    ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီနှင့် NLDလွှတ်တော်ကိုယ်စားလှယ်ဟောင်း ကိုဖြိုးဇေယျာ သော်တို့အပေါ် အာဏာသိမ်းစစ်ကောင်းစီက သေဒဏ်ပေးထားပြီး ဇွန်လ ၁၆ ရက်နေ့ နံနက် ၄ နာရီတွင် အင်းစိန်အကျဉ်းထောင်အတွင်း ကြိုးမိန့်ပေးမည်ဟု Red News Agency သတင်းဌာန ဇွန်လ ၁၅ ရက်နေ့ ညပိုင်းက ဖော်ပြခဲ့သည့် သတင်းအတွက် သတင်းမှားဖြစ်နေသည််ဟု စာဖတ်ပရိတ်သတ်အများ ပြောဆိုနေမှု အပေါ် Red News Agency သတင်းဌာန အဖွဲ့သားများက ဝမ်းမြောက်ကြောင်း ထုတ်ပြန်အပ်ပါသည်။

    Red News Agency သတင်းဌာနအနေဖြင့် ကိုဂျင်မီနှင့် ကိုဖြိုးဇေယျာ်သော်တို့ကို ကြိုးမိန့်ပေးမည်ဟု သတင်းရင်းမြစ်က ပေးပို့လာချိန်တွင် ဖော်ပြရန် သင့် မသင့် အချိန်ယူစဉ်းစားခဲ့ပါသည်။ ပေးပို့လာသည့် သတင်းရင်းမြစ်သည် ယခင်သတင်းပေါင်းများစွာ မှန်ကန်ခဲ့ပါသည်။ သတင်းဌာနအနေဖြင့် သတင်းရင်းမြစ်ကို ယုံကြည်မှု အပြည့်အဝရှိပါသည်။ ထို့ကြောင့် တစ်ကမ္ဘာလုံးက အကြမ်းဖက် စစ်ကောင်စီက သေဒဏ် အတည်ပြုထားသည့် ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော် အပါအဝင် လေးဦးကို သေဒဏ်ပယ်ဖျက်ရန် တောင်းဆို နေသည်ကတစ်ကြောင်း၊ မိသားစုများနှင့် တွေ့ခွင့်မရသလို ယနေ့ အချိန်ထိ မည်သည့်နေရာတွင် ထားရှိပြီး မည်သို့ကြုံတွေ့နေရသည်ကို မည်သူတစ်ဦးတစ်ယောက်မှ အတည်ပြုပြောကြားနိုင်ခြင်း မရှိသေးသည်က တစ်ကြောင်း၊ ဒီမိုကရေစီရေး လိုလားသည့် ပြည်သူများနှင့်အတူ Red News Agency သတင်းဌာန အဖွဲ့သားများကလည်း စိတ်ပူမိပြီး အများပြည်သူ သိသင့်သိထိုက်သည့် သတင်းဖြစ်သည်ဟု ယူဆကာ ဖော်ပြခဲ့ခြင်း ဖြစ်သည်။

    (more…)

  • အမှတ် (၆) တပ်မဟာနယ်မြေမှ စစ်ကောင်စီတပ် (၃) ရက်အတွင်း ထွက်ခွါရန် KNU ထုတ်ပြန်

    အမှတ် (၆) တပ်မဟာနယ်မြေမှ စစ်ကောင်စီတပ် (၃) ရက်အတွင်း ထွက်ခွါရန် KNU ထုတ်ပြန်

    RNA_မတ် ၉၊၂၀၂၂ခုနှစ်။

    စစ်ဘေးရှောင်ပြည်သူများ ကျေးရွာများအတွင်း အေးချမ်းစွာနေထိုင်နိုင်ရေးအတွက် ကရင်အမျိုးသားအစည်းအရုံး ( KNU) ဒူးပလာယာခရိုင်ဘအမှတ် (၆) တပ်မဟာနယ်မြေ လေးကေကော််ဒေသနှင့် ကော့ကရိတ်တောင်ပိုင်း ဒေသအတွင်း ဝင်ရောက်တပ်စွဲနေသည့် စစ်ကောင်စီတပ်များ (၃) ရက်အတွင်း ပြန်လည်ဆုတ်ခွါရန် သတိပေး ထုတ်ပြန်ထားသည်။

