Author: Editor

  • လူမျိုးကြီးဝါဒနှင့် စစ်အာဏာရှင်စနစ် မချုပ်ငြိမ်းသေးသမျှ တော်လှန်ရေးခရီးကြမ်းကို ဆက်လှမ်းနေမည်

    လူမျိုးကြီးဝါဒနှင့် စစ်အာဏာရှင်စနစ် မချုပ်ငြိမ်းသေးသမျှ တော်လှန်ရေးခရီးကြမ်းကို ဆက်လှမ်းနေမည်

    RNA_ဇန်နဝါရီ ၁၅ ရက်၊ ၂၀၂၂ ခုနှစ်။

    တအာင်းအမျိုးသားများနှင့် ဘဝတူတိုင်းရင်းသားများ မြန်မာနိုင်ငံမှာ လူမျိုးကြီး ဝါဒနှင့် စစ်အာဏာရှင် စနစ် မချုပ်ငြိမ်းသမျှ တော်လှန် ရေးခရီးကြမ်းကို ဆက်လှမ်းနေရမည်ဟု TNLA ဒုတိယ ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းက (၅၉) နှစ်ပြည့် တအာင်း အမျိုးသားတော်လှန်ရေးနေ့မှာ ပြောကြားခဲ့သည်။

    [embedyt] https://www.youtube.com/watch?v=EHu5YWOenQU[/embedyt]

    တအာင်းအမျိုးသားများသည် ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်၊ လူ့အခွင့်အရေး တန်းတူရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် မလွှဲမရှောင်သာ လက်နက်ကိုင် တော်လှန်ရေး ဆင်နွှဲခဲ့သည်မှာ ၁၉၆၃ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်နေ့က တည်းက ယနေ့အချိန်ထိ (၅၉) နှစ် ပြည့်ပြီဖြစ် ကြောင်း၊ ပလောင်ပြည်နယ် ရရှိရေးနှင့် လူမျိုး၊ ဘာသာစကား၊ ယဉ်ကျေးမှု ဓလေ့ထုံးတမ်း အစဉ် အလာ၊ မိမိဒေသ နယ်မြေများ ထပ်မံမဆုံးရှုံးရအောင် ပလောင်လွတ်မြောက်ရေးတပ်ဦး P. S. L.F နှင့် ဒေသခံ မိဘပြည်သူများ ခိုင်ခိုင်မာမာလက်တွဲပြီး ကာကွယ်စောင့်ရှောက် နေရခြင်းဖြစ်သည်ဟု ဒုတိယ ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းက ပြောကြားထားသည်။

    (၅၉) နှစ်ပြည့် တအာင်း အမျိုးသားတော်လှန်ရေးနေ့ကို ဇန်နဝါရီလ ၁၂ ရက်နေ့က လွတ်မြောက်နယ်မြေ တနေရာတွင် စစ်ရေးပြအခမ်းအနားဖြင့် ကျင်းပခဲ့ပြီး၊ မဟာမိတ်အဖွဲ့များ၊ NUG ကာကွယ်ရေး ဝန်ကြီးဌာနတို့က သဝဏ်လွှာများ ပေးပို့ခဲ့ကြသည်။

    Video: (၅၉) နှစ်ပြည့် တအာင်း အမျိုးသား တော်လှန်ရေး အခမ်းအနား စစ်ရေးပြမြင်ကွင်း ဒေသခံတဦး ရိုက်ကူးထားသည်။

    Red News Agency

  • DKBA စခန်း တိုက်ပွဲတွင် PDF (၈) ဦး ဖမ်းဆီးခံရပြီး (၄) ဦးအသတ်ခံရ၊ ၁ ဦးဒဏ်ရာပြင်းထန်

    DKBA စခန်း တိုက်ပွဲတွင် PDF (၈) ဦး ဖမ်းဆီးခံရပြီး (၄) ဦးအသတ်ခံရ၊ ၁ ဦးဒဏ်ရာပြင်းထန်

    RNA_ဇန်နဝါရီ ၁၅ ရက်၊ ၂၀၂၂ ခုနှစ်။

    ကရင်ပြည်နယ် မြဝတီမြို့တောင်ဘက် ဖလူးလေးကျေးရွာအနီး စစ်ဘေးရှောင်များ ရှိနေသည့် DKBA ဗိုလ်စလုံးစခန်းကို ဇန်နဝါရီလ ၁၄ ရက်နေ့က လေကြောင်းအပါအဝင် လက်နက်ကြီး သာလွန်အင်အားဖြင့် စစ်ကောင်စီတပ်ထိုးစစ်ဆင်ရာတွင် စခန်းအသိမ်းခံလိုက်ရပြီး PDF (၈) ဦး ဖမ်းဆီးခံရပြီး (၄) ဦးသတ်ခံရကြောင်း၊ ၁ ဦးဒဏ်ရာအပြင်းအထန်ရထားပြီး ဆေးကုသမှုခံယူနေကြောင်း ဒေသခံ သတင်းရင်းမြစ်ထံမှ သိရသည်။

    စခန်းသိမ်းခံရစဉ် စစ်ကောင်စီတပ်က သိမ်းဆည်းရမိပစ္စည်းများ

    DKBA ဗိုလ်စလုံး စခန်းတွင် စစ်ဘေးရှောင်ပြည်သူ (၃၀၀) ကျော် ခိုလှုံနေကြောင်း၊ တိုက်ပွဲအတွင်း စစ်ဘေးရှောင်ပြည်သူ အနည်းဆုံး (၃) ဦးဒဏ်ရာရရှိကြောင်း၊ ယခု စစ်ဘေးရှောင်ပြည်သူများ ထိုင်းဘက်ကူးနေကြရကြောင်း၊ စစ်ကောင်စီတပ်သည် စစ်ဘေးရှောင်စခန်းများကိုပါလေကြောင်းဖြင့် တိုက်ခိုက်နေခြင်းဖြစ်ကြောင်း၊ DKBA ဗိုလ်စလုံးက ဆုတ်ပေးစရာ မြေမရှိတော့သည့်အ တွက် တိုက်ခိုက်ရတော့မည်ဟု သတင်းဌာနတခုကို ပြောကြားထားသည်။

