Red News Agency

Independent Journalism for Justice and Human Rights.

Author: Editor

  • ချင်းတိုင်းရင်းသားတို့ရဲ့ တော်လှန်ရေး မော်ကွန်း

    ချင်းတိုင်းရင်းသားတို့ရဲ့ တော်လှန်ရေး မော်ကွန်း

    “တူမီးနဲ့ အစပြုလို့ ရရာလက်နက်နဲ့ စစ်ကောင်စီကို ချင်းပြည်နယ်က တော်လှန်ခဲ့တာဟာဆိုရင် ၉၀ ရာခိုင်နှုန်းဝန်းကျင်အထိ နယ်မြေစိုးမိုးမှု ရနေပြီ”

    ကျော်ရဲစံ

    မြန်မာနိုင်ငံမှာ စတုရန်းမိုင် ၁၃၀၀၀ ဝန်းကျင်ရှိတဲ့ ဖွံ့ဖြိုးမှုနောက်အကျဆုံး ပြည်နယ်ကိုပြပါဆိုပါက ချင်းပြည်နယ်ကို ပြရမှာ ဖြစ်ပါတယ်။ မြို့နယ်ပေါင်း ၁၉ မြို့နယ်တည်ရှိပြီး သွားလာရခက်ခဲတာကြောင့် ဖွံ့ဖြိုးမှုနောက်ကျခဲ့တယ်လို့ ဆိုကြပါတယ်။ ဒီပြည်နယ်လေးကပဲ စစ်ကောင်စီကို တော်လှန်ရာမှာ ရှေ့ဆုံးကနေပါဝင်ခဲ့တယ်ဆိုတာ အားလုံအသိဖြစ်ပါတယ်။ မင်းတပ်၊ ထန်တလန်စတဲ့ မြို့ကြီးတွေကို ပြာကျအောင် စစ်ကောင်စီက စွမ်းဆောင်နိုင်ခဲ့ပေမဲ့ ဒီမြို့တွေရဲ့ တော်လှန်ရေးအင်အားကတော့ ပိုလို့သာ အားကောင်းခဲ့ပါတယ်။

    အနောက်တောင်ဘက်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ မြောက်ဘက်မှာ အိန္ဒိယနိုင်ငံ မဏိပူရနယ်နဲ့ အနောက်ဘက်မှာ မီဇိုရမ်ပြည်နယ်တွေရှိနေပါလျက်နဲ့ စစ်ခေါင်းဆောင်အဆက်ဆက်ဟာ ချင်းပြည်နယ်ကို ဖွံ့ဖြိုးမှုအားကောင်းအောင် ဆောင်ရွက်နိုင်ခဲ့ခြင်းမရှိပါဘူး။ အရပ်သားအစိုးရလက်ထက်မှာ လမ်းပန်း ဆက်သွယ်ရေး ကောင်းမွန်အောင် ဆောင်ရွက်နေပေမဲ့ မထိရောက်သေးတဲ့အချိန်မှာပဲ စစ်ခေါင်းဆောင်တွေက အာဏာသိမ်းခြင်းကို ခံလိုက်ရပါတယ်။

    ဒါပေမဲ့ ဒီပြည်နယ်က ပြည်သူတွေရဲ့ နိုင်ငံရေးအသိနဲ့ တော်လှန်စိတ်ဓာတ်ဟာ လျော့နည်းခြင်းမရှိ ရှေ့ဆုံးက ဦးဆောင်ခဲ့တာပါ။ ချင်းလူငယ်တွေဟာ ချင်းပြည်နယ်နဲ့ ထိစပ်နေတဲ့ စစ်ကိုင်းတိုင်းထဲက တာဟန်း ခံတပ်မှာ ပထမအဆုံးအကြိမ်တူမီးတွေနဲ့ တိုက်ပွဲဝင်ခဲ့ကြတာပါ။ ဒါ့အပြင် ထန်တလန်ကို တက်လာတဲ့ စစ်ကောင်စီယာဉ်တန်းတွေကိုလည်း ကျောက်ခဲနဲ့ ပေါက်ရသည်အထိ ရွံရွံချွံချွံတိုက်ပွဲဝင်ပြီး စစ်ကောင်စီကို အနိုင်ပိုင်းခဲ့တာပါ။ အမဲလိုက်တာကျွမ်းကျင်တဲ့ ချင်းလူမျိုးတွေဟာ နယ်မြေဒေသတောတောင် ကျွမ်းကျင်မှုကို ပိုင်ပိုင်နိုင်နိုင်အသုံးချပြီးတော့ မှ စစ်ကောင်စီတပ်သားတွေကို အမဲလိုက်နေကြတာပါ။ ချင်းအမျိုးသားတို့ရဲ့ သတ္တိသွေးကို တဖန်ပြခွင့်ရခဲ့ကြတာပါ။

