Red News Agency

Independent Journalism for Justice and Human Rights.

Author: Editor

  • ဖက်ဆစ်တော်လှန်ရေးနေ့၌ စစ်ဏာရှင်အလိုမရှိကြောင်း ကောက်စိုက်သမားများ ဆန္ဒပြ

    ဖက်ဆစ်တော်လှန်ရေးနေ့၌ စစ်ဏာရှင်အလိုမရှိကြောင်း ကောက်စိုက်သမားများ ဆန္ဒပြ

    RNA_မတ်(၂၇)၊၂၀၂၃ ခုနှစ်။

    ယနေ့ကျရောက်သည့် ဖက်ဆစ်တော်လှန်ရေးနေ့၌ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အတွင်း၊ ကျေးရွာတရွာမှကောက်စိုက်သမားများက စစ်အာဏာရှင်အလိုမရှိ၊ စစ်အာဏာရှင် ကျဆုံးပါစေ၊ NUGအစိုးရကို ထောက်ခံကြောင်း ကြွေးကြော်သံများဖြင့် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့ထံမှ သိရသည်။

    #RedNewsAgency

  • မင်းအောင်လှိုင် ခေါင်းပြတ်ပုံစံ အစီအရင်များပြုလုပ်သည့် လှုပ်ရှားမှု

    မင်းအောင်လှိုင် ခေါင်းပြတ်ပုံစံ အစီအရင်များပြုလုပ်သည့် လှုပ်ရှားမှု

    RNA_မတ်(၂၇)၊၂၀၂၃ ခုနှစ်။
    ယနေ့ကျရောက်သည့် တော်လှန်ရေးနေ့ (စစ်တပ်မှ ပြောင်းလဲခေါ်ဆိုသော တပ်မတော်နေ့ ) တွင်အကြမ်းဖက်စစ်အုပ်စုနှင့် အပေါင်းအပါတို့ အူလှိုက်သည်းလှိုက် ကြောက်ရွံ့တတ်သော ကျိန်စာတိုက် အစီအရင်များကို မင်းအောင်လှိုင် ဦးခေါင်းပြတ်ပုံစံဖြင့် အစီအရင်ပြုလုပ်သည့် လှုပ်ရှားမှုကို YRF ရဲဘော်များ ပြုလုပ်ခဲ့ကြသည်။
    မင်းအောင်လှိုင် ခေါင်းပြတ်အား မင်းအောင်လှိုင်၏ မွေးနံထောင့်တွင် န၀င်းကိုက်ထားရှိ၍ ကျိန်စာတကာ့ကျိန်စာတို့တွင် အကြမ်းဆုံးဟု ဆိုကြသော “မင်းနန်သူကျိန်စာ” အစီအရင်ဖြင့် သက်စေ့ရွတ်ဖတ် ကျိန်ဆိုခဲ့ကြကြောင်း၊ နေ၀င်ချိန်တခုတွင် ခေါင်းပြတ်ကို မင်းအောင်လှိုင်နှင့် ဓာတ်တူနံသက်တူသောအရပ်ရှိ အမှိုက်ပုံတခုတွင် သွားရောက် ချထားကာ အညာမှ ဒေသခံပြည်သူတဦးကဲ့သို့ ၀တ်စားထားသော YRF ရဲဘော် တဦးမှ ခုံဖိနပ်ဖြင့် နင်းချေ၍ အစီအရင်ကို အောင်မြင်စွာ အဆုံးသတ်ခဲ့ပါသည်ဟု Yangon Revolution Force – YRF ( ရန်ကုန်တော်လှန်ရေးအင်အားစု) မှ ထုတ်ပြန်ထားသည်။

    (more…)

  • မတူပီ-ပလက်ဝလမ်း မိုင်တိုင် ၁၄/၁၅ အကြားတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ (၁၃) ဦးသေ

    မတူပီ-ပလက်ဝလမ်း မိုင်တိုင် ၁၄/၁၅ အကြားတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ (၁၃) ဦးသေ