    စခန်းအသိမ်းမခံရမီက DKBA ဗိုလ်စလုံး စခန်း မြင်ကွင်း

    စစ်ကောင်စီတပ်က သာလွန်အင်အား လက်နက်ကြီးပစ်ကူ၊ လေကြောင်းပစ်ကူတို့ကြောင့် စခန်းဆုတ်ပေးလိုက်ရခြင်းဖြစ်ကြောင်း၊ စခန်းဆုတ်ပေးစဉ် မြေပြင်က စစ်ကောင်စီတပ်ကို DKBA ၊ PDF စသည့် ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ကြောင်း၊ ဖမ်းဆီးခံလိုက်ရသည့် PDF များထဲက (၄) ဦးကို စစ်ကောင်စီတပ်က ဖမ်းမိပြီးမှ နေရာတွင် ပစ်သတ်ကြသည်ဟု သုံးသပ်ထားကြောင်း၊ စစ်ကောင်စီတပ်က (၆) ဦးသေပြီး ၁၀ ဦးဝန်းကျင် ဒဏ်ရာရရှိကြောင်း သိရသည်။

    စခန်းအသိမ်းမခံရမီက DKBA ဗိုလ်စလုံး စခန်း မြင်ကွင်း

    လေးကေ့ကော် တိုက်ပွဲများကြောင့် စစ်ဘေးရှောင်များ ထိုင်းဘက် မပြေးချင်သူများက ဖလူးလေးကျေးရွာက DKBA ဗိုလ်စလုံးစခန်းတွင်နေထိုင်ကြကြောင်း၊ စခန်းဆုတ်မပေးရစဉ်ကတည်းက ညပိုင်းတွေမှာ စစ်ကောင်စီတပ်က လေကြောင်း ပစ်ခတ်မှုတွေ ပြုလုပ်ခဲ့ကြောင်း၊ စစ်ဘေးရှောင်များကို ကူညီနေသည့် စခန်းဖြစ်ကြောင်း သိရသည်။

    Red News Agency

  • အလှူရှင်များ၏ ထောက်ပံ့မှုဖြင့် M4 A1 တလက် ၉၇ သိန်းကျပ်ဖြင့် ဝယ်ယူနိုင်ခဲ့

    အလှူရှင်များ၏ ထောက်ပံ့မှုဖြင့် M4 A1 တလက် ၉၇ သိန်းကျပ်ဖြင့် ဝယ်ယူနိုင်ခဲ့

    RNA_ဇန်နဝါရီ ၁၄ ရက်၊ ၂၀၂၂ ခုနှစ်။

    ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တိုင်း လပ်နက်လိုအပ်နေချိန် ကရင်နီပြည်က KGZ Army အနေဖြင့် အလှူရှင်များ၏ ထောက်ပံ့မှုဖြင့် M4 A1 တလက် ၉၇သိန်းကျပ်ဖြင့် ဝယ်ယူလိုပြီဖြစ်ပြီး အလှူရှင်များအားလုံးကိုအထူးပင်ကျေးဇူးတင်ရှိကြောင်း အသိပေးလာသည်။

    စစ်ကောင်စီတပ်နှင့် ကရင်နီ (ကယား) ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ တိုက်ပွဲပြင်းထန်နေသော်လည်း လက်နက်လိုအပ်မှုများရှိနေကြောင်း၊ စစ်ကောင်စီတပ်က သေသွားသူများ၏ လက်နက်များကို ပြန်ယူကာတိုက်ခိုက် နေကြရကြောင်း၊ NUG ကာကွယ်ရေး ဝန်ကြီး ဌာနနှင့် ပူးပေါင်းဆောင်ရွက်နေသည့် ကရင်နီပြည်က ကာကွယ်ရေးတပ်များကိုလည်း လက်နက်ထောက်ပံ့မှု နည်းပါးနေကြောင်း သိရသည်။

    နွေဦးတော်လှန်ရေး ခုခံစစ်ဆင်နွှဲချိန်မှ ယနေ့အထိ တပ်ဖွဲ့ဝင်များသာ များပြားလာသော်လည်း တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့များမှလွဲ၍ ထပ်မံပေါ်ပေါက်လာသည့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များမှာ လက်နက်အပြည့်အစုံမရှိကြကြောင်း၊ ကရင်ပြည်နယ်အခြေစိုက် NUG ကာကွယ်ရေးဝန်ကြီးဌာန တောင်ပိုင်းတိုင်း စစ်ဌာနချုပ်လက်အောက်က PDF များလည်း လက်နက်အပြည့်အစုံမရှိကြောင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းအတွင်းက ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှာ သေနတ်အစစ်မရှိသလောက်ဖြစ်ပြီး လက်လုပ်သေနတ်များဖြင့် တိုက်ခိုက်နေကြကြောင်း သိရသည်။

    Red News Agency

  • ၉ လကြာသည်အထိ လက်လုပ်သေနတ် မိုင်းများဖြင့်သာ တိုက်ခိုက်နေသည့် ချင်းတွင်း PDF

    ၉ လကြာသည်အထိ လက်လုပ်သေနတ် မိုင်းများဖြင့်သာ တိုက်ခိုက်နေသည့် ချင်းတွင်း PDF

    RNA_ဇန်နဝါရီ ၁၄ ရက်၊ ၂၀၂၂ ခုနှစ်။

    စစ်ကောင်စီတပ်ကို နယ်မြေအတွင်း ရောက်လာပါက လက်လုပ်သေနတ်၊ မိုင်းများဖြင့်သာ တိုက်ခိုက်နေရသည်မှာ (၉) လအထိ ကြာမြင့်သော်လည်း သေနတ်အစစ်မရှိကြောင်း ချင်းတွင်း PDF က ပြောကြားလာသည်။

