Red News Agency

Independent Journalism for Justice and Human Rights.

Author: Editor

  • အစ္စရေးနိုင်ငံရောက် ထိုင်းနိုင်ငံသား ၉၀ ဦး ယနေ့ ပြန်ရောက်

    အစ္စရေးနိုင်ငံရောက် ထိုင်းနိုင်ငံသား ၉၀ ဦး ယနေ့ ပြန်ရောက်

    RNA_အောက်တိုဘာ(၁၅)၊၂၀၂၃ ခုနှစ်။

    အစ္စရေးနိုင်ငံကို သွားရောက် အလုပ်လုပ်နေသည့် ထိုင်းနိုင်ငံသား (၉၀) ဦး ယနေ့ နံနက်ပိုင်းက Airbus A-340 ဖြင့် Tel Aviv မှ ထိုင်းနိုင်ငံ U Tapao လေဆိပ်သို့ ပြန်လည် ရောက်ရှိလာခဲ့ပြီဖြစ်သည်။

    ထိုင်းလေဆိပ်မှ တဆင့် ဘန်ကောက်ရှိ SC Park Hotel သို့ ပြန်လည်ရောက်ရှိလာသည့် ထိုင်းနိုင်ငံသားများကို ပို့ဆောင်ပေးခဲ့ပြီး၊ မိသားစုများနှင့် ဆွေမျိုးသားချင်းများ ဟိုတယ်မှာ တွေ့ဆုံခဲ့ကြသည်။

    ဟားမတ်စ် – အစ္စရေး စစ်ပွဲအတွင်း ထိုင်းနိုင်ငံသား သေဆုံးသူ ၂၈ ဦးရှိပြီး၊ ဟားစတ်စ်အဖွဲ့၏ ပြန်ပေးဆွဲခံထားရသည့် ထိုင်းနိုင်ငံသား ၁၇ ဦးရှိကြောင်း၊ ဒဏ်ရာရရှိသူ ၁၇ ဦးရှိပြီး အစ္စရေးနိုင်ငံရောက်ရှိနေသည့် ထိုင်းနိုင်ငံသား သုံးသောင်းကျော်အနက် ၇၀၉၇ ဦးမှာ ပြန်လာရန်အတွက် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနသို့  စာရင်းပေးသွင်းထားကြောင်း သိရသည်။

    Ref :  Khaosod English

    #RedNewsAgency

  • စစ်ရေးမှာ သတင်းနဲ့ ထမင်းက အရေးကြီးဆုံးဆိုရင် ပြင်သင့်တာ ပြင်ဆင် 

    စစ်ရေးမှာ သတင်းနဲ့ ထမင်းက အရေးကြီးဆုံးဆိုရင် ပြင်သင့်တာ ပြင်ဆင် 

    “အစ္စရေးနဲ့ ဂါဇာအရေးကိုကြည့်ရင်သိနိုင်ပါတယ်။ မြန်မာနိုင်ငံတဝှမ်း PDF တွေ အကျဆုံးများရင် မေးကြတဲ့ မေးခွန်းက သတင်းကြိုမရဘူးလား ဆိုတဲ့မေးခွန်းပဲ ဖြစ်ပါတယ်။ သတင်းတော့ကြိုရတယ် ရှောင်ချိန်မရလိုက်တာမျိုးတွေ ဆိုတာကြားရတာ ဒုနဲ့ဒေးပါပဲ”

    ကျော်ရဲစံ 

    စစ်ကောင်စီက မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းကို စစ်ရေးအရ ဖိအားပေးလာတာဟာ နှစ်လကျော်ကြာမြင့်လာပြီဖြစ်ပါတယ်။ မကွေးတိုင်း ပခုက္ကူခရိုင်နဲ့ စစ်ကိုင်းတိုင်းက ယင်းမာပင်ခရိုင် အပါအဝင်နေရာတော်တော်များများကို စစ်ကြောင်းထိုးနေပါတယ်။ ဒီကာလအတွင်းမှာ ပြည်သူ့ကာကွယ်ရေးရဲဘော်တွေဘက်က အထိခိုက်အကျဆုံးတွေလည်း ဆက်တိုက်ဖြစ်ပေါ်နေပါတယ်။ 

