Author: Editor

  • စစ်အုပ်စုအား အမြန်ချေမှုန်းသုတ်သင်ရန် NUG သမ္မတတိုက်တွန်း

    စစ်အုပ်စုအား အမြန်ချေမှုန်းသုတ်သင်ရန် NUG သမ္မတတိုက်တွန်း

    RNA_နိုဝင်ဘာ (၂၂)၊၂၀၂၂ ခုနှစ်။
    မဟာမိတ်တပ်ပေါင်းစုများနှင့်အတူ စစ်အုပ်စု တခုလုံးကို အလျင်အမြန်ချေမှုန်းသုတ်သင်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ- NUG ယာယီသမ္မတ ဒူဝါလရှီးလ ကတိုက်တွန်းလိုက်သည်။
    လက်နက်ကိုင် ပဋိပက္ခရှည်ကြာသည်နှင့်အမျှ တိုင်းပြည်နှင့်ပြည်သူများသည် ဆိုးသထက်ဆိုးလာဖို့ရှိိသည့်အတွက် အကြမ်းဖက်စစ်အုပ်စုကို အမြစ်ပြတ်ချေမှုန်းသုတ်သင်နိုင်ရေးက အဓိကဖြစ်ပြီး မဟာမိတ်စစ်ရေးတပ်ပေါင်းစုနှင့် တွန်းလှန်ရန်လိုအပ်ကြောင်း (၇၅)ကြိမ်မြောက်အစိုးရအဖွဲ့ အစည်းအဝေးမှာ တိုက်တွန်းထားသည်။
    “ကျွန်တော်တို့ဟာ တော်လှန်ရေးအစိုးရ တစ်ရပ်အနေနဲ့ လူထုရှေ့မှာ မားမား မတ်မတ်ရပ်တည်နေတဲ့ အစိုးရဖြစ်ပေမယ့် တစ်ဖက်မှာလည်း တည်ဆောက်ရေးအတွက် လူထုအားကိုး အားထားထိုက်တဲ့ အစိုးရတစ်ရပ် ဖြစ်နေဖို့ ကြိုးစားနေရပါလိမ့်မယ်” ဟုလည်း ယာယီသမ္မတက ပြောကြားခဲ့သည်။
    ပြည်တွင်းစစ်ကြာရှည်သည်နှင့်အမျှ နှစ်ပေါင်းများစွာ လက်နက်ကိုင်တိုက်လာသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများသည် နယ်မြေအလိုက် လွတ်မြောက်နယ်မြေနှင့် စိုးမိုးနယ်မြေများရှိကြောင်း၊ နွေဦးတော်လှန်ရေးမှပေါ်ပေါက်လာသည့် ခုခံစစ်နှင့်အတူ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့်မကွေးတိုင်းတို့တွင်လည်း မင်းအောင်လှိုင်ဦးဆောင်သည့် စစ်တပ်နယ်မြေစိုးမိုးမှု မလုပ်နိုင်သည့်အနေအထားများ ရှိလာပြီဖြစ်သည်။
    အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များသည်လည်း အာဏာသိမ်းအကြမ်းဖက်စစ်တပ်ကို လက်နက်ကိုင်တိုက်ခိုက်နေပြီး၊ မဟာမိတ် လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များ၊ တိုင်းရင်းသားလက်နက်ကိုင်များကလည်း စစ်ကောင်စီကို လက်နက်ကိုင်တိုက်ခိုက်နေကြသည်။

  • လက်ပံတောင်းတောင်က စစ်အာဏာရှင်ဆန့်ကျင်ရေး အလုပ်သမားသပိတ်

    လက်ပံတောင်းတောင်က စစ်အာဏာရှင်ဆန့်ကျင်ရေး အလုပ်သမားသပိတ်

    RNA_နိုဝင်ဘာ (၂၂)၊ ၂၀၂၂ ခုနှစ်။
     
    စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင်ဒေသတွင် စစ်ကောင်စီတပ်သားများ၏ အန္တရာယ်ကြားမှ ဒေသခံတောင်သူ အလုပ်သမားများသည် စစ်အာဏာရှင် ဆန့်ကျင်ရေး တောင်ယာသပိတ်ကို ယနေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့ကြသည်။
     
