Red News Agency

Independent Journalism for Justice and Human Rights.

Author: Editor

  • PDF များ၏ စောင့်ရှောက်မှုကြားမှ အမေရေယဉ် နတ်နန်း ဆက်သပွဲနှင့်ဆုတောင်းပွဲ အောင်မြင်စွာကျင်းပနိုင်ခဲ့

    PDF များ၏ စောင့်ရှောက်မှုကြားမှ အမေရေယဉ် နတ်နန်း ဆက်သပွဲနှင့်ဆုတောင်းပွဲ အောင်မြင်စွာကျင်းပနိုင်ခဲ့

    RNA_မတ်(၁၈)၊၂၀၂၃ခုနှစ်။

    ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ စောင့်ရှောက်မှုကြားမှ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်တွင်းရှိ မမေရေယဉ် ဆက်သပွဲနှင့် ဆုတောင်းပွဲကို တပေါင်းလဆန်း (၁၀) ရက်မှ လပြည့်ကျော် () ရက်နေ့အထိအောင်မြင်စွာကျင်းပနိုင်ခဲ့ကြောင်းသိရသည်။

    ပုလဲမြို့နယ်အတွင်းရှိ အမေရေယဉ်နတ်ပွဲမှာ ဒေသခံပြည်သူများ စျေးရောင်းခြင်းနှင့် နတ်နန်းမှာ ပန်းဆက်သခြင်း၊ စားတော်ဆက်သခြင်းများ၊ စစ်ပွဲကြီးပြီးအတွင်း ဒုက္ခများအတွင်းမှ လွတ်မြောက်ရေးဆုတောင်းခြင်းစသည်တို့ ပြုလုပ်ခဲ့ကြကြောင်း၊ နှစ်စဉ်နှစ်တိုင်း အမေရေယဉ်ပွဲတော်သို့ တနိုင်ငံလုံးက ယုံကြည်သူများ လာရောက်ကြသော်လည်း ကိုဗစ်ကာလနှင့်ပြည်တွင်းစစ်ပြင်းထန်နေသည့်အတွက် စည်ကားသိုက်မြိုက်စွာ မကျင်းပနိုင်သည်မှာ () နှစ်ရှိပြီဖြစ်ကြောင်းသိရသည်။

    (more…)

  • စစ်ကောင်စီတပ် ခလရ (၁၃၅) စခန်းတခုကို ကရင်နီကွန်မန်ဒိုတပ်ဖွဲ့မှ သိမ်းပိုက်

    စစ်ကောင်စီတပ် ခလရ (၁၃၅) စခန်းတခုကို ကရင်နီကွန်မန်ဒိုတပ်ဖွဲ့မှ သိမ်းပိုက်

    RNA_မတ်(၁၇)၊၂၀၂၃ ခုနှစ်။
     
    သံလွင်အရှေ့ခြမ်းရှိ စစ်ကောင်စီတပ် ခလရ (၁၃၅) ရှေ့တန်းတပ်စခန်းတခုကို မတ်လ (၁၆) ရက်နေ့ ညနေ ၅ နာရီမှ ၆ နာရီအတွင်း ကရင်နီကွန်မန်ဒိုတပ်ဖွဲ့မှ ဝင်ရောက်သိမ်းပိုက်နိုင်ခဲ့ကြောင်း ကရင်နီစစ်ဘက်ဆိုင်ရာ ဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့က ယနေ့ ထုတ်ပြန်ထားသည်။
     
    စစ်ကောင်စီတပ် ခလရ (၁၃၅) ရှေ့တန်းတပ်စခန်းတခုကို သိမ်းပိုက်စဉ် စစ်ကောင်စီတပ်သား အလောင်း (၃) လောင်းတွေ့ရှိရပြီး၊ လက်နက်မျိုးစုံ (၆)နှင့် ခဲယမ်းများ၊ စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရမိကြောင်း၊ စခန်းအထိုင်တပ်သားတချို့ထွက်ပြေးသွားကြကြောင်း သိရသည်။
     
    #RedNewsAgency

  • ကုလသမဂ္ဂ အစည်းအဝေးမှာ တာတိုင်ရွာနှင့်နမ့်နိန်ဖြစ်စဉ်အပါအဝင်အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများ ဦးကျော်မိုးထွန်းတင်ပြ

    ကုလသမဂ္ဂ အစည်းအဝေးမှာ တာတိုင်ရွာနှင့်နမ့်နိန်ဖြစ်စဉ်အပါအဝင်အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများ ဦးကျော်မိုးထွန်းတင်ပြ

