Author: Editor

  • ကိုစိုင်းဘုန်းမင်းသန့်ကို အာဇာနည်သူရဲကောင်းအဖြစ် မှတ်တမ်းတင်ဂုဏ်ပြုသည့်အတွက် မိခင်က ကြေကွဲစွာ ထပ်ဆင့်ဂုဏ်ပြု

    ကိုစိုင်းဘုန်းမင်းသန့်ကို အာဇာနည်သူရဲကောင်းအဖြစ် မှတ်တမ်းတင်ဂုဏ်ပြုသည့်အတွက် မိခင်က ကြေကွဲစွာ ထပ်ဆင့်ဂုဏ်ပြု

    RNA_ဇူလိုင်၁၉၊၂၀၂၂ခုနှစ်။

    ကရင်နီပြည်မှာကျဆုံးခဲ့သည့် ကိုစိုင်းဘုန်းမင်းသန့်ကို ယနေ့ကျရောက်သည့် (၇၅) နှစ်မြောက် အာဇာနည်နေ့မှာ ကရင်နီPDFက အာဇာနည်သူရဲကောင်းအဖြစ်ထည့်သွင်းဂုဏ်ပြုသည့်အတွက် မိခင်ဖြစ်သူက ကြေကွဲစွာနှင့်ထပ်ဆင့်ဂုဏ်ပြုကြောင်း လူမှုကွန်ယက်တွင် ရေးသားထားသည်။

    ကရင်နီပြည် တိုက်ပွဲတနေရာ၌ အသက် (၂၂) နှစ်အရွယ် ကိုစိုင်းဘုန်းမင်းသန့်သည် ၂၀၂၁ ခုနှစ် စက်တင်ဘာလ (၂၀) ရက်နေ့က ကျဆုံးခဲ့သည့်အတွက် ဇူလိုင်လ (၂၀) ရက်နေ့ရောက်ပါက ကျဆုံးခြင်း (၉) လပြည့်ပြီဖြစ် ကြောင်း သိရသည်။

    ကိုစိုင်းဘုန်းမင်းသန့် မိခင်သည့် KPDF က ယနေ့ပြုလုပ်သည့် (၇၅) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား မှတ်တမ်းကို ပြန်လည်မျှဝေရာတွင် ” အာဇာနည်သူရဲကောင်းအဖြစ် မှတ်တမ်းတင်ဂုဏ်ပြုခြင်း…တဲ့ သားစိုင်းဘုန်းမင်းသန့်ရေ..အမေကလဲ ကြေကွဲစွာနဲ့ ထပ်ဆင့်ဂုဏ်ပြုပါတယ်” ဟု လုမှုကွန်ယက်တွင် ရေးသားထားသည်။

    (more…)

  • Mytel တာဝါတိုင်ပေါက်ကွဲမှု လာစစ်သည့် စစ်ကောင်စီယာဉ်တန်း မိုင်းခွဲတိုက်ခိုက်ခံရ 

    Mytel တာဝါတိုင်ပေါက်ကွဲမှု လာစစ်သည့် စစ်ကောင်စီယာဉ်တန်း မိုင်းခွဲတိုက်ခိုက်ခံရ 

    RNA_ဇူလိုင်၁၉၊၂၀၂၂ခုနှစ်။

    ရန်ကုန်မြို့၊ သာကေတမြို့နယ်အတွင်းရှိ Mytel တာဝါတိုင်ကိုယနေ့ နေ့လည် ၁၂ နာရီ ၁၅ မိနစ်ဝန်းကျင်က လက်ပစ်ဗုံးပစ်ပေါက်ကွဲပြီးချိန် လာရောက်စစ်ဆေးသည့် စစ်ကောင်စီတပ်ယာဉ်တန်း မိုင်းဆွဲခံခဲ့ရကြောင်း သိရသည်။

    ” စခတွေယာဉ်တန်းမိုင်းဆွဲခံရတယ် အသေအပျောပ်တော့ သေချာမသိ‌ရသေးပါဘူး။ ပေါက်ကွဲလို့လာစစ်တဲ့ယာဉ်တန်း မိုင်းထပ်ခွဲတာပါ၊ မြို့ပြတော်လှန်ရေးအင်အားစုတွေ စုပေါင်းပြီး ဒါကိုလုပ်တာပါ” ဟု မြို့ပြတော်လှန်ရေးအင်အားစုအဖွဲ့ဝင် တဦးကပြောသည်။

