Author: Editor
-

S.O.F အထူးလေးကျင့်ရေးမှတ်တမ်း အပိုင်း (၁)
RNA_ဧပြီ(၃)၊၂၀၂၃ ခုနှစ်။အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ တောင်ပိုင်းစစ်ဒေသကွပ်ကဲရေး အထူးစစ်ဆင်ရေးတပ်ဖွဲ့ (Speclal Operation Force – S.O.F) ၏ အထူးလေ့ကျင့်ရေးမှတ်တမ်း အပိုင်း (၁) ရုပ်သံကို ပြည်သူများထံ တင်ပြထားခြင်းဖြစ်သည်။[embedyt] https://www.youtube.com/watch?v=k_CYaDvP_kg[/embedyt] -

“ပြည်သူရှိနေသရွေ့ ပါတီရှိနေမယ်” စာသားကိုင်ဆောင်ပြီး ဆန္ဒပြ
RNA_ဧပြီ(၂)၊၂၀၂၃ ခုနှစ်။

စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်မှ ရွေးကောက်ပွဲမှတ်ပုံမတင်သည့် ပါတီများကို ဖျက်သိမ်းကြောင်း ကြေညာသည့်အပေါ် ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်စစ်ကြောင်းမှဦးဆောင်ကာ PDF များ၏ ဝန်းရံမှုဖြင့် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆားလင်းကြီးမြို့နယ်အတွင်း ယနေ့ ဆန္ဒပြခဲ့ကြသည်။
-

ရန်ကုန်မြို့မှာ လျှပ်စစ်ဓာတ်အား ဆိုးဆိုးရွားရွား ပျက်နေသည့်အတွက် ပြည်သူများ အခက်တွေ့နေ
RNA_ဧပြီ(၁)၊၂၀၂၃ ခုနှစ်။
အာဏာသိမ်းစစ်ကောင်စီလက်ထက် ၂၀၂၃ ခုနှစ် မတ်လအကုန်နှင့် ဧပြီအစမှာပင် ရန်ကုန်မြို့၌ လျှပ်စစ် ဓာတ်အား ဆိုးဆိုးရွားရွားပျက်တောက်နေသည့်အတွက် ရေရှားပါးမှုများပါ ဖြစ်ပွားနေကြောင်း သိရသည်။
စစ်ကောင်စီလက်အောက်ခံ လျှပ်စစ်ဌာနမှ ရန်ကုန်မြို့အတွင်းတွင် လျှပ်စစ်မီးလာချိန် မမှန်သည့်အပြင် ပေးချင်သလိုပေး ဖြတ်ချင်သလို ဖြတ်နေကြောင်း၊ နေ့တစ်ဝက်ခန့် မီးပျက်ခြင်း၊ နာရီပိုင်းနှင့် မိနစ်ခန့်ပိုင်းသာ လာပြီး မီးပြန်ပျက်သွားခြင်းများ ကြုံတွေ့နေကြရသည်။
“နေ့ပျက် ညပျက် သန်ခေါင်းကျော်ပျက် အလုပ်ချိန်ပျက် အလုပ်ပြန်ချိန်လည်းပျက် မင်းအောင်လှိုင် နောက်လိုက် အီးပီစီကသူတွေ ပြည်သူကို စေတနာမရှိတာ ပေါ်လွင်နေတယ်။ တမင်လုပ်နေတာ ပျက်လိုက်လာလိုက်နဲ့လေ အခြေအနေမကောင်းရင် မီးပါလောင်တတ်တယ်။ ဒါပြည်သူကို ဒုက္ခ ရောက်အောင် သောက်ကျင့်ယုတ်နေတာလို့ပဲ ထင်တယ်” ဟု အလုံမြို့နယ် နေထိုင်သူ တစ်ဦးက ပြောကြားသည်။
ရန်ကုန်မြို့နေ ပြည်သူများသည် မီပုံမှန်မလာသည့် အတွက် ရေတင်မရ ၊ အချိန်မီအခါမီ ချက်ပြုတ်စားသောက်မရ၊ ဒုက္ခ ရောက်နေကြရကြောင်း၊ စားသောက် ဆိုင်များနှင့် လျှပ်စစ်မီးဖြင့် အလုပ် လုပ်ကိုင်နေရသည့် လုပ်ငန်းများ အနေဖြင့် မီးစက်ဖြင့် အလုပ်လုပ်ကိုင်နေရသည့်အတွက် စရိတ်အကုန်ကျများကာ လုပ်ငန်းအတွက် ထိခိုက်မှုများရှိကြောင်း၊ ဆိုင်များ ပုံမှန်အချိန်ထက်စောကာ ၁ နာရီ ၂ နာရီထက် စောကာ ပိတ်သိမ်းနေကြရကြောင်း သိရသည်။
ရန်ကုန်မြို့တွင် ရေမရ၊မီးမရ နွေရာသီကာလ လျှပ်စစ်မီး ဆိုးဆိုးဝါးဝါး ပျက်နေပါက နေ့ဆိုလျှင် မီးစက်သံညံနေပြီး ညဆိုလျှင် တစ်မြို့လုံး အမှောင်ထုလွှမ်းနေခြင်းဖြစ်သည်။
#RedNewsAgency
-