    RNA_မတ်(၁၇)၊၂၀၂၃ ခုနှစ်။
     
    နယူးယောက်မြို့ အခြေစိုက် ကုလသမဂ္ဂဌာနချုပ်ရှိ ကုလသမဂ္ဂ အထွေထွေညီလာခံ အလွတ်သဘောအစည်းအဝေး (Informal Meeting)တွင် စစ်ကောင်စီတပ်၏ အစုလိုက်ပြုံလိုက်သတ်ဖြတ်မှုများ၊ တာတိုင်ရွာနှင့် နမ့်နိန်ကျေးရွာဖြစ်စဉ်တို့ကို ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက တင်ပြခဲ့ကြောင်း သိရသည်။
    ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်က မြန်မာနိုင်ငံရှိ ရိုဟင်ဂျာများ၏ အခြေအနေနှင့်ပတ်သက်၍ တင်ပြသည့် အလွတ်သဘောအစည်းအဝေးကို မတ်လ ၁၆ ရက်နေ့က ကျင်းပခဲ့ရာ ဦးကျော်မိုးထွန်းတက်ရောက်ခွင့်ရပြီး မိန်းခွန်းပြောကြားရာတွင် စစ်အာဏာသိမ်းမှု (၂) နှင့်ပြည့်အတွင်း ပြည်သူများရင်ဆိုင်ကြုံတွေ့နေရသည့်ကိစ္စများကို တင်ပြခဲ့ခြင်းဖြစ်သည်။

    (more…)

  • ပအဖ၊ ပကဖ၊ ပလဖ၊ PDFနှင့် LDF အကြားစုစည်းနိုင်ရေး အရေးအကြီးလုပ်ဆောင်ရမည်

    ပအဖ၊ ပကဖ၊ ပလဖ၊ PDFနှင့် LDF အကြားစုစည်းနိုင်ရေး အရေးအကြီးလုပ်ဆောင်ရမည်

    RNA_မတ်(၁၆)၊၂၀၂၃ ခုနှစ်။

    လက်တလော အရေးကြီးပြီး ဦးစား‌ပေးလုပ်ကိုင် ဆောင်ရွက်ရမှာ မြေပြင်အင်အားများဖြစ်သည့် ပအဖ၊ ပကဖ၊ ပလဖ၊ PDFများနှင့် LDF များရဲ့ကြား အင်အား စုစည်းနိုင်ဖို့ အရေးအကြီးဆုံးဖြစ်သည်လို့ NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောသည်။

    ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအစည်းအဝေး မတ်လ (၁၆) ရက်နေ့မှာကျင်းပသည့် အမှတ်စဉ်(၁၁/၂၀၂၃)မှာ ပြောကြားခဲ့ခြင်းဖြစ်သည်။

    “လက်တလောမှာ အရေးကြီးပြီး ဦးစားလုပ်ကိုင် ဆောင်ရွက်ရမှာတော့ မြေပြင်အင်အားတွေရဲ့ စုစည်းနိုင်မှုအခြေအနေပဲဖြစ်ပါတယ်။ ပအဖ၊ ပကဖ၊ ပလဖ၊ PDF တွေနဲ့ LDF တွေရဲ့ကြားမှာ အင်အား စုစည်းနိုင်ဖို့က အရေးအကြီးဆုံးဖြစ်နေပါတယ်။ ကာကွယ်ရေးဝန်ကြီး ဌာနက ထုတ်ပြန်ထားတဲ့ ပကဖများ ဖွဲ့စည်းပုံနဲ့ လုပ်ငန်းလမ်းညွှန် အပိုဒ်(၂၂)မှာ ဖော်ပြထားတဲ့အတိုင်း LDFနဲ့ ပူးပေါင်းဆောင်ရွက်မှု တွေကိုလည်း တိုးမြှင့်ဆောင်ရွက်ကြမှသာ ကျွန်တော်တို့ဆောင်ရွက်ချင်တဲ့ နယ်မြေစိုးမိုးထိန်းချုပ်မှုတွေ၊ စနစ်ကျနခိုင်မာအားကောင်းပြီး ဖက်ဆစ်စစ်တပ်နေရာမှာလည်း အသင့်အစားထိုးဝင်ရောက် တာဝန်ထမ်းဆောင်နိုင်ပြီး ပြည်သူကအားကိုးတဲ့ စစ်ရေး/ကာကွယ်ရေးယန္တရားများဖြစ်မှာဖြစ်ပါတယ်။ စိုးရိမ်ကြောက်လန့်မှုတွေနဲ့ ကြုံတွေ့နေရတဲ့ ပြည်သူတွေအနေနဲ့လည်း မိမိတို့ ယုံကြည်အားကိုးတဲ့ အစိုးရရဲ့အကာအကွယ် အစောင့်အရှောက်တွေကို အပြည့်အဝ ရချင်မှာပဲ ဖြစ်ပါတယ်။ ဒီအတွက် ကျွန်တော်တို့အစိုးရအနေနဲ့ မြေပြင်ပေါင်းစပ်ညှိနှိုင်းမှုတွေ စနစ်တကျ လုပ်ဆောင် သွားဖို့ အရေးတကြီးလိုအပ်နေကြောင်း ပြောကြားလိုပါတယ်” ဟုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားခဲ့ပါတယ်။