    ဓာတ်ပုံ : ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းပေါ် တွင်တွေ့ရသည့် စစ်ကောင်စီယာဉ်တန်း။ 

     

    ယနေ့ ကျရောက်သည့် (၇၅) နှစ်မြောက် အာဇာနည်နေ့မှာ ပြည်သူလူထု အစိုးရထံမှ အဓမ္မအာဏာသိမ်းယူထားသည့် စစ်ကောင်စီတပ်သားများ တိုင်းနှင့်ပြည်နယ်အနှံ့ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ၏ တိုက်ခိုက်ခံရကာ သေဆုံးမှုများရှိကြောင်း သိရသည်။

    Red News Agency

  • တော်လှန်ရေးအောင်မြင်သည်အထိ ကြိုးစားတိုက်ပွဲဝင်မည်ဟု ပြည်ထောင်စုဝန်ကြီးချုပ် ကတိပေး

    တော်လှန်ရေးအောင်မြင်သည်အထိ ကြိုးစားတိုက်ပွဲဝင်မည်ဟု ပြည်ထောင်စုဝန်ကြီးချုပ် ကတိပေး

    RNA_ဇူလိုင်၁၉၊၂၀၂၂ခုနှစ်။

    နွေဦးတော်လှန်ရေးကို ပြည်သူတစ်ရပ်လုံးနှင့်အတူ တော်လှန်ရေး အောင်မြင်သည်အထိ ကြိုးစားတိုက်ပွဲဝင်မည်ဟု ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ၇၅ နှစ်မြောက် အာဇာနည်နေ့ အောက်မေ့ဖွယ်အခမ်း အနားမှာ ကတိပြုပြောကြားလိုက်သည်။

    ” ရဟန်းရှင်လူ၊ ကျောင်းသား၊လူငယ်တွေအပါအဝင် တိုင်းရင်းသားပြည်သူတစ် ရပ်လုံးဟာ မိမိတို့ရဲ့လွတ်လပ်စွာရွေး ချယ်နိုင်ခွင့်နဲ့ အခွင့်အရေးတွေကိုပြည့်ဝစွာကျင့် သုံးပိုင်ဆိုင်နိုင်စေဖို့ စစ်အာဏာရှင် စနစ်ချုပ်ငြိမ်းပြီး၊ ဖက်ဒရယ်ဒီမိုကရေ စီစနစ် ထွန်းကားရှင်သန်မှသာဖြစ်နိုင်မယ်ဆိုတာကို ထပ်လောင်းပြောကြားလိုပါတယ်။ ဒါ့ကြောင့် ကျနော်တို့ ယခုဆင်နွှဲ နေတဲ့ နွေဦးတော်လှန်ရေးကိုပြည်သူတရပ်လုံးနဲ့အတူ အောင်မြင်သည်အထိကြိုး စားတိုက်ပွဲဝင်မည်ဆိုတဲ့ကတိကို လည်းပြောကြားလိုပါတယ်” ဟု မန်းဝင်းခိုင်သန်းက ပြောကြားခဲ့သည်။

    ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် တိုင်းရင်းသားခေါင်း ဆောင်များ၊ ခေတ်အဆက်ဆက် စစ်အာဏာရှင်တို့၏ သတ်ဖြတ်ခြင်းကြောင့် အသက်ဆုံးရှုံးခဲ့ရသူအာဇာနည်များနှင့်တကွ ယခုနွေဦးတော်လှန်ရေးကာလတွင် စစ်အာဏာရှင်စနစ်ကို ခုခံဆန့်ကျင်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးအတွက် အသက်စွန့်ခဲ့ကြတဲ့ပြည်သူ့သားကောင်းအာဇာနည်အပေါင်းတို့၏ ကျေးဇူးတရားကို အောက်မေ့ဂုဏ်ပြုရင်း ဦးညွတ်အလေးပြုလိုက်ကြောင်း စသည်တို့ကို ပြောကြားထားသည်။

    Red News Agency

  • ရခိုင်ပြည်နယ်တွင် တိုက်ပွဲများဆက်လက်ပြင်းထန်လာနိုင်သည့်အတွက် ပြည်သူများ စစ်ရေးသတိရှိကြရန် ရက္ခိုင့်တပ်တော် သတိပေး 

