Author: Editor

  • လွိုင်ကော် မိုင်းလုံးမှာ ကျဆုံးသွားရသည့် CDM ကျောင်းဆရာ KNDF ရဲဘော် ကိုနိုင်လင်း

    လွိုင်ကော် မိုင်းလုံးမှာ ကျဆုံးသွားရသည့် CDM ကျောင်းဆရာ KNDF ရဲဘော် ကိုနိုင်လင်း

    RNA_ဇန်နဝါရီ ၇ ရက်၊ ၂၀၂၂ ခုနှစ်။

    ကရင်နီပြည်၊ လွိုင်ကော်မြို့၊ မိုင်းလုံးရပ်ကွက်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားချိန် လက်နက်ကြီးကြောင့် ထွက်ပြေးနေရသည့် ပြည်သူများအား ကယ်ထုတ်နေစဉ် CDM ကျောင်းဆရာ၊ KNDF B-06 မှ သူရဲကောင်း ရဲဘော် ကိုနိုင်လင်း ကျဆုံးသွားကြောင်း သိရသည်။

    ယနေ့ ပြည်သူများကို ကယ်ထုတ်နေစဉ် ပြည်သူများအတွက် အသက်ပေးသွားသည့် သူရဲကောင်း ရဲဘော် ကိုနိုင်လင်းသည် ဖယ်ခုံမြို့နယ်၊ ရမ်းခူ (မူလွန်) ကျောင်းက မူလတန်းပြ ဆရာတဦးဖြစ်ကြောင်း၊ နွေဦးတော်လှန်ရေးကာလ CDM လုပ်ပြီး ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့ပြီးနောက် လက်နက်ကိုင်တော်လှန်ရေးထဲ ပါဝင်လာသူ ဖြစ်ကြောင်း သိရသည်။

    (more…)

  • စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် လွိုင်​​ကော်မှာ ပြည်သူ ၅ ဦးဝန်းကျင် သေဆုံး

    စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် လွိုင်​​ကော်မှာ ပြည်သူ ၅ ဦးဝန်းကျင် သေဆုံး

    RNA_ဇန်နဝါရီ ၇ ရက်၊ ၂၀၂၂ ခုနှစ်။

    ကရင်နီပြည် ( ကယား)၊ လွိုင်​ကော်မြို့နယ်၊ မိုင်းလုံးရပ်ကွက်တွင် အမာခံတပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းကို ပြည်သူ့ကာကွယ်​ရေး တော်လှန်း​ရေးတပ်ဖွဲ့များပူး​ပေါင်း တိုက်ခိုက်နေစဉ် စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် ပြည်သူ (၅) ဦးထက်မနည်း သေဆုံးကြောင်း DMO- PDF ကထုတ်ပြန်ထားသည်။

    စစ်ကောင်စီတပ်က လေကြောင်းမှ ခြိမ်းခြောက်ခြင်း၊ လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်ခြင်းတို့ကြောင့် ဒေသခံပြည်သူ ထောင်ချီထွက်ပြေးနေကြရကြောင်း၊ ယနေ့တိုက်ပွဲတွင် စစ်ကြောင်စီဘက်က အသေအဆုံးများကြောင်း သိရသည်။

    မိုင်းလုံးရပ်ကွက်ရှိစစ်ကောင်စီတပ်စခန်းကို ပြည်သူ့ကာကွယ်​ရေးတပ်-ဒီး​မော့ဆို(DMO-PDF)၊ လွိုင်​ကော်(PDF)၊ ဖယ်ခုံ(PDF)၊ မိုးဗြဲ(PDF)၊ KNDF၊ KA၊ KDF၊ KGZ၊ GZ-21အပြင် အခြားတော်လှန်​​ရေးတပ်ဖွဲ့များပူး​ပေါင်းကာ တိုက်ခိုက်ခဲ့ကြောင်း၊ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တချို့ ဒဏ်ရာရရှိမှုများရှိပြီး တဦးကျဆုံးကြောင်း သိရသည်။