    (more…)

  • ပြည်တွင်းပဋိပက္ခများ ပြေလည်ရေး တရုတ်နိုင်ငံကြားဝင်ဆောင်ရွက်မှုအပေါ် UWSA ဦးဆောင်သည့် FPNCC ထောက်ခံ 

    ပြည်တွင်းပဋိပက္ခများ ပြေလည်ရေး တရုတ်နိုင်ငံကြားဝင်ဆောင်ရွက်မှုအပေါ် UWSA ဦးဆောင်သည့် FPNCC ထောက်ခံ 

    RNA_မတ်(၁၆)၊၂၀၂၃ ခုနှစ်။

    မြန်မာနိုင်ငံအတွင်းဖြစ်ပေါ်နေသော ပြည်တွင်းပဋိပက္ခများပြေလည်ချုပ်ငြိမ်းသွားရေးအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ကြားဝင်ဆောင်ရွက်မှုအပေါ် ကြိုဆိုထောက်ခံကြောင်း FPNCC ကယနေ့ ထုတ်ပြန်ထားသည်။

    ပြည်ထောင်စုနိုင်ငံရေးဆွေးနွေညှိနှိုင်းရေးကော်မတီ ( FPNCC) လုပ်ငန်းအစည်းအဝေးကို “ဝ” ပြည်နယ် ပန်ခမ်းမြို့တွင် မတ်လ (၁၅)/(၁၆) ရက်တို့က ပြုလုပ်ခဲ့ရာ အဖွဲ့ဝင်များဖြစ်သည့် မြောက်ပိုင်းမဟာမိတ်(၇) ဖွဲ့ဖြစ်သည့် UWSP၊ KIA၊ PSC၊ SSPP၊ MNTJP၊ ULA၊ PSLF ခေါင်းဆောင်များတက်ရောက်ခဲ့သည်။

    #RedNewsAgency

  • နမ့်နိန်းကျေးရွာအနောက်ဘက် တကျောမှာ တိုက်ပွဲဖြစ်ပြီး စကစဘက်မှ (၂၀) ကျော်သေ

    နမ့်နိန်းကျေးရွာအနောက်ဘက် တကျောမှာ တိုက်ပွဲဖြစ်ပြီး စကစဘက်မှ (၂၀) ကျော်သေ

    RNA_မတ်(၁၆)၊၂၀၂၃ ခုနှစ်။

    ပင်လောင်းမြို့နယ်၊ နမ့်နိန်းကျေးရွာ ‌အနောက်ဘက်ရှိ တောင်ကုန်း ဒေသတစ်ကျောတွင် စစ်ကောင်စီတပ်စစ်ကြောင်း အများအပြား ထိုးစစ်ဆင်လာသည့်အတွက် ယနေ့ နံနက် (၇) ဝန်းကျင်မှစတင်ကာ ပြည်သူ့ကာကွယ်ရေး မဟာမိတ်များနှင့် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်မှ (၂၀) ကျော်သေဆုံးကြောင်း KRU ကထုတ်ပြန်ထားသည်။

    အင်အားအများအပြားထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်ကို ကယား(ကရင်နီ)တော်လှန်ရေးတပ်ပေါင်းစု (KRU)နှင့် KNDF BO(11)၊ PNDF(KK)၊အလယ်ပိုင်းတိုင်း တပ်ရင်း(804)၊ တပ်ရင်း(805)၊ တပ်ရင်း(1102)၊စစ်တောင်းပျောက်ကျားအဖွဲ့မှ ခုခံတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