    RNA_မတ်(၂၆)၊၂၀၂၃ ခုနှစ်။

    ချင်းပြည်နယ်၊ မတူပီ-ပလက်ဝ လမ်းမပေါ်ရှိ စစ်ကောင်စီတပ် ထယ်ဘွေးစခန်းသို့ စားနပ်ရိက္ခာဖြည့်ရန် ထွက်ခွာလာသော ယာဉ် (၃)စီးနှင့် အင်အား (၈၀) ခန့်သည် ကြားဖြတ်တိုက်ခိုက်ခံရပြီး (၁၃) ဦးသေဆုံးကာ (၇) ဦး ဒဏ်ရာရရှိကြောင်း CDF – Matupi မှ ရုပ်သံနှင့်တကွ ထုတ်ပြန်ထားသည်။

    စားနပ်ရိက္ခာဖြည့်ရန်လာသည့် စစ်ကောင်စီတပ် ယာဉ် (၃) စီးနှင့် အင်အား (၈၀) ခန့်ကို မတ်လ (၂၃-၂၄) ရက်နေ့က CDF-Matupi နှင့် CNA တို့မှ ပူးပေါင်းပြီး မိုင်းဆွဲတိုက်ခိုက်မှု တကြိမ်တွင် စစ်ကောင်စီဘက်မှ (၇) ဦးသေဆုံးကြောင်း၊ ထိတွေ့တိုက်ပွဲ (၃) ကြိမ်တွင် စစ်ကောင်စီဘက်မှ (၆)ဦး သေဆုံးပြီး (၇) ဦးဒဏ်ရာရရှိကြောင်း၊ တိုက်ပွဲအတွင်း CDF-Matupi မှ ရဲဘော်(၁) ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

    (more…)

  • လွတ်ငြိမ်းချမ်းသာလာမည်ဟု သတင်းဖြန့်ပြီး အင်းစိန်ထောင်မှ ဖမ်းဆီးခံထားရသူ (၅၀၀) ခန့်ကို ထောင်ပြောင်း

    လွတ်ငြိမ်းချမ်းသာလာမည်ဟု သတင်းဖြန့်ပြီး အင်းစိန်ထောင်မှ ဖမ်းဆီးခံထားရသူ (၅၀၀) ခန့်ကို ထောင်ပြောင်း

    RNA_မတ်(၂၆)၊၂၀၂၃ ခုနှစ်။

    ရန်ကုန်မြို့၊ အင်းစိန်အကျဉ်းထောင်အတွင်း လွတ်ငြိမ်းချမ်းသာလာမည်ဟု ယခုရက်ပိုင်း သတင်းဖြန့်ထားပြီး ယမန် ( မတ်လ ၂၅ ရက်) နေ့ ညပိုင်းက ဖမ်းဆီးခံထားရသူ အကျဉ်းသား အကျဉ်းသူ (၅၀၀) ခန့်ကို ထောင်ပြောင်းရွေ့လိုက်ကြောင်း သိရသည်။

    ပြီးခဲ့သည့်ညပိုင်းက ထောင်တွင်းဖမ်းဆီးခံထားရသည့် နိုင်ငံရေးအကျဉ်းသားများအပါအဝင် သာမန်အကျဉ်းသားများကို အသုတ်ခွဲကာ ထောင်ပြောင်းရွေ့ခဲ့ကြောင်း၊ သာယာဝတီထောင်ကို အများစု ပြောင်းရွေ့ခံခဲ့ရကြောင်း အင်းစိန်ထောင်နှင့်နီးစပ်သူတဦးက ပြောသည်။

    (more…)

  • ဒေါတမကြီးကျေးရွာအတွင်း တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ အရာရှိများအပါအဝင် (၉၀) ကျော်သေဆုံး

    ဒေါတမကြီးကျေးရွာအတွင်း တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ အရာရှိများအပါအဝင် (၉၀) ကျော်သေဆုံး

