Editor

1551 Posts
၁၁ လအတွင်း ချင်းတိုင်းရင်းသား ၁၆၀ ကျော် သေဆုံးခဲ့

၁၁ လအတွင်း ချင်းတိုင်းရင်းသား ၁၆၀ ကျော် သေဆုံးခဲ့

RNA_ဇန်နဝါရီ ၈ ရက်၊ ၂၀၂၂ ခုနှစ်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ဒီဇင်ဘာလ ၃၁ရက်နေ့အထိ၊ ၁၁ လအတွင်း စစ်ကောင်စီ စစ်တပ်မှ အာဏာသိမ်းပြီးနောက် ချင်းတိုင်းရင်းသား ၁၆၀ ကျော် သေဆုံးရကြောင်း ချင်းရေးရာအဖွဲ့ချုပ်(ICA)က ဇန်နဝါရီ ၆ ရက်နေ့က သတင်းထုတ်ပြန်ထားသည်။ သေဆုံးသူများတွင် အမျိုးသမီး (၁၃) ဦး အပါအဝင် အရပ်သားပြည်သူ (၈၇) ဦးနှင့် ချင်းတော်လှန်ရေးတပ်ဖွဲ့များမှ (၇၆) ဦး အထိ ရှိပြီး၊ ထိုအထဲတွင် စစ်ကောင်စီ၏ မီးရှို့သတ်ဖြတ်မှုကြောင့် သေဆုံးသူ (၇) ဦး၊ အလောင်းပြန် မရသည့် အရပ်သား (၈) ဦး…
Read More
လွိုင်ကော် မိုင်းလုံးမှာ ကျဆုံးသွားရသည့် CDM ကျောင်းဆရာ KNDF ရဲဘော် ကိုနိုင်လင်း

လွိုင်ကော် မိုင်းလုံးမှာ ကျဆုံးသွားရသည့် CDM ကျောင်းဆရာ KNDF ရဲဘော် ကိုနိုင်လင်း

RNA_ဇန်နဝါရီ ၇ ရက်၊ ၂၀၂၂ ခုနှစ်။ ကရင်နီပြည်၊ လွိုင်ကော်မြို့၊ မိုင်းလုံးရပ်ကွက်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားချိန် လက်နက်ကြီးကြောင့် ထွက်ပြေးနေရသည့် ပြည်သူများအား ကယ်ထုတ်နေစဉ် CDM ကျောင်းဆရာ၊ KNDF B-06 မှ သူရဲကောင်း ရဲဘော် ကိုနိုင်လင်း ကျဆုံးသွားကြောင်း သိရသည်။ ယနေ့ ပြည်သူများကို ကယ်ထုတ်နေစဉ် ပြည်သူများအတွက် အသက်ပေးသွားသည့် သူရဲကောင်း ရဲဘော် ကိုနိုင်လင်းသည် ဖယ်ခုံမြို့နယ်၊ ရမ်းခူ (မူလွန်) ကျောင်းက မူလတန်းပြ ဆရာတဦးဖြစ်ကြောင်း၊ နွေဦးတော်လှန်ရေးကာလ CDM လုပ်ပြီး ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့ပြီးနောက် လက်နက်ကိုင်တော်လှန်ရေးထဲ ပါဝင်လာသူ ဖြစ်ကြောင်း သိရသည်။…
Read More
စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် လွိုင်​​ကော်မှာ ပြည်သူ ၅ ဦးဝန်းကျင် သေဆုံး

စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် လွိုင်​​ကော်မှာ ပြည်သူ ၅ ဦးဝန်းကျင် သေဆုံး