    စစ်ကိုင်းတိုင်း မြင်းမူမှာ PDF ရဲဘော်တွေ နှစ်ဆယ်ကျော်ကျဆုံးမှုနဲ့အတူ မကွေးတိုင်း ပခုက္ကူဘက်မှာလည်း စခန်းစီးနင်းခံရတာတွေ ခေါင်းဆောင်ပိုင်းလုပ်ကြံခံရတာတွေဖြစ်ပေါ်လာပါတယ်။ စစ်ကောင်စီလက်အောက်ခံ ဖြစ်နေပေမဲ့ ရုန်းမထွက်နိုင်သူတချို့ဟာ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ ဆက်သွယ်ပြီး ဖရဲသီးအဖြစ်ရှိနေကြပါတယ်။ 

    ဖရဲသီးတွေထံက စစ်ကြောင်းသတင်းတွေ၊ တပ်တည်တပ်လှုပ်တွေနဲ့ အထိခိုက်စာရင်းတွေ ကိုကာကွယ်ရေးအဖွဲ့တွေကရနေပါတယ်။ ဒါကြောင့်ပဲ စစ်ကောင်စီရဲ့ လျို့ဝှက်ဆိုတာတွေဟာ အမြဲပေါက်ကြားနေတာဖြစ်ပါတယ်။ ဒါပေမဲ့ စစ်ကောင်စီထံက အရေးကြီးအချက်လက်တွေကို လုံလောက်အောင်သတင်းပြုစုနိုင်ခြင်းမရှိသေးတာကို တွေ့ရပါတယ်။ ဥပမာအားဖြင့် စစ်ဖက်အရပ်ဖက်ထောက်လှမ်း ရေးတွေ စိမ့်ဝင်နေတဲ့ ကိစ္စမျိုးတွေပါ။ 

    (more…)

  • ပြန်ပေးဆွဲခံရသည့် ထိုင်းနိုင်ငံသား ၁၄ ဦးမှာ အသက်ရှင်နေပြီး လွတ်မြောက် ရေးအတွက် ပူးပေါင်းဆောင်ရွက်နေ

    ပြန်ပေးဆွဲခံရသည့် ထိုင်းနိုင်ငံသား ၁၄ ဦးမှာ အသက်ရှင်နေပြီး လွတ်မြောက် ရေးအတွက် ပူးပေါင်းဆောင်ရွက်နေ

    RNA_အောက်တိုဘာ(၁၂)၊၂၀၂၃ ခုနှစ်။
    ဟားမတ်စ်အဖွဲ့၏ ပြန်ပေးဆွဲဖမ်းဆီးခံထားရသည့် ထိုင်းနိုင်ငံသား ၁၄ ဦးမှာ အသက်ရှင်လျှက်ရှိနေပြီး၊ အစ္စရေး အပါဝင် အာရပ်နိုင်ငံအချို့နှင့်ဖမ်းဆီးခံသူများ လွတ်မြောက်ရေးအတွက် ပူးပေါင်းဆောင်ရွက်နေကြောင်း ထိုင်းကာကွယ်ရေးဝန်ကြီး Sutin Klungsang က ပြောသည်။
    ထိုင်းနိုင်ငံခြားရေးဝန်ကြီး အစီရင်ခံစာတွင် ဟားမတ်စ်အဖွဲ့၏ ပြန်ပေးဆွဲခံထားရသည့် ထိုင်းနိုင်ငံသား ၁၄ ဦးရှိကြောင်း၊ ထိုင်းအစိုးရသည် ဆော်ဒီအာရေးဗီးယား၊ အီဂျစ်၊ ဂျော်ဒန်၊ ကာတာနိုင်ငံများနှင့် ပြန်ပေးဆွဲခံထားရသူများ လွတ်မြောက်ရေးအတွက် ပူးပေါင်းဆောင်ရွက်နေကြောင်း၊ အစ္စရေးနိုင်ငံကလဲ ညှိနှိုင်းဆောင်မှုတွေမှာ ကူညီထောက်ပံ့ပေးနေသည်ဟု ၎င်းကပြောသည်။

    (more…)

