Editor

1551 Posts
စစ်အာဏာရှင် ဆန့်ကျင်ရေး သွေးမအေးတဲ့ လက်ပံတောင်း သပိတ်စစ်ကြောင်း

စစ်အာဏာရှင် ဆန့်ကျင်ရေး သွေးမအေးတဲ့ လက်ပံတောင်း သပိတ်စစ်ကြောင်း

RNA_ဇန်နဝါရီ ၁၅ ရက်၊ ၂၀၂၂ ခုနှစ်။ စစ်ကောင်စီတပ် စစ်ကြောင်းထိုးမှုတွေကြောင့် နယ်မြေ မတည်ငြိမ်မှုတွေရှိပေမဲ့ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင်ဒေသပင်မသပိတ်စစ်ကြောင်းက ယနေ့ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ကျေးရွာများအတွင်း လှည့်လည်ဆန္ဒပြခဲ့ကြသည်။   Red News Agency
Read More
လူမျိုးကြီးဝါဒနှင့် စစ်အာဏာရှင်စနစ် မချုပ်ငြိမ်းသေးသမျှ တော်လှန်ရေးခရီးကြမ်းကို ဆက်လှမ်းနေမည်

လူမျိုးကြီးဝါဒနှင့် စစ်အာဏာရှင်စနစ် မချုပ်ငြိမ်းသေးသမျှ တော်လှန်ရေးခရီးကြမ်းကို ဆက်လှမ်းနေမည်

RNA_ဇန်နဝါရီ ၁၅ ရက်၊ ၂၀၂၂ ခုနှစ်။ တအာင်းအမျိုးသားများနှင့် ဘဝတူတိုင်းရင်းသားများ မြန်မာနိုင်ငံမှာ လူမျိုးကြီး ဝါဒနှင့် စစ်အာဏာရှင် စနစ် မချုပ်ငြိမ်းသမျှ တော်လှန် ရေးခရီးကြမ်းကို ဆက်လှမ်းနေရမည်ဟု TNLA ဒုတိယ ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းက (၅၉) နှစ်ပြည့် တအာင်း အမျိုးသားတော်လှန်ရေးနေ့မှာ ပြောကြားခဲ့သည်။ တအာင်းအမျိုးသားများသည် ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်၊ လူ့အခွင့်အရေး တန်းတူရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် မလွှဲမရှောင်သာ လက်နက်ကိုင် တော်လှန်ရေး ဆင်နွှဲခဲ့သည်မှာ ၁၉၆၃ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်နေ့က တည်းက ယနေ့အချိန်ထိ (၅၉) နှစ် ပြည့်ပြီဖြစ် ကြောင်း၊ ပလောင်ပြည်နယ် ရရှိရေးနှင့် လူမျိုး၊…
Read More
DKBA စခန်း တိုက်ပွဲတွင် PDF (၈) ဦး ဖမ်းဆီးခံရပြီး (၄) ဦးအသတ်ခံရ၊ ၁ ဦးဒဏ်ရာပြင်းထန်

DKBA စခန်း တိုက်ပွဲတွင် PDF (၈) ဦး ဖမ်းဆီးခံရပြီး (၄) ဦးအသတ်ခံရ၊ ၁ ဦးဒဏ်ရာပြင်းထန်