    ချင်းတွင်းမြစ်အနောက်ဘက်ကမ်းသပိတ်စစ်ကြောင်းမှဦးဆောင်ပြီီး ဒေသခံတောင်သူများ၊ ဒေသခံပြည်သူများနှင့်အတူ နေ့စဉ် စစ်အာဏာရှင်ဆန့်ကျင်ရေး ငြိမ်းချမ်းစွာ ဆန္ဒပြမှုများကို နေ့စဉ်ပြုလုပ်နေကြောင်း သိရသည်။
    Red News Agency

  • တောင်ကလေးရဲစခန်းအား တိုက်ခိုက်သိမ်းပိုက်

    တောင်ကလေးရဲစခန်းအား တိုက်ခိုက်သိမ်းပိုက်

    တောင်ကလေးရဲစခန်းအား တိုက်ခိုက်သိမ်းပိုက်၊ စကစ ဘက်မှ အရာရှိနှစ်ဦးအပါအဝင် (၁၀) ဦးသေ

    RNA_နိုဝင်ဘာ(၂၁)၊၂၀၂၂ခုနှစ်။

    မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ KNU တပ်မဟာ (၆) နယ်မြေတွင်းရှိ တောင်ကလေးရဲစခန်းအား ယနေ့ နေ့ နံနက် (၁၁) နာရီဝန်းကျင်ထိ ဝင်ရောက်စီးနင်းတိုက်ခိုက်ရာ စစ်ကောင်စီတပ်ဘက်မှ အရာရှိနှစ်ဦးအပါအဝင် (၁၀) ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

    တောင်ကလေး ရဲစခန်းအား KNLA တပ်ရင်း ၁၆၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့- S.O.F၊ ကော်သူးလေအာမီ၊ Saw Dragon Drone Force နှင့် ARMS ဒရုန်းအဖွဲ့တို့ပူးပေါင်း တိုက်ခိုက်ခဲ့ကြသည်။

    (more…)

  • ပြည်သူကို အားနာတယ်

    ပြည်သူကို အားနာတယ်

    “အညာသူမကြီးက နှစ်ပေါင်းများစွာ စာရင်းငှားလုပ်ပြီး ခြစ်ခြုတ် စုထားတဲ့ နားက နားကပ်လေးကို ချွတ်လှူပြီး နားပေါက်ဟောင်းလောင်းနဲ့လည်း လှကြောင်း သက်သေပြနေတယ်”

    ချစ်ဝင်းမောင်

    ကျနော့်ကို အကိုတစ်ဦးက ပြောဖူးတယ်။ “မောင်ချစ်‌ရေ…အားနာတတ်တာက မကောင်းဘူး။ ဒါပေမဲ့ ကောင်းတယ်တဲ့” ။ ကျနော်က ရှုပ်သွားတယ် အကို။ နည်းနည်း အလင်းပြပါဦးဆိုတော့ အကိုက ဒီလို ဆက်ရှင်းပြတယ်။
    “အားနာတတ်တော့ အခြားသူတွေနဲ့ ယှဉ်ရင် ကိုယ့်ရဲ့ အခွင့်အရေး၊ ရပိုင်ခွင့်တွေကို ပြောဖို့၊ တောင်းဖို့၊ ရယူဖို့ တွန့်ဆုတ်တတ်တာမို့ အဆင်မပြေဖြစ်တတ်တယ်။ ဒဲ့ပြောရရင် ငတ် တတ်တယ်ကွ။ ဒါပေသိ တစ်ဖက်က ကြည့်ပြန်တော့ အခွင့်အရေးကို မမျှော်ဘဲ အလုပ် လုပ်တတ်တဲ့၊ အကျိုးမျှော်လို့ ညောင်ရေသွန်းတဲ့ စရိုက်တော့ မရှိတော့ဘူးပေါ့ကွာ။
    နောက်တစ်ခုက ဆိုင်/မဆိုင်တော့ မသိဘူးကွာ။ အားနာတတ်တဲ့သူတွေက သူများကျေးဇူးကို မမေ့တတ်ကြဘူးကွ။ ဒါကတော့ ငါ့အတွေ့အကြုံအရ ပြောတာပေါ့။ ဆိုတော့ကွာ… ငါ့ဖို့ မကြည့်တတ်တဲ့သူနဲ့ ကျေးဇူးသိသူ ဖြစ်ဖို့တော့ အားနာတတ်အောင် စိတ်ကို နှလုံးသွင်းကွာ”တဲ့။
  • AAနှင့်တိုက်ပွဲဖြစ်ပြီး ခမရ (၁၀၅) တပ်ရင်းမှ (၁၀) ဦးသေ