    (more…)

  • တနောင်းတောတောင်ရွာ မီးရှို့ဖျက်ဆီးခံရမှုအတွင်း သက်ကြီးရွယ်အို (၃) ဦး သေဆုံး

    တနောင်းတောတောင်ရွာ မီးရှို့ဖျက်ဆီးခံရမှုအတွင်း သက်ကြီးရွယ်အို (၃) ဦး သေဆုံး

    RNA_မတ်(၁၆)၊၂၀၂၃ ခုနှစ်။

    အကြမ်းဖက်စစ်ကောင်စီတပ် စစ်ကြောင်းက စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ထနောင်းတော တောင်ရွာအတွင်း စီးနင်းဝင်ရောက်ပြီး ကျေးရွာကို မီးရှို့ဖျက်ဆီးမှုအတွင်း ပိတ်မိကာ သက်ကြီးရွယ်အို (၃) ဦး မီးလောင်မှုအတွင်း ပိတ်မိကာ သေဆုံးခဲ့ကြောင်း သိရသည်။

    မုံရွာ-မန္တလေးအမြန်လမ်းရှိ မြေနဲကျေးရွာအဝင် စွမ်းရည်ထက်ဆီဆိုင်တွင် တပ်စွဲထားသော စစ်ကောင်စီတပ် အင်အင်း (၃၀) ခန့်ရှိ စစ်ကြောင်းက ‌သေနတ်များပစ်ခတ်ကာ ကျေးရွာအတွင်း စီးနင်းပြီး မတ်လ (၁၅) ရက်နေ့ နံနက်က ဝင်ရောက်ပြီး (၇) နာရီမှစတင်ကာ မီးရှို့ဖျက်ဆီးခဲ့ကြခြင်း ဖြစ်သည်ဟု မုံရွာ – အမြင့်လမ်းသတင်းမှန်ပြန်ကြားရေးအဖွဲ့ထံမှ သိရသည်။

    (more…)

  • ”လူမျိုးရေးပဋိပက္ခနှင့် ဘာသာရေးပဋိပက္ခများ” ဖြစ်ပွား စေရန် စစ်ကောင်စီဖန်တီးနေ

    ”လူမျိုးရေးပဋိပက္ခနှင့် ဘာသာရေးပဋိပက္ခများ” ဖြစ်ပွား စေရန် စစ်ကောင်စီဖန်တီးနေ

    RNA_မတ်(၁၅)၊၂၀၂၃ ခုနှစ်။

    ပအိုဝ်းပြည်သူများနှင့် ကရင်နီပြည်သူများအကြား အမုန်းတရားကြီးထွားလာစေရန် လုပ်ကြံဖန်တီးပြီး ”လူမျိုးရေးပဋိပက္ခနှင့် ဘာသာရေးပဋိပက္ခများ” ရည်ရွယ်ချက်ရှိရှိဖြင့် သွေးထိုးလှုံ့ဆော်နေသော အကြမ်း ဖက်စစ်ကောင် စီ၏လုပ်ရပ်များအား ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ-PNFC က ပြင်းပြင်း ထန်ထန်ကန့်ကွက်ရှုတ်ချကြောင်း ထုတ်ပြန်ထားသည်။

    ပင်လောင်းမြို့နယ်၊ ဆောင်းပြောင်းဒေသ၊ နမ်းနိန်းရွာဘုန်းကြီးကျောင်းအတွင်းတွင် ကျောင်းထိုင် ဆရာတော်အပါအဝင် သံဃာတော်(၃)ပါး၊ အမျိုးသမီး (၁)ဦးနှင့်အမျိုးသား(၁၈)ဦးတို့ကိုစစ်ကောင်စီတပ်က ရက်စက်ကြမ်းကြုတ်စွာ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့ခြင်းသည် “လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့်ရာဇဝတ်မှု” နှင့် အရပ်သားများကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့မှုကြောင့် “စစ်ရာဇဝတ်မှု” မြောက်ကြောင်း သိရသည်။

    (more…)

  • “နမ့်နိန်းရွာမှာ ဘာဖြစ်ခဲ့သလဲ နှင့် နောက်ဆက်တွဲလားရာများ”

    “နမ့်နိန်းရွာမှာ ဘာဖြစ်ခဲ့သလဲ နှင့် နောက်ဆက်တွဲလားရာများ”

    အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု တရားခံ စစ်ကောင်စီအနေဖြင့် နမ့်နိန်းရွာတွင် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့ပြီး ၎င်းတို့အပြစ်ကို ဖုံးကွယ်ကာ တော်လှန်ရေးအဖွဲ့များကို အပစ်လွှဲချနေသော်လည်း အချက်အလက်များအရ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကို စစ်ကောင်စီက ကျူးလွန်ခဲ့သည်မှာ အထင်အရှားပင်ဖြစ်သည်
    BACS
    ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်၊ နမ့်နိန်းကျေးရွာ ဘုန်းကြီးကျောင်းအတွင်းရှိ သံဃာတော် (၃) ပါး၊ အမျိုးသား (၁၈) ဦးနှင့် အမျိုးသမီး (၁) ဦးတို့အား စစ်ကောင်စီတပ်သားများက ပစ်ခတ်သတ်ဖြတ်ခဲ့သည့်ဖြစ်ရပ်ကို ဖုံးကွယ်ကာ ဘာသာရေး၊ လူမျိုးရေး ပြဿနာများဖြစ်ပွားအောင် နည်းမျိုးစုံဖြင့် စစ်ကောင်စီက ဝါဒဖြန့်နေသည်ကို တွေ့ရှိရသည်။ မြေပြင် နီးစပ်သူများကို ဖုန်းဆက်မေးမြန်းရာတွင် ပျောက်ဆုံးနေသည့် ရွာသူရွာသား ၁၁ ဦး ရှိနေသေးကြောင်း လည်း သိရှိရသည်။
    ● အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကို ဖုံးကွယ်ရန်ကြိုးစားခြင်း
    မတ်လ (၁၀) ရက်နေ့က ပင်လောင်းမြို့နယ် နမ့်နိမ်းရွာအနီးတွင် ဒေသတွင်း မဟာမိတ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။ စစ်ကောင်စီတပ်သည် နမ့်နိန်းကျေးရွာအတွင်းသို့ လက်နက်ကြီးများပစ်ခတ်ခဲ့ပြီး စစ်ကြောင်းထိုးလာခဲ့သည်။ လက်နက်ကြီးကျည် ကျရောက်ခြင်းကြောင့် နေအိမ်မီးလောင်မှုများနှင့် ဘုန်းကြီး ကျောင်းအတွင်း ခိုလှုံနေသည့် အရပ်သားတဦး သေဆုံးခဲ့ကြောင်းကို ပအိုဝ်းသတင်းဌာနဖြစ်သည့် The People’s Voice – ခမ်းသားငေါဝ်း Burmese Version သတင်း ( ပုံ – ၁ )တွင် ဖော်ပြထားသည်။ မတ်လ ၁၁ ရက်နေ့ မနက်ပိုင်းတွင် လက်နက်ကြီးပစ်ကူများ လေကြောင်းပစ်ကူများ အသုံးပြုကာ ကျေးရွာနှင့် ဘုန်းတော်ကြီးကျောင်းကို စစ်ကောင်စီတပ်များ ဝင်ရောက်စီးနင်းခဲ့သည်။
    ( ပုံ – ၁ )
    ● နမ့်နိန်းရွာ ပထမဆုံး သတင်းဖြစ်စဉ်
    စစ်ကောင်စီတပ်များ ဝင်ရောက်စီးနင်းပြီးနောက် နမ့်နိမ်းရွာ ဘုန်းကြီးကျောင်းအတွင်းအစုလိုက် အပြုံလိုက် သတ်ဖြတ်ခံရသည့်ဓာတ်ပုံများ ထွက်ပေါ်လာခဲ့သည်။ PDF များကို စစ်ကောင်စီတပ်က သတ်ဖြတ်နိုင်မှုအဖြစ် အစုလိုက်အပြုံလိုက်သေဆုံးနေသည့်ဓာတ်ပုံများကို စစ်ကောင်စီဝါဒဖြန့် ချန်နယ်များက ဖြန့်ဝေခြင်းဖြစ်သည်။ စစ်ကောင်စီဝါဒဖြန့် ချန်နယ်တခုဖြစ်သည့် Ko Thet – Telegram တွင် မတ်လ ၁၁ ညနေ ၆ နာရီ နောက်ပိုင်းကစတင်ကာ ဘုန်းကြီးကျောင်းဝန်းအတွင်း ပစ်ခတ်သတ်ဖြတ်ခံထားရသည့် ရုပ်အလောင်း ဓာတ်ပုံများကိုအသုံးပြုကာ “ဒါက အမြည်း ခေါင်းတွေ၊ နဖူးတွေ၊ ဘက်သီးတွေ ပုံတွေအများကြီးကျန်သေးတယ်” စသဖြင့် သတ်ဖြတ်ခံထားရသည့် ၃ ဦးပုံ စတင် တင်ခဲ့ပြီး “ဘုရားပေါ်မှာ Beer သောက်ပြီး စစ်တပ်ကိုပစ်တဲ့ ကယားပဒက်တွေကတော့ မြင်တဲ့အတိုင်းပဲ .. Sniper မိထားတာ .. ဒါ အမြည်းနော် ပြီးမှ စုတင်မယ် ..” ဆ ဆိုကာ နောက်ထပ်သတ်ဖြတ်ခံရသူ ၃ ဦးပုံ တင်ခဲ့သည်။ ထို့နောက် ၁၂ ရက်နေ့ နံနက်အစောပိုင်းတွင် ရုပ်အလောင်းများပေါ် လက်လုပ်သေနတ်များတင်ထားသည့် ပုံများဖြင့် “ကယားပဒက်များ၏ နိဂုံး” ဆိုသည့် အကြောင်းအရာကိုတင်ခဲ့သည်။( ပုံ – ၂ )
    ( ပုံ – ၂ )
    စစ်ကောင်စီဝါဒဖြန့်ချန်နယ်ပါ အရပ်သားများကို ကယား PDF ဟု စွပ်စွဲသတ်ဖြတ်ထားသည့်ပုံ စစ်ကောင်စီဝါဒဖြန့် ချန်နယ်များတွင် တင်ထားသည့် အချက်အလက်များကို စစ်ဆေးကြည့်သည့်အခါ သတ်ဖြတ်ခံရသူများသည် စစ်ယူနီဖောင်း၊ ဘောင်းဘီ ဝတ်ဆင်ထားခြင်းမရှိဘဲ အများစုမှာ ပုဆိုးများသာ ဝတ်ဆင်ထားသည် ကိုတွေ့ရသည်။