    ရခိုင်ပြည်နယ်တွင် တိုက်ပွဲများဆက်လက်ပြင်းထန်လာနိုင်သည့်အတွက် ပြည်သူများ စစ်ရေးသတိရှိကြရန် ရက္ခိုင့်တပ်တော် သတိပေး 

    RNA_ဇူလိုင်၁၉၊၂၀၂၂ခုနှစ်။

    စစ်ကောင်စီတပ်၏ အမျိုးမျိုးသော လုပ်ဆောင်မှုများကြောင့် တိုက်ပွဲများဆက်လက်ပြင်းထန်လာနိုင်သည့်အတွက် ပြည်သူများ စစ်ရေးသတိရှိကြရန် ရက္ခိုင့်တပ်တော် သတင်းနှင့်ပြန်ကြားရေးက ယနေ့ သတိပေးထုတ်ပြန်ထားသည်။

    ရက္ခိုင်ပြည်၊ မောင်တောမြို့နယ်၊ ဆောင်ပညာရွာနှင့် စံကားပင်ရင်း (ရခိုင်) ရွာ အကြား၌ ဇူလိုင်လ (၁၈)ရက်၊ နံနက် (၉) နာရီခန့်က မြန်မာစစ်တပ်နှင့်နယ်ခြားစောင့်တို့ပူးပေါင်းထားသောတပ်ဖွဲ့အား ရက္ခိုင့်တပ်တော်မှ တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ပွဲဖြစ်ပွားရာနေရာများသို့ စစ်ကူများကို ထပ်မံပို့ပေးခဲ့သောကြောင့် နံနက် (၁၀) နာရီ (၃၀) မိနစ် အချိန်တွင် မောင်တောမြို့နယ်၊ ဒုံးကုလားရွာနှင့် ဝက်ကျိန်းရွာ အကြား၌ လည်း တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ကြောင်း သိရသည်။

    (more…)

  • KPDF ဝန်းရံခဲ့သည့် လုံးခင်းအုပ်စု အာဇာနည်နေ့ လမ်းလျှောက်ချီတက်ပွဲ

    KPDF ဝန်းရံခဲ့သည့် လုံးခင်းအုပ်စု အာဇာနည်နေ့ လမ်းလျှောက်ချီတက်ပွဲ

    RNA_ဇူလိုင် ၁၉၊၂၀၂၂ ခုနှစ်။

    ဖားကန့်မြိုနယ်၊ လုံးခင်းအုပ်စု သပိတ်စစ်ကြောင်းမှ ယနေ့ ကျရောက်သည့် ၇၅ နှစ်မြောက် အာဇာနည်နေ့ ချီတက်အလေးပြုခဲ့ကြသည့် အခမ်းအနားတွင် KPDF များက ပြည်သူများနှင့်အတူ ဝန်းရံချီတက်ခဲ့ကြကြောင်း သိရသည်။

    [embedyt] https://www.youtube.com/watch?v=PcVpFH-xryc[/embedyt]

    Red News Agency

  • ၇၅ နှစ်မြောက် အာဇာနည်နေ့ ရန်ကုန်မှာ ကားဟွန်းတီးပြီး ဝမ်းနည်းခြင်းအထိမ်းအမှတ်ပြုလုပ်

    ၇၅ နှစ်မြောက် အာဇာနည်နေ့ ရန်ကုန်မှာ ကားဟွန်းတီးပြီး ဝမ်းနည်းခြင်းအထိမ်းအမှတ်ပြုလုပ်

    RNA_ဇူလိုင်၁၉၊၂၀၂၂ခုနှစ်။

    မြန်မာနိုင်ငံလွတ်လပ်ရေးအတွက် ကျဆုံးသွားသည့် အာဇာနည်ခေါင်းဆောင်ကြီးများနှင့် ခေတ်အဆက်ဆက်ကျဆုံးခဲ့ရသည့် အာဇာနည်များအား ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် ယနေ့ကျရောက်သည့် ၇၅ နှစ်မြောက် အာဇာနည်နေ့ နံနက် ၁၀ နာရီ ၃၇ မိနစ်မှာ ရန်ကုန်မြို့ လမ်းမများပေါ်၌ ကားဟွန်းများတီးသည့် လှုပ်ရှားမှု ပြုလုပ်ခဲ့ကြသည်။