    စစ်ကိုင်းတိုင်း တိုက်ပွဲအစဟု ပြောရလောက်သည့် ယင်းမာပင်မြို့နယ် သပြေအေး ဘုန်းတော်ကြီးကျောင်း စစ်ကောင်စီတပ် ဝိုင်းစဉ်ကတည်းက ရရာလက်နက်ဆွဲပြီး တိုက်ပွဲဝင်ခဲ့ကြကြောင်း၊ ယနေ့တွင် စစ်ကိုင်းတိုင်း မြို့နယ်တိုင်း ကျေးရွာတိုင်းတွင် စစ်ကောင်စီကို ခုခံတွန်းလှန်မည့်သူများ ပေါ်ပေါက်နေသာ်လည်း သေနတ်အစစ် မရှိသည့် ပြည်သူ့ကာကွယ်ရေးတပ်များ ‌ရှိနေကြောင်း သိရသည်။

     

    ချင်းတွင်း ပြည်သူ့ကာကွယ်ရေးတပ် ( Chindwin People’s Defense Force) သည် ကနီမြို့နယ်နှင့် အနီးဝန်းကျင်မြို့နယ်က PDF များနှင့် ပူးပေါင်းတိုက်ခိုက်နေသည့် အဖွဲ့ဖြစ်ကြောင်း၊ အင်တာနက်လိုင်း ဖြတ်တောက်ခံထားရမှုအပါအဝင် လူသိနည်းနေသည့်အဖွဲ့ဖြစ်သည့်အတွက် ပြည်သူများ၏ အကူအညီရရှိမှု နည်းပါးနေကြောင်း သိရသည်။

    (more…)

  • ဒဏ်ရာရရှိခဲ့သော ရဲဘော်(၂)ဦးအား ကယ်ဆယ်ရင်း အသက်(၂၁) အရွယ် ရဲဘော် မောင်အယ်လ်ဖောင်းရှို ကျဆုံးခဲ့ရ

    ဒဏ်ရာရရှိခဲ့သော ရဲဘော်(၂)ဦးအား ကယ်ဆယ်ရင်း အသက်(၂၁) အရွယ် ရဲဘော် မောင်အယ်လ်ဖောင်းရှို ကျဆုံးခဲ့ရ

    RNA_ဇန်နဝါရီ ၁၄ ရက်၊ ၂၀၂၂ ခုနှစ်။

    ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ငွေတောင်ဆည်အနီး၊ ရွှေယောက်ရပ်ကွက်တွင် ကင်းပုန်းဝပ်ချထားသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို ဇန်နဝါရီ ၁၃ ရက်နေ့ နေ့လည် ၂ နာရီ ၃၀ မိနစ်ဝန်းကျင်က တိုက်ပွဲတွင်ဒဏ်ရာရရှိခဲ့သော ရဲဘော်(၂)ဦးအား ကယ်ဆယ်ရင်း ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို ( DMO-PDF) က အသက် (၂၁) အရွယ် ရဲဘော် မောင်အယ်လ်ဖောင်းရှို ကျဆုံးခဲ့ရသည်ဟု သိရသည်။

    စစ်ကောင်စီတပ် ကင်းပုန်းကို ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆိုနှင့် ပူးပေါင်းတပ်များ တိုက်ပွဲဖြစ်ပွားနေချိန် ဒဏ်ရာရရှိသူများကို ကယ်ထုတ်နေစဉ် စစ်ကောင်စီဘက်က စနိုက်ဘာဖြင့် ပစ်ခတ်သည့်အတွက် ရဲဘော် မောင်အယ်လ်ဖောင်းရှို ကျဆုံးခဲ့ရခြင်းအတွက် မိသားစုများနှင့် ထပ်တူဝမ်းနည်း ကြေကွဲရကြောင်း၊ တိုင်းပြည်အတွက် အသက်ပေးကာကွယ်သွားခဲ့သော ရဲဘော် မောင်အယ်လ်ဖောင်းရှိုသည် ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို (DMO-PDF)မှ ပြည်သူ့သူရဲကောင်းအဖြစ် အလေးနီပြု မှတ်တမ်းတင်အပ်ပါသည်ဟု DMO-PDF ယနေ့ ထုတ်ပြန်ထားသည်။

    ကရင်နီပြည် ( ကယား) ဒီးမာ့ဆို၊ လွိုင်ကော်စသည့် မြို့နယ်များတွင် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဖြစ်သည့် KNDF၊ KA၊ KDZ Army ၊ KPDFစသည့် ပူးပေါင်း မဟာမိတ်တပ်ဖွဲ့များက အကြမ်းဖက် စစ်ကောင်စီတပ်ကို အသက်စွန့် တိုက်ခိုက် နေကြကြောင်း၊ စစ်ကောင်စီတပ် အသေအဆုံးများသည့်အလက် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်တချို့ ကြဆုံးရပြီး တသိန်းကျော် စစ်ဘေးရှောင် နေကြရ ကြောင်း သိရသည်။

    Red News Agency

  • “ချန်ဂင်တို့စခန်း” (၃)

    “ချန်ဂင်တို့စခန်း” (၃)