RNA_ဇန်နဝါရီ ၁၅ ရက်၊ ၂၀၂၂ ခုနှစ်။ ကရင်ပြည်နယ် မြဝတီမြို့တောင်ဘက် ဖလူးလေးကျေးရွာအနီး စစ်ဘေးရှောင်များ ရှိနေသည့် DKBA ဗိုလ်စလုံးစခန်းကို ဇန်နဝါရီလ ၁၄ ရက်နေ့က လေကြောင်းအပါအဝင် လက်နက်ကြီး သာလွန်အင်အားဖြင့် စစ်ကောင်စီတပ်ထိုးစစ်ဆင်ရာတွင် စခန်းအသိမ်းခံလိုက်ရပြီး PDF (၈) ဦး ဖမ်းဆီးခံရပြီး (၄) ဦးသတ်ခံရကြောင်း၊ ၁ ဦးဒဏ်ရာအပြင်းအထန်ရထားပြီး ဆေးကုသမှုခံယူနေကြောင်း ဒေသခံ သတင်းရင်းမြစ်ထံမှ သိရသည်။ DKBA ဗိုလ်စလုံး စခန်းတွင် စစ်ဘေးရှောင်ပြည်သူ (၃၀၀) ကျော် ခိုလှုံနေကြောင်း၊ တိုက်ပွဲအတွင်း စစ်ဘေးရှောင်ပြည်သူ အနည်းဆုံး (၃) ဦးဒဏ်ရာရရှိကြောင်း၊ ယခု စစ်ဘေးရှောင်ပြည်သူများ ထိုင်းဘက်ကူးနေကြရကြောင်း၊ စစ်ကောင်စီတပ်သည် စစ်ဘေးရှောင်စခန်းများကိုပါလေကြောင်းဖြင့် တိုက်ခိုက်နေခြင်းဖြစ်ကြောင်း၊…
Read More
အလှူရှင်များ၏ ထောက်ပံ့မှုဖြင့် M4 A1 တလက် ၉၇ သိန်းကျပ်ဖြင့် ဝယ်ယူနိုင်ခဲ့

အလှူရှင်များ၏ ထောက်ပံ့မှုဖြင့် M4 A1 တလက် ၉၇ သိန်းကျပ်ဖြင့် ဝယ်ယူနိုင်ခဲ့

RNA_ဇန်နဝါရီ ၁၄ ရက်၊ ၂၀၂၂ ခုနှစ်။ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တိုင်း လပ်နက်လိုအပ်နေချိန် ကရင်နီပြည်က KGZ Army အနေဖြင့် အလှူရှင်များ၏ ထောက်ပံ့မှုဖြင့် M4 A1 တလက် ၉၇သိန်းကျပ်ဖြင့် ဝယ်ယူလိုပြီဖြစ်ပြီး အလှူရှင်များအားလုံးကိုအထူးပင်ကျေးဇူးတင်ရှိကြောင်း အသိပေးလာသည်။ စစ်ကောင်စီတပ်နှင့် ကရင်နီ (ကယား) ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ တိုက်ပွဲပြင်းထန်နေသော်လည်း လက်နက်လိုအပ်မှုများရှိနေကြောင်း၊ စစ်ကောင်စီတပ်က သေသွားသူများ၏ လက်နက်များကို ပြန်ယူကာတိုက်ခိုက် နေကြရကြောင်း၊ NUG ကာကွယ်ရေး ဝန်ကြီး ဌာနနှင့် ပူးပေါင်းဆောင်ရွက်နေသည့် ကရင်နီပြည်က ကာကွယ်ရေးတပ်များကိုလည်း လက်နက်ထောက်ပံ့မှု နည်းပါးနေကြောင်း သိရသည်။ နွေဦးတော်လှန်ရေး ခုခံစစ်ဆင်နွှဲချိန်မှ ယနေ့အထိ တပ်ဖွဲ့ဝင်များသာ များပြားလာသော်လည်း တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့များမှလွဲ၍ ထပ်မံပေါ်ပေါက်လာသည့်…
Read More
၉ လကြာသည်အထိ လက်လုပ်သေနတ် မိုင်းများဖြင့်သာ တိုက်ခိုက်နေသည့် ချင်းတွင်း PDF