    RNA_မတ်(၂၅)၊၂၀၂၃ ခုနှစ်။
     
    ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါတမကြိးကျေးရွာအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို မတ်လ (၂၀) ရက်နေ့မှ (၂၃) ရက်နေ့အထိ KA ၊ KNDF /B (10) ၊ KNDF/B (15) ၊ KNDF/B (16) ၊ KNDF/ETD၊နေပြည်တော် PDF တို့ပူးပေါင်းကာ တန်ပြန် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိများအပါအဝင် (၉၀) ကျော်သေဆုံးပြီး (၅၀) ဦးထက်မနည်း ဒဏ်ရာရရှိသွားကြောင်း သိရသည်။
     
    ၂၀၂၃ ခုနှစ်၊ မတ်လ (၈)ရက်နေ့ မှစ၍ ကရင်နီပြည်နယ်၊ ဘောလခဲမြို့မှ ဒီးမော့ဆိုမြို့နယ် ၊ ဒေါညင်းခူကျေးရွာဖက်သို့ စစ်ကြောင်း (၃)ကြောင်း အင်အား (၃၃၀)ခန့်ဖြင့် ဝင်ရောက်လာချိန် ကရင်နီပူးပေါင်းတပ်ဖွဲ့များမှ ခုခံတိုက်ခိုက်ခဲ့ကြကြောင်း၊ စစ်ကောင်စီ၏ စကခ (၂)လက်အောက်ခံ တပ်ရင်း (၃)ရင်းဖြစ်သည့် ခလရ (၁၂) ၊ ခမရ (၅၁၆)၊ ခမရ (၅၁၅) တပ်ရင်းများမှာ ဒေါညင်းခူ ၊ ဒေါဆိုဖျ ၊ ဒေါတမကြီးကျေးရွာမျာထဲသို့ စတင်ထိုးစစ်ဆင်ဝင်ရောက်လာဖြင်းဖြစ်သည်ဟု KNDF ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာမှ ယနေ့ ထုတ်ပြန်ထားသည်။

    (more…)

  • စစ်ကောင်စီထောက်ခံသူ ဦးမင်းတေဇညွန့်တင် သေနတ် (၁၀) ချက်မက ပစ်ခတ်ခံရပြီး သေဆုံး 

    စစ်ကောင်စီထောက်ခံသူ ဦးမင်းတေဇညွန့်တင် သေနတ် (၁၀) ချက်မက ပစ်ခတ်ခံရပြီး သေဆုံး 

    RNA_မတ် (၂၄)၊၂၀၂၃ ခုနှစ်။

    ရန်ကုန်၊ သန်လျင်မြို့နယ် အမှုထမ်းရပ်ကွက်၊ ဖွံ့ဖြိုးရေးလမ်းဆုံအနီး ယနေ့ (မတ်လ ၂၄ရက်) မွန်းလွဲပိုင်းက စစ်ကောင်စီထောက်ခံသူလည်းဖြစ် နည်းပညာဆိုင်ရာနှင့်ဥပဒေပိုင်းဆိုင်ရာကျွမ်းကျင်သူ အဖြစ်လူသိများသည့် ဦးမင်းတေဇညွန့်တင် သေနတ်ဖြင့် (၁၀)ချက်ထက်မနည်း အပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း သိရသည်။

    အဆိုပါ ပစ်ခတ်မှုကို မြို့ပြပြောက်ကျားအဖွဲ့တစ်ခုဖြစ်တဲ့ Urban Owls မှ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းအဖွဲ့က ထုတ်ပြန်ခဲ့သည်။

    ဦးမင်းတေဇညွန့်တင်သည် စစ်ကောင်စီ၏ အာဏာသိမ်းမှုအား ပေါ်ပေါ်တင်တင်ထောက်ခံရုံသာမက စစ်ကောင်စီနှင့်အကျိုးတူစီးပွားရေးများစွာကို လုပ်ကိုင်ဆောင်ရွက်နေသူဟု သိရပြီး လက်ရှိတွင် ထားဝယ်အထူးစီးပွားရေးဇုန်တွင်လည်း ဥပဒေရေးရာကော်မတီဝင်တဦးဖြစ်သည်။

    (more…)