ကျောက်ထုမြို့နယ် စံရွာအနောက်တောင်ကြောတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ (၁၀) ဦးခန့် သေဆုံး
RNA_ဧပြီ(၁)၊ ၂၀၂၃ ခုနှစ်။မကွေးတိုင်း၊ ကျောက်ထုမြို့နယ်၊ စံရွာ အနောက်မြောက်တောင်ကြောတွင် စစ်ကောင်စီတပ် အင်အား (၁၃၀) ခန့်ပါ စစ်ကြောင်းနှင့် YDF ယောနက စစ်ကြောင်း၊ CDF – Mindat၊ ကျောက်ထုPDF တို့နှင့် မတ်လ (၃၀) ရက်နေ့ နေ့လည် (၁၂) နာရီဝန်းကျင်မှ (၂)နာရီ ၂၀ မိနစ်ဝန်းကျင်အထိ တိုက်ပွဲပြင်းထန်ခဲ့ရာ စစ်ကောင်စီတပ်မှ (၁၀) ဦးခန့်သေဆုံးကြောင်း ယောကာကွယ်ရေးတပ် – YDF မှ ယနေ့ ထုတ်ပြန်ထားသည်။ဒေသခံတစ်ဦး၏အဆိုအရ “ဒီနေ့ လေကြောင်းတိုက်ခိုက်မှု့ ဖြစ်ပွားတဲ့ ဆောမြို့နယ်နှင့် မင်းတပ်မြို့နယ်အစပ် ထိတွေ့မှုအပြီး ညနေပိုင်းမှာ စခတွေ စံရွာထဲကို အထမ်းတွေနဲ့ ပြန်ဝင်လာတာတွေ့ရတယ်ဗျ ။ အထမ်းအရေအတွက်ကတော့ အတော်လေးများတယ်လို့ ပထမသိရပါသေးတယ်။ အရေအတွက်ဆက်လက်စုံစမ်းဆဲပါဗျ” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ -

နံနက်စောစော အလစ်အငိုက်တိုက်ခိုက်ခံရပြီး ပြည်သူ့ကာကွယ်ရေး ရဲဘော် (၅) ဦးကျဆုံး
RNA_ဧပြီ(၁)၊၂၀၂၃ ခုနှစ်။ပထမနေ့တိုက်ပွဲအပြီး ဒုတိယနေ့တိုက်ခိုက်ရန် မဟာမိတ်ရဲဘော်များစုနေသည့် တပ်ခွဲစခန်းတခုကို နံနက်စောစော စစ်ကောင်စီတပ်မှ လူအင်အား လက်နက်အင်အားအပြည့်ဖြင့် ဝင်ရောက်တိုက်ခိုက်သည့်အတွက် ရေစကြို ပကဖ ရဲဘော် (၄) ဦးနှင့် YLK ပြောက်ကျားတပ်ဖွဲ့မှ ရဲဘော် (၁) ဦးတို့ ကျဆုံးခဲ့ရကြောင်း သိရသည်။ရေစကြိုမြို့ပေါ်မှ မတ်လ (၃၀) ရက်နေ့ကထွက်လာသည့် အင်အား (၄၀)ပါစစ်ကောင်စီတပ်စစ်ကြောင်းအား ညောင့်စောင်နှင့် သမန္တပိုကျေးရွာအကြားမိုင်းခွဲတိုက်ခိုက်ခဲ့သည့်အတွက် ဒဏ်ရာများရရှိကာ မြို့ပေါ်ပြန်တက်သွားကြောင်း၊ မတ်လ (၃၁) ရက်နေ့နံနက် (၄)နာရီ (၃၀) မိနစ်ဝန်းကျင်တွင် အင်အား (၇၀) ခန့်ဖြင့် ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပ.က.ဖ) တပ်ခွဲစခန်းကို စီးနင်းတိုက်ခိုက်ခဲ့သည့်အတွက် ပြည်သူ့ကာကွယ်ရေးရဲဘော် (၅) ဦးကျဆုံးခဲ့ရသည်။
“စခန်းက စုနေတဲ့ စခန်းတော့မဟုတ်ဘူး၊ အခုက အဖွဲ့ပေါင်းစုံရှိနေတယ်ဆိုတော့ ပထမနေ့တိုက်ပြီး ဒုတိယနေ့ တိုက်ဖို့ဖြစ်မယ်၊ အခုလိုဖြစ်သွားတာက တော်တော်လေးဆိုးပါတယ်၊ ကြားရတာ စိတ်မကောင်းစရာပါ၊ စုစုပေါင်းဆို ၅ ဦးကျသွားတယ်၊ လက်နက်တွေလည်း ပါသွားသေးတယ်ကြားတယ်၊ ကျနော့်အထင်တော့ ရန်သူကို လျှော့တွက်ပြီး ကိုယ့်ဘက်က လက်ဦးမှုယူမယ်လို့ ပြင်ထားပြီးမှ မနက်စောစော အငိုက်ဖမ်းပြီး ရန်သူဝင်လာတော့ ကိုယ့်ဘက်က ဘာမှ Plan မရှိထားတော့ ခံလိုက်ရတယ်လို့ပဲထင်ပါတယ်၊ လူအင်အား လက်နက်အင်အား မမျှတာလဲ ပါတာပေါ့” ဟု ရေစကြိုမြို့နယ် PDF ရဲဘော်တဦးက ပြောသည်။ -