    Red News Agency

  • စစ်ကောင်စီတပ်စခန်း တခုကို ကရင်နီတပ်မတော်က တိုက်ခိုက်သိမ်းပိုက်

    စစ်ကောင်စီတပ်စခန်း တခုကို ကရင်နီတပ်မတော်က တိုက်ခိုက်သိမ်းပိုက်

    RNA_ဇန်နဝါရီ ၇ ရက်၊ ၂၀၂၂ ခုနှစ်။

    ထိုင်း-ကရင်နီပြည် ( ကယား) နယ်စပ် နန်းပန်ချောင်း အနီးရှိ စစ်ကောင်စီတပ်‌ စခန်းတခုကို ယနေ့ နံနက်က သွားရောက်တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

    ” ပြည်သူကိုအမြဲ ဒုက္ခပေးနေတဲ့ ထိုင်း-ကရင်နီ နယ်စပ် နန်းပန်ချောင်း အနီး စစ်ခွေး​ခြေကုတ် တပ်စခန်းဖြစ်တဲ့ နတ်တောင် စခန်းကို ကရင်နီတပ်မတော် မှ ယနေ့နံနက်အချိန်တွင် သွားရောက်သိမ်းပိုက်ခဲ့ပြီး..စခ ဘ​က်မှ အသေအပျောက်များခဲ့ပါသည်..ကရင်နီတပ်မတော်မှ ထိုစခန်းကို အောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့ပြီး..စခန်းသိမ်းပွဲအပြီး နာရိီဝက်အလွန်မှာ..စခ မှ ရဟတ်ယာဥ်ဖြင့် စစ်ကူ လာရောက်ပစ်ခတ်ဗုံးကျဲခဲ့သည့်အပြင်…ဆက်လက်ပြီး ကရင်နီတပ်မတော် ဌာနချုပ် ညာမူတပ်စခန်းကို ထို ရဟတ်ယာဥ်ဖြင့်လာရာက် ဗုံးကျဲခဲ့သော်လည်း ၎င်းတို့၏ ကာကင်းကုန်းတစ်ခုကိုသာ မှားယွင်း ဗုံးကျဲခဲ့ပါသည်” ဟု Karenni Army Center က ထုတ်ပြန်ထားသည်။

    (more…)

  • စစ်ကောင်စီတပ်က ဒုတပ်ရင်းမှူးအဆင့် ကျော်သူစိုးအပါအဝင် ၁၆ ဦးသေဆုံး

    စစ်ကောင်စီတပ်က ဒုတပ်ရင်းမှူးအဆင့် ကျော်သူစိုးအပါအဝင် ၁၆ ဦးသေဆုံး

    RNA_ဇန်နဝါရီ ၅ ရက်၊ ၂၀၂၂ ခုနှစ်။

    ကရင်နီပြည် ( ကယား) ရှားတောမြို့နယ်၊ ပွန်ချောင်းရွာအကျော် စစ်ဝန်တောင်အတက် ဇန်နဝါရီလ (၄) ရက်နေ့ နေ့လည် (၁) နာရီဝန်းကျင်က စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ကရင်နီတပ်မတော် (KA)နှင့် ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် ( KNDF) တို့ တိုက်ပွဲဖြစ်ရာ စစ်ကောင်စီတပ်က ဒုတပ်ရင်းမှူးအဆင့် ကျော်သူစိုး အပါအဝင် (၁၆) ယောက် သေဆုံးကြောင်း သိရသည်။

    ဓာတ်ပုံ: ကရင်နီတပ်မတော်သားများ အောင်တိုဘာလ (၉) ရက်နေ့က သင်တန်းဆင်း စစ်ရေးပြအခမ်းအနားမြင်ကွင်း။