  • မုန်လိုင်ခတ် စစ်ဘေးရှောင်စခန်း ပစ်ခတ်ခံရမှု ကလေးငယ် ၁၀ ဦးအပါအဝင် ၂၈ ဦးသေဆုံး

    မုန်လိုင်ခတ် စစ်ဘေးရှောင်စခန်း ပစ်ခတ်ခံရမှု ကလေးငယ် ၁၀ ဦးအပါအဝင် ၂၈ ဦးသေဆုံး

    RMA_အောက်တိုဘာ(၁၀)၊၂၀၂၃ ခုနှစ်။

    ကချင်ပြည်နယ်၊ လိုင်ဇာမြို့အနီး၊ မုန်လိုင်ခတ် စစ်ဘေးရှောင်စခန်းကို စစ်ကောင်စီတပ်မှ အောက်တိုဘာလ (၉) ရက်နေ့ ည (၁၁) နာရီ (၃၀) မိနစ်ခန့်က လက်နက်ကြီး ပစ်ခတ်မှုအတွင်း ‌စစ်ဘေးရှောင်ပြည်သူ ကလေးငယ် (၁၀) ဦးအပါအဝင် (၂၈) ဦး သေဆုံးခဲ့ကြောင်း သိရသည်။

    မုန်လိုင်ခတ် စစ်ဘေးရှောင်စခန်း တိုက်ခိုက်ခံရချိန် တချိန်တည်း လိုင်ဇာရှိ ရက္ခိုင့်တပ်တော် – AA စခန်းကိုလည်း လက်နက်ကြီးများဖြင့် တိုက်ခိုက်ခဲ့သည့်အတွက် AA တပ်ဖွဲ့ဝင် တဦး ကျဆုံးပြီး ၁၀ ဦး  ဒဏ်ရာရရှိခဲ့ကြောင်း မုန်လိုင်ခတ်စစ်ဘေးရှောင်စခန်း တိုက်ခိုက်ခံရမှုနှင့် ပတ်သက်ပြီး ညီနောင်မဟာမိတ် သုံးဖွဲ့ဖြစ်သည့် MNDAA၊ TNLA၊ AA တို့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    (more…)

  • KIA ကို ရန်ငြိုးထားတဲ့ စစ်တပ် အမျိုးသမီးနဲ့ကလေးငယ်တွေအပေါ်  ဗုံးကြဲသတ်ဖြတ်

    KIA ကို ရန်ငြိုးထားတဲ့ စစ်တပ် အမျိုးသမီးနဲ့ကလေးငယ်တွေအပေါ်  ဗုံးကြဲသတ်ဖြတ်

    “ဖျက်အားပြင်းဗုံးကြောင့်ကလေးငယ်တွေ အပါအဝင် လူဦးရေ သုံးဆယ်နီးပါး သေဆုံးသွားခဲ့ပါတယ်။ အိပ်နေကြတဲ့ ကလေးတွေ၊ အမျိုးသမီးတွေ အမြောက်အများ သေတယ်။ မိသားစုလိုက်တွေ သေဆုံးကုန်တယ်”

    မောင်ဝိ

    ၂၀၂၃ ခုနှစ်၊အောက်တိုဘာလ ၁၅ ရက်နေ့မှာကျရောက်မယ့် တနိုင်ငံလုံးအပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ် NCAရဲ့ ၈ နှစ်ပြည့် နှစ်ပတ်လည်နေ့ကို စစ်တပ်က ကျင်းပရန်ပြင်ဆင်နေပြီး၊ လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား အဖွဲ့တွေသာမက၊ လက်မှတ်မထိုးထားတဲ့ လက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ KIA ကိုပါ တက်ရောက်ဖို့ စစ်တပ်က ဖိတ်ကြားထားပါတယ်။ ဒီဖိတ်ကြားမှု မတိုင်ခင် စစ်တပ်ရဲ့ လုပ်ရပ်အချို့နဲ့ NCA ဆိုတာကရော တိုင်းရင်းသားတွေအပေါ် တန်းတူအခွင့်အရေး ပေးနိုင်ပါ့မလားဆိုတာ သိရှိထားဖို့လိုအပ်ပါတယ်။