    AAနှင့်တိုက်ပွဲဖြစ်ပြီး ခမရ (၁၀၅) တပ်ရင်းမှ (၁၀) ဦးသေ

    AAနှင့်တိုက်ပွဲဖြစ်ပြီး ခမရ (၁၀၅) တပ်ရင်းမှ (၁၀) ဦးသေဆုံး၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

    RNA_နိုဝင်ဘာ(၁၉)၊၂၀၂၂ခုနှစ်။

    ရခိုင်ပြည်နယ်၊ မောင်တောမြို့မြောက်ပိုင်း၊ ဝက်ကျိန်းအပြင်ရွာ မြောက်ဖက် မီတာ (၈၀၀) ခန့်အကွာရှိ ရက္ခိုင့်တပ်တော် – AA နှင့် စစ်ကောင်စီတပ် တပ်မ (၇၇) လက်အောက်ခံ၊ ခမရ (၁၀၅) တပ်ရင်းတို့ နိုဝင်ဘာလ (၁၈) ရက်နေ့ နေ့လည် ၁၂ နာရီမှ ညနေ ၄ နာရီအထိ တိုက်ပွဲဖြစ်ပြီး ခမရ (၁၀၅) တပ်ရင်းမှ (၁၀) ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့သည်ဟု AA ကထုတ်ပြန်ထားသည်။

    (more…)

  • အင်းစိန်ထောင်ဝန်ထမ်း၂၀ ကျော် ထွက်ပြေး

    အင်းစိန်ထောင်ဝန်ထမ်း၂၀ ကျော် ထွက်ပြေး

    RNA_နိုဝင်ဘာ(၁၅)၊၂၀၂၂ ခုနှစ်။

    ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်ရှိ အင်းစိန်အကျဉ်း ထောင်တွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်း ၂၀ ဦးကျော် ထွက်ပြေးနေကြောင်း သိရသည်။

    အင်းစိန်ထောင်တွင် တာဝန်ထမ်းဆောင်လိုမှုမရှိသည့်အတွက် ထွက်ပြေးသည့် ဝန်ထမ်းများတွင် အမျိုးသမီးအပါအဝင် ၂၀ ဦးကျော်ရှိကြောင်း၊ အင်းစိန်ထောင် ဝန်ထမ်းလိုင်းခန်းအနီးတွင် ထွက်ပြေးသူများစာရင်းကပ်ထားပြီး ဝန်ထမ်းအိမ်ယာပြန်လာပါက အကြောင်းကြားရန် အသိပေးထားကြောင်း သိရသည်။

    (more…)

  • မင်းအောင်လှိုင် လုံခြုံရေးလုပ်ခဲ့ပြီး ရှေ့တန်းထွက်ရသည့် တပ်ရင်းမှူး တိုက်ပွဲမှာ သေဆုံး

    မင်းအောင်လှိုင် လုံခြုံရေးလုပ်ခဲ့ပြီး ရှေ့တန်းထွက်ရသည့် တပ်ရင်းမှူး တိုက်ပွဲမှာ သေဆုံး