    ” ရှားတောသို့ စစ်ကြောင်းထိုးလာသည့် အကြမ်းဖက် စစ်ခွေး အင်အား ၃၀၀ ကျော်သည် ယမနေ့မွန်းလွဲ ၁ နာရီချိန်တွင် ပွန်ချောင်းရွာကျော်ပြီး စစ်ဝန်တောင်အတက် လမ်းမကြီးပေါ်၌ ကရင်နီတပ်မတော်နှင့် ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲ ၂ နာရီ နီးပါး ဖြစ်ခဲ့ပြီး စကစ ဘက်မှ ဒုရင်းမှူး အဆင့်ရှိ ကျော်သူစိုး အပါအဝင် အနည်းဆုံး ၁၆ ယောက် သေဆုံးခဲ့ပြီး အများအပြားထိခိုက်ဒဏ်ရာရခဲ့ပါသည်၊ သေဆုံးသွားသည့် ကျော်သူစိုး ကို BGF ၁၀၀၄ စခန်း (စစ်ဝန်တောင်စခန်း) သို့ ထားခဲ့ပြီး ထို BGF တပ်ဖွဲ့ဝင်များကို လက်နက်မပါလူသားဒိုင်းအဖြင့် အသုံးပြုစေခိုင်းမည်ဟု သတင်းရရှိပါသည်၊ တိုက်ပွဲအတွင်း မိမိတို့တပ်ဖွဲ့ဝင်တစ်ဦး ခြေထောက် ဒဏ်ရာအနည်းငယ်သာရရှိသွားခဲ့ပါသည်” ဟု Karenni Army Center က ယနေ့ ထုတ်ပြန်ထားသည်။

    ဓာတ်ပုံ: ကရင်နီတပ်မတော်သားများ အောင်တိုဘာလ (၉) ရက်နေ့က သင်တန်းဆင်း စစ်ရေးပြအခမ်းအနားမြင်ကွင်း။
    ဓာတ်ပုံ: ကရင်နီတပ်မတော်သားများ အောင်တိုဘာလ (၉) ရက်နေ့က သင်တန်းဆင်း စစ်ရေးပြအခမ်းအနားမြင်ကွင်း။

    ကရင်နီတပ်မတော် (Karenni Army-KA) သည် ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့က အခြေခံစစ်ပညာသင်တန်း အပတ်စဉ် (၇၁) သင်တန်းဆင်းပွဲပြုလုပ်ထားပြီး၊ ကရင်နီပြည်အတွင်း KNDF၊ PDF ၊ KGZ စသည့် စစ်အာဏာရှင်ကို လက်နက်ကိုင်ခုခံတွန်းလှန်နေသည့် တပ်ဖွဲ့များနှင့် ပူးပေါင်းပြီး ပြည်နယ်အတွင်း မြို့နယ်များတွင် စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်နေသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဖြစ်ကြောင်း သိရသည်။

    Red News Agency

  • ကနီမြို့နယ် PDF စစ်ရေးပြအခမ်းအနားမှာလက်နက်ကြီးများ စမ်းသပ်ဖောက်ခွဲပြ 

    ကနီမြို့နယ် PDF စစ်ရေးပြအခမ်းအနားမှာလက်နက်ကြီးများ စမ်းသပ်ဖောက်ခွဲပြ 

    RNA_ဇန်နဝါရီ ၅ ရက်၊ ၂၀၂၁ ခုနှစ်။

    စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ယနေ့ နံနက်ပိုင်းက စစ်ရေးပြခင်း၊ ကျမ်းသစ္စာကျိမ်ဆိုခြင်း အခမ်းအနားတွင် ဒေါင်းနီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ကနီမြို့နယ်) မှ တီထွင်ထုတ်လုပ်သော လက်နက်များကို ထုတ်ဖော်ပြသခဲ့ပြီး စမ်းသပ်ဖောက်ခွဲပြသခဲ့ကြောင်း သိရသည်။