တိုက်ပွဲအတွင်း စစ်ကောင်စီတပ် ခလရ (၂၈၇) မှ (၁၅) ဦးထက်မနည်း သေဆုံးပြီး လက်နက်ခဲယမ်းများ ဆုံးရှုံး
RNA_မတ်(၃၁)၊၂၀၂၃ ခုနှစ်။
ကရင်နီပြည်(ကယား)နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါလျာခူကျေးရွာအနီးရှိ ညေးဘူးခူတောင်ပေါ်သို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီ၏ ခလရ (၂၈၇) အား KA ၊ KNDF စသည့် တပ်ပေါင်းစုတပ်ဖွဲ့မှ တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား (၁၅) ဦးအထက် သေဆုံးပြီး လက်နပ်ခဲယမ်းများ ဆုံးရှုံးခဲ့ကြောင်း သိရသည်။

ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းရှိ ၊ ဒေါလျားခူကျေးရွာ အရှေ့မျက်နှာစာ ညေးဘူးခူတောင်ပေါ်သို့ စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့အား မတ်လ (၂၉/၃၀) ရက်နေ့က ကရင်နီတပ်မတော် (KA) ၊ KNDF ဗျူဟာ (၆)မှ တပ်ရင်းများဖြစ်သော KNDF/B (10) ၊ KNDF/B (15) ၊ နှင့် ဗျူဟာ (၄) မှ တပ်ရင်းများဖြစ်သော KNDF/B01၊ KNDF/B05၊ KNDF/B06 ၊KNDF/B (07) များပူးပေါင်း၍တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
-

NUG ကာကွယ်ရေးဝန်ကြီးဌာနမှ လေကြောင်းရန်ကာကွယ်ရေးအတွက် အမေရိကန်ဒေါ်လာ ၁.၄ သန်း၊ တန်ပြန်လေကြောင်းတိုက်ခိုက်ရေးအတွက် ဒေါ်လာ (၈) သိန်းလျာထားသုံးစွဲနေ
RNA_မတ်(၃၁)၊၂၀၂၃ ခုနှစ်။အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် လေကြောင်းရန်ကာကွယ်ရေးကဏ္ဍအတွက် အမေရိကန်ဒေါ်လာ (၁.၄) သန်းနှင့် တန်ပြန်လေကြောင်း တိုက်ခိုက်ရေးကဏ္ဍအတွက် အမေရိကန်ဒေါ်လာ (၈) သိန်း လျာထား သုံးစွဲလျက်ရှိကြောင်း ယနေ့ ထုတ်ပြန်လာသည်။
-

အထူးစစ်ဆင်ရေးတပ်ဖွဲ့ရှိ အမျိုးသမီးရဲမေများ စစ်ဆင်ရေးများတွင် ပါဝင်တိုက်ခိုက်နေ
RNA_မတ်(၃၁)၊၂၀၂၃ ခုနှစ်။အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန တောင်ပိုင်းစစ်ဒေသကွပ်ကဲရေး ပြည်သူ့ကာကွယ်ရေးတပ်မတော် အထူးစစ်ဆင်ရေးတပ်ဖွဲ့ S.O.F အတွင်းရှိ အမျိုးသမီးရဲမေများသည် စစ်ကောင်စီလက်အောက်ခံများကို တိုက်ခိုက်သည့် စစ်ဆင်ရေးများတွင် ပါဝင်တိုက်ခိုက်နေကြောင်း သိရသည်။
“S.O.F အမျိုးသမီးရဲမေအားလုံးသည် တောင်ပိုင်းစစ်ဒေသကွပ်ကဲရေး၏ မြို့ပြနှင့်ကျေးလက်စစ်ဆင်ရေးအစီအစဥ်များအား ကိုယ်တိုင်ပါဝင်၍ သက်စွန့်ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည်။ S.O.F အမျိုးသမီးရဲမေအားလုံးသည် တပ်ဖွဲ့၏ ဦးဆောင်မှု၊ စစ်ရေး၊ ထောက်/ပို့၊ ထောက်လှမ်းရေး ဂဏ္ဍအသီးသီးတွင် ကျရာတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်လျှက်ရှိကြသည်” ဟု အထူးစစ်ဆင်ရေးတပ်ဖွဲ့-S.O.F ထံမှ ပြောကြားထားသည်။ -