    (more…)

  • ဟားမတ်စ်-အစ္စရေး စစ်ပွဲအတွင်း သေဆုံး ထိုင်းနိုင်ငံသား ၈ ဦး ရုပ်အလောင်းများ ထိုင်းလေဆိပ်ရောက်ရှိ

    ဟားမတ်စ်-အစ္စရေး စစ်ပွဲအတွင်း သေဆုံး ထိုင်းနိုင်ငံသား ၈ ဦး ရုပ်အလောင်းများ ထိုင်းလေဆိပ်ရောက်ရှိ

    RNA_အောက်တိုဘာ(၂၀)၊၂၀၂၃ ခုနှစ်။

    ဟားမတ်စ်-အစ္စရေး စစ်ပွဲအတွင်း သေဆုံးသူ ထိုင်းနိုင်ငံသား ၈ ဦး၏ ရုပ်အလောင်းများကို အလုပ်သမားဝန်ကြီးဌာန အကြီးတန်းအရာရှိများက နာရေးဗင်ကားများ ပန်းခွေများနှင့်အတူ ယနေ့ နံနက်ပိုင်းမှာ Suvarnabhumi လေဆိပ်မှာ လက်ခံရယူခဲ့သည်ဟု ထိုင်းအလုပ်သမားဝန်ကြီး Pipat Ratchakitprakarn က ပြောကြားထားသည်။

    အဆိုပါလေဆိပ်သို့ ထိုင်းနိုင်ငံဆိုင်ရာ အစ္စရေး သံအမတ်ကြီး Ms Orna Sagiv က အစ္စရေးနိုင်ငံမှာ ဟားမတ်စ်များ၏ သတ်ဖြတ်ခြင်ခံရသည့် င်းအလုပ်သမား ၈ ဦး ရုပ်အလောင်းတွေကို Suvarnabhumi လေဆိပ်မှာ လာရောက် ဂါရဝပြုခဲ့သည်။

    (more…)

  • အစ္စရေးနှင့် ယူကရိန်းတို့ကို ‌ဒေါ်လာဘီလီယံများစွာ စစ်ရေးအကူညီများပေးမည်ဟု အမေရိကန်သမ္မတ Joe Biden ပြောကြား

    အစ္စရေးနှင့် ယူကရိန်းတို့ကို ‌ဒေါ်လာဘီလီယံများစွာ စစ်ရေးအကူညီများပေးမည်ဟု အမေရိကန်သမ္မတ Joe Biden ပြောကြား

    RNA_အောက်တိုဘာ(၂၀)၊၂၀၂၃ခုနှစ်။

    စစ်မက်ဖြစ်ပွားနေသည့ အစ္စရေးနှင့် ယူကရိန်းစစ်ပွဲတို့အတွက် ဒေါ်လာ ဘီလီယံပေါင်းများစွာ စစ်ရေးအကူအညီများကို ပေးမည်ဟု အမေရိကန် သမ္မတ Joe Bidenက အိမ်ဖြူတော်ဘဲဥပုံရုံးခန်းကနေ ယမန်နေ့က အမေရိကန်လူထုကို နိုင်ငံတော်အခြေပြမိန့်ခွန်းတွင် တိုက်ရိုက်‌ထည့်သွင်း ပြောကြားခဲ့သည်။

