Author: Editor

  • ဗိုလ်မှူးချုပ်ဟောင်း ကျော်ဆန်းရွာက အမျိုးသမီးတချို့ကို စစ်ကောင်စီတပ်က မုဒိမ်းကျင့်မှုရှိဟု သတင်းထွက်

    ဗိုလ်မှူးချုပ်ဟောင်း ကျော်ဆန်းရွာက အမျိုးသမီးတချို့ကို စစ်ကောင်စီတပ်က မုဒိမ်းကျင့်မှုရှိဟု သတင်းထွက်

    RNA_ဇန်နဝါရီ ၂၀ ရက်၊ ၂၀၂၂ ခုနှစ်။

    နအဖ လက်ထက် သမဝါယမ ဝန်ကြီးဌာန၊ ယဉ်ကျေးမှု ဝန်ကြီးဌာနနှင့် ပြန်ကြားရေးဝန်ကြီးဌာနတို့တွင် ဝန်ကြီးလုပ်ခဲ့သည့် ဗိုလ်မှူးချုပ်ဟောင်း ကျော်ဆန်းရွာဖြစ်သည့် စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်၊ ချင်ပြစ်ကျင်းကျေးရွာအုပ်စု၊ နွယ်အင်းရွာက အမျိုးသမီးတချို့ကို စစ်ကောင်စီတပ်သားတချို့က မုဒိမ်းကျင့်မှုဖြစ်ပွားခဲ့ကြောင်း အနီးအနားကျေးရွာများအထိ သတင်းပြန့်နေသည်။

    ဗိုလ်နဂါးကို ဖမ်းဆီးရန်ဟုဆိုကာ ဦးနှောက်ကျေးရွာမှာ အထိုင်ချနေသည့် စစ်ကောင်စီတပ်သားများသည် နွယ်အင်းကျေးရွာကို လွန်ခဲ့သည့် တပတ်က ရဟတ်ယာဉ်ဖြင့် ပြောင်းရွေ့အထိုင်ချခဲ့ကြောင်း၊ ဇန်နဝါရီလ ၁၉ ရက်နေ့က ရဟတ်ယာဉ်နှင့် ပြန်ထွက်ပြသော်လည်း ရဟတ်ယာဉ်ဖြင့် တပ်သားများပြန်ချသွားပြီး၊ ကျေးရွာအတွင်း စုဆောင်းရမိသည့် ပျူစောထီး (၂၀) ဝန်းကျင်ကို စစ်သင် တန်းပေးရန်ပြင်ဆင်နေကြောင်း ဒေသခံထံမှ သိရသည်။

    (more…)

  • JEWoo အထည်ချုပ်စက်ရုံက ဝန်ထမ်း ၂၃၀ ကျော်ကို နစ်နာကြေးပေးကာ အလုပ်ရပ်စဲ

    JEWoo အထည်ချုပ်စက်ရုံက ဝန်ထမ်း ၂၃၀ ကျော်ကို နစ်နာကြေးပေးကာ အလုပ်ရပ်စဲ

    ရန်ကုန်၊ ဇန်နဝါရီ ၂၀ ရက်၊ ၂၀၂၂ ခုနှစ်။

    JEWooကုမ္ပဏီ (သာကေတ )က အထည်ချုပ်ဝန်ထမ်း ၂၃၀ ကျော်ကို နစ်နာကြေးပေးကာ အလုပ်ရပ်စဲလိုက်ကြောင်း ဇန်နဝါရီလ ၁၉ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။

    ဓာတ်ပုံ: စစ်တပ်အာဏာသိမ်းပြီးနောက် Red Ribbon Campaign တွင်ပါဝင်ခဲ့သည့် JEWoo ကုမ္ပဏီ အထည်ချုပ် လုပ်သားများ။ 

    JEWooကုမ္ပဏီ (သာကေတ )သည် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် အောက်တိုဘာ ၁၅ ရက်နေ့ တွင် မီးလောင်ကျွမ်းခံရမှုကြောင့် လုပ်ငန်းအားလုံး“လုံးဝ ” ရပ်ဆိုင်းသွားခဲ့ရပြီး ၊ ယခု ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၆ ရက် ရောက်မှသာနေရာအသစ်တွင်ယာယီဖွင့်လှစ် လုပ်ကိုင်နိုင်ခဲ့ကြောင်း သိရသည်။