    KNU ဒူးပလာယာခရိုင် အတွင်းရေးမှူး စောလစ္စတန်က မတ်လ (၇) ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်အ‌သိပေးထားကြောင်း၊ KNU တပ်မဟာ (၆) ဒေသတွင်း ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ (၁၅) ရက်နေ့မှစပြီး စစ်ကောင်စီတပ်က ထိုးစစ်ဆင် တိုက်ခိုက်မှုကြောင့် ဒေါနအရှေ့ခြမ်း လေးကေ့ကော်မြို့သစ် အပါအဝင် ဒေါနအနောက်ခြမ်း ကော့ကရိတ်တောင်ပိုင်းက ပြည်သူများ ကျေးရွာများကို စွန်ါခွါကာ စစ်ဘေးရှောင်ခဲ့ရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    စစ်ကောင်စီတပ်သည် ယနေ့အထိ KNU အမှတ် (၆) တပ်မဟာ နယ်မြေ ဒေါနအရှေ့ခြမ်းနှင့် အနောက်ခြမ်းတွင် စစ်ကောင်စီတပ်သားများကြောင့် ကျေးရွာများ ဖျက်ဆီးခံနေရပြီး ဒေသခံပြည်သူများ ပြည်လည်အခြေချမနေထိုင်ရဲ့သည့်အတွက် စစ်ကောင်စီတပ်သားများ ထွက်ခွါပေးရန်၊ KNU သည် ကရင်အမျိုးသား ပြည်သူလူထု၏ ရင်ဆိုင်နေရသော ဒုက္ခနှင့် အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ် ကူညီဖြေရှင်း ပေးရန် တာဝန်ရှိကြောင်း၊ ထုတ်ပြန်အပြီး (၃) ရက်အတွက် ဆုတ်ခွါခြင်း မရှိပါက KNU ဒူးပလာယာခရိုင် အမှတ် (၆) တပ်မဟာ၏ တာဝန်မဟုတ်ကြောင်း၊ အာဏာသိမ်း စစ်ကောင်စီ၏ တာဝန်ဖြစ်ကြောင်း အသိပေး ကြေညာထားသည်။

    Red News Agency

  • ရိုဟင်ဂျာလူမျိုးများအတွက် တရားမျှတမှုရရှိရေး NUG အစိုးရ၏ တာဝန်အဖြစ် ခံယူထား

    ရိုဟင်ဂျာလူမျိုးများအတွက် တရားမျှတမှုရရှိရေး NUG အစိုးရ၏ တာဝန်အဖြစ် ခံယူထား

    RNA_ဖေဖော်ဝါရီ ၁၆ ရက်၊ ၂၀၂၂ ခုနှစ်။

    ၂၀၁၆-၂၀၁၇ ခုနှစ်များအတွင်း ရခိုင်ပြည်နယ်တွင် ရိုဟင်ဂျာလူမျိုးများအပေါ် မင်းအောင်လှိုင်ဦးဆောင်သည့် စစ်တပ်၏ အကြမ်းဖက်မှုကြောင့် မြေစာပင်ဖြစ်ခဲ့ရသူများအတွက် တရားမျှတမှု ရရှိရေး NUG အစိုးရ၏ တာဝန်ဝတ္တရားအဖြစ် အလေးအနက်ခံယူထားကြောင်း NUG သမ္မတရုံးက ဖေဖော်ဝါရီလ ၁၅ ရက်နေ့က ထုတ်ပြန် ကြေညာထားသည်။

    ရိုဟင်ဂျာလူမျိုးများအပေါ် လူမျိုးသုဉ်းသတ် ဖြတ်မှုများနှင့် ပတ်သက်ပြီး ဂမ်းဘီးယားနိုင်ငံက မြန်မာနိုင်ငံအပေါ် တရားစွဲဆိုထားသည့်အမှုနှင့် ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရက ဥပဒေပညာရှင်အဖွဲ့ ဖွဲ့စည်းလိုက်သည်။ (more…)