    အမေရိကန်များ၏ ခေါင်းဆောင်မှုနှင့်အတူ ကမ္ဘာကြီးကို အတူတကွ ထိန်းသိမ်းကြမည်ဖြစ်ကြောင်း၊ ယခုဖြစ်ပွားနေသည့် ပဋိပက္ခများဝေးနေသေးတယ်လို့ ထင်ရကြောင်း၊ အမေရိကန်များအတွက် အမျိုးသားလုံခြုံရေးသည် တကယ်ကို မရှိမဖြစ်လိုအပ်ကြောင်း၊ အစ္စရေးနှင့်ယူကရိန်း နှစ်နိုင်ငံအတွက် စစ်ရေးအကူညီတွေပေးဖို့အတွက် ကွန်ဂရက်လွှတ်တော်ကို ဘီလီယံပေါင်းများစွာ တောင်းခံထားသည်ဟု အမေရိကန်သမ္မတက ပြောကြားခဲ့သည်။

    (more…)

  • အမေရိကန် ဂျာနယ်လစ် Alsu Kurmasheva ရုရှားမှာ ဖမ်းဆီးခံရ

    အမေရိကန် ဂျာနယ်လစ် Alsu Kurmasheva ရုရှားမှာ ဖမ်းဆီးခံရ

    RNA_အောက်တိုဘာ(၁၉)၊၂၀၂၃ ခုနှစ်။

    ရုရှား – အမေရိကန် ဂျာနယ်လစ် Editor Alsu Kurmasheva (RFE-RL , Radio Free Europe – Radio Liberty ) ကို နိုင်ငံခြားသတင်းထောက်အဖြစ် မှတ်ပုံမတင်သည့်အတွက် ရုရှားအစိုးရက ဖမ်းဆီးကာ တရားစွဲဆိုလိုက်သည်ဟု Alsu Kurmasheva ၏ လုပ်ငန်းခွင်မှ တာဝန်ရှိသူက ပြောကြားထားသည်။

    RFE/RL’s Tatar-Bashkir သတင်းဌာန အယ်ဒီတာ Alsu Kurmasheva ကို ယာယီထိန်းရေးစခန်းမှာ ချုပ်နှောင်ထားသည်ဟု ရုရှား အစိုးရသတင်းဌာန ထုတ်ပြန်ချက်ကို ကိုးကား၍ သတင်းထောက်များ ကာကွယ်စောင့်ရှောက်ရေးကော်မတီက ပြောကြားထားသည်။

    အမေရိကန်အစိုးရ ရန်ပုံငွေထောက်ပံ့ထားသည့် Radio Free Europe-Radio Liberty ရဲ့ အယ်ဒီတာတစ်ဦးဖြစ်သူ Alsu Kurmasheva သည် ရုရှားနိုင်ငံမှာ ဒုတိယမြောက် အဖမ်းခံရသည့် အမေရိကန်ဂျာနယ်လစ်တစ်ဦးဖြစ်လာပြီး၊ Wall Street ဂျာနယ်သတင်းထောက် Evan Gershkovich သည် ပြီးခဲ့သည့် မတ်လအတွင်း ရုရှားနိုင်ငံမှာ သူလျိုလုပ်သည်ဟု စွပ်စွဲခံရပြီး အဖမ်းခံထားရသည်။

    (more…)

  • ပြည်သူကို စောင့်ကြည့်ထိန်းချုပ်ဖို့ စစ်ကောင်စီဖော်ဆောင်နေတဲ့ ဘိုင်အိုမက်ထရစ် 

    ပြည်သူကို စောင့်ကြည့်ထိန်းချုပ်ဖို့ စစ်ကောင်စီဖော်ဆောင်နေတဲ့ ဘိုင်အိုမက်ထရစ် 

    “ဇီဝအချက်အလက်(Biometric Data)ကောက်ယူမှုဟာ လူ့အခွင့်အရေးပေါ် သက်ရောက်နိုင်ချေများစွာရှိနေပါတယ်။ ဒီလိုကောက်ယူခြင်းအပေါ် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများကြား စိုးရိမ်ပူပန်မှုနေကြသလိုလူ့အခွင့်အရေး အခြေအနေ ဆိုးဝါးနေပြီးသားဖြစ်တဲ့ မြန်မာနိုင်ငံမှာ အခုလို  အဆိုပါ biometric data ကောက်ယူခြင်း လုပ်ငန်းစဉ်ကို စစ်ကောင်စီက အသုံးချလိုက်ခြင်းအားဖြင့် လူ့အခွင့်အရေး အခြေအနေ ပို ဆိုးဝါးလာနိုင်တယ်”

