Author: Editor

  • စစ်ကောင်စီတပ်လေယာဉ် ပစ်ခတ်ခံရပြီး အရေးပေါ်ဆင်းသက်ခဲ့ရ 

    စစ်ကောင်စီတပ်လေယာဉ် ပစ်ခတ်ခံရပြီး အရေးပေါ်ဆင်းသက်ခဲ့ရ 

    RNA_ဩဂုတ်၈၊၂၀၂၂ခုနှစ်။

    ကေအဲန်ယူ-ကရင် အမျိုးသားအစည်းအရုံး စီမံအုပ်ချုပ်နယ်မြေ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်၊ပဲသောင်ကျေးရွာ၊ စာသင်ကျောင်းအနီးတဝိုက်တွင် စစ်ကောင်စီတပ် လေယာဉ် ၂ စင်းဖြင့် ယနေ့ နံနက် (၁၀) နာရီကျော်က (၅)ကြိမ် လာရောက်ပစ်ခတ်ခဲ့သည့် လေယာဉ်ကို KNLA တပ်ဖွဲ့က ပြန်လည်ပစ်ခတ်ရာ စက်ချို့ ယွင်းပြီး အရေးပေါ်ဆင်းသက်ခဲ့ရကြောင်း သိရသည်။

    “လာရောက်ပစ်ခတ်သည့် နေရာမှာ ကျောက်ကြီးမြို့နယ် ပဲသောင်ကျေးရွာ၊ စာသင်ကျောင်းအနီးတဝိုက်တွင် (၅)ကြိမ် ပစ်ခတ်ခဲ့ပြီး ယင်းပစ်ခတ်မှုတွင် သစ်ပင်များကိုသာ ထိခိုက်ပျက်စီးစေခဲ့ပါသည်။ ထိုသို့လာရောက်ပစ်ခတ်သည့် လေယာဉ်တစ်စင်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ တပ်ရင်း(၉)မှ ပြန်လည်ပစ်ခတ်ခဲ့သဖြင့် စက်ချို့ ယွင်းပြီး ကညင်ကျိုးကျေးရွာ စာသင်ကျောင်းဝန်းအတွင်းသို့ အမြန်ဆင်းသက်ခဲ့ရပါသည်” ဟု ကေအဲန်ယူ ဗဟိုမှ ယနေ့ ထုတ်ပြန်ထားသည်။

    ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA)၊ တပ်ရင်း(၉) တပ်ဖွဲ့များနှင့် ဩဂုတ်လ ၇ ရက်နေ့က စစ်ကောင်စီတပ်မှ ဒိုးဒါးတာစုံမှ ကျောက်စရစ်ကျေးရွာသို့ ဝင်ရောက်လာခဲ့သောကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ တိုက်ပွဲဖြစ်ပွားသည့် နေရာနှင့် နီးစပ်သော ကျေးရွာများဖြစ်သည့် ပဲသောင်၊ လိန်ပင်၊ ကျောက်စရစ်၊ သောင်ပု၊ အင်တိုင်းကုန်းနှင့် တောကြောင်ပေါက် စသည့်ကျေးရွာများမှ ကျေးရွာပြည်သူလူထုများ ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေကြရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    Red News Agency

  • ဖားကန့်မြို့နယ် လုံးခင်းအုပ်စုသပိတ်စစ်ကြောင်းက ကြွေးကြော်သံများဖြင့်ဆန္ဒပြ 

    ဖားကန့်မြို့နယ် လုံးခင်းအုပ်စုသပိတ်စစ်ကြောင်းက ကြွေးကြော်သံများဖြင့်ဆန္ဒပြ 

    RNA_ဩဂုတ်၈၊၂၀၂၂ခုနှစ်။

    ယနေ့ကျရောက်သည့် ရှစ်လေးလုံး (၃၄) နှစ်မြောက် နှစ်ပတ်လည်နေ့ နံနက်ပိုင်းက ဖားကန့်မြို့နယ်၊ လုံးခင်းအုပ်စု သပိတ်စစ်ကြောင်းက ကျေးရွာအတွင်းလှည့်လည်ကာ ကြွေးကြော်သံများဖြင့် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြသည်။

    [embedyt] https://www.youtube.com/watch?v=VDUv7PEHMU0[/embedyt]

    Red News Agency

  • ကျဆုံးခဲ့ရသည့် သူရဲကောင်းများကို ရည်မှန်းပြီး စစ်ကောင်စီတပ်သားတွေကို သာကေတမှာ မိုင်းခွဲတိုက်ခိုက် 

    ကျဆုံးခဲ့ရသည့် သူရဲကောင်းများကို ရည်မှန်းပြီး စစ်ကောင်စီတပ်သားတွေကို သာကေတမှာ မိုင်းခွဲတိုက်ခိုက် 