    ဓာတ်ပုံ: စစ်တပ်အာဏာသိမ်းပြီးနောက် Red Ribbon Campaign တွင်ပါဝင်ခဲ့သည့် JEWoo ကုမ္ပဏီ အထည်ချုပ် လုပ်သားများ။ 

    သာကေတ စက်မှုဇုန်အတွင်းရှိ JEWoo အထည်ချုပ်စက်ရုံမှ အလုပ်သမားများသည် စစ်တပ်က အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၆ရက်နေ့တွင် ဖဲကြိုးနီလုပ်ရှားမှု (Red Ribbon Campaign)တွင် ပါဝင်ခဲ့ကြသူများ အလုပ်ထုတ်ခံရမှုတွင် ပါရှိကြောင်း သိရသည်။

    ဓာတ်ပုံ: စစ်တပ်အာဏာသိမ်းပြီးနောက် Red Ribbon Campaign တွင်ပါဝင်ခဲ့သည့် JEWoo ကုမ္ပဏီ အထည်ချုပ် လုပ်သားများ။ 

    နေရာအသစ်၏အကျယ်အဝန်း၊ JEWoo ကုမ္ပဏီ၏ အခြေအနေ အရပ်ရပ်တို့ကြောင့် ဝန်ထမ်း အားလုံးအားအလုပ်ဆက်လက်ခန့်ထားနိုင်ခြင်း မရှိခြင်းကြောင်း၊ အဆိုပါဝန်ထမ်း (၂၃၇)ဦးတို့ကို ဆက်လက်အလုပ်မခန့်ထားနိုင်ကြောင်း ကုမ္ပဏီက ဝမ်းနည်းစွာ အသိပေး အကြောင်းကြားထားသည်။

    အဆိုပါဝန်ထမ်း (၂၃၇)ဦး ၏ အလုပ်ရပ်စဲမှုနစ်နာကြေးအား ဇန်နဝါရီ ၂၁ ရက်နှင့် ၂၂ ရက် နေ့နံနက် ၉ နာရီ မှ ညနေ – ၃ နာရီအထိ JEWoo ( သာကေတ ) စက်ရုံတွင် ပေးအပ်မည် ဖြစ်ကြောင်း သိရသည်။

    Red News Agency

  • အင်းစိန်ထောင်မှာ အဝေးထိန်း ဗုံးတွေ့သည့်အတွက် လုံခြုံရေး တင်းကြပ်နေ

    အင်းစိန်ထောင်မှာ အဝေးထိန်း ဗုံးတွေ့သည့်အတွက် လုံခြုံရေး တင်းကြပ်နေ

    RNA_ဇန်နဝါရီ ၂၀ ရက်၊ ၂၀၂၂ ခုနှစ်။

    ရန်ကုန်မြို့ အင်းစိန်ထောင်မှာ ယနေ့ နံနက် ၁၂ နာရီမထိုးမီက အဝေးထိန်း ဗုံးတွေ့သည့်အတွက် လုံခြုံရေး အစီအမံများနှင့် အင်းစိန်ထောင်တွင်း လှုပ်ခတ်မှု ဖြစ်နေကြောင်း သိရသည်။

    ” အခုထောင်ထဲကို လုံခြုံရေးအဝင်အထွက် ရှုပ်နေတာ တွေ့တယ်၊ ရဲအချုပ်ကားကို သံလိုက်နဲ့ကပ်ပြီး ထည့်ပေးလိုက်တာလဲ ကြားတယ်၊ ရဲမေတွေက စတွေ့တာလို့ပြောနေကြ၊ သေချာကတာ အဝေးထိန်းဗုံးတွေ့လို့ ရှုပ်ယှက်ခက်နေကြတာ၊ ” ဟု အင်းစိန်ထောင်အနီး ရောက်ရှိနေသည့် ပြည်သူတဦးက ပြောသည်။

    (more…)

  • ရိုးမဖိုက်တာတပ်ဖွဲ့က လက်နက်ကြီးအပါအဝင် (၈) မျိုးထုတ်လုပ်ကာ စစ်ကောင်စီတပ်ကို တိုက်ခိုက်နေ 