    ငြိမ်းမောင် 

    e-Government စနစ်အကောင် အထည်ဖော်ရာမှာ အခြေခံဖြစ်တဲ့ အီလက်ထရောနစ်မှတ်ပုံတင် e-ID အကောင် အထည်ဖော်ဖို့ အာဏာသိမ်း စစ်ကောင်စီက ပြီးခဲ့တဲ့ ၂၀၂၁ အောက်တိုဘာလလောက်ကတည်းက ကြိုးပမ်းလာခဲ့ကြောင်း စစ်ကောင်စီထိန်းချုပ်ထားတဲ့ သတင်းစာတွေအရသိရပါတယ်။ ဝန်ဆောင်မှု လုပ်ငန်းများ ထိရောက်မြန်ဆန်စွာ ဆောင်ရွက်ဖို့ဆိုတဲ့ ခေါင်းစဉ်နဲ့ နိုင်ငံသားတိုင်း မွေးစာရင်းအပါအဝင် တရားဝင်မှတ်ပုံတင် တစ်ခုရရှိဖို့၊ နိုင်ငံအတွင်း နေထိုင်သူတစ်ဦး ချင်းစီရဲ့ ကိုယ်ရေးအချက် အလက်များနှင့် ဇီဝဆိုင်ရာ အချက်အလက်များ ကောက်ယူပြီး လူတစ်ဦးချင်းစီ ကိုကိုယ်ပိုင် နံပါတ်တစ် ခုစီ ထုတ်ပေးဖို့နဲ့ e-Government Application များမှာ အသုံးပြုနိုင် အစီအစဥ်တွေပါဝင်ပါတယ်။ 

    National Database စနစ်တည် ဆောက်ပြီး e-Government Application နဲ့ Single Platform အဖြစ် ချိတ်ဆက်အသုံးပြုဖို့ပါ။ ဒီ e-ID စနစ်ကို အကောင်အထည် ဖော်နိုင်ရေး ပထမအဆင့်အနေနဲ့  နိုင်ငံတွင်း နေထိုင်သူအားလုံးကို electronic နည်းပညာအသုံးပြုပြီး လူတစ်ဦးချင်းစီရဲ့ ကိုယ်ရေးအချက် အလက် (Biographic Data) နဲ့ လက်ဗွေ၊ မျက်လုံးသူငယ်အိမ်၊ မျက်နှာဓါတ်ပုံ (Biometric Data) များ ကောက်ယူမယ်၊ Database မှာ သိမ်းဆည်းပြီးတော့ လူတစ်ဦးချင်းစီအတွက် (Unique ID Number) ကို (Random) နဲ့ သတ် မှတ်ပေးမယ်၊ ပြီးရင်မှတ်ပုံတင်ထိန်းသိမ်းမယ်။ ဒုတိယ အဆင့်အနေနဲ့ electronic စနစ်နဲ့ မှတ်ပုံတင်ထားသူများအနက်က ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေနဲ့အညီ နိုင်ငံသား အရည်အချင်း ရှိသူများကို စိစစ်အတည်ပြုပြီးတော့နိုင်ငံသားကတ်ကို Smart Card ဖြင့် ထုတ်ပေးတာတွေ လုပ်ငန်းစဉ် မှာပါဝင်ပါတယ်။ 