  • စကစ အထိုင်စခန်းတွေကလွဲရင် နယ်မြေစိုးမိုးထားနိုင်ပြီ

    စကစ အထိုင်စခန်းတွေကလွဲရင် နယ်မြေစိုးမိုးထားနိုင်ပြီ

    RNA_မတ်(၂၄)၊၂၀၂၃ခုနှစ်။

    စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်နှင့်မြိုင်မြို့နယ်တို့တွင် တပ်ဖွဲ့အင်အားများဖြန့်ကျက် အထိုင်ချစခန်းများပြုလုပ်ထားနိုင်သည့်  M7 People’s Defense Army ခေါင်းဆောင် ဗိုလ်မင်းရောင်ကို Red News Agency ကမေးမြန်းထားသည်။

    [embedyt] https://www.youtube.com/watch?v=X37p4UhO4Mw[/embedyt]

    နယ်မြေစိုးမိုးနှင့် လက်တလော အခြေအနေများ၊ လက်နက်ကိုင်တော်လှန်ရေးတွင် ပြည်သူများ၏ ပါဝင်မှုများ၊ နွေဦးတော်လှန်ရေး ပန်းတိုင်စသည်တို့ကို M7 People’s Defense Army ခေါင်းဆောင်ဗိုလ်မင်းရောင်ကပြည့်ပြည့်စုံစုံဖြေကြားထားသည်။

    Red News Agency

  • အင်းစိန်ထောင် အမျိုးသမီးအချုပ် ရုံးထုတ်ပြန်လာသူထံမှ မူးယစ်ဆေးဝါးဖမ်းမိ

    အင်းစိန်ထောင် အမျိုးသမီးအချုပ် ရုံးထုတ်ပြန်လာသူထံမှ မူးယစ်ဆေးဝါးဖမ်းမိ

    RNA_မတ်(၂၃)၊၂၀၂၃ ခုနှစ်။
     
    ရန်ကုန်မြို့၊ အင်းစိန်ဗဟိုအကျဉ်းထောင်၊ အမျိုးသမီးအချုပ်ဆောင်မှ အမှုရင်ဆိုင်ရန် မတ်လ ၂၁ ရက်နေ့က တရားရုံးသွားသည့်အကျဉ်းသူ တဦးထံမှ မူးယစ်ဆေး WY- အပြား ၃၀ ကျော်ကို ရုံးထုတ်အပြန် စစ်ဆေးရေးလုပ်စဉ် ဖမ်းမိသွားကြောင်း အင်းစိန်ထောင်ဝန်ထမ်းများနှင့် နီးစပ်သူ တဦးထံမှ သိရသည်။
     
    “အခု အမျိုးသမီးဆောင် ကြပ်မှာပေါ့၊ ရုံးထုတ်ပြန်လာသူဆီက ဆေးမိထားတော့လေ၊ အလိုလိုနေရင်း နေကပူ နေရတာ ကြပ်ကြပ်တည်းတည်း အခုတော့ လွတ်လပ်ခွင့်ရတာလေးတွေပါ ပိတ်ပစ်မယ်ထင်၊ နောက်ပြီး စစ်ဆေးရေးမကြာခဏဝင်နိုင်တယ်၊ ထောင်မှာက မူယစ်ဆေးကို ကြံဖန်သွင်းကြတာ ပိုက်ဆံရှိတဲ့လူတွေကထောင်ထဲမှာ မူးယစ်ဆေး မသိအောင် ပြန်သုံးပေါ့၊ အခုမိတာက ပုတီးအဖြစ်စိပ်လို့ရတဲ့ Digital တာလီ ပုတီးထဲ ထည့်သယ်လာတာမှာ မိသွားတယ်လို့ ပြောသံကြားတယ်” ဟု အင်းစိန်ထောင်နှင့် နီးစပ်သူတဦးက Red News Agency ကို ပြောကြားထားသည်။

    (more…)

  • မြောင်နယ်ထဲဝင်လာသည့် စစ်ကောင်စီတပ်ဘီလူးစစ်ကြောင်း စစ်ကြောင်းမှူးပါအဝင် သေဆုံးသူများ