    ရိုးမဖိုက်တာတပ်ဖွဲ့က လက်နက်ကြီးအပါအဝင် (၈) မျိုးထုတ်လုပ်ကာ စစ်ကောင်စီတပ်ကို တိုက်ခိုက်နေ 

    RNA_ဇန်နဝါရီ ၁၉ ရက်၊ ၂၀၂၂ ခုနှစ်။

    စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် အခြေစိုက် ရိုးမဖိုက်တာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ( YOMA Fighter PDF- Yinmabin) အနေဖြင့် လက်နက်ကြီး လက်နက်ငယ်အပါအဝင် (၈) မျိုးထုတ်လုပ်ကာ စစ်ကောင်စီတပ်ကို တိုက်ခိုက်နေကြောင်း သိရသည်။

    ” ကျနော်တို့ အင်အားအများအပြား ရှိနေပြီး ပစ္စည်းအစစ်ကတော့ လိုနေတာပေါ့၊ အခုက တိုက်ပွဲတွေက ပိုပြင်းထန်လာတယ်၊ လိုနေတာက လူအင်အားမဟုတ်တော့ဘူး လက်နက်လိုနေတာပါ။ အဖွဲ့ထဲမှာထုတ်နေတာရှိတယ် လက်လုပ် လက်ပစ်ဗုံး၊ မြေမြုပ်မိုင်း၊ ရှော့တိုက်ဒုံး၊ လက်နက်ကြီး လက်နက်ငယ် မိုင်းနဲ့ (၈) မျိုးလောက်ရှိတယ်။ အခုဆိုရင် နယ်ထဲမှာ စခတွေ အင်အား တော်တော်များများလာချနေပြန်ပြီ ၊ လက်နက်တွေ လိုနေပါတယ်၊ လက်လုပ်မိုင်းတွေက စောစောကတော့ ခက်ခဲတယ် ယမ်းစင်လို့ ဒဏ်ရာရကြတယ်၊ အခုကတော့ မခက်ခဲတော့ဘူး လုပ်နေတာ အသားကျသွားပြီ ” ဟု YOMA Fighter PDF- Yinmabin က တာဝန်ခံ တဦးက ပြောထားသည်။

    (more…)

  • တိုက်လေယာဉ်ဖြင့်ဗုံးကျဲတိုက်ခိုက်သည့်အတွက် စစ်ဘေးရှောင်များ လိုဏ်ခေါင်းများတွင် နေထိုင်ရ

    တိုက်လေယာဉ်ဖြင့်ဗုံးကျဲတိုက်ခိုက်သည့်အတွက် စစ်ဘေးရှောင်များ လိုဏ်ခေါင်းများတွင် နေထိုင်ရ

    RNA_ဇန်နဝါရီ ၁၈ ရက်၊ ၂၀၂၂ ခုနှစ်။

    တိုက်ပွဲပြင်းထန်နေသည့် ကရင်နီပြည် ( ကယား) တွင် စစ်ဘေးရှောင်ပြည်သူများကို ဦးတည်ပြီး စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကြဲမှုများ ပြုလုပ်ခဲ့သည့်အတွက် စစ်ဘေးရှောင်ပြည်သူများ မြေပြင်နှင့်တောထဲတွင် နေမရသည့်အတွက် လိုဏ်ခေါင်းများတွင် နေထိုင်ကြရကြောင်း ဒေသခံထံမှသိရသည်။

    Photo : Ye Naing 

     

    ” စစ်ရှောင်တွေဟာစစ်ရှောင်စခန်းမှာမနေရဲတော့ဘဲ လေယာဉ်နဲ့​ဗုံးလာထပ်ကြဲမှာ စိုးရိမ်ရလို့နေ့ခင်းဘက်တောင် အပြင်မှာ မနေရဲဘဲ အရမ်းအေးတဲ့ဂူတွေထဲမှာ ရွေ့ပြောင်းနေကြရပါတယ်။ ဒီလိုသာ ရက်ကြာရှည်နေနေရရင် အထူးသဖြင့် အမျိုးသမီးတွေ (ကိုယ်ဝန်ဆောင် နို့တိုက်မိခင်အပါအဝင်) သက်ကြီးရွယ်အိုနဲ့ ကလေး သူငယ်တွေဟာ အကြီးအကျယ် ဒုက္ခရောက်ဖွယ်ရာ ရှိနေပါတယ်” ဟု ကိုရဲနောင်က ပြောပြထားသည်။