    RNA_ဩဂုတ်၈၊၂၀၂၂ခုနှစ်။

    ရန်ကုန်တိုင်း၊ သာကေတမြို့နယ်၊ တိုင်းရင်းသားကျေးရွာအနီး၊ ဆောက်လုပ်ရေးမှတ်တိုင်အနီးတွင် ယနေ့ နံနက်ပိုင်းက ရှစ်လေးလုံး သူရဲကောင်းများကို ရည်မှန်းပြီး အာဏာသိမ်း စစ်ကောင်စီတပ်သားများကို ရန်ကုန်မြို့ပြ ပြောက်ကျားတပ်ဖွဲ့မှ မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

    ဓာတ်ပုံ : သာကေတမြို့နယ်အတွင်း ၂၀၂၁ ခုနှစ်၊ မတ်လ (၇) ရက်နေ့က ငြိမ်းချမ်းစွာဆန္ဒပြနေသည့် ပြည်သူများကို စစ်ကောင်စီတပ်သားများက ဖြိုခွင်းနေစဉ်။ 

    ” ရှစ်လေးလုံးမှာ ကျဆုံးခဲ့ရတဲ့ ရဲဘော်သူရဲကောင်းတွေကို သူတို့ရဲ့ကျေးဇူးတွေ သူတို့ရဲ့ဂုဏ်သိက္ခာတွေကို ရည်မှန်းပြီး တိုက်ခိုက်ခဲ့ခြင်းဖြစ်ပါတယ်။ စစ်ကားဖြတ်သွားတဲ့အချိန်မှာ ကျနော်တို့ ရှေ့ထွက်မိုင်းလို့ပြောလို့ရတဲ့ မိုင်းတလုံးနဲ့ခွဲတယ်၊ အဲချိန်မိုင်းကွဲလို့ကားပေါ်က လာဆင်းကြည့်တဲ့အချိန်မှာ နောက်တလုံးထပ်ခွဲပါတယ်။ ဒါဟာ စစ်ကောင်စီယာဉ်ကို မိုင်းဆွဲတိုက်ခိုက်တာပါ။ ရှစ်လေးလုံး သူရဲကောင်းတွေကို အလေးပြုရင်း တိုက်ခိုက်ခဲ့တာပါ” ဟု မြို့ပြ ပြောက်ကျားတပ်ဖွဲ့မှ အဖွဲ့ဝင်တဦးက Red News Agency သို့ ပြောကြားသည်။

    (more…)

  • အင်းစိန်ထောင်မှာ ရဲအင်အား လုံခြုံရေးအထူးတင်းကြပ်ထားပြီး၊ အင်တာနက် Wifi များဖြတ်တောက်ထား 

    အင်းစိန်ထောင်မှာ ရဲအင်အား လုံခြုံရေးအထူးတင်းကြပ်ထားပြီး၊ အင်တာနက် Wifi များဖြတ်တောက်ထား 

    RNA_ဩဂုတ်၇၊၂၀၂၂ခုနှစ်။

    ယနေ့ညနေပိုင်းမှစတင်ပြီး အင်းစိန်အကျဉ်းထောင်တွင် ရဲအင်အားလုံခြုံရေးများ သာမန်ထက်ပိုများများချထားပြီး အင်တာနက် Wifi များ ဖြတ်တောက်ထားကြောင်း သိရသည်။

    (more…)

  • ကလေး PDF က အသက် ၁၉ နှစ်အရွယ် ရဲဘော်ဝေမင်းသော် လက်နက်ကြီးထိမှန်ကျဆုံး

    ကလေး PDF က အသက် ၁၉ နှစ်အရွယ် ရဲဘော်ဝေမင်းသော် လက်နက်ကြီးထိမှန်ကျဆုံး

    RNA_ဩဂုတ်၄၊၂၀၂၂ခုနှစ်။

    စစ်ကိုင်းတိုင်း၊ ကလေးမြို့တောင်ပိုင်း သာယာကုန်းကျေးရွာတိုက်ပွဲမှာ ကလေး PDF အမှတ် (၆) တပ်ရင်းမှ အသက် ၁၉ နှစ်အရွယ် ရဲဘော်ဝေမင်းသော် ယမန်နေ့ ( ဩဂုတ်လ ၃ ရက်) ညနေပိုင်းက လက်နက်ကြီးထိမှန်ကျဆုံးခဲ့သည်ဟု သိရသည်။

    ယနေ့အထိ ကလေးမြို့နယ်မှာ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဘက်ကလည်း အကျအဆုံးများနေကြောင်း၊ စစ်ကောင်စီတပ်ဘက်က လက်နက်ကြီး အဆမတန်အသုံးပြုနေကြောင်း၊ တိုက်ပွဲပြင်းထန်နေသည့်အတွက် ပြည်သူများ သွားလာမှု ဂရုစိုက်ကြရန် ကလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်တွန်းထားသည်။