    Red News Agency

  • ချင်းအမျိုးသား ဓမ္မဆရာ ဖမ်းဆီးခံရပြီး စစ်ကြောရေးမှာ အသက်အန္တရာယ် စိုးရိမ်ရ

    ချင်းအမျိုးသား ဓမ္မဆရာ ဖမ်းဆီးခံရပြီး စစ်ကြောရေးမှာ အသက်အန္တရာယ် စိုးရိမ်ရ

    RNA_ဇန်နဝါရီ ၅ ရက်၊ ၂၀၂၂ ခုနှစ်။

    ပဲခူးတိုင်း၊ ပြည်- သာယာဝတီ သာသနယ်က အရှိုချင်းအမျိုးသား ဓမ္မဆရာ ဆလိုင်းဧလလုံးဝေ အဖမ်းခံရပြီး ပြည် စစ်ကြောရေးမှာ အသက်အန္တရာယ် စိုးရိမ်ရသည့် အနေအထားဖြစ်နေကြောင်း သိရသည်။

    ” အခုပြည်စစ်ကြောရေးမှာ ဖမ်းခံထားရတာ တပတ်ကျော်ပြီ၊ မိသားစုလိုက်ပေမဲ့ အဆက်အသွယ်လုံးဝ ပြတ်သွားတယ်၊ မိသားစုတွေကိုပါ အန္တရာယ်ဖြစ်နိုင်တဲ့ အဆင့်ရောက်နေတယ်၊ ဓမ္မဆရာ ဆလိုင်းဧလလုံးဝေက သူ့ဘာသာ သာသနာပဲ ပြုနေတာ၊ ဒါကို PDF လို့စွပ်စွဲဖမ်းခံရတာလို့ ကြားထားရတယ်၊ ပြည်စစ်ကြောရေးမှာ ဖြစ်ဖို့များတယ်” ဟု ဓမ္မဆရာ ဆလိုင်းဧလလုံးဝ၏ မိတ်ဆွေ တဦးက ပြောသည်။

    ဓမ္မဆရာ ဆလိုင်းဧလလုံးဝေသည် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့က ပေါက်ခေါင်းမြို့ ထုံးတောင်အသင်းတော် ခရစ္စမတ်ပွဲမှ မင်းလှမြို့ဘက်သို့ အပြန် ပြည်မြို့အဝင်ဂိတ်မှာ စစ်ဆေးခံရစဉ် ဖုန်းထဲမှ ဓာတ်ပုံ၊ ဗွီဒီယို၊ သီချင်း တခုခုကို တွေ့ပြီး PDF ဟု စွပ်စွဲပြီး ဖမ်းဆီးခံလိုက်ရခြင်းဖြစ်ကြောင်း သိရသည်။

    ” အခုကဗျာ ဖုန်းထဲမှာ ကိုယ်ကြိုက်ရင် ပုံဆေ့ထားတာတွေတော့ ရှိနိုင်ပါတယ်၊ ဒါပေမဲ့ သူက PDF မဟုတ်တာ သေချာပါတယ်၊ ပြီးတော့ ရန်ကုန်က အလုံပိုးကရင်ကျောင်းမှာ ကျမ်းစာတက်နေတဲ့ ကျောင်းသားပါ” ဟု ဓမ္မဆရာ၏ မိတ်ဆွေက ထပ်မံပြောပြသည်။

    Red News Agency

  • စစ်အာဏာရှင်ကို အရှိန်တိုးမြင့်တိုက်ခိုက်သွားမည့် ပေါက် PDF

    စစ်အာဏာရှင်ကို အရှိန်တိုးမြင့်တိုက်ခိုက်သွားမည့် ပေါက် PDF

    RNA_ဇန်နဝါရီ ၄ ရက်၊ ၂၀၂၂ ခုနှစ်။

    အာဏာသိမ်းစစ်ကောင်စီတပ်နှင့် အပေါင်းအပါများကို လက်နက်ကိုင် တိုက်ခိုက်နေသည့် မကွေးတိုင်း၊ ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် (PPDF)က ၂၀၂၂ ခုနှစ်မှာ အရှိန်တိုးမြှင့်လုပ်ဆောင်သွားဖို့ရှိကြောင်း PPDF ခေါင်းဆောင် ဒေါ်လွင်လွင်မြင့်က ပြောကြားထားသည်။ [embedyt] https://www.youtube.com/watch?v=hhQEukQPKa0[/embedyt]