    နောင်တချိန်ကျရင် တို့ရွာမှာ CDM လုပ်တဲ့ ဆရာဝန် ဆရာမလေးတွေ ဆေးလာကုသွားကြတဲ့ ဆေးရုံကလေးလို့ ရင်ထဲမှာ အမှတ်ထင်ထင် ရှိသွားကြမှာပေါ့နော်။ ဆရာ ကျေနပ်ပါတယ်။ “ဗိုလ်ကြီးတို့လာမှ ကျွန်မတို့ရွာလည်း ပြာကျသွားရော။” ဆိုတာမျိုးမှ မဟုတ်တာ။ ကိုယ်တို့က လာခြင်းကောင်းတယ်လေ။ အသက်ရှည်ရာ အနာမဲ့ရေး ရန်ဘေးကင်းကြောင်း ကောင်းမှုမင်္ဂလာ ဆိုတာတွေက ဆရာဝန်တွေ ရှိခြင်း မရှိခြင်းနဲ့လည်း ဆိုင်တယ်နော်။

    ဒေါက်တာစိုးမင်း (ဆရာဝန်တော်လှန်ရေးသမား) 

    ဆရာဝန်တွေဟာ ဆေးကုတဲ့ အလုပ်အပြင် နောက်ထပ် အတတ်ပညာတစ်ခုခု တွဲလာတဲ့အခါမှာ (ဥပမာ ဆရာဝန်အဆိုတော်၊ ဆရာဝန်ရုပ်ရှင်မင်းသား၊ ဆရာဝန်စာရေးဆရာတို့လိုမျိုး) ဘယ်အရာကို အဓိကထားမှာလဲ မဖြစ်မနေ ရွေးချယ်ရပါတယ်။ ဆေးမကုတတ်မှာစိုးလို့ တခြားအလုပ် ပေးမလုပ်တာ မဟုတ်ပါဘူး။ ဆေးကုတဲ့အခါမှာ ဆရာဝန်-လူနာ ဆက်ဆံရေးထဲကို မဆိုင်တဲ့သက်ရောက်မှုတွေ အနှောက်အယှက် ဖြစ်မှာစိုးလို့ပါ။ စဉ်းစားကြည့်လေ။ ဦးဦးစိုးသူတို့၊ မမဖြူဖြူကျော်သိန်းတို့ဆို ဆေးရုံကို အမှတ်တမဲ့ ရောက်လာရင်တောင်မှ လူတွေက “ဟိုမှာကြည့်စမ်း။ ဟိုမှာကြည့်စမ်း။” နဲ့ အုတ်အော်သောင်းနင်း နောက်ကလိုက်ကြမှာ မဟုတ်လား။ ဆရာဝန်လုပ်ပြီး ရုပ်အရမ်းကြီးချောနေရင်ကို ဆေးကုရတာ မလွတ်လပ်တော့ဘူး။ အရိပ်တကြည့်ကြည့် အောက်မှာ မွန်းကြပ်တာကိုး။ ဒါသည်ပင် ကိုယ့်အားနည်းချက် ဖြစ်တော့သည်လေ။ ဆရာဝန်လုပ်ပြီး စာရေးတဲ့အခါမှာ လူနာတွေက လုပ်ဖော်ကိုင်ဖက်တွေက “သူရေးတဲ့အထဲများ ပါသွားမှဖြင့်ကွယ်။” ဆို စိတ်တထင့်ထင့် မဖြစ်စေချင်လို့ပါ။ ဖေ့စ်ဘုတ်ပေါ်က ကိုယ်နဲ့ ဆေးရုံပေါ်ကကိုယ်ဟာ အဆုံခန်း တစ်ခန်းမှမပါတဲ့ နှစ်ကိုယ်ခွဲ ဇာတ်ကောင်တွေပဲ ဖြစ်ချင်တာ။ ဒါကြောင့်မို့လို့ အကောင့်ထဲမှာ ခွီချင်သလောက်ခွီ၊ စွာချင်သလောက်စွာ၊ ဆေးရုံမှာတွေ့တဲ့အခါ “သူမဟုတ်တဲ့အတိုင်းပဲ။” လို့ အပြောခံရအောင် နှုတ်ဆိပ်အေးဆေးနေတာပါ။ ဆရာဝန်အလုပ်ကို ဦးစားပေးမိတာကိုး။

    အခုတော့ ဆရာဝန်တော်လှန်ရေးသမားဘဝမှာ အင်မတန်မှကို သိုသိပ်စွာ နေနိုင်မှ ဘေးရန်တွင်းပြင် ကင်းစင် ဖြစ်တော့မည်လေ။ လိုင်းပေါ်ကလူတွေက မကြာခဏ “ညောင်ပင်တစ္ဆေ ဝေလေလေ နင်ဘယ်ကိုင်းမှာနေ။” လို့ မေးရင်လည်း လိုကေးရှင်းကို အတိအကျ မပြဝံ့ဘူး။ ကိုယ်ဆေးကုနေတဲ့လူနာတွေက “ဖလန်းလကွက်လေး ပို့ထားတယ် ဆာ။ အက်ပေးပါဦး။ ဆိုလည်း “လာထား။ အာဘွား။” မလုပ်နိုင်ပါဘူး။ လှထုံတို့ရွာမှာ ဘာဖြစ်လို့ လှထုံခေါ်သလဲ သိပြီလား။ အမည်မဖော်လိုသူမို့ပေါ့။ ရွာကိုမှ အမည်မဖော်တာ မဟုတ်ဘူး။ ဆရာကိုလည်း အမည်မဖော်ဘူး။ ရွာကလူတွေ ကိုယ့်ကို နံမည်တောင် မသိဘူး။ ဆရာကြီးပဲ ခေါ်ကြတာ။ ဒါနဲ့များ နံမည်ကြီးချင်လို့ ဒီအလုပ်လုပ်တယ် ထင်နေသူတွေကို ဟဟချည့်ပဲ အမြှောက်တစ်သိန်း ပေးပစ်မယ်။ နံမည်ကြီးဖို့နေနေသာသာ ဒီက နံမည်တောင် အသိခံချင်တာ မဟုတ်ဘူး။