    Red News Agency

  • စစ်ကောင်စီတပ်မှ စက်လတ်သေနတ်ဖြင့် ပစ်ခတ်တိုက်ခိုက်သည့်အတွက် ကျောင်းသား (၂) ဦးသေဆုံး

    စစ်ကောင်စီတပ်မှ စက်လတ်သေနတ်ဖြင့် ပစ်ခတ်တိုက်ခိုက်သည့်အတွက် ကျောင်းသား (၂) ဦးသေဆုံး

    RNA_ဩဂုတ် ၃၊၂၀၂၂ခုနှစ်။

    ရခိုင်ပြည်နယ်၊ ပလက်ဝမြို့နယ်၊ တူးမဝ (တုံးမဝ) ကျေးရွာ မှ ကျောင်းတက်၍ ပြန်လာသော ကျောင်းကြိုပို့စက်လှေအား နှမဒါကျေးရွာစေတီကုန်း၌ စခန်းချတပ်စွဲနေရာယူထားသော စစ်ကောင်စီတပ်က ဩဂုတ်လ ၂ ရက်နေ့ နေ့လည် ၁ နာရီ ၃၅ မိနစ်ဝန်းကျင်က ပစ်ခတ်သည့်အတွက် ကျောင်းသား (၂) ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

    (more…)

  • တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားများ ကစဉ့်ကလျား ထွက်ပြေး

    တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားများ ကစဉ့်ကလျား ထွက်ပြေး

    RNA_ဇူလိုင်၃၀၊၂၀၂၂ခုနှစ်။

    နောင်ချိုမြို့နယ်နှင့် ပြင်ဦးလွင်မြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်မတော်တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်သားများ သေဆုံးမှုရှိပြီး ကျန်တပ်သားများ ကစဉ့်ကလျား ထွက်ပြေး သွားခဲ့သည်ဟု သိရသည်။

    မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်မတော်နှင့် စစ်ကောင်စီတပ်တို့ ဇူလိုင် (၂၂)ရက်နေ့မှစ၍ (၂၄)ရက်နေ့တွင် တစ်ကြိမ် ၊ ဇူလိုင် (၂၈)ရက်နေ့တွင်တစ်ကြိမ် နောင်ချိုမြို့နယ်နှင့် ပြင်ဦးလွင်မြို့နယ်အတွင်း ထိတွေ့တိုက်ပွဲများဖြစ်ပွါးခဲ့သည်။

    (more…)

  • လက်နက်မဲ့ အဖွဲ့အစည်းများကို တိုက်ခိုက်မည်မဟုတ်ဟု ပွင့်ဖြူ PDF ကြေညာ 

    လက်နက်မဲ့ အဖွဲ့အစည်းများကို တိုက်ခိုက်မည်မဟုတ်ဟု ပွင့်ဖြူ PDF ကြေညာ 

    RNA_ဇူလိုင်၃၀၊၂၀၂၂ခုနှစ်။

    ပွင့်ဖြူမြို့နယ်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ( ပွင့်ဖြူ PDF ) က လက်နက်မဲ့ အဖွဲ့အစည်းများကို တိုက်ခိုက်သွားမည်မဟုတ်ကြောင်း ယနေ့ ထုတ်ပြန်ထားသည်။

    ယခုရက်ပိုင်းအတွင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးသိပ္ပံကျောင်းကို ကျောင်းပိတ်ပြီး အမြန်ဆုံး ပြောင်းရွှေ့ကြရန်စသည့် သတိပေးမှုများထွက်ပေါ်နေကြောင်း၊ ပွင့်ဖြူမြို့နယ်အတွင်း စာသင်ကျောင်းများ၊ အသက်မွေး ဝမ်းကျောင်းများကို ကာကွယ်ရေးတပ်ဖွဲ့ (PDF)အမည်အသုံးပြုကာဖုန်းဆက်ခြိမ်းခြောက်သတိပေးခြင်းများပြုလုပ်လာပါက People Defence Force-Pwintbyu အနေဖြင့် လုပ်ဆောင်ခြင်းမရှိကြောင်း သိရသည်။

    (more…)

  • စစ်ကောင်စီတပ်အထိနာပြီး တိုက်ပွဲအတွင်း လေယာဉ်သုံးပစ်ခတ်၊ စစ်ကောင်စီတပ်က ၁၅ ဦးဝန်းကျင်သေဆုံး

    စစ်ကောင်စီတပ်အထိနာပြီး တိုက်ပွဲအတွင်း လေယာဉ်သုံးပစ်ခတ်၊ စစ်ကောင်စီတပ်က ၁၅ ဦးဝန်းကျင်သေဆုံး