RNA_ဇန်နဝါရီ ၇ ရက်၊ ၂၀၂၂ ခုနှစ်။ ကရင်နီပြည် ( ကယား)၊ လွိုင်​ကော်မြို့နယ်၊ မိုင်းလုံးရပ်ကွက်တွင် အမာခံတပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းကို ပြည်သူ့ကာကွယ်​ရေး တော်လှန်း​ရေးတပ်ဖွဲ့များပူး​ပေါင်း တိုက်ခိုက်နေစဉ် စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် ပြည်သူ (၅) ဦးထက်မနည်း သေဆုံးကြောင်း DMO- PDF ကထုတ်ပြန်ထားသည်။ စစ်ကောင်စီတပ်က လေကြောင်းမှ ခြိမ်းခြောက်ခြင်း၊ လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်ခြင်းတို့ကြောင့် ဒေသခံပြည်သူ ထောင်ချီထွက်ပြေးနေကြရကြောင်း၊ ယနေ့တိုက်ပွဲတွင် စစ်ကြောင်စီဘက်က အသေအဆုံးများကြောင်း သိရသည်။ မိုင်းလုံးရပ်ကွက်ရှိစစ်ကောင်စီတပ်စခန်းကို ပြည်သူ့ကာကွယ်​ရေးတပ်-ဒီး​မော့ဆို(DMO-PDF)၊ လွိုင်​ကော်(PDF)၊ ဖယ်ခုံ(PDF)၊ မိုးဗြဲ(PDF)၊ KNDF၊ KA၊ KDF၊ KGZ၊ GZ-21အပြင် အခြားတော်လှန်​​ရေးတပ်ဖွဲ့များပူး​ပေါင်းကာ တိုက်ခိုက်ခဲ့ကြောင်း၊ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တချို့ ဒဏ်ရာရရှိမှုများရှိပြီး…
Read More
စစ်ကောင်စီတပ်စခန်း တခုကို ကရင်နီတပ်မတော်က တိုက်ခိုက်သိမ်းပိုက်

စစ်ကောင်စီတပ်စခန်း တခုကို ကရင်နီတပ်မတော်က တိုက်ခိုက်သိမ်းပိုက်

RNA_ဇန်နဝါရီ ၇ ရက်၊ ၂၀၂၂ ခုနှစ်။ ထိုင်း-ကရင်နီပြည် ( ကယား) နယ်စပ် နန်းပန်ချောင်း အနီးရှိ စစ်ကောင်စီတပ်‌ စခန်းတခုကို ယနေ့ နံနက်က သွားရောက်တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။ " ပြည်သူကိုအမြဲ ဒုက္ခပေးနေတဲ့ ထိုင်း-ကရင်နီ နယ်စပ် နန်းပန်ချောင်း အနီး စစ်ခွေး​ခြေကုတ် တပ်စခန်းဖြစ်တဲ့ နတ်တောင် စခန်းကို ကရင်နီတပ်မတော် မှ ယနေ့နံနက်အချိန်တွင် သွားရောက်သိမ်းပိုက်ခဲ့ပြီး..စခ ဘ​က်မှ အသေအပျောက်များခဲ့ပါသည်..ကရင်နီတပ်မတော်မှ ထိုစခန်းကို အောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့ပြီး..စခန်းသိမ်းပွဲအပြီး နာရိီဝက်အလွန်မှာ..စခ မှ ရဟတ်ယာဥ်ဖြင့် စစ်ကူ လာရောက်ပစ်ခတ်ဗုံးကျဲခဲ့သည့်အပြင်...ဆက်လက်ပြီး ကရင်နီတပ်မတော် ဌာနချုပ် ညာမူတပ်စခန်းကို ထို ရဟတ်ယာဥ်ဖြင့်လာရာက် ဗုံးကျဲခဲ့သော်လည်း ၎င်းတို့၏ ကာကင်းကုန်းတစ်ခုကိုသာ…
Read More
စစ်ကောင်စီတပ်က ဒုတပ်ရင်းမှူးအဆင့် ကျော်သူစိုးအပါအဝင် ၁၆ ဦးသေဆုံး