    (more…)

  • “ချန်ဂင်တို့စခန်း” (၂)

    “ချန်ဂင်တို့စခန်း” (၂)

    တိုင်းပြည်ကို ကာကွယ်ရမယ့်စစ်တပ်က အာဏာရှင်ကိုကာကွယ်ပြီး ပြည်သူကိုအကြမ်းဖက်သတ်ဖြတ်နေလို့ ဒီဘဝရောက်လာရတဲ့ဟာ။ ကိုယ်တို့အတွက် အန္တရာယ်ပေးမယ့်သူဟာ ဗမာစစ်တပ်ကလွဲလို့ တခြားသူ မရှိဘူး။ ကောင်းခါးက ဆရာမလေးနှစ်ယောက်တောင် တသက်လုံး KIA တွေအောက်နေတုန်းကအကောင်း။ ဗမာစစ်တပ် တစ်ညလာအိပ်တာနဲ့ အဲ့သလိုဖြစ်သွားတာ မဟုတ်လား

     

    ဒေါက်တာ စိုးမင်း ( CDM ဆရာဝန်)

    ဆရာမင်းလူရဲ့ ပရိသတ်တိုင်းက လှထုံကို ရင်းနှီးသလိုပဲ ကိုရီးယားဇာတ်လမ်းတွဲ ကြည့်သူတွေကိုလည်း ချန်ဂင်နဲ့ မိတ်ဆက်ပေးစရာ မလိုပါဘူး။ ဆေးကုလိုက် အစားအသောက်တွေ ချက်လိုက် လုပ်နေတဲ့ နန်းတွင်းသမားတော်ကလေးမှန်း လူတိုင်းသိပါတယ်။ အခုလည်း ကိုယ်တို့အဖွဲ့သားတွေ အဲ့ဒီအလုပ်ပဲ လုပ်နေကြတာ မဟုတ်လား။ နန်းတွင်းရေး အရှုပ်အထွေးတွေကို ကြံ့ကြံ့ခံရင်ဆိုင်ပြီး ကိုယ့်အသက်မွေးမှုအတတ်ပညာဖြစ်တဲ့ ဆေးကုတဲ့အလုပ်ကို အားသွန်ခွန်စိုက် လုပ်နေတဲ့ ချန်ဂင်ဆိုတာ ဘယ်သူများပါလိမ့် လို့ သိချင်ရင် ကိုယ်တို့စခန်းက ဆရာဝန် ဆရာမ အားလုံးကို လက်ညှိုးထိုးပြလို့ ရပါတယ်။ နောက်ထပ် ချန်ဂင်ဖြစ်ချင်တဲ့သူတွေလည်းပဲ အတူတကွ လာရောက်ပူးပေါင်းလို့ ရသေးတယ်နော်။ အကြီးတွေက အငယ်တွေကို သင်ရင်းပြရင်း လက်တွဲခေါ်မှာပေါ့။ စိတ်တူသဘောတူ ဖြစ်ဖို့သာလိုရင်းပဲ။ ဒါမှလည်း ပျော်စရာကောင်းမှာကိုး။

    စခန်းကို ရွာမှာမရွေးပဲ တောထဲဝင်ခိုရတဲ့အကြောင်းကတော့ ကိုယ်တို့အားလုံးရဲ့ အသက်အန္တရာယ် လုံခြုံရေးကြောင့်ပါ။ CDM တွေကို တွေ့ရာသင်္ချိုင်း ဓါးမဆိုင်းပဲ ဖမ်းဆီးသတ်ဖြတ် စစ်ဆေးစီရင်ခွင့် ပေးထားလိုက်ပြီ ဆိုတဲ့ အမိန့်သက်သက်ကြောင့် မဟုတ်ပါဘူး။ ဟိုးအရင် ဦးသိန်းစိန်လက်ထက်မှာတုန်းက ကောင်းခါးရွာက သူနာပြုဆရာမလေးနှစ်ယောက် မုဒိန်းကျင့်ပြီး အသတ်ခံရတဲ့ အဖြစ်ဆိုးမျိုး ကိုယ့်မျက်စိအောက်မှာ မကြုံချင်လို့ပါ။ ကိုယ်နဲ့အတူတူ အလုပ်လာလုပ်မယ့်သူတွေရဲ့ လုံခြုံရေးအတွက် ကိုယ့်မှာ တာဝန်ရှိတယ်။ မင့်ဟာကလည်း အစိုးရလက်အောက်က ထွက်ပြေးပြီး တောထဲတောင်ထဲ သွားမှ လုံခြုံရမယ်လို့ ပြောင်းပြန်တွေဖြစ်နေပြီ လို့ ပြောစရာပေါ့နော်။ ခေတ်ကိုက ပြောင်းပြန်ဖြစ်နေတဲ့ အခါသမယလေ။ တိုင်းပြည်ကို ကာကွယ်ရမယ့်စစ်တပ်က အာဏာရှင်ကိုကာကွယ်ပြီး ပြည်သူကိုအကြမ်းဖက်သတ်ဖြတ်နေလို့ ဒီဘဝရောက်လာရတဲ့ဟာ။ ကိုယ်တို့အတွက် အန္တရာယ်ပေးမယ့်သူဟာ ဗမာစစ်တပ်ကလွဲလို့ တခြားသူ မရှိဘူး။ ကောင်းခါးက ဆရာမလေးနှစ်ယောက်တောင် တသက်လုံး KIA တွေအောက်နေတုန်းကအကောင်း။ ဗမာစစ်တပ် တစ်ညလာအိပ်တာနဲ့ အဲ့သလိုဖြစ်သွားတာ မဟုတ်လား။ မူကြိုကလေးလေးကိုတောင် တရားမျှတမှုပြန်မပေးနိုင်တဲ့ စစ်သားလူထွက် အုပ်ချုပ်မှုနဲ့ လွတ်အောင်နေမှပဲ ဖြစ်တော့မယ်။ ဒါကြောင့်မို့လို့ ကြက်ဖတိန်ညင် တောကိုဝင်တာ။ မောင်ရင်လာတော့ လေးနဲ့မပစ်အောင်လည်း ဆိုင်ရာပိုင်ရာကို အစောင့်အရှောက် လုံခြုံရေးပေးနိုင်ဖို့ အစစအရာရာလည်း စီမံရသေးတာပေါ့။ Safety first ဆိုတာ ကိုယ်တစ်ယောက်တည်းအတွက် မဟုတ်ဘူး။ ကိုယ့်တစ်ဖွဲ့သားလုံးအတွက် ဖြစ်လာပြီ။ ခုချိန်ခါမှာ အနယ်နယ်အရပ်ရပ်က ကိုယ့်ဆီကို လာချင်ပါတယ် လည်ချင်ပါသူ ဆိုရင် သေချာလေးတော့ ပြန်စဉ်းစားစေချင်တယ်။ ပိုင်တံခွန်တို့ ထားထက်ထက်တို့လို နုနုနယ်နယ်လေးတွေဆို မခေါ်ရက်ဘူး။ နေများခလို့ မေ့အသားမလှရင် ခက်ရချည်ရဲ့။