    စစ်တပ်က ကျင်းပမယ့် NCA ငြိမ်းချမ်းရေးဆွေးနွေးပွဲ ၈ နှစ်ပြည့်အခမ်းအနားမစခင်  ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ၊ ၉ ရက်နေ့ ည ၁၂ နာရီဝန်းကျင်မှာ ကချင်ပြည်နယ်၊ လိုင်ဇာမြို့အနီးက မုန်လိုင်ခက် စစ်ရှောင်စခန်းကို စစ်တပ်ရဲ့ ဖျက်အားပြင်းဗုံးကြောင့်ကလေးငယ်တွေ အပါအဝင် လူဦးရေ သုံးဆယ်နီးပါး သေဆုံးသွားခဲ့ပါတယ်။ အိပ်နေကြတဲ့ ကလေးတွေ၊ အမျိုးသမီးတွေ အမြောက်အများ သေတယ်။ မိသားစုလိုက်တွေ သေဆုံးကုန်တယ်လို့ သိရတယ်။ ဒီတော့ စစ်တပ်က တကယ်ရော ငြိမ်းချမ်းရေးလိုချင်တာလားဆိုတာ မေးခွန်းထုတ်စရာတောင်မလိုတော့ပါဘူး။ သူဟာ မင်းသားခေါင်းဆောင်းထားတဲ့ ဘီလူးတယောက်လိုမျိုး ပြည်သူလူထုအပေါ် အစွမ်းကုန် ယုတ်မာပြလိုက်တာပါ။

    စစ်တပ်က အာဏာသိမ်းပြီးနောက်မှာ ပြည်သူတွေကို ရက်ရက်စက်စက်သတ်ဖြတ်နေတာ အားလုံးအသိဖြစ်ပါတယ်။ ကျေးရွာတွေကို မီးလောင်တိုက်သွင်း လေကြောင်းပစ်ခတ်မှုအပါအဝင် မျိုးစုံသော ယုတ်မာမှုတွေကို လုပ်ဆောင်နေတာ အားလုံးအသိဖြစ်ပါတယ်။ စစ်ကြောရေး ငရဲခန်းတွေမှာ အကျဉ်းထောင်တွေမှာ လမ်းမတွေပေါ်မှာ လက်နက်မဲ့ ပြည်သူတွေကို သတ်ဖြတ်နေတဲ့ စစ်တပ်က ငြိမ်းချမ်းရေး တကယ်လိုချင်တာတဲ့လား ခင်ဗျားတို့ယုံကြလား။ စစ်တပ်ဟာ လက်နက်အာကိုးနဲ့ အာဏာသိမ်းလိုက်တယ် လက်နက်အားကိုးနဲ့ ပြည်သူတွေကို အကြောင်းမဲ့သတ်ဖြတ်နေတာ ဒီလိုလုပ်နေတဲ့ လူအပ်စုက ငြိမ်းချမ်းရေးလိုချင်တယ်ဆိုတာ ဘယ်လိုမှဖြစ်နိုင်ပါဘူး။ 

    (more…)

  • 96 Soldiers – PDF (၂) နှစ်ပြည့် အခမ်းအနား ကျင်းပ

    96 Soldiers – PDF (၂) နှစ်ပြည့် အခမ်းအနား ကျင်းပ

    RNA_အောက်တိုဘာ(၇)၊၂၀၂၃ ခုနှစ်။

    96 Soldiers – PDF ဖွဲ့စည်းခဲ့သည်မှာ အောက်တိုဘာလ ၇ ရက်နေ့ ယနေ့တွင်  (၂) နှစ်ပြည့်မြောက်ခဲ့ဖြစ်ဖြစ်သည့်အတွက် စစ်ကိုင်းတိုင်းအတွင်းတနေရာတွင် အညာဒေသတပ်ခွဲ ရဲဘော်များ အခမ်းအနားကျင်းပခဲ့ကြောင်း သိရသည်။

    ၂ နှစ်အတွင်း 96 Soldiers – PDF သည် တောင်ပိုင်းတိုင်းအတွင်းရှိ တပ်ခွဲအနေဖြင့် NUG ၏ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်တွင် စစ်ရေးလှုပ်ရှားမှုများကို ပါဝင်ဆောင်လျှက်ရှိပြီး၊ အညာဒေသအတွင်းရှိ တပ်ခွဲအနေဖြင့် စစ်ကိုင်းတိုင်းအတွင်းရှိသော နယ်မြေခံ တပ်ရင်းတပ်ဖွဲ့များ၊ Local PDF များနဲ့အတူတကွ ပူပေါင်း၍ စစ်ရေးလှုပ်ရှားများကို လုပ်ဆောင်လျှက်ရှိသည်။

    (more…)