    [embedyt] https://www.youtube.com/watch?v=2IhaRHuPrJ0[/embedyt]

    Red News Agency

  • ကျားဖြူတပ်ခွဲ (၂) တွင် ၇၅ နှစ်မြောက် အာဇာနည်နေ့အခမ်းအနား ကျင်းပ

    ကျားဖြူတပ်ခွဲ (၂) တွင် ၇၅ နှစ်မြောက် အာဇာနည်နေ့အခမ်းအနား ကျင်းပ

    RNA_ဇူလိုင်၁၉၊၂၀၂၂ ခုနှစ်။

    ကျဆုံးသွားသော အာဇာနည်ကိုးဦးနှင့်တကွခေတ်အဆက်ဆက် ဒီမိုကရေစီ အရေးနှင့် နွေဦးတော်လှန်ရေးတွင် ကျဆုံးသွားသော အာဇာနည်များအား ဦးညွှတ် အလေးပြုခြင်းနှင့် ၇၅ နှစ်မြောက်အာဇာနည်နေ့အခမ်းအနားကို စစ်အာဏာရှင်ကို လက်နက်ကိုင်တိုက်ခိုက်နေသည့် ကရင်ပြည်နယ်အတွင်းရှိ ကျားဖြူတပ်ခွဲ (၂) တွင် ယနေ့ ကျင်းပပြုလုပ်ခဲ့သည်။

    [embedyt] https://www.youtube.com/watch?v=56WDmn0Htqw[/embedyt]

    Red News Agency

  • လက်နက်ကြီးစမ်းသပ်ရင်း ရဲဘော် ဒဏ်ရာရ (ရုပ်သံ) 

    လက်နက်ကြီးစမ်းသပ်ရင်း ရဲဘော် ဒဏ်ရာရ (ရုပ်သံ) 

    RNA_ဇူလိုင် ၁၆၊၂၀၂၂ခုနှစ်။

    စစ်ကောင်စီတပ်ကို လက်နက်ကိုင် တိုက်ခိုက်နေသည့် ဒေသခံပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ တော်တော်များများအနေဖြင့် လက်နက်မလုံလောက်သည့်အတွက် လက်လုပ်မိုင်း၊ လက်လုပ်သေနတ်၊လက်လုပ် လက်နက်ကြီးများ ထုတ်လုပ်ရာတွင် ထိခိုက်ဒဏ်ရာအမျိုးမျိုးအပြင် အသက်သေဆုံးမှုများပါ ရှိနေသည်။

    [embedyt] https://www.youtube.com/watch?v=u-XdR2zrWIw[/embedyt]

    ခေတ်မှီလက်နက်များ မရှိသည့်အတွက် အန္တရာယ်များသော်လည်း လက်လုပ် လက်နက်များထုတ်လုပ်နေရသည့်အတွက် ဇူလိုင် ၁၅ ရက်နေ့က The Youth Force -Saw&Kyaukhtu မှအားထားရသော ရဲဘော် (၂) ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

    #RedNewsAgency

  • စစ်ကောင်စီတပ် ဆက်သွယ်ရေးစက်အထိုင်ချထားသည့်နေရာနှင့်ရိက္ခာဂိုဒေါင်များကို RPGနှင့် ပစ်ခတ်တိုက်ခိုက်

    စစ်ကောင်စီတပ် ဆက်သွယ်ရေးစက်အထိုင်ချထားသည့်နေရာနှင့်ရိက္ခာဂိုဒေါင်များကို RPGနှင့် ပစ်ခတ်တိုက်ခိုက်

    RNA_ဇူလိုင် ၁၅၊၂၀၂၂ခုနှစ်။

    ဖယ်ခုံမြို့နယ် ၊ ပိန္နဲကုန်းရွာနှင့်မခေခမ်းရွာတို့တွင် တပ်စွဲထားသော စစ်ကောင်စီတပ် ဆက်သွယ်ရေးစက်အထိုင်ချထားသည့်နေရာနှင့်ရိက္ခာဂိုဒေါင်များကို ဇူလိုင်လ ၁၄ ရက်နေ့က အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးအဖွဲ့၊ ဖယ်ခုံ PDF တပ်ရင်း ( ၂ )၊ အင်း PDF ၊ နေပြည်တော် PDF ပူးပေါင်းအဖွဲ့တို့မှ RPG နှင့်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