    Red News Agency

  • လွတ်လပ်ရေး မရသေးသည့်အတွက် ပျော်ပွဲရွှင်ပွဲ မလုပ်

    လွတ်လပ်ရေး မရသေးသည့်အတွက် ပျော်ပွဲရွှင်ပွဲ မလုပ်

    RNA_ဇန်နဝါရီ ၄ ရက်၊ ၂၀၂၂ ခုနှစ်။

    ယနေ့ ကျရောက်သည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့တွင် လွတ်လပ်ရေးမရသေးသည့်အတွက် ပျော်ပွဲ ရွှင်ပွဲမပြုလုပ်ဟု ရန်ကုန် ဒေသခံများက ပြောသည်။

    ” ဒီနှစ်က ဘယ်သူမှ ပျော်ပွဲရွှင်ပွဲ မလုပ်ကြဘူး။ လွတ်လပ်ရေးမှ မရသေးတာ” ဟု ဗဟန်းမြို့နယ် နေထိုင်သူ တဦးက ပြောသည်။

    (more…)

  • NUG အစီအစဉ်ဖြင့် စစ်ကိုင်းတိုင်းမှာ အခြေခံပညာ ကျောင်းတွေဖွင့်ဖို့ပြင်နေ 

    NUG အစီအစဉ်ဖြင့် စစ်ကိုင်းတိုင်းမှာ အခြေခံပညာ ကျောင်းတွေဖွင့်ဖို့ပြင်နေ 

    RNA_ဇန်နဝါရီ ၃ ရက်၊ ၂၀၂၂ ခုနှစ်။

    နွေ‌ဦးတော်လှန်ရေးကာလ ခုခံစစ် ပြင်းထန်ခဲ့သည့် စစ်ကိုင်းတိုင်းတွင် NUG အစီအစဉ်ဖြင့် အခြေခံပညာ စာသင်ကျောင်းများ ဖွင့်လှစ်ဖို့ ပြင်ဆင်နေကြောင်း သိရသည်။

    စစ်ကိုင်းတိုင်း၊ ဒီပဲယင်း၊ ယင်းမာပင်၊ ပုလဲ၊ ကနီ၊ ကလေး ၊ မြောင်စသည့် မြို့နယ်များတွင် စစ်ကောင်စီတပ်ကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပြင်းပြင်ထန်ထန် တိုက်ခိုက်သည့်အတွက် စစ်အုပ်ချုပ်ရေးမှာ နေရာတိုင်း မသက်ရောက်တော့ကြောင်း၊ ယခင်က ဆိုင်ကယ်ဖြင့် (၁) နာရီ ခရီးကြာသည့် နေရာကို စစ်ကောင်စီတပ် စစ်ကြောင်းများ (၃) ကြောင်းခွဲကာ ၄ ရက်ခရီး သွားနေရကြောင်း၊ ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များမှာ ကျေးရွာအလိုက်၊ မြို့နယ်အလိုက်စသည့် အဖွဲ့အစည်းများစွာရှိကြောင်း သိရသည်။

    နွေဦးတော်လှန်ရေးကာလ စစ်ကိုင်းတိုင်းသည် အခြားတိုင်းများနှင့်ယှဉ်ပါက လက်နက်ကိုင်တော်လှန်ရေးကို အင်အားအများအပြားဖြင့် အောင်မြင်စွာ တိုက်နိုင်သည့် အနေအထားဖြစ်ကြောင်း၊ ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့များကလည်း လက်လုပ်သေနတ်များမှာ အဆင့်မြင့်မြင့်တီထွင်လာနိုင်ကြောင်း၊ စစ်ကောင်စီတပ်က လေကြောင်းဖြင့် တိုက်ခိုက်ခြင်း၊ ရိက္ခာပို့ခြင်း၊ မသာသယ်ခြင်း၊ လူပို့ခြင်းများ ပြုလုပ်နေရကြောင်း သိရသည်။