    (more…)

  • ဖားကန့်၌ KIA ဒုတိုက်နယ်မှူး၏နေအိမ် ဝင်စီးခံရပြီး (၆) ဦးဖမ်းဆီးခံရ

    ဖားကန့်၌ KIA ဒုတိုက်နယ်မှူး၏နေအိမ် ဝင်စီးခံရပြီး (၆) ဦးဖမ်းဆီးခံရ

    RNA_ဖားကန့်၊ မတ်(၁၅)၊၂၀၂၃ ခုနှစ်။
     
    ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊အေးမြသာယာအုပ်စု၊ မော်မောင်းလျှံကျေးရွာ၊ သောင်းချိုကွက်သစ်အတွင်း KIA ဒုတိုက်နယ်မှူး တန်ဆိုင်း၏ နေအိမ်အား စစ်ကောင်စီတပ်သားများက ယနေ့နံနက် (၅) နာရီကျော်ခန့်က ဝင်ရောက်စီးနင်းကာ (၆) ဦးအား ဖမ်းဆီးသွားကြောင်း သိရသည်။
     
    စစ်ကောင်စီ၏ ဖမ်းဆီးခြင်းခံရသူများတွင် နော်လီ၊ ကိုဒွဲဂျာ၊ ကိုလအောင်၊ ကိုဂွမ်ထန်နော်အောင်၊ ကိုဆွတ်လွတ်နော်လတ်နှင့် အခြားအမည်မသိသူ တစ်ဦး စုစုပေါင်း (၆)ဦး ဖမ်းဆီးခံရပြီး ဒုတိုက်နယ်မှူး တန်ဆိုင်းမှာ ဖမ်းဆီးခံရခြင်းမရှိပဲ လွတ်မြောက်ခဲ့ကြောင်း သိရသည်။
     
    ဖားကန့်တွင် ရပ်ကွက်/ကျေးရွာအုပ်စုအလိုက် KIA/KIO အဖွဲ့၏ တိုက်နယ်မှူး/ဒုတိုက်နယ်မှူးများက အုပ်ချုပ်ရေးမှူးများအဖြစ် ဆောင်ရွက်ကြောင်း ကချင်အသိုင်းအဝန်းနှင့်နီးစပ်သူများထံမှ သိရသည်။

    (more…)