စစ်ကောင်စီတပ်က ဒုတပ်ရင်းမှူးအဆင့် ကျော်သူစိုးအပါအဝင် ၁၆ ဦးသေဆုံး

RNA_ဇန်နဝါရီ ၅ ရက်၊ ၂၀၂၂ ခုနှစ်။ ကရင်နီပြည် ( ကယား) ရှားတောမြို့နယ်၊ ပွန်ချောင်းရွာအကျော် စစ်ဝန်တောင်အတက် ဇန်နဝါရီလ (၄) ရက်နေ့ နေ့လည် (၁) နာရီဝန်းကျင်က စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ကရင်နီတပ်မတော် (KA)နှင့် ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် ( KNDF) တို့ တိုက်ပွဲဖြစ်ရာ စစ်ကောင်စီတပ်က ဒုတပ်ရင်းမှူးအဆင့် ကျော်သူစိုး အပါအဝင် (၁၆) ယောက် သေဆုံးကြောင်း သိရသည်။ " ရှားတောသို့ စစ်ကြောင်းထိုးလာသည့် အကြမ်းဖက် စစ်ခွေး အင်အား ၃၀၀ ကျော်သည် ယမနေ့မွန်းလွဲ ၁ နာရီချိန်တွင် ပွန်ချောင်းရွာကျော်ပြီး စစ်ဝန်တောင်အတက် လမ်းမကြီးပေါ်၌ ကရင်နီတပ်မတော်နှင့်…
Read More
ကနီမြို့နယ် PDF စစ်ရေးပြအခမ်းအနားမှာလက်နက်ကြီးများ စမ်းသပ်ဖောက်ခွဲပြ 

ကနီမြို့နယ် PDF စစ်ရေးပြအခမ်းအနားမှာလက်နက်ကြီးများ စမ်းသပ်ဖောက်ခွဲပြ 

RNA_ဇန်နဝါရီ ၅ ရက်၊ ၂၀၂၁ ခုနှစ်။ စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ယနေ့ နံနက်ပိုင်းက စစ်ရေးပြခင်း၊ ကျမ်းသစ္စာကျိမ်ဆိုခြင်း အခမ်းအနားတွင် ဒေါင်းနီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ကနီမြို့နယ်) မှ တီထွင်ထုတ်လုပ်သော လက်နက်များကို ထုတ်ဖော်ပြသခဲ့ပြီး စမ်းသပ်ဖောက်ခွဲပြသခဲ့ကြောင်း သိရသည်။ Red News Agency
Read More
ချင်းအမျိုးသား ဓမ္မဆရာ ဖမ်းဆီးခံရပြီး စစ်ကြောရေးမှာ အသက်အန္တရာယ် စိုးရိမ်ရ

ချင်းအမျိုးသား ဓမ္မဆရာ ဖမ်းဆီးခံရပြီး စစ်ကြောရေးမှာ အသက်အန္တရာယ် စိုးရိမ်ရ

RNA_ဇန်နဝါရီ ၅ ရက်၊ ၂၀၂၂ ခုနှစ်။ ပဲခူးတိုင်း၊ ပြည်- သာယာဝတီ သာသနယ်က အရှိုချင်းအမျိုးသား ဓမ္မဆရာ ဆလိုင်းဧလလုံးဝေ အဖမ်းခံရပြီး ပြည် စစ်ကြောရေးမှာ အသက်အန္တရာယ် စိုးရိမ်ရသည့် အနေအထားဖြစ်နေကြောင်း သိရသည်။ " အခုပြည်စစ်ကြောရေးမှာ ဖမ်းခံထားရတာ တပတ်ကျော်ပြီ၊ မိသားစုလိုက်ပေမဲ့ အဆက်အသွယ်လုံးဝ ပြတ်သွားတယ်၊ မိသားစုတွေကိုပါ အန္တရာယ်ဖြစ်နိုင်တဲ့ အဆင့်ရောက်နေတယ်၊ ဓမ္မဆရာ ဆလိုင်းဧလလုံးဝေက သူ့ဘာသာ သာသနာပဲ ပြုနေတာ၊ ဒါကို PDF လို့စွပ်စွဲဖမ်းခံရတာလို့ ကြားထားရတယ်၊ ပြည်စစ်ကြောရေးမှာ ဖြစ်ဖို့များတယ်" ဟု ဓမ္မဆရာ ဆလိုင်းဧလလုံးဝ၏ မိတ်ဆွေ တဦးက ပြောသည်။ ဓမ္မဆရာ ဆလိုင်းဧလလုံးဝေသည် ၂၀၂၁ ခုနှစ်…
Read More
စစ်အာဏာရှင်ကို အရှိန်တိုးမြင့်တိုက်ခိုက်သွားမည့် ပေါက် PDF