    (more…)

  • “ချန်ဂင်တို့စခန်း”

    “ချန်ဂင်တို့စခန်း”

    ကိုယ်တွေကတော့ နောက်ကြောင်းပြန်လှည့်ဖို့ နည်းနည်းလေးမှ စိတ်ကူးမရှိပါဘူး။ သူတို့ ဘယ်လိုပဲ တားမြစ်ပိတ်ပင်သည်ဖြစ်စေ ဆေးကုတဲ့အလုပ်ကိုပဲ တစိုက်မတ်မတ် လုပ်နေတယ်။ မဲဇာထက်ပို၍ဝေးသောအရပ် လှထုံတို့ရွာမှာ ကိုဗစ်စင်တာဖွင့်ခဲ့တယ်။ အခု အဲ့ဒီရွာထက် ပို၍ခေါင်သော တောအစပ်မှာ ကိုယ်ထူကိုယ်ထ ဆေးရုံတစ်ခု ထောင်ရပြန်ပေါ့။

    ဒေါက်တာစိုးမင်း

    တော်လှန်ရေးကာလတလျှောက် ကိုယ်ဘယ်လိုရပ်တည်ရှင်သန်ခဲ့သလဲ ပြန်တွေးကြည့်ရင် ဘာမှထွေထွေထူးထူး မရှိပါဘူး။ စစ်အုပ်စုမှအပ သန်း ၅၀ ခန့်သော အရပ်သားပြည်သူထဲက တစ်ယောက် အနေနဲ့ပဲ ခိုင်ခိုင်မာမာ ဆန့်ကျင်တော်လှန်နေတာပါ။ လှုံ့ဆော်သူလည်း မဟုတ်။ ဦးဆောင်သူလည်း မဟုတ်။ ပဲ့ကိုင်လမ်းညွှန် ထိန်းကြောင်းသူလည်း မဟုတ်ပါဘူး။ တော်လှန်ရေး ဝိဇ္ဇာရှစ်သောင်း ဆရာအပေါင်းထဲမလည်း စာရင်းမဝင် အင်းမဝင်ပါ။ “ဒါနဲ့များ မင်းက ဘာကိစ္စနဲ့ ဖျာအရှည်ကြီး ဝင်ခင်းရသလဲ” ဆိုရင် ပြည်သူတစ်ယောက်အနေနဲ့ ကိုယ်သန်ရာစွမ်းရာ ကဏ္ဍကနေ ခေတ်ရဲ့ဝန်ကို ဝင်ထမ်းခြင်း ဖြစ်ပါတယ်။ ဆရာဝန်တစ်ယောက် ဖြစ်တဲ့အတွက် ပြည်သူဘက်က ဆေးကုတယ်။ စာရေးသူ တစ်ယောက် ဖြစ်တဲ့အတွက် လက်တွေ့ဖြတ်သန်းလာရတဲ့ မျက်စိအောက်က တော်လှန်ရေးဖြစ်စဉ်တွေကို မှတ်တမ်းမှတ်ရာ ချန်တယ်။ နောင်တချိန်မှာ သက်သေ အထောက်အထား သမိုင်းဖြစ်ရပ်အနေနဲ့ ခိုင်မာစေချင်လို့ ဂျင်းတွေမရောဘူး။ ဆယ်လီဖြစ်ပြီဟဆိုပြီး ဈေးရောင်းမစားပေမယ့် အလှူငွေတော့ ရအောင်ရှာပြီး ထောက်ပံ့တယ်။