  • စစ်ကောင်စီတပ် ရေတံလျောက်စခန်းကို ဘယ်လိုသိမ်းခဲ့လဲ

    စစ်ကောင်စီတပ် ရေတံလျောက်စခန်းကို ဘယ်လိုသိမ်းခဲ့လဲ

    RNA_အောက်တိုဘာ(၆)၊၂၀၂၃ ခုနှစ်။
     
    ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ထိုင်း-မြန်မာနယ်စပ် တနေရာက စစ်ကောင်စီတပ် ရေတံလျောက်စခန်းသိမ်းတိုက်ပွဲ အခြေအနေများနှင့် ပတ်သက်ပြီး Special Operation Group မှ Ayeyarwaddy Force တပ်စုမှ တပ်စုမှူး ရဲဘော် JP က ပြောကြားထားသည်။
     
    KNLA – ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် တပ်ရင်း (၁၈)၊ Special Operation Group(SOG) ပူးပေါင်းတပ်ဖွဲ့- Ayeyarwaddy Force တပ်စု- Dawna Phoenix Drone Team နှင့် Tiger Dragon Revolution Force တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၁၄ ရက်နေ့ နံနက်ပိုင်းက ရေတံလျောက်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။
    [embedyt] https://www.youtube.com/watch?v=qdevMfSiotM[/embedyt]
     
    ရေတံလျောက်စခန်းမှ MA-1 (၁) လက်၊ MA-2 (၂) လက်၊ MA-3 (၁) လက်၊ MA-4 ပူးတွဲ (၂) လက်၊ RPG-7 (၁) လက်၊ 60mm ပြောင်းတို (၂) လက်၊ ပစ္စတို (၂) လက် နှင့် ငါးကြင်းမြီး စက်လတ် (၁) လက် တို့ဖြစ်ပြီး ခဲယမ်း ကျည်ဆံနှင့် အခြားပစ္စည်းများမှာ RPG-7 ကျည် (၇၀) လုံး၊ 81 mm ကျည် (၄၀) လုံး၊ 60mm ကျည် (၁၁၀) လုံး၊ M-79 ကျည် (၄၀) လုံး၊ 5.56 ကျည် (၂၈၀၀) တောင့်၊ 7.62 ကျည် (၈၀၀) တောင့်၊ တိုက်မိုင်း (၂၀) လုံး၊ နင်းမိုင်း (၂၃) လုံး၊ ရှေ့ထွက်မိုင်း (၃) လုံး၊ ဆက်သွယ်ရေးစက်ကြီး (၁) လုံး၊ မြေပုံ (၁) ရွက်၊ လက်ပစ်ဗုံး (၂၀) လုံး နှင့် Compass (၂) လုံးတို့ကို တော်လှန်ရေးအင်အားစုများက သိမ်းဆည်းရမိခဲ့သည်။
     
    #RedNewsAgency

  • လုံးခင်းကျေးရွာရှိ ရွှေဆိုင် ကျပ်သိန်းခြောက်ထောင်ခန့် ဓားပြတိုက်ခံရ

    လုံးခင်းကျေးရွာရှိ ရွှေဆိုင် ကျပ်သိန်းခြောက်ထောင်ခန့် ဓားပြတိုက်ခံရ

    RNA_ဖားကန့်၊ အောက်တိုဘာ (၅)၊၂၀၂၃ ခုနှစ်။

    ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာ၊ ရပ်ကွက်(၂)ရှိ မိုးရတနာ ရွှေဆိုင် ဓါးပြတိုက်ခံရမှု ယနေ့နေ့ခင်း ၂ နာရီကျော်ခန့်က ဖြစ်ပွားခဲ့ပြီး ကာလတန်ဖိုး ကျပ်သိန်းခြောက်ထောင်ဖိုးခန့် ပါသွားကြောင်း သိရသည်။

    “လူလေးယောက်လာတယ်၊ အသက်က (၂၇)၊ (၂၈) အရွယ်တွေ၊ Mask တပ်ထားတယ် ဦးထုပ်ဆောင်းထားတယ် သေနတ်ပါတယ်ဗျ။ ဆိုင်ထဲတန်းဝင်လာပြီး အကုန် ကလစ်ကြိုးနဲ့လက်ပြန်ကြိုးချည်ပြီး ထိုင်ခိုင်းထားတယ်၊ မှန်ကိုရိုက်ခွဲပြီး ယူသွားတာပါ”ဟု ရွှေဆိုင်မှ ဝန်ထမ်းတစ်ဦးက ပြောပြသည်။