သူရဲကောင်း ဒုတပ်ရင်းမှူး ဗိုလ်ဆင်ရိုင်း ဈာပန
RNA_မတ်(၃၀)၊၂၀၂၃ ခုနှစ်။
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလွဲအိုကျေးရွာအနီး၊ စစ်ကိုင်းခရိုင် တပ်ရင်း အမှတ် (၁)၊ တပ်ခွဲ (၃) စခန်းအား စစ်ကောင်စီတပ်မှ ယနေ့ နံနက်ပိုင်းက စီးနင်းတိုက်ခိုက်ခဲ့ရာ ပြန်လည်ခုခံစဉ် လက်နက်အင်အားမမျှသည့်အတွက် စစ်ကိုင်းခရိုင် အမှတ် (၁) တပ်ရင်း သူရဲကောင်း ဒုတပ်ရင်းမှူး ဗိုလ်ဆင်ရိုင်းကျဆုံးခဲ့ရပြီး ဈာပနအခမ်းအနားကို ယနေ့ပြုလုပ်ခဲ့ကြောင်း သိရသည်။
[embedyt] https://www.youtube.com/watch?v=bCxIQZKv0lE[/embedyt]
” CDSOM လို့ပေါ်ပေါက်ပြီး မြောင်နယ်ရဲ့တော်လှန်ရေးအစကတည်းက ကျဆုံးချိန်ထိ လက်တွဲညီညီ သစ္စာရှိရှိနဲ့ တပည့်ပေါင်းများစွာမွေးထုတ်ပေးပြီး ခေါင်းဆောင်ကောင်းပီသစွာ ရွတ်ရွတ်ချွံချွံတိုက်ပွဲတွေဝင်ခဲ့တဲ့မင်း။ အဖွဲ့ရဲ့လိုအပ်ချက်တွေဖြည့်ဆည်းနိုင်ဖို့ ပိုင်ဆိုင်မှုတွေရောင်းချပေါင်နှံပီး တော်လှန်ရေးအပေါ် အားသွန်ခွန်စိုက်လုပ်ခဲ့တဲ့မင်း။ ငါယုံကြည် ငါအားကိုးရတဲ့မင်း ငါ့အနားကထွက်ခွားသွာခဲ့ပြီ။ ငါကိုယ်တိုင်လဲ လဲကျချင်နေပီ ဒါပေမယ့် အားတင်းပီး မင်းတို့ရဲ့ဆန္ဒတွေပြီးမြောက်သည်ထိ “ဆင်ရိုင်းစစ်ဆင်ရေး” တွေနဲ့ ငါဆက်ပီးကြိုးစားသွားပါမယ်၊ အလေးပြုလိုက်ပါတယ် ” ဟု CDSOMမှ ကိုနွေဦး – မြောင်က လူမှုကွန်ရက်မှာ ပြောကြားထားသည်။
-

မြဝတီ ကုန်သွယ်ရေးဇုန်နှင့်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ (၁၁) ဦးသေ၊ ဒုရဲမှူးအပါအဝင် (၈) ဦးဖမ်းဆီးခံရ
RNA_မတ်(၃၀)၊၂၀၂၃ ခုနှစ်။
ကရင်ပြည်နယ်၊ မြဝတီကုန်သွယ်ရေးဇုန်၊ သင်္ဃန်းညီနောင်ရဲစခန်း၊ သင်္ဃန်းညီနောင်ဗျူဟာ (၃၃၅) တပ်ရင်းတို့အား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ဝင်တိုက်သည့်နေ့တွင် စစ်ကောင်စီတပ်နှင့်လက်အောက်ခံ (၁၁) ဦးသေဆုံးပြီး၊ ဒုရဲမှူးအပါအဝင် (၈) ဦးဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။
မြဝတီကုန်သွယ်ရေးဇုန်၊ သင်္ဃန်းညီနောင်ရဲစခန်း၊ သင်္ဃန်းညီနောင်ဗျူဟာ (၃၃၅) တပ်ရင်းတို့အား မတ်လ (၂၅) ရက်နေ့က ကော်ဘရာစစ်ကြောင်း၊ ကျားသစ်နက်စစ်ကြောင်း၊ Golden Eagle၊ ရောင်နီ၊ Federal Wings စသည့်ပူးပေါင်းတပ်ဖွဲ့များမှ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။