၉ လကြာသည်အထိ လက်လုပ်သေနတ် မိုင်းများဖြင့်သာ တိုက်ခိုက်နေသည့် ချင်းတွင်း PDF

RNA_ဇန်နဝါရီ ၁၄ ရက်၊ ၂၀၂၂ ခုနှစ်။ စစ်ကောင်စီတပ်ကို နယ်မြေအတွင်း ရောက်လာပါက လက်လုပ်သေနတ်၊ မိုင်းများဖြင့်သာ တိုက်ခိုက်နေရသည်မှာ (၉) လအထိ ကြာမြင့်သော်လည်း သေနတ်အစစ်မရှိကြောင်း ချင်းတွင်း PDF က ပြောကြားလာသည်။ စစ်ကိုင်းတိုင်း တိုက်ပွဲအစဟု ပြောရလောက်သည့် ယင်းမာပင်မြို့နယ် သပြေအေး ဘုန်းတော်ကြီးကျောင်း စစ်ကောင်စီတပ် ဝိုင်းစဉ်ကတည်းက ရရာလက်နက်ဆွဲပြီး တိုက်ပွဲဝင်ခဲ့ကြကြောင်း၊ ယနေ့တွင် စစ်ကိုင်းတိုင်း မြို့နယ်တိုင်း ကျေးရွာတိုင်းတွင် စစ်ကောင်စီကို ခုခံတွန်းလှန်မည့်သူများ ပေါ်ပေါက်နေသာ်လည်း သေနတ်အစစ် မရှိသည့် ပြည်သူ့ကာကွယ်ရေးတပ်များ ‌ရှိနေကြောင်း သိရသည်။   ချင်းတွင်း ပြည်သူ့ကာကွယ်ရေးတပ် ( Chindwin People's Defense Force) သည်…
Read More
ဒဏ်ရာရရှိခဲ့သော ရဲဘော်(၂)ဦးအား ကယ်ဆယ်ရင်း အသက်(၂၁) အရွယ် ရဲဘော် မောင်အယ်လ်ဖောင်းရှို ကျဆုံးခဲ့ရ

ဒဏ်ရာရရှိခဲ့သော ရဲဘော်(၂)ဦးအား ကယ်ဆယ်ရင်း အသက်(၂၁) အရွယ် ရဲဘော် မောင်အယ်လ်ဖောင်းရှို ကျဆုံးခဲ့ရ

RNA_ဇန်နဝါရီ ၁၄ ရက်၊ ၂၀၂၂ ခုနှစ်။ ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ငွေတောင်ဆည်အနီး၊ ရွှေယောက်ရပ်ကွက်တွင် ကင်းပုန်းဝပ်ချထားသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို ဇန်နဝါရီ ၁၃ ရက်နေ့ နေ့လည် ၂ နာရီ ၃၀ မိနစ်ဝန်းကျင်က တိုက်ပွဲတွင်ဒဏ်ရာရရှိခဲ့သော ရဲဘော်(၂)ဦးအား ကယ်ဆယ်ရင်း ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို ( DMO-PDF) က အသက် (၂၁) အရွယ် ရဲဘော် မောင်အယ်လ်ဖောင်းရှို ကျဆုံးခဲ့ရသည်ဟု သိရသည်။ စစ်ကောင်စီတပ် ကင်းပုန်းကို ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆိုနှင့် ပူးပေါင်းတပ်များ တိုက်ပွဲဖြစ်ပွားနေချိန် ဒဏ်ရာရရှိသူများကို ကယ်ထုတ်နေစဉ် စစ်ကောင်စီဘက်က စနိုက်ဘာဖြင့် ပစ်ခတ်သည့်အတွက် ရဲဘော် မောင်အယ်လ်ဖောင်းရှို ကျဆုံးခဲ့ရခြင်းအတွက် မိသားစုများနှင့် ထပ်တူဝမ်းနည်း ကြေကွဲရကြောင်း၊ တိုင်းပြည်အတွက်…
Read More
“ချန်ဂင်တို့စခန်း” (၃)

“ချန်ဂင်တို့စခန်း” (၃)