    Photo : Ye Naing 

     

    ရာသီဥတုက အေးနေသည့်အခါ လိုဏ်ခေါင်းများအတွင်း နေထိုင်ရသည့် စစ်ဘေးရှောင် သက်ကြီးရွယ်အိုများ၊ ကလေးများ၊ ကိုယ်ဝန်ဆောင်အမျိုးသမျိုးများ ကျန်းမာရေးဆိုးရွားလာနိုင်ကြောင်း၊ ယနေ့အချိန်ထိ စစ်ဘေးရှောင်ပြည်သူ ကရင်နီပြည်မှာ တစ်သိန်းကျော် ရှိကြောင်း ဒေသခံများထံက သိရသည်။

    Photo : Ye Naing 

    ဇန်နဝါရီလ ၁၆ ရက်နေ့က ဒီးမော့ဆိုမြို့နယ်၊ အနောက်ခြမ်း နန်းမယ်ခုံ နှင့် ဖရူဆိုမြို့နယ် အနောက်ခြမ်း ရခီးဘူး စစ်ဘေးရှောင် စခန်းတို့ကို တိုက်လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်မှုကြောင့် ကလေးငယ် တဦးအပါအဝင် စစ်ဘေးရှောင် ၃ ဦးနှင့် ဆေးဝန်ထမ်း (ပရဟိတသမား) ၃ ဦး သေဆုံးခဲ့ရသည်။

    အာဏာသိမ်းစစ်ကောင်စီတပ်က ပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်ကို သပ်ညှာခြင်းမရှိ ‌တိုက်လေယာဉ်များအသုံးပြု စစ်ရေးအရှိန်တိုးမြှင့်လာသည့်အတွက် လေကြောင်းရန်ကာကွယ်ရေးအတွက် ဗုံးခိုကျင်း တူးထားရန် အချက်ပါအဝင် ဆောင်ရန် ရှောင်ရန်များကို ဇန်နဝါရီလ ၁၇ ရက်နေ့က ကရင်နီပြည်အစိုးရ ပြည်ထဲရေး ဝန်ကြီးဌာနက လုံခြုံရေးဆိုင်ရာ အရေးပေါ်ကြေညာချက် ထုတ်ပြန်ထားသည်။

    Red News Agency

  • ၈၅ ရက်ကြာသည်အထိ ရေကြည်အိုင် စစ်ကြောရေးမှာ ကိုဂျင်မီကို စစ်ဆေးနေ

    ၈၅ ရက်ကြာသည်အထိ ရေကြည်အိုင် စစ်ကြောရေးမှာ ကိုဂျင်မီကို စစ်ဆေးနေ

    RNA_ဇန်နဝါရီ ၁၇ ရက်၊ ၂၀၂၂ ခုနှစ်။

    ၈၈ မျိုးဆက် (ငြိမ်း/ပွင့်) ကျောင်းသားခေါင်းဆောင်တဦးဖြစ်သူ ကိုဂျင်မီကို အာဏာသိမ်း စစ်ကောင်စီတပ်က ဖမ်းဆီးပြီး (၈၅) ရက်ကြာ ယနေ့အထိ ရန်ကုန်မြို့ (၉) မိုင်ခွဲရှိ ရေကြည်အိုင်စစ်ကြောရေးမှာ ထားရှိကြောင်း သိရသည်။

    ယနေ့ အင်းစိန်အကျဉ်းထောင် အထူးရုံးအမှုစစ်သွားသည့် ရှေ့နေအမျိုးသမီးတဦးကို ရေကြည်အိုင်စစ်ကြောရေးမှာ ‌တွေ့ရှိခဲ့ကြောင်း လူငယ်တဦးက ပြောပြသွားသည်ဟု အမျိုးသမီးရှေ့နေက လူမှုကွန်ယက်မှတဆင့် မိတ်ဆွေများကို အသိပေးထားသည်။