    RNA_နိုဝင်ဘာ(၁၉)၊၂၀၂၂ ခုနှစ်။
     
    မင်းအောင်လှိုင်မိသားစုလုံခြုံရေးနှင့်ကိုယ်ရံတော်လုပ်ခဲ့သူ တပ်ရင်းမှူးအဆင့်နှင့်ရှေ့တန်းထွက်ရစဉ် ယမန်နေ့က KIA၊ PDF ပူးပေါင်းတပ်ဖွဲ့၏ တိုက်ခိုက်မှုကြောင့် သေဆုံးသွားပြီဖြစ်ကြောင်း သိရသည်။
     
    စစ်ကိုင်းတိုင်း၊ အင်းတော်မြို့မြောက်ဘက် တောထဲတွင် နိုဝင်ဘာလ (၁၈) ရက်နေ့ နေ့လည်ပိုင်းမှညနေပိုင်းအထိ ၃ ကြိမ် ဖြစ်ပွားသည့် စစ်ကောင်စီတပ်အင်အား ၁၅၀ ခန့်နှင့် KIA ၊ PDF ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က တပ်ရင်းမှူး၊ နှစ်ပွင့်ဗိုလ်နှင့်အခြားအဆင့်ပါ ၂၀ ဝန်းကျင်သေဆုံးပြီး၊ KIA ရဲဘော်တဦး ကျဆုံးခဲ့ရသည်ဟု Indaw Revolution-IR က ထုတ်ပြန်ထားသည်။

    (more…)

  • ကရင်နီပြည်တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သေဆုံးမှု ၁၆၁၈ ကျော်ရှိ

    ကရင်နီပြည်တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သေဆုံးမှု ၁၆၁၈ ကျော်ရှိ

    RNA_နိုဝင်ဘာ(၁၉)၊၂၀၂၂ ခုနှစ်။
     
    မင်းအောင်လှိုင်ဦးဆောင်သည့်စစ်တပ် အကြမ်းဖက်အာဏာသိမ်းပြီးနောက် ကယား (ကရင်နီ) ပြည်နယ်တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်က သေဆုံးသူ ၁၆၁၈ ကျော်ရှိပြီဖြစ်ကြောင်း သိရသည်။
    ဓာတ်ပုံ – KNDF_Bo 1- ရဲဘော်များလေ့ကျင့်နေမှု မြင်ကွင်း။
     
    ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့မှ ၂၀၂၂ ခုနှစ် အောက်တိုဘာလ (၃၁) ရက်နေ့အထိ ကရင်နီပြည်တွင် စစ်ကောင်စီတပ်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ တိုက်ပွဲပေါင်း ၅၀၀ ကျော်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ၁၆၁၈ ဦး သေဆုံးခဲ့သည်ဟု တိုးတက်သော ကရင်နီပြည်သူ့အင်အားစု – PKPF ကထုတ်ပြန်ထားသည်။

    (more…)

  • ရွေးကောက်ပွဲလမ်းကြောင်း အရောင်တင်ရန် လွတ်ပေးသည့်အတွက် ကျေးဇူးတင်စရာမရှိဟု NUG ဝန်းကြီးပြောကြား

    ရွေးကောက်ပွဲလမ်းကြောင်း အရောင်တင်ရန် လွတ်ပေးသည့်အတွက် ကျေးဇူးတင်စရာမရှိဟု NUG ဝန်းကြီးပြောကြား

    RNA_နိုဝင်ဘာ(၁၇)၊၂၀၂၂ ခုနှစ်။
     
    အကြမ်းဖက်အာဏာသိမ်းစစ်ကောင်စီအဖွဲ့က အမျိုးသားအောင်ပွဲနေ့ အကြောင်းပြုကာ လွတ်ရက်နီး မတရားဖမ်းဆီးခံထားရသူများအပါအဝင် သာမန်ပြစ်ဒဏ်ကျ အကျဉ်းသားစသည်တို့ကို လွှတ်ပေးခြင်းသည်ရွေးကောက်ပွဲကို အရောင်တင်ရန်သာ ဖြစ်သည့်အတွက် ကျေးဇူးတင်စရာ မရှိကြောင်း NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက ပြောကြားထားသည်။
     
    မင်းအောင်လှိုင်