    ဒီလို စီစဉ်ပြီး တစ်နှစ်ခန့်အကြာ ၂၀၂၂ အောက်တိုဘာမှာတော့ နိုင်ငံတွင်းမှာ နေထိုင်သူ အသက် (၁၀) နှစ်နဲ့ အထက် နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့် ရသူ၊ နိုင်ငံခြားသားအမြဲနေထိုင်ခွင့်စနစ် PR ဖြင့် ခွင့်ပြုထားသူ၊ အမြဲနေအခွန်ဆောင်နိုင်ငံခြားသားတွေရဲ့ ကိုယ်ရေးအချက်အလက်နဲ့ ဇီဝဆိုင်ရာအချက်အလက်များ ကောက်ယူပြီး Database မှာသိမ်းဆည်းမယ်၊ ဂဏန်း ၁၀ လုံး ပါတဲ့ Unique ID နံပါတ်ထုတ်ပေးတာကိုလည်း ဆောင်ရွက်နေကြောင်း စစ်ကောင်စီ လက်အောက်ခံ လဝက က ပြောလာပြန်ပါတယ်။ ပြည်တွင်း နည်းပညာအကြံပေးတွေ၊ ပြည်တွင်းနည်းပညာဆိုင်ရာပညာရှင်တွေနဲ့ ညှိနှိုင်းပြီး System Architecture Design e-ID စနစ်ဆိုင်ရာစီမံချက် Master Plan ၊ နည်းဥပဒေနဲ့ နိုင်ငံခြားသား အကြံပေးငှားရမ်းခြင်းဆိုင်ရာ TOR ရေးဆွဲအတည်ပြုခြင်းတွေကို  ဆောင်ရွက်ခဲ့ပြီးပြီလို့လည်း ပြောပါတယ်။ 

    (more…)

  • လုံခြုံရေး တင်းကြပ်သည့် ကျောက်လုပ်ကွက်တခု မြေပြိုပြီး ရေမဆေးကျောက်ရှာသူတချို့သေဆုံးပြီး

    လုံခြုံရေး တင်းကြပ်သည့် ကျောက်လုပ်ကွက်တခု မြေပြိုပြီး ရေမဆေးကျောက်ရှာသူတချို့သေဆုံးပြီး

    ဖားကန့် အောက်တိုဘာလ ၁၈ ရက်၊ ၂၀၂၃ ခုနှစ်။

    ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ ဆန်ခါကျေးရွာအနီး အောက်တိုဘာလ ၁၈ ရက်နေ့ ည (၉)နာရီ ကျော်ခန့်က လုံခြုံရေးတင်းကြပ်ထားသည့် နေမင်းကမ္ဘာကုမ္ပဏီ လုပ်ကွက်အတွင်း ‌အမြင့်ပေ (၇၀) ခန့်တွင်ရှိသည့် ခေါင်းပေါင်းမြေစာအား ဖယ်ရှားရာမှ မြေပြိုပြီး အောက်တွင်ရေမဆေးကျောက်ရှာနေသည့် ပြည်သူတချို့သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

    မြေပြိုဖြစ်စဉ်တွင် ရေမဆေးကျောက်ရှာသူ လှကျော်စံ (၁၈)နှစ် သေဆုံးပြီး မှော်ပုံကျေးရွာနေသူ ကိုစိုးမိုးနှင့် ဆန်ခါကျေးရွာနေသူ ကိုကျော်ထက်တို့ အပြင်းအထန်ဒဏ်ရာများရရှိခဲ့ကြောင်း ကနဦး သိရသည်။

    မြေပြိုဖြစ်စဉ် ဖြစ်ပွားခဲ့သည့် ကျေးရွာမှ ဒေသခံတစ်ဦးက “သေဆုံးသူက ဒီထက်များနိုင်တယ်ဗျ၊ သတင်းဖုံးချင်တာဖြစ်မယ်၊ ရေမဆေးကလည်း နေရာတိုင်းရှာခွင့်မပြုဘူးဗျ၊ ခုတောင် ခေါင်းပေါင်းကျင်းလို့ ရှာရတာ၊ ဘက်ဟိုးကလည်း မရှာပေးဘူး၊ မြေတောင်ပြန်ဖို့တာ”ဟု ပြောသည်။

    (more…)

  • ထိုင်းဝန်ကြီးချုပ်က ရုရှားသမ္မတကို အလည်လာရန် ဖိတ်ခေါ်

    ထိုင်းဝန်ကြီးချုပ်က ရုရှားသမ္မတကို အလည်လာရန် ဖိတ်ခေါ်

    RNA_အောက်တိုဘာ(၁၉)၊၂၀၂၃ ခုနှစ်။

    တရုတ်နိုင်ငံ ဘေဂျင်းမြို့မှာ ကျင်းနေသည့် ခေတ်သစ်ပိုးလမ်းမ ခါးပတ်လမ်းစီမံကိန်း အစည်းအဝေး အပြီးမှာ ထိုင်းဝန်ကြီးချုပ် Srettha Thavisin က ရုရှသမ္မတ ဗလာဒီမာပူတင်ကို ထိုင်းနိုင်ငံလာရောက် လည်ပတ်ရန် ဖိတ်ခေါ်ခဲ့ကြောင်း သိရသည်။