    ရန်ကုန်တိုင်း၊ မြောက်ဒဂုံမြို့နယ်မှာ ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၂၃ ရက်နေ့က ကိုဂျင်မီကို စစ်ကောင်စီတပ် အကြမ်းဖက် ဖမ်းဆီးခဲ့ခြင်း ဖြစ်ပြီး၊ NUG အစိုးရနှင့်ပူးပေါင်းပါဝင်သူဖြစ်ပြီး ကိုဇေယျာသော်နှင့် အမှုတွဲကာ နွေဦးတော်လှန်ရေး ခုခံစစ်ဆင်နွှဲနေသူဖြစ်ကြောင်း စစ်ကောင်စီဘက်က အမှုဆင်ကာ တရားစွဲဆို ထောင်ချရန် ပြင်ဆင်နေကြောင်း သိရသည်။

    နွေဦးတော်လှန်ရေးတွင် ပြည်သူများနှင့်အတူ ရပ်တည်သည့် ခေါင်းဆောင်ပိုင်းများကို စစ်ကောင်စီတပ်က ဖမ်းဆီးမိသည့်အခါ စစ်ကြောရေးတွင် ပြင်းပြင်းထန်ထန်နှိပ်စက်ပြီး အာဏာသိမ်းစစ်တပ်ကောင်းကြောင်း၊ NUG အစိုးရမကောင်းကြောင်းများ ပြောခိုင်းပြီး ဗွီဒီယိုမှတ်တမ်းယူကာ စစ်ကောင်စီကသတင်းစာရှင်းလင်းပွဲအမည်တပ်ပြီး အများပြည်သူသိရှိအောင် ထုတ်ပြသည့် လုပ်ရပ်များကို လုပ်ဆောင်နေသည်။

    Red News Agency

  • ညပိုင်းက လေကြောင်းဖြင့် တိုက်ခိုက်ခံရသည့်အတွက် (၈) နှစ်အရွယ် ကလေးငယ်အပါအဝင် (၃) ဦးသေဆုံး

    ညပိုင်းက လေကြောင်းဖြင့် တိုက်ခိုက်ခံရသည့်အတွက် (၈) နှစ်အရွယ် ကလေးငယ်အပါအဝင် (၃) ဦးသေဆုံး

    RNA_ဇန်နဝါရီ ၁၇ ရက်၊ ၂၀၂၂ ခုနှစ်။

    ဖရူဆိုမြို့နယ်၊ ဟိုယာကျေးရွာအုပ်စု၊ ရီခီးဘူးကျေးရွာတွင် တိုက်ပွဲဖြစ်ပွားမှုမရှိပဲ ပြီးခဲ့သည့်ည (၁) နာရီ (၄၀) မိနစ် ( ဇန်နဝါရီ ၁၇ ရက်၊ နံနက် ၁ နာရီ ၄၀ မိနစ်) ဝန်းကျင်က စစ်ဘေးရှောင်များ ရှိသည့်နေရာ စစ်ကောင်စီတပ် လေယာဥ်ဖြင့် ဗုံးကြဲပစ်ခတ်သည့်အတွက် (၈) နှစ်အရွယ်ကလေးငယ် အပါအဝင် (၃) ဦး သေဆုံးခဲ့ရကြောင်း သိရသည်။

    ရီခီးဘူးကျေးရွာတွင် လာရောက်စစ်ဘေးရှောင်သူ အများအပြားရှိခဲ့ပြီး ဗုံးကြဲပစ်ခတ်မှုကြောင့် စစ်ဘေးရှောင် အမျိုးသမီးကလေးသူငယ် အသက်(၈)နှစ်၊ အမျိုးသမီးအသက်(၁၈)နှစ်၊ အမျိုးသားအသက် (၇၅)နှစ်တို့ သေဆုံးခဲ့ရကြောင်း၊ စစ်ကောင်စီတပ်သည် အပြစ်မဲ့ပြည်သူလူထုကို အကြောင်းမဲ့ ဖမ်းဆီးသတ်ဖြတ်ခြင်း၊ စစ်ဘေးရှောင်ပြည်သူလူထုအပေါ် ဗုံးကြဲပစ်ခတ်ခြင်း၊ ရပ်ကွက်ကျေးရွာနေပြည်သူလူထုအပေါ် ရည်ရွယ် ချက်ရှိရှိ လက်နက်ကြီး ပစ်ခတ်ခြင်းများ တစ်နေ့တစ်ခြားပြုလုပ်လာနေသည်ကို တွေ့ရှိရသည်ဟု ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို (DMO-PDF) က ယနေ့ နံနက်တွင် ထုတ်ပြန်ထားသည်။