    “နံမည်ကြီးချင်တယ် လောက်တော့ လုပ်လိုက်ပါ။ ယူက ပန်ဆယ်လိုတို့ အေငြိမ်းတို့ လုပ်သမျှ ကော်ပီကက်လုပ်ပြီး ပုံတူကူးချနေတာပဲ။” လို့ ဟိုဘက်ကလူတွေက တိုက်ခိုက်ပါလိမ့်မယ်။ ခရက်ဒစ်မပေးပဲ ကော်ပီယူတဲ့ စာရေးဆရာမလေးတွေ ပြောသလို ပြောရမှာဖြင့် “အို မဟုတ်ပါဘူး။ တိုက်ဆိုင်သွားတာပါ။ ဆင်တူသွားတာပါ။” ပေါ့။ ဘာဖြစ်လို့ အဲ့သလိုဖြစ်ရသလဲ ဆိုတော့ သူတို့ရော ကိုယ်ပါ တော်လှန်ရေးရေစီးကြောင်းထဲမှာ အတူတကွ တိုက်စားမျောပါသွားသူတွေ ဖြစ်တဲ့အတွက် တူညီတဲ့ အချိုးအကွေ့တွေမှာ တူညီတဲ့ရပ်တည်ချက် ဓါတ်ခံ ရှိသူတွေချင်း တုန့်ပြန်မှု ဆင်တူနေတာပါ။ ကိုယ့်လိုပဲ ခရီးများအဆုံးထိလျှောက်မယ့် CDM ဆရာဝန်တွေအားလုံး အခု ကိုယ်လုပ်နေတဲ့ အလုပ်တွေ လုပ်ဖူးကြပါတယ်။ လုပ်နေကြပါတယ်။ ခရေစေ့တွင်းကျ အစီရင်ခံမနေတာ တစ်ခုပဲ ကွာတာပါ။ လုပ်ငန်းခွင်က စွန့်ခွါကြတယ်။ သို့သော် လက်လှမ်းမီရာမှာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဆေးဆက်ကုတယ်။ ဆန္ဒပြသူတွေကို အကြမ်းဖက်သတ်ဖြတ်တဲ့အခါ ဆေးတပ်ဖွဲ့အနေနဲ့ ပါဝင်ကြတယ်။ နေအိမ်မှာ မလုံခြုံတဲ့အတွက် ပုန်းကွယ်နေထိုင်ရတယ်။ ဇာတိရပ်ရွာမှာ ရှာဖွေဖမ်းဆီးတဲ့အခါ လွတ်မြောက်နယ်မြေကို စွန့်စားထွက်ခွါရတယ်။ ကပ်ရောဂါနဲ့ ရင်ဆိုင်ရတဲ့အခါ ကိုဗစ်စင်တာတွေမှာ ဝင်ဦးဆောင်ရတယ်။ အဲ့ဒီနောက် လွတ်မြောက်နယ်မြေက ဆေးရုံဆေးခန်းတွေမှာ တတ်တဲ့ပညာနဲ့ ဝင်ဆေးကုကြတယ်။ အဲ့ဒီဆင့်ကဲဖြစ်စဉ် အဆင့်ဆင့်က တနေရာရာမှာ လက်လျှော့ရပ်တန့်မသွားဘူး ဒါမှမဟုတ် ထိခိုက်ပဲ့ကျန်ရစ်ခဲ့တာ မဟုတ်ဘူး ဆိုရင် တချိန်မှာ ဒီဘူတာကိုပဲ လာဆိုက်စရာ ရှိပါတယ်။ ကိုယ်တစ်ယောက်တည်း မဟုတ်ပါဘူး။ အများကြီးပါ။ အရပ်ဒေသ အသီးသီးမှာ ဆေးတပ်စခန်းလေးတွေဖွင့်ပြီး ခွဲစိတ်ကုသနေကြပါတယ်။

    (more…)

  • စစ်ကောင်စီတပ် ဦးနှောက်ရွာ ဝင်စီးသလို ပုထိုးသာရွာကို ဝင်စီး

    စစ်ကောင်စီတပ် ဦးနှောက်ရွာ ဝင်စီးသလို ပုထိုးသာရွာကို ဝင်စီး

    RNA_ဇန်နဝါရီ ၁၃ ရက်၊ ၂၀၂၂ ခုနှစ်။

    စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ပုထိုးသာ ကျေးရွာကို ယနေ့ နေ့လည်ပိုင်းက ဦးနှောက်ရွာ ဝင်စီးသလို လေယာဉ်သုံးပစ် စစ်ကောင်စီတပ်သားတွေ ရွာထဲ တပ်စွဲထားသည်ဟု သိရသည်။

    ” ဦးနှောက်ရွာ လုပ်သလိုပဲ၊ ရွာထဲကို လေယာဉ်နဲ့ ပစ် ခစတွေချ ပြီးရင်ရွာထဲမှာ တပ်စွဲ ရွာသူရွာသားတွေကို။သတ်ဖြတ် နှိပ်စက်တော့မှာ၊ ဘာလိုရွာမှာ တပ်စွဲလဲ မသိရသေးဘူး စာသင်ကျောင်စထဲမှာလို့ပြောတယ်၊ ဒေသခံတွေလဲ ပြေးရတယ်၊ ပိတ်ပိတဲ့သူကတော့ သေသလိုပဲ၊ ဦးနှောက်ရွာမှာ အတော်ခံနေကြရတယ်၊ ဘယ်လောက်သေလဲဆိုတာက သူတို့ရွာက ထွက်မှ ပျောက်တဲ့သူနဲ့ အလောင်းနဲ့ တွေ့တာကို စစ်ကြည့်ရတာ” ဟု ပုလဲမြို့နယ် ဒေသခံ တဦးက ပြောသည်။

    ဇန်နဝါရီလ ၁၀ ရက်နေ့က ဗိုလ်နဂါးကို ဖမ်းမည်ဟုဆိုကာ ဦးနှောက်ရွာကို စစ်ကောင်စီတပ်ကညလေယာဉ်များဖြင့် ဝိုင်းပစ်ကာ တပ်ချပြီး ရွာသားများကို ဖမ်းဆီးနှိပ်စက်ကြကြောင်း၊ ယနေ့အထိ ကျေးရွာအတွင်း တပ်ရှိနေပြီး ဖမ်းဆီးခံပြည်သူများကို မလွှတ်သေးကြောင်း၊ ကျေးရွာဝင်စီးစဉ် ဒေသခံတချို့ သေဆုံးမှု ရှိခဲ့ကြောင်း သိရသည်။