    “ရုရှသမ္မတကြီးက ဖူးခက်ကျွန်းကို သဘောကျတယ်၊ အဲဒီကို သူက ပုံမှန်လာရောက်လည်ပတ်တယ်ဆိုတာ ကွန်တော်သိပါတယ် ဒါကြောင့် နောက်နှစ်မှာ လာခဲ့ဖို့ ဖိတ်ခေါ်ပါတယ်” လို့ ထိုင်းဝန်ကြီးချုပ် Srettha Thavisin က ပြောကြားထားသည်။

    ရုရှသမ္မတ ဗလာဒီမာပူတင်ကလည်း ထိုင်းလို (khob khun krub ) ကျေးဇူးတင်ပါသည်ဟု ထိုင်းဝန်ကြီးချုပ်ကို ထိုင်းဘာသာ စကားနှင့်ပြန်လည်နှုတ်ဆက်ခဲ့ကြောင်း၊ တရုတ်ပြည်၏ ခေတ်သစ်ပိုးလမ်း ခါးပတ်လမ်း စီမံကိန်း အစည်းအဝေးကို မြန်မာစစ်ကောင်စီအပါအဝင် ကမ္ဘာနိုင်ငံပေါင်း ၁၃၀ ခန့် ဖိတ်ကြားကာ ပြုလုပ်ခဲ့ကြောင်း သိရသည်။

    Ref: Thai Enquirer

    #RedNewsAgency

  • ဆိတ်သားခေါင်းချိတ်ပြီး ခွေးသားရောင်းပေမဲ့ ရောင်းမကောင်းတဲ့ စစ်တပ်

    ဆိတ်သားခေါင်းချိတ်ပြီး ခွေးသားရောင်းပေမဲ့ ရောင်းမကောင်းတဲ့ စစ်တပ်

    “NMSP ကကော ဘာလို့ NCA နဲ့ ပတ်သက်လို့ ဘာအသံမှ ထွက်မလာတာလည်း ဆိုတာက တော်တော်စိတ်ဝင်စားဖို့ ကောင်းတဲ့ကိစ္စ ဖြစ်နေပါကော။ NMSP ဘက်ကနေကော နယ်မြေလှုပ်ရှားမှုခြင်းဆက်စပ်နေတဲ့ KNU လိုမျိုး NCA ပျက်ပြယ်ပြီဆိုတဲ့ သဘောမျိုး ရှိနေတာလား”

    လှဆောင်

    NCA စထိုးကတည်းက မင်းအောင်လှိုင်နဲ့ တန်းတူရည်တူဆက်ဆံခံခဲ့ရတဲ့ တိုင်းရင်းသားခေါင်းဆောင်တွေခင်မျာ အခုတော့ ချောင်လေးတွေမှာကုပ်လို့။

    မင်းအောင်လှိုင်ဆိုတာ NCA ၈ နှစ်ပြည့် နှစ်ပတ်လည်ပွဲမှာ ခန်းမစင်မြင့်နဲ့အနီးဆုံးမှာ နေရာယူပြီး တစ်ယောက်ထဲ ဆန့်ဆန့်ကြီးနဲ့ ထိုင်လို့။ ဒါနဲ့များ ဒီမိုကရေစီ ဖက်ဒရယ်နိုင်ငံကိုသွားမယ်တဲ့၊ တန်းတူရည်တူရှိတဲ့ နိုင်ငံကြီးကို တည်ဆောက်မယ်တဲ့ ပြောမှပြောထွက်တဲ့ ပါးစပ် ရွှေကိုချထားရဦးမယ်။