နောင်တချိန်ကျရင် တို့ရွာမှာ CDM လုပ်တဲ့ ဆရာဝန် ဆရာမလေးတွေ ဆေးလာကုသွားကြတဲ့ ဆေးရုံကလေးလို့ ရင်ထဲမှာ အမှတ်ထင်ထင် ရှိသွားကြမှာပေါ့နော်။ ဆရာ ကျေနပ်ပါတယ်။ “ဗိုလ်ကြီးတို့လာမှ ကျွန်မတို့ရွာလည်း ပြာကျသွားရော။” ဆိုတာမျိုးမှ မဟုတ်တာ။ ကိုယ်တို့က လာခြင်းကောင်းတယ်လေ။ အသက်ရှည်ရာ အနာမဲ့ရေး ရန်ဘေးကင်းကြောင်း ကောင်းမှုမင်္ဂလာ ဆိုတာတွေက ဆရာဝန်တွေ ရှိခြင်း မရှိခြင်းနဲ့လည်း ဆိုင်တယ်နော်။ ဒေါက်တာစိုးမင်း (ဆရာဝန်တော်လှန်ရေးသမား)  ဆရာဝန်တွေဟာ ဆေးကုတဲ့ အလုပ်အပြင် နောက်ထပ် အတတ်ပညာတစ်ခုခု တွဲလာတဲ့အခါမှာ (ဥပမာ ဆရာဝန်အဆိုတော်၊ ဆရာဝန်ရုပ်ရှင်မင်းသား၊ ဆရာဝန်စာရေးဆရာတို့လိုမျိုး) ဘယ်အရာကို အဓိကထားမှာလဲ မဖြစ်မနေ ရွေးချယ်ရပါတယ်။ ဆေးမကုတတ်မှာစိုးလို့ တခြားအလုပ် ပေးမလုပ်တာ မဟုတ်ပါဘူး။ ဆေးကုတဲ့အခါမှာ…
Read More
“ချန်ဂင်တို့စခန်း” (၂)

“ချန်ဂင်တို့စခန်း” (၂)

တိုင်းပြည်ကို ကာကွယ်ရမယ့်စစ်တပ်က အာဏာရှင်ကိုကာကွယ်ပြီး ပြည်သူကိုအကြမ်းဖက်သတ်ဖြတ်နေလို့ ဒီဘဝရောက်လာရတဲ့ဟာ။ ကိုယ်တို့အတွက် အန္တရာယ်ပေးမယ့်သူဟာ ဗမာစစ်တပ်ကလွဲလို့ တခြားသူ မရှိဘူး။ ကောင်းခါးက ဆရာမလေးနှစ်ယောက်တောင် တသက်လုံး KIA တွေအောက်နေတုန်းကအကောင်း။ ဗမာစစ်တပ် တစ်ညလာအိပ်တာနဲ့ အဲ့သလိုဖြစ်သွားတာ မဟုတ်လား   ဒေါက်တာ စိုးမင်း ( CDM ဆရာဝန်) ဆရာမင်းလူရဲ့ ပရိသတ်တိုင်းက လှထုံကို ရင်းနှီးသလိုပဲ ကိုရီးယားဇာတ်လမ်းတွဲ ကြည့်သူတွေကိုလည်း ချန်ဂင်နဲ့ မိတ်ဆက်ပေးစရာ မလိုပါဘူး။ ဆေးကုလိုက် အစားအသောက်တွေ ချက်လိုက် လုပ်နေတဲ့ နန်းတွင်းသမားတော်ကလေးမှန်း လူတိုင်းသိပါတယ်။ အခုလည်း ကိုယ်တို့အဖွဲ့သားတွေ အဲ့ဒီအလုပ်ပဲ လုပ်နေကြတာ မဟုတ်လား။ နန်းတွင်းရေး အရှုပ်အထွေးတွေကို ကြံ့ကြံ့ခံရင်ဆိုင်ပြီး ကိုယ့်အသက်မွေးမှုအတတ်ပညာဖြစ်တဲ့ ဆေးကုတဲ့အလုပ်ကို…
Read More
“ချန်ဂင်တို့စခန်း”

“ချန်ဂင်တို့စခန်း”