    “ရွှေသားက တစ်ပိဿာလောက်ရှိတယ်၊ ကျောက်လက်ဝတ်ရတနာ အချောထည်ကလည်း သိန်းသုံးထောင်ဖိုးလောက်ရှိတယ်၊ ရွှေနဲ့ကျောက်ပေါင်းရင် ကာလတန်ဖိုး ကျပ်သိန်းခြောက်ထောင်ဖိုးလောက်ပါသွားတာ”ဟု ရွှေဆိုင်ပိုင်ရှင်က ပြောသည်။

    (more…)

  • ဖားကန့်၌ ယနေ့ အမျိုးသားနှစ်ဦး ပစ်သတ်ခံရ

    ဖားကန့်၌ ယနေ့ အမျိုးသားနှစ်ဦး ပစ်သတ်ခံရ

    RNA_ဖားကန့်၊ အောက်တိုဘာ (၅)၊၂၀၂၃ ခုနှစ်။

    ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ မနကျေးရွာအဝင်နားတွင် ‌မုန့်ပို့သည့် အမျိုးသားတစ်ဦး ပစ်သတ်ခံရသလို၊ မမုံကျေးရွာရှိ ထွန်းဦးဆီဆိုင်တွင် ဆိုင်ကယ်ဆီဖြည့်နေသည့် အမျိုးသားတစ်ဦး ယနေ့ နေ့လယ် ၂ နာရီခန့်က သေနတ်ဖြင့် အနီးကပ် ပစ်သတ်ခံခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။

    “မုန့်ပို့တဲ့သူဟုတ်တယ်၊ အာလူးကြော်တို့ ဝက်ခေါက်တို့ပို့တဲ့သူ၊ မနကျေးရွာနဲ့ ဖားပြင်ကျေးရွာ အဝင်ဆိုင်ဘုတ်နား၊ နောက်တစ်ယောက်က မမုံရွာပြင်ဘက်က ထွန်းဦးဆီဆိုင်မှာ ဆိုင်ကယ်ဆီဖြည့်နေတဲ့တစ်ယောက် လေးချက်ပစ်သွားတာ၊ တစ်ချိန်တည်းလောက်ကျမှာ ဖြစ်တာက”ဟု မမုံကျေးရွာ ဒေသခံတစ်ဦးက ပြောသည်။

    မနကျေးရွာအဝင် ဆိုင်ဘုတ်နား ပစ်သတ်ခံရသည့် အကြော်မုန့်ပို့သူသည် ဖားကန့် မှော်ဝမ်းရပ်ကွက်တွင်နေထိုင်သူ စန်းမြင့် အသက်(၄၃)နှစ် ဖြစ်ပြီး ဇနီးနှင့် သားသမီးသုံးယောက်ကျန်ရစ်ခဲ့ကာ ယခင်မြင်းမူမြို့နယ်တွင် နေထိုင်ခဲ့သူဖြစ်ကြောင်း၊ မမုံကျေးရွာ ထွန်းဦးဆီဆိုင်တွင် ဆိုင်ကယ်ဆီဖြည့်နေစဉ် ပစ်သတ်ခံရသူမှာ မည်သူဖြစ်သည်ကိုမသိရှိရသေးကြောင်း ဒေသခံများထံမှ သိရသည်။

    (more…)

  • ဆေးမတိုးတော့တဲ့ သပ်လျှိုသွေးခွဲမယ့် စစ်ကောင်စီရဲ့အကြံ

    ဆေးမတိုးတော့တဲ့ သပ်လျှိုသွေးခွဲမယ့် စစ်ကောင်စီရဲ့အကြံ

    “ဘဝတူတော်လှန်ရေးအင်အားစုများနဲ့အတူ တစိုက်မတ်မတ် တိုက်ပွဲဝင်သွားမယ်လို့ ထုတ်ပြန်ခဲ့ခြင်းဟာ KNU ရဲ့ ရပ်တည်ချက်နဲ့သဘောထားတွေဟာ ဘယ်လိုအကြောင်းတရားတွေနဲ့မှ ယိုင်းယွင်သွားစရာမရှိဘူးဆိုတာ စစ်ကောင်စီကို အသိပေးလိုက်တာပါ”