    သူ့နောက်မှာတော့ မင်းအောင်လှိုင်ဆီက ဘာတွေမျှော်လင့်နေလဲမသိတဲ့ NCA လက်မှတ်ရေးထိုးခဲ့တဲ့သူတွေနဲ့ NCA လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့တွေရဲ့ ကိုယ်စားလှယ်တွေထိုင်လို့။ ပြီးတော့ မင်းအောင်လှိုင်လုပ်တဲ့ တစ်ကွက်ရှိသေးတယ်။ သူ့ကိုများ NCA လက်မှတ်ရေးထိုးတဲ့ အဖွဲ့တွေက ကိုယ်စားလှယ်တွေက လာရောက်ဂါဝရပြု တွေ့ဆုံတာတဲ့။ သူ့ပါးစပ်ဆိုင်းနဲ့ သူတော့ ဟုတ်နေတာပဲ။ NCA ၈ နှစ်ပြည့်ပွဲ သွားတက်တဲ့ တိုင်းရင်းသားအဖွဲ့ ကိုယ်စားလှယ်တွေကလည်း အဲဒါကိုတောင် မနာကြဘူးထင်ပါရဲ့။

    နှစ်ပတ်လည်ပွဲမှာ မင်းအောင်လှိုင်ပြောသွားတာတွေကလည်း အနှစ်သာရမရှိ ပေါ့ပျက်ပျက်နဲ့ လက်တွေနဲ့ အပြောက မိုးနဲ့မြေလို ကင်းကွာ၊ NCA မထိုးရသေးတဲ့ အဖွဲ့တွေအနေနဲ့လည်း လက်မှတ်လာထိုးကြပါ။ ထိုးပြီးတဲ့အဖွဲ့တွေကလည်း စာချုပ်တွေက လိုက်နာကြပါတဲ့။ သူခိုးက လူပြန်ဟစ်ရတယ်ရှိသေး။ မလိုက်နာတာ ဘယ်သူလဲဆိုတာ တစ်နိုင်လုံးအသိ၊ တစ်ကမ္ဘာလုံးအသိ။ သူ့စကားနဲ့သူပြောရရင် ဆိတ်သားခေါင်းချိတ်ပြီး ခွေးသားရောင်းတဲ့ ဥပမာလိုကိုဖြစ်လို့။

    (more…)

  • ဂါဇာ ဆေးရုံတခုမှာ ဗုံးပေါက်ကွဲမှုကြောင့် လူ ၅၀၀ ခန့်သေဆုံး

    ဂါဇာ ဆေးရုံတခုမှာ ဗုံးပေါက်ကွဲမှုကြောင့် လူ ၅၀၀ ခန့်သေဆုံး

    RNA_အောက်တိုဘာ(၁၈)၊၂၀၂၃ ခုနှစ်။
    အမေရိကန်သမ္မတဂျိုးဘိုင်ဒန် (Joe Biden)က အစ္စရေးအပါဝင် အာရပ်ခေါင်းဆောင်များနှင့် တွေ့ဆုံရန် သွားဖို့ ပြင်ဆင်နေချိန် အင်္ဂါနေ့ညပိုင်းက ဂါဇာရှိဆေးရုံတခုမှာပြင်းထန်သည့် ဗုံးပေါက်ကွဲမှုကြောင့် လူ ၅၀၀ ခန့် သေဆုံးခဲ့သည်ဟု ဟားမတ်စ်အဖွဲ့ ကျန်းမာရေးအဖွဲ့က ပြောကြားထားသည်။
    ဆေးရုံဗုံးပေါက်ကွဲမှုနှင့် ပတ်သက်ပြီး ဟားမတ်စ်အဖွဲ့က အစ္စရေး လေကြောင်းတိုက်ခိုက်မှုနှင့် ပတ်သက်ပြီး စွပ်စွဲအပြစ်တင်ထား‌ကြောင်း၊ အစ္စရေးဘက်ကလည်း အခြားသော ပါလက်စတိုင်း စစ်သွေးကြွများ၏ ဒုံးကျည်တစ်စင်း မှားယွင်းပစ်ခတ်ခဲ့မှုဟု ပြောဆိုထားသည်။
    Ref : AP
    Red News Agency