ကိုယ်တွေကတော့ နောက်ကြောင်းပြန်လှည့်ဖို့ နည်းနည်းလေးမှ စိတ်ကူးမရှိပါဘူး။ သူတို့ ဘယ်လိုပဲ တားမြစ်ပိတ်ပင်သည်ဖြစ်စေ ဆေးကုတဲ့အလုပ်ကိုပဲ တစိုက်မတ်မတ် လုပ်နေတယ်။ မဲဇာထက်ပို၍ဝေးသောအရပ် လှထုံတို့ရွာမှာ ကိုဗစ်စင်တာဖွင့်ခဲ့တယ်။ အခု အဲ့ဒီရွာထက် ပို၍ခေါင်သော တောအစပ်မှာ ကိုယ်ထူကိုယ်ထ ဆေးရုံတစ်ခု ထောင်ရပြန်ပေါ့။ ဒေါက်တာစိုးမင်း တော်လှန်ရေးကာလတလျှောက် ကိုယ်ဘယ်လိုရပ်တည်ရှင်သန်ခဲ့သလဲ ပြန်တွေးကြည့်ရင် ဘာမှထွေထွေထူးထူး မရှိပါဘူး။ စစ်အုပ်စုမှအပ သန်း ၅၀ ခန့်သော အရပ်သားပြည်သူထဲက တစ်ယောက် အနေနဲ့ပဲ ခိုင်ခိုင်မာမာ ဆန့်ကျင်တော်လှန်နေတာပါ။ လှုံ့ဆော်သူလည်း မဟုတ်။ ဦးဆောင်သူလည်း မဟုတ်။ ပဲ့ကိုင်လမ်းညွှန် ထိန်းကြောင်းသူလည်း မဟုတ်ပါဘူး။ တော်လှန်ရေး ဝိဇ္ဇာရှစ်သောင်း ဆရာအပေါင်းထဲမလည်း စာရင်းမဝင် အင်းမဝင်ပါ။ “ဒါနဲ့များ မင်းက ဘာကိစ္စနဲ့…
Read More
စစ်ကောင်စီတပ် ဦးနှောက်ရွာ ဝင်စီးသလို ပုထိုးသာရွာကို ဝင်စီး

စစ်ကောင်စီတပ် ဦးနှောက်ရွာ ဝင်စီးသလို ပုထိုးသာရွာကို ဝင်စီး

RNA_ဇန်နဝါရီ ၁၃ ရက်၊ ၂၀၂၂ ခုနှစ်။ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ပုထိုးသာ ကျေးရွာကို ယနေ့ နေ့လည်ပိုင်းက ဦးနှောက်ရွာ ဝင်စီးသလို လေယာဉ်သုံးပစ် စစ်ကောင်စီတပ်သားတွေ ရွာထဲ တပ်စွဲထားသည်ဟု သိရသည်။ " ဦးနှောက်ရွာ လုပ်သလိုပဲ၊ ရွာထဲကို လေယာဉ်နဲ့ ပစ် ခစတွေချ ပြီးရင်ရွာထဲမှာ တပ်စွဲ ရွာသူရွာသားတွေကို။သတ်ဖြတ် နှိပ်စက်တော့မှာ၊ ဘာလိုရွာမှာ တပ်စွဲလဲ မသိရသေးဘူး စာသင်ကျောင်စထဲမှာလို့ပြောတယ်၊ ဒေသခံတွေလဲ ပြေးရတယ်၊ ပိတ်ပိတဲ့သူကတော့ သေသလိုပဲ၊ ဦးနှောက်ရွာမှာ အတော်ခံနေကြရတယ်၊ ဘယ်လောက်သေလဲဆိုတာက သူတို့ရွာက ထွက်မှ ပျောက်တဲ့သူနဲ့ အလောင်းနဲ့ တွေ့တာကို စစ်ကြည့်ရတာ" ဟု ပုလဲမြို့နယ် ဒေသခံ တဦးက…
Read More