    ဓာတ်ပုံ: ယနေ့ ကျောင်းဖွင့်ရန် ပြင်ဆင်နေမှု ကးမြင်ကွင်း 

    Red News Agency

  • စစ်အာဏာရှင်အနေဖြင့် ဖမ်းဆီးထားသူများ ပြန်လွှတ်ပြီး ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်သွားရန် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ထပ်မံတောင်းဆို

    စစ်အာဏာရှင်အနေဖြင့် ဖမ်းဆီးထားသူများ ပြန်လွှတ်ပြီး ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်သွားရန် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ထပ်မံတောင်းဆို

    RNA_ဇန်နဝါရီ ၃ ရက်၊ ၂၀၂၂ ခုနှစ်။

    စစ်အာဏာရှင်က မတရားဖမ်းဆီး ထိန်းသိမ်းထားသူများအားလုံး လွှတ်ပေးရန်နှင့် ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ပြန်သွားရန် ထပ်မံတောင်းဆိုကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ​ ဂျေ ဘလင်ကန်က ယနေ့ ပေးပို့သော ၇၄ နှစ်မြောက် မြန်မာနိုင်ငံလွတ်လပ်ရေးနေ့ ဆုတောင်းသဝဏ်လွှာတွင် ဖော်ပြထားသည်။

    ” စစ်အာဏာရှင်၏ ကြောက်မက်ဖွယ်ရာနှိပ်စက်ကလူပြုမှုများကို ခံစားနေရသည့်တိုင် ပိုမိုကောင်းမွန်သောအနာ ဂတ်တစ်ခုအတွက်မျှော်လင့်ချက်ကို မစွန့်လွှတ်ကြသည့် မြန်မာပြည်သူများအတွက် အမေရိကန်ပြည်ထောင် စု၏ သန္နိဋ္ဌာန်မှာ ပြောင်းလဲမသွားပါ။ အကြမ်းဖက်မှုများကို ချက်ချင်းရပ်တန့်ရန်၊ မတရားထိန်းသိမ်းထားသူများအားလုံးကို လွှတ်ပေးရန်နှင့် စစ်မှန်ပြီး အားလုံးပါဝင်နိုင်သည့် ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ မြန်မာနိုင်ငံကို ပြန်လည်ပို့ဆောင်ရန် စစ်အာဏာရှင်ကို မိမိတို့ ထပ်မံတောင်းဆိုပါသည်” ဟူ၍ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး၏ ဆုတောင်းသဝဏ်လွှာတွင် ဖော်ပြထားသည်။

    ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်တွင် ကျရောက်သောမြန်မာ နိုင်ငံ၏ လွတ်လပ်ရေးနေ့အခါသမယအတွက် မြန်မာ ပြည်သူများထံသို့ အမေရိကန်ပြည်ထောင်စုကိုယ်စား လွတ်လပ်ရေးနေ့ဆုတောင်းသဝဏ်လွှာပို့သအပ်ကြောင်းနှင့် ဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်လည်ရောက်ရှိရေး၊ လူ့အခွင့်အရေးကိုလေးစာလိုက်နာရေးနှင့် မိမိတို့နိုင်ငံအတွင်း တရားဥပဒေစိုးမိုးရေးတို့အတွက် ကြိုးပမ်းအား ထုတ်နေကြသည့် မြန်မာပြည်သူလူထုကြီးကို မိမိတို့ဂုဏ်ပြုကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ​ ဂျေ ဘလင်ကန်၏ဆုတောင်းသဝဏ်လွှာတွင် ဖော်ပြထားသည်။

    Red News Agency