    (more…)

  • စစ်ကောင်စီတပ် စစ်ကြောင်းကို PDF များတိုက်ခိုက်ပါက ရွာသားများကို မီးရှို့သတ်မည်ဟုပြော

    စစ်ကောင်စီတပ် စစ်ကြောင်းကို PDF များတိုက်ခိုက်ပါက ရွာသားများကို မီးရှို့သတ်မည်ဟုပြော

    RNA_ဇန်နဝါရီ ၁၂ ရက်၊ ၂၀၂၂ ခုနှစ်။

    မကွေးတိုင်း၊ မြိုင်မြို့နယ်၊ လက်ယက်မကျေးရွာတွင် စစ်ကောင်စီတပ် တပ်စွဲထားပြီး PDF များ မိုင်းခွဲတိုက်ခိုက်ခြင်းအပါအဝင် တိုက်ခိုပ်မှုများ ပြုလုပ်ပါက ကျေးရွာသူ/သားများကို မီးရှို့သတ်မည်ဟု ‌နယ်မြေအတွင်း ပြည်သူများအားလုံးသိရှိအောင် သတင်းစကားပါးထားကြောင်း သိရသည်။

    ဓာတ်ပုံ: ပိုင်ငြိမ်း (BNA) မကွေးမြို့အခြေစိုက် နာမည်ဆိုးဖြင့် ကျော်ကြားသည့် တပ်မ (၈၈) တပ်သားများ ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ ၂၂ ရက်နေ့က ရှေ့တန်းပြန် ဆိုကြိုမှုမြင်ကွင်း။ ” ဒီနေ့ထိ စစ်တပ်က ရွာထဲမှာ တချို့ ဘုန်ကြီးကျောင်း၊ စာသင်ကျောင်းလိုနေရာမျိုးတွေမှာ စုထားတယ်၊ ပြေးတဲ့သူတွေလဲ ပြေးကုန်ပြီ အခုက ရွာကိုဝိုင်းထားပြီ၊ ရွာထဲမှာ အကုန် ၂၀၀ ကျော် ၃၀၀ လောက်လို့ ခန့်မှန်းရတယ်၊ ဟိုကောင် စခတွေကတော့ ၁၀၀ ကျော် ၂၀၀ နီးပါးရှိမယ်။ သူတို့ကို တိုက်ရင် ပစ်ရင် ရွာသားတွေကို မီးရှို့မယ်လို့ ပြောထားတာ၊ တနယ်လုံး PDF တွေသိအောင်ထိ စကားပါးထားတာ” ဟု ဒေသခံ တဦးက ပြောသည်။ 
    ဓာတ်ပုံ: ပိုင်ငြိမ်း (BNA) မကွေးမြို့အခြေစိုက် နာမည်ဆိုးဖြင့် ကျော်ကြားသည့် တပ်မ (၈၈) တပ်သားများ ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ ၂၂ ရက်နေ့က ရှေ့တန်းပြန် ဆိုကြိုမှုမြင်ကွင်း။

    မြိုင်မြို့နယ်အတွင်း ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့ မကြာခဏတိုက်ပွဲဖြစ်ပွားနေပြီး၊ ပြီးခဲ့သည့် ရက်ပိုင်းက လက်ယက်မ ကျေးရွာ နယ်တဝိုက် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ စစ်ကောင်စီတပ်က ကျေးရွာများရှိနေအိမ်များကို မီးရှို့ဖျက်ဆီးမှုများရှိကြောင်း ဒေသခံထံမှ သိရသည်။

    ဓာတ်ပုံ: ပိုင်ငြိမ်း (BNA) မကွေးမြို့အခြေစိုက် နာမည်ဆိုးဖြင့် ကျော်ကြားသည့် တပ်မ (၈၈) တပ်သားများ ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ ၂၂ ရက်နေ့က ရှေ့တန်းပြန် ဆိုကြိုမှုမြင်ကွင်း။

    အာဏာသိမ်း စစ်ကောင်စီတပ်သည် ကရင်နီပြည် (ကယား) ပြည်နယ်နှင့် စစ်ကိုင်းတိုင်းအတွင်းက မြို့နယ်တချို့မှာ ဒေသခံပြည်သုများကို မီးရှို့သတ်သည့် လုပ်ရပ်များ လုပ်ဆောင်နေကြောင်း၊ စစ်ကောင်စီတပ်သားများ အသေအဆုံးများပြီး အထိနာသည့်နေရာများတွင် တိုက်လေယာဉ်များအသုံးပြုပြီး ပစ်ခတ်တိုက်ခိုက်ကြောင်း၊ ချင်းပြည်နယ်တွင်လည်း လူနေအိမ်များကို မီးရှို့ဖျက်ဆီးမှုများရှိကြောင်း ဒေသခံ သတင်းရင်းမြစ်များထံက သိရသည်။

    ဓာတ်ပုံ: ပိုင်ငြိမ်း (BNA) မကွေးမြို့အခြေစိုက် နာမည်ဆိုးဖြင့် ကျော်ကြားသည့် တပ်မ (၈၈) တပ်သားများ ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ ၂၂ ရက်နေ့က ရှေ့တန်းပြန် ဆိုကြိုမှုမြင်ကွင်း။
    ဓာတ်ပုံ: ပိုင်ငြိမ်း (BNA) မကွေးမြို့အခြေစိုက် နာမည်ဆိုးဖြင့် ကျော်ကြားသည့် တပ်မ (၈၈) တပ်သားများ ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ ၂၂ ရက်နေ့က ရှေ့တန်းပြန် ဆိုကြိုမှုမြင်ကွင်း။

    Red News Agency