    Red News Agency

  • စစ်ကောင်စီတပ် လေကြောင်းက ပစ်ခတ်မှုကြောင့် ပရဟိတ လူငယ် (၃) ဦး ကျဆုံး 

    စစ်ကောင်စီတပ် လေကြောင်းက ပစ်ခတ်မှုကြောင့် ပရဟိတ လူငယ် (၃) ဦး ကျဆုံး 

    RNA_ဇန်နဝါရီ ၁၆ ရက်၊ ၂၀၂၂ ခုနှစ်။

    ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်၊ နန်းမယ်ခုံကျေးရွာအနီး တိုက်ပွဲကို စစ်ကောင်စီတပ် ယနေ့ ညနေပိုင်းက လေကြောင်းက ပစ်ခတ်သည့်အတွက် ပရဟိတ လူငယ် (၃) ဦး ကျဆုံးသွားရကြောင်း သိရသည်။

    ” ည (၁၇း၃၀)နာရီတွင် ဒီးမော့ဆိုမြို့နယ် နန်းမယ်ခုံကျေးရွာတွင် အကြမ်းဖက်စစ်ကောင်စီဘက်မှ လေကြောင်းဖြင့် လာရောက်တိုက်ခိုက်သဖြင့်ပရဟိတလူငယ်(၃)ဦး ကျဆုံးခဲ့ရပါသည်။အကြမ်းဖက် စစ်ကောင်စီတပ်သည် အရပ်သားပြည်သူများကို ပစ်မှတ်ထာပြီး တိုက်ပွဲဖြစ်ပွားခြင်းမရှိသော နန်းဖယ်ခုံ ကျေးရွာအား လေကြောင်း တိုက်ခိုက်ခြင်းသည် စစ်ရာဇဝတ်မှုကျူးလွန်ခြင်းပင်ဖြစ်ပါသည်” ဟု KNDF က ယနေ့ညပိုင်းတွင် ထုတ်ပြန်ထားသည်။

    စစ်ကောင်စီတပ်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များ လွိုင်ကော်မြို့၊ မိုင်းလုံးရပ်ကွက် စက်မှုလယ်ယာရုံးနှင့် (၁၁) ထပ် ဟိုတယ် အနီး ယနေ့တိုက်ပွဲမှာ စစ်ကောင်စီတပ်က (၂၀) သေဆုံးကြောင်း၊ ဖရူဆိုမြို့နယ်၊မာခရော်ရှေ့ကျေးရွာ ခြေကုပ်စခန်းမှ ရေးခပ်ဆင်းလာသော အကြမ်းဖက် စစ်ကောင်စီတပ်သားများကို တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း KNDF ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    Red News Agency

  • “ချန်ဂင်တို့စခန်း” (၄)

    “ချန်ဂင်တို့စခန်း” (၄)

    နေရောင်ခြည်ရဲ့အရသာ လရောင်ဖြာတဲ့ အလှအပဆိုတာ စာဖွဲ့လို့မကုန်မှန်း ကိုယ်တိုင်ခံစားရလိမ့်မယ်။ ဒီကာလကတော့ နေ့နေ့ညည မီးပုံဘေး လက်ထိုင်ကင်နေရတာ လူတောင် ကြပ်ခိုးတွေစွဲနေပလား မသိ။ စခန်းရောက်ကာစကဆို မီးကိုလုပ်ကျွေးသော ဆာဒူးကြီးအလားပဲ။ အိမ်ပတ်ပတ်လည် ထင်းခြောက်တွေ လိုက်ကောက်ပြီး မီးပုံထဲ မပြတ်ထည့်ပေးနေရတာ။ သွားရင်းလာရင်း သစ်ခြောက်ဝါးခြောက် မြင်မြင်သမျှ ကောက်ကောက်သယ်လာတာ ထင်းဆိုက်ဖို့။ 