စစ်အာဏာရှင်ကို အရှိန်တိုးမြင့်တိုက်ခိုက်သွားမည့် ပေါက် PDF

RNA_ဇန်နဝါရီ ၄ ရက်၊ ၂၀၂၂ ခုနှစ်။ အာဏာသိမ်းစစ်ကောင်စီတပ်နှင့် အပေါင်းအပါများကို လက်နက်ကိုင် တိုက်ခိုက်နေသည့် မကွေးတိုင်း၊ ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် (PPDF)က ၂၀၂၂ ခုနှစ်မှာ အရှိန်တိုးမြှင့်လုပ်ဆောင်သွားဖို့ရှိကြောင်း PPDF ခေါင်းဆောင် ဒေါ်လွင်လွင်မြင့်က ပြောကြားထားသည်။ Red News Agency
Read More
လွတ်လပ်ရေး မရသေးသည့်အတွက် ပျော်ပွဲရွှင်ပွဲ မလုပ်

လွတ်လပ်ရေး မရသေးသည့်အတွက် ပျော်ပွဲရွှင်ပွဲ မလုပ်

RNA_ဇန်နဝါရီ ၄ ရက်၊ ၂၀၂၂ ခုနှစ်။ ယနေ့ ကျရောက်သည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့တွင် လွတ်လပ်ရေးမရသေးသည့်အတွက် ပျော်ပွဲ ရွှင်ပွဲမပြုလုပ်ဟု ရန်ကုန် ဒေသခံများက ပြောသည်။ " ဒီနှစ်က ဘယ်သူမှ ပျော်ပွဲရွှင်ပွဲ မလုပ်ကြဘူး။ လွတ်လပ်ရေးမှ မရသေးတာ" ဟု ဗဟန်းမြို့နယ် နေထိုင်သူ တဦးက ပြောသည်။ (more…)
Read More
NUG အစီအစဉ်ဖြင့် စစ်ကိုင်းတိုင်းမှာ အခြေခံပညာ ကျောင်းတွေဖွင့်ဖို့ပြင်နေ 

NUG အစီအစဉ်ဖြင့် စစ်ကိုင်းတိုင်းမှာ အခြေခံပညာ ကျောင်းတွေဖွင့်ဖို့ပြင်နေ 

RNA_ဇန်နဝါရီ ၃ ရက်၊ ၂၀၂၂ ခုနှစ်။ နွေ‌ဦးတော်လှန်ရေးကာလ ခုခံစစ် ပြင်းထန်ခဲ့သည့် စစ်ကိုင်းတိုင်းတွင် NUG အစီအစဉ်ဖြင့် အခြေခံပညာ စာသင်ကျောင်းများ ဖွင့်လှစ်ဖို့ ပြင်ဆင်နေကြောင်း သိရသည်။ စစ်ကိုင်းတိုင်း၊ ဒီပဲယင်း၊ ယင်းမာပင်၊ ပုလဲ၊ ကနီ၊ ကလေး ၊ မြောင်စသည့် မြို့နယ်များတွင် စစ်ကောင်စီတပ်ကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပြင်းပြင်ထန်ထန် တိုက်ခိုက်သည့်အတွက် စစ်အုပ်ချုပ်ရေးမှာ နေရာတိုင်း မသက်ရောက်တော့ကြောင်း၊ ယခင်က ဆိုင်ကယ်ဖြင့် (၁) နာရီ ခရီးကြာသည့် နေရာကို စစ်ကောင်စီတပ် စစ်ကြောင်းများ (၃) ကြောင်းခွဲကာ ၄ ရက်ခရီး သွားနေရကြောင်း၊ ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များမှာ ကျေးရွာအလိုက်၊ မြို့နယ်အလိုက်စသည့်…
Read More