  • အီကွေဒေါနိုင်ငံရဲ့ သမ္မတအဖြစ် ရွေးချယ်ခံရတဲ့ အသက်ငယ်ဆုံး လူငယ်စီးပွားရေးလုပ်ငန်းရှင် Daniel Noboa

    အီကွေဒေါနိုင်ငံရဲ့ သမ္မတအဖြစ် ရွေးချယ်ခံရတဲ့ အသက်ငယ်ဆုံး လူငယ်စီးပွားရေးလုပ်ငန်းရှင် Daniel Noboa

    “အီကွေဒေါနိုင်ငံရဲ့ သမ္မတသစ် Daniel Noboa ဟာ ရာဇ၀တ်မှုထူပြောလာတာတွေ၊ မူးယစ်ဆေးဝါးမှောင်ခိုဂိုဏ်းများကြား အငြင်းပွားမှုတွေ၊ တိုးတက်လာတဲ့ ရွေ့ပြောင်းအခြေချမှုတွေကို ကိုင်တွယ်ဖြေရှင်းပေးမှာ”
    ***************************

    အီကွေဒေါနိုင်ငံသားတွေကို အလုပ်ကိုင်တွေ ဖန်တီးပေးမယ်၊ ရာဇဝတ်အကြမ်းဖက်မှုခင်းဂိုဏ်းတွေကို ထိန်းချုပ်မှုတွေလုပ်မယ်ဆိုပြီး အီကွေဒေါနိုင်ငံရဲ့အသက်ငယ်ဆုံးသမ္မတအဖြစ် ရွေးချယ်ခံရတဲ့ လူငယ်စီးပွားရေးလုပ်ငန်းရှင် Daniel Noboa က ပြောဆိုလိုက်ပါတယ်။

    အသက် ၃၅ နှစ်သာရှိသေးတဲ့ Daniel Noboa ဟာဆိုရင် ပြိုင်ဘက် သမ္မတလောင်း Luisa Gonzalez ကို မဲရလဒ် ၅၂ ရာခိုင်နှုန်းနဲ့ အနိုင်ရခဲ့တာလဲ ဖြစ်ပါတယ်။

    “မနက်ဖြန် အီကွေဒေါနိုင်ငံသစ်အတွက် အလုပ်တွေ စတင်လုပ်ပါမယ်၊ အကြမ်းဖက်မှုတွေ၊ အကျင့်ပျက်ခြစားမှုတွေ၊ အမုန်းတရားတွေနဲ့ တကယ်ကို ချွတ်ခြုံကျနေတဲ့ ကျွန်တော်တို့ တိုင်းပြည်ကြီးကို ပြန်လည်တည်ဆောက်ဖို့ လုပ်ဆောင်ပါမယ်၊ မနက်ဖြန်ကစပြီး Daniel Noboa ဟာ ခင်ဗျားတို့ရဲ့သမ္မတသစ်အဖြစ် တာဝန်တွေ စတင်ထမ်းဆောင်တော့မှာပါ” လို့ သမ္မတသစ် Daniel Noboa က ပင်လယ်ကမ်းစပ်မြို့ Olon မှာ ကျင်းပတဲ့ရွေးကောက်ပွဲ ကမ်ပိန်း အောင်ပွဲအထိမ်းအမှတ်ပွဲမှာ ထောက်ခံသူတွေကို ပြောကြားခဲ့ပါတယ်။

    ရှုံးနိမ့်သွားခဲ့တဲ့ ပြိုင်ဘက် ရှေ့နေနိုင်ငံရေးသမား Luisa Gonzalez က ချီးကျူးစကားဆိုခဲ့ပါတယ်။ သမ္မတလောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ သတင်းထောက်နဲ့ ဥပဒေပြုအမတ်ဟောင်းဖြစ်သူ Fernando Villavicencio ဟာ မြို့တော် Quito မှာ သြဂုတ် ၉ ရက်က ပြုလုပ်တဲ့ သမ္မတလောာင်းရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေးပွဲမှာ ခေါင်းကို သုံးကြိမ်တိုင်တိုင် ပစ််ခတ်ခံခဲ့ရပြီး သေဆုံးသွားခဲ့ပါတယ်။

    (more…)