    ဒေါက်တာစိုးမင်း ( ဆရာဝန်တော်လှန်ရေးသမား)

    လူနာတွေကို ဆေးကုပေးတဲ့ အကျိုးအားကြောင့် ယာထဲအခင်းထဲကထွက်တဲ့ ကောက်ပဲသီးနှံကလေးတွေ လာလာပေးကြပါတယ်။ အရင်လကမှ ကောက်သစ်စားပွဲ လုပ်ထားကြတာ မဟုတ်လား။ ကောက်ညှင်းဆန်တွေဟာ ထမင်းချက်သလိုချက်စားလို့ မရမှန်း ခုမှပဲ သိတော့တယ်။ ကောက်ညှင်းကျည်တောက်ကတော့ လုပ်စားစရာမလို။ လုပ်ပြီးသားလေးတွေ ပေါလွန်းလို့။ ရွာကလူကြုံလာရင် ပေါင်းချောင်ယူခဲ့ပါ လို့ မှာရတယ်။ ပေါင်းစားကြမယ်။ ပေါင်းစားကြမယ်လေ။ သူတို့အရပ် သူတို့ဇာတ်ကတော့ ပေါင်းရုံနဲ့ အားမရလို့ ထောင်းကိုစားကြတာ။ ခေါပုတ်ထောင်း၊ ခေါပုတ်ကင်၊ ခေါပုတ်ကြော်၊ ခေါဆီ။ ဝါးရသက်သာတယ်ဗျ။ ဒီက မနက်စာဆိုတာ ခေါပုတ်တလှည့် ခေါက်ဆွဲတလှည့်ပဲ။ ဆရာဝန်ဆိုတာ ကောက်သစ်ပေါ်ဦးနှင့် အထူးတလည် ဧည့်ခံထိုက်သော ဧည့်ကောင်းစောင်ကောင်းလို့ သဘောထားကြတယ်နော်။ သာဓုပါဗျာ။ သာဓု သာဓု။

    တဘက်မှာ စာရေးတဲ့ အကျိုးကျေးဇူးကိုလည်း ကိုယ်တို့ ခံစားရပါတယ်။ တနေ့တနေ့ “လှူချင်နေပါပြီနော်။ ဘာနဲ့ ယူမလဲ ပြောပါ။” ဆိုတဲ့ စေတနာရှင် မိတ်ဆွေသူငယ်ချင်းများစွာကြောင့် လိုရာပြည့်စုံပြီး စိတ်ချမ်းသာရပါတယ်။ ပို့သသောမေတ္တာများကိုလည်း အေးချမ်းစွာ ခံစားရရှိပါတယ်။ လူအားနဲ့ပါ ကိုယ်တိုင်ကိုယ်ကျ လာရောက်ကူညီ အားဖြည့်လိုပါတယ် ဆိုတဲ့စကားတွေ ကြားရတာ အတိုင်းထက် အလွန်ပါပဲ။ ထောက်ပို့ပစ္စည်းတွေရောက်မယ်၊ စစ်ကူလာမယ်ဆို အားတက်သွားရတာပေါ့။

    (more…)

  • စစ်အာဏာရှင် ဆန့်ကျင်ရေး သွေးမအေးတဲ့ လက်ပံတောင်း သပိတ်စစ်ကြောင်း

    စစ်အာဏာရှင် ဆန့်ကျင်ရေး သွေးမအေးတဲ့ လက်ပံတောင်း သပိတ်စစ်ကြောင်း

    RNA_ဇန်နဝါရီ ၁၅ ရက်၊ ၂၀၂၂ ခုနှစ်။

    စစ်ကောင်စီတပ် စစ်ကြောင်းထိုးမှုတွေကြောင့် နယ်မြေ မတည်ငြိမ်မှုတွေရှိပေမဲ့ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင်ဒေသပင်မသပိတ်စစ်ကြောင်းက ယနေ့ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ကျေးရွာများအတွင်း လှည့်လည်ဆန္ဒပြခဲ့ကြသည်။

     

    Red News Agency