    ” ပူးပေါင်းအဖွဲ့များမှ ရန်သူတို့၏ ဆက်သွယ်ရေးစက်အထိုင်ချထားသည့်နေရာနှင့်ရိက္ခာဂိုဒေါင်များကို RPG နှင့်ပစ်ခတ်တိုက်ခိုက်ခဲ့ပါသည်၊ ပူးပေါင်းအဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် ရန်သူစကစ ( ၁၁ ) ဦးထက်မနည်းသေဆုံးခဲ့ပါသည်” ဟု အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးအဖွဲ့က ယနေ့ ထုတ်ပြန်ထားသည်။

    စစ်ကောင်စီတပ် စစ်ကြောင်းများ၊ ကင်းစခန်းများကို ရှမ်း-ကယား အစပ်တွင် နေ့စဉ်နီးပါးတိုက်ခိုက်ခံနေရကြောင်း၊ ကရင်နီပြည် ဒေသခံကာကွယ်ရေး တပ်ဖွဲ့များကလည်း နေစဉ်နီးပါးတိုက်ခိုက်နေကြောင်း သိရသည်။

    Red News Agency

  • တောင်ရွာသစ်ကျေးရွာမှ ပြည်သူတချို့ကို စစ်ကောင်စီတပ်နှင့်ပျူစောထီးများ သတ်ဖြတ် 

    တောင်ရွာသစ်ကျေးရွာမှ ပြည်သူတချို့ကို စစ်ကောင်စီတပ်နှင့်ပျူစောထီးများ သတ်ဖြတ် 

    RNA_ဇူလိုင် ၁၄၊၂၀၂၂ခုနှစ်။

    အင်တာနက်ဖြတ်တောက်ခံထားရသည့်စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်၊ကန့်ဒေါင့်အုပ်စု၊တောင်ရွာသစ်ကျေးရွာမှ အ​ပြစ်မဲ့ကျေးရွာသူရွာသားတချို့ကို ဇူလိုင်လ ၁၁ ရက်နေ့က စစ်ကောင်စီတပ်နှင့်ပျူစောထီးများက သတ်ဖြတ်သွားကြောင်း သိရသည်။

    ဓာတ်ပုံ : နှင်းရိပ်နွေ

    “ဆက်သွယ်ရေးဆိုးဆိုးဝါးဝါးအဖြတ်ခံထားရလို့ မီဒီယာမှာမပေါက်ရောက်တဲ့ခုလိုဖြစ်ရပ်တွေ ကျနော်တို့စစ်ကိုင်းမှာ အများကြီးပါ။ ကျနော်တို့ကိုယ်တိုင်ရိုက်ယူလာကြလို့သာ သိရတာပါ။2Gအင်တာနက်လေး ရဖို့ဆိုရင်တောင် ခွေးတွေနဲ့မလှမ်းမကမ်း(ဒါမှမဟုတ်) တောင်ကြိုတောင်ကြားတစ်နေရာ၊တစ်ခါတလေ တခြားမြို့နယ်ထိ ထွက်ရပါတယ်” ဟု တော်လှန်ရေးရဲဘော် ကဗျာဆရာ နှင်းရိပ်နွေက လူမှုကွန်ယက်မှတဆင့် အသိပေးထားသည်။

    ဓာတ်ပုံ : နှင်းရိပ်နွေ

    ကဗျာဆရာ နှင်းရိပ်နွေ ရေးသားထားသည့် “စစ်ပွဲဧရိယာ” တော်လှန်ရေးကဗျာစာအုပ် (E-Book) ကို ရောင်းချနေပြီး လူမသိသူမသိဒုက္ခရောက်နေတဲ့ပြည်သူတွေသည့် မြေပြင်မှာအသက်ပေးတော်လှန်နေရပြီး နာမည်ယူရကောင်းမှန်းမသိသူများ ၊ မီဒီယာပေါ်မရောက်သည့်အတွက် နာမည်မရသည့်အဖွဲ့အစည်းတွေကို ပိုကူနိုင်ဖို့အတွက် ရောင်းချနေကြောင်း သိရသည်။

    ဓာတ်ပုံ : နှင်းရိပ်နွေ

    Red News Agency