    RNA_ဇူလိုင်၃၀၊၂၀၂၂ခုနှစ်။

    မကွေးတိုင်း၊ ပေါက်မြို့နယ်၊ တောင်မြင့်ရွာဘက်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ဒေသခံပြည်သူ့ကာကွယ်ရေး မဟာမိတ်တပ်ဖွဲ့များ တိုက်ခိုက်မှုဖြစ်ကြရာ စစ်ကောင်စီတပ်က (၁၅) ဦးဝန်းကျင်သေဆုံးသည့်အတွက် လေယာဉ်ပစ်ကူယူကာ ပစ်ခတ်ခဲ့ကြောင်း သိရသည်။

    ဓာတ်ပုံ : ဇူလိုင် ၂၈ ရက်နေ့ ညနေက တောင်မြင့်ရွာဘက် တက်လာသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး အသေအဆုံးများသည့်အတွက် လေယာဉ်ပစ်ကူယူပြီး ပစ်ခတ်ရာတွင် အသုံးပြုခဲ့သည့် ကျည်ခွံများဖြစ်သည်ဟု PDF Pauk တပ်ရင်း- ၄မှ ယနေ့ ထုတ်ပြန်ထားသည်။

    ပေါက်မြို့နယ်၊ ကျားပစ်ကန်ကျေးရွာကို မီးရှို့အပြီး ဇူလိုင်လ ၂၈ ရက်နေ့က တောင်မြင့်ရွာဘက် အသွား စစ်ကောင်စီတပ်နှင့် ပျူစောထီးများကို ပေါက်တောင်ပိုင်း ပျောက်ကြားတပ်ဖွဲ့ – SPGF၊ PDF Pauk တပ်ရင်း- ၄၊ PDF Pauk တပ်ရင်း – ၆၊ Pauk Revolution Front – PRF၊ Knight Commander PDF၊ King Fighter – SGF၊Young Revolution Front – YRFတို့နှင့် တိုက်ပွဲ (၂) ကြိမ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

    (more…)

  • ဆန္ဒပြလူငယ်များကို သေစေချင်သည့်သဘောဖြင့် စစ်ကောင်စီလက်အောက်ခံများက ကားနှင့်တိုက်ဖမ်း

    ဆန္ဒပြလူငယ်များကို သေစေချင်သည့်သဘောဖြင့် စစ်ကောင်စီလက်အောက်ခံများက ကားနှင့်တိုက်ဖမ်း

    RNA_ဇူလိုင်၂၇၊၂၀၂၂ခုနှစ်။

    ယနေ့ရန်ကုန်မြို့ တနေရာ၌ လူငယ်များသမဂ္ဂ – ဗဟို နှင့် လူငယ်များမဂ္ဂ – ပုသိမ်တို့ ပူးပေါင်းပြီး “တရားတဲ့သူသာ နိုင်ကြေးဟေ့” စာသားပါ စာတန်းအားကိုင်ဆောင်ဆန္ဒပြစဉ် စစ်ကောင်စီလက်အောက်ခံများက ကားနှင့်တိုက်ကာ ဖမ်းဆီးမှုပြုလုပ်ခဲ့သည်။

    ဓာတ်ပုံ : လူငယ့်ခေတ် 

    ” အိမ်စီးကားနဲ့ ဝင်တိုက်တာအကို။ လမ်းက အကွေ့ဆိုတော့ ပြင်းအားမပါဘူးဖြစ်သွားတယ်။ တိုက်ပြီး ဆင်းဖမ်းတယ် ။ ကျွန်တော်တို့ အပြေးမြန်လို့ လွတ်လာတာ။ သူတို့သဘောကတော့ သေစေချင်တဲ့သဘော ထားရှိမယ်ထင်တယ်။ မသေရင်လည်း ဖမ်းမယ်ပေါ့ သူတို့က နည်းစုံနဲ့ ယုတ်မာတာပေါ့ဗျာ” ဆန္ဒပြပွဲကို ဦးဆောင်ပါဝင်ခဲ့သည့် လူငယ်များသမဂ္ဂ -ဗဟို ဥက္ကဌ ကိုဇော်ထက်က Red News Agency သို့ ပြောကြားထားသည်။

    ဓာတ်ပုံ : လူငယ့်ခေတ် 

    ရန်ကုန်မြို့တွင်း ငြမ်းချမ်းစွာ ဆန္ဒပြသည့် လူငယ်များကို စစ်ကောင်စီတပ်လက်အောက်ခံများက ကားနှင့်တိုက်ဖမ်းသည့်လုပ်ရပ်များ မကြာခနပြုလုပ်နေကြောင်း၊ ကြည့်မြင်တိုင်မြို့နယ် ပန်းပင်ကြီးလမ်းမှာ ကားနှင့်တိုက်ဖမ်းဆီးခံခဲ့ကြရသည်။

    Red News Agency