    မြောင်နယ်ထဲဝင်လာသည့် စစ်ကောင်စီတပ်ဘီလူးစစ်ကြောင်း စစ်ကြောင်းမှူးပါအဝင် သေဆုံးသူများ

    RNA_မတ်(၂၃)၊၂၀၂၃ ခုနှစ်။
     
    မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသတွင်း သောင်းကြမ်းထွက်လာသည့် စစ်ကောင်စီတပ် တပ်မ ၉၉မှ ဘီလူးကွန်မန်ဒို စစ်ကြောင်း မြောင်မြို့နယ်ထဲဝင်လာချိန်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် စစ်ကြောင်းမှူးအပါအဝင် အများအပြားသေဆုံးကြောင်း သိရသည်။
     
    တပ်မ (၉၉) မှ ဘီလူးကွန်မန်ဒိုစစ်ကြောင်းတွင် ပျူစောထီးနှင့်ရဲများမပါဝင်သည့် စစ်ကောင်စီတပ်မှ ဗိုလ်မှူး၊ ဗိုလ်ကြီး၊ တပ်ကြပ်နှင့် တပ်သားများသာစုစည်းထားသည့် အင်အား (၁၅၀) ခန့်ပါသည့် စစ်ကြောင်းတခုဖြစ်ကြောင်း၊ မတ်လ ၂၂ ရက်နေ့ည ဘီလူးကွန်မန်ဒိုစစ်ကြောင်းကို မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ – CDSOM နှင့်မဟာမိတ်များက တိုက်ခိုက်သည့်အတွက် ဘီလူးကွန်မန်ဒိုစစ်ကြောင်းမှ စစ်ကြောင်းမှူးအပါအဝင် (၁၉) ဦးသေဆုံးကြောင်း မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ ထံမှ သိရသည်။
    ဓာတ်ပုံ – Ko Nway Oo-Myaung- စစ်ကောင်စီတပ် ဘီလူးစစ်ကြောင်းအား တိုက်ခိုက်နေသည့် ရဲဘော်များ။

    (more…)

  • စစ်အုပ်စု၏ သတ်ဖြတ်မှုများကို တားဆီးဆောင်ရွက်ပေးရန် တရုတ်နိုင်ငံအပေါ် ယာယီသမ္မတ တိုက်တွန်း 

    စစ်အုပ်စု၏ သတ်ဖြတ်မှုများကို တားဆီးဆောင်ရွက်ပေးရန် တရုတ်နိုင်ငံအပေါ် ယာယီသမ္မတ တိုက်တွန်း 

    RNA_မတ်(၂၁)၊၂၀၂၃ ခုနှစ်။

    တရုတ်နိုင်ငံအနေဖြင့် စစ်ကောင်စီတပ်မှ မြန်မာနိုင်ငံအနှံ့အပြားမှာ လူမဆန်စွာ သတ်ဖြတ်နေမှု စသည်တို့ကို တားဆီးနိုင်ရေး ပိုမိုလုပ်ဆောင်ပေးရန် အမျိုးသားညီညွတ်ရေးအစိုးရ – NUG ယာယီသမ္မတ ဒူဝါလရှီးလမှ တိုက်တွန်းလိုက်သည်။

    အမျိုးသားညီညွတ်ရေးအစိုးရ၏ (၁၁) ကြိမ်မြောက် အစိုးရအဖွဲ့အစည်းအဝေးကို ယနေ့ နံနက် (၁၀) နာရီတွင် ပြုလုပ်ခဲ့ပြီး၊ အစည်းအဝေးတွင် ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ပြည်ထောင်စုဝန်ကြီးများ၊ ဒုဝန်ကြီးများစသည်တို့ တက်ရောက်ခဲ့ပြီ ယာယီသမ္မတ ဒူဝါလရှီးလက တရုတ်နိုင်ငံအပေါ် တိုက်တွန်းမှု၊ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့များကိစ္စအပါအဝင် နိုင်ငံရေး၊ စစ်ရေးကိစ္စများကို အဖွင့်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

    (more…)