    ငြိမ်းမောင်

    KNU ဥက္ကဋ္ဌ ဟောင်းစောမူတူးစေဖိုးက စစ်အုပ်စု ခေါင်းဆောင်နဲ့တွေ့တယ်၊ စစ်တပ်အပေါ် ယုံကြည်နေသူဖြစ်လို့ ငြိမ်းချမ်းရေးလမ်းကြောင်းပေါ်ကို ရဲရဲဝံ့ဝံ့လျောက်လှမ်းခဲ့တယ်၊ NCA မှာ လက်မှတ်ရေးခဲ့တဲ့ ပုဂ္ဂိုလ်လည်းဖြစ်တယ်။ KNU နဲ့ ပတ်သတ်ရင် ထိန်းထိန်းသိမ်းသိမ်းပဲ ဆောင်ရွက်ခဲ့တာကို တွေ့ရတယ်လို့ စစ်တပ်ဘက်က ဝါဒဖြန့်တာ၊ အဲဒါက သူ့တစ်ဦးရဲ့ သဘောထားဖြစ်ပြီး KNU နဲ့ မသက်ဆိုင်ဘူးလို့ KNU ပြောရေးဆို ခွင့်ရှိသူ ပဒိုစောတောနီးက အရင်ပြောထားပြီးသား။ ” ဒီကိစ္စက ကရင်အမျိုးသားအစည်းအရုံး KNU နဲ့ လုံးဝမသက်ဆိုင်တဲ့အတွက် ဘာသက်ရောက်မှုမှ လည်းမရှိဘူး။ တပ်ထု၊ လူထုကလည်း လိုက်ပါနိုင်စရာမရှိတဲ့အတွက် အစိုးရိမ် မလွန်ကြဖို့ ပြောချင်ပါတယ်” လို့ ဆိုထားပြီးသားပါ။

    ကရင်အမျိုးသားအစည်းအရုံး-KNU ဥက္ကဌ ဟောင်း စောမူတူးစေးဖိုး ၊ CEC ဟောင်း စောရာဂျာခင်၊ ဒူးပလာယာခရိုင်ဥက္ကဌ တာဝန်မှ အနားယူထားသူ  စောရွှေမောင်း တို့ အာဏာသိမ်းစစ်ခေါင်းဆောင်နဲ့ နေပြည်တော်မှာ  စက်တင်ဘာ ၃၀ ရက်က  တွေ့ဆုံခဲ့မှုဟာ လုံးဝမရှိကြောင်း KNU ဗဟိုအလုပ်မှုဆောင်ကော်မတီအနေနဲ့လည်း တရားဝင် ထုတ်ပြန်ခဲ့ပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ နိုင်ငံရေးအရ တရားမဝင်တဲ့  တွေ့ဆုံဆွေးနွေးရန် လုံးဝမရှိကြောင်းကိုလည်း KNU က ထုတ်ပြန်ခဲ့ပါတယ်။ ဒီတွေ့ဆုံမှုဟာ စစ်ကောင်စီက KNUအတွင်း ရှုပ်ထွေးစေအောင်ပြုလုပ်တဲ့ လုပ်ရပ်ဖြစ်ပြီး တိုက်ပွဲဝင်နေတဲ့  မဟာမိတ်အင်အားစုများအကြား နားလည်မှုလွဲမှားစေရေး လုပ်ဆောင်တဲ့  စစ်တပ်ရဲ့ အစီအစဉ်ဖြစ်တယ်လို့လည်း ထုတ်ပြန်ခဲ့ပါတယ်။

    Photo : KNU

    KNU ဟာ မိမိတို့ရဲ့ နိုင်ငံရေးရည်မှန်းချက်များ အောင်မြင်စေရေး ဘဝတူတော်လှန်ရေးအင်အားစုများနဲ့အတူ တစိုက်မတ်မတ် တိုက်ပွဲဝင်သွားမယ်လို့ အတိအလင်း သတင်းထုတ်ပြန်ခဲ့မှုတွေကို ကြည့်ရင် KNU က ရပ်တည်ချက်သဘောထား ခိုင်မာကြောင်း ပြသခဲ့တာတွေ့ရပါတယ်။ ပြီးတော့ လက်တလောမှာ NUG လက်အောက်က PDF တွေကိုလည်း အကူအညီအများကြီး​ ပေးထားတဲ့အဖွဲ့အစည်းကြီးဖြစ်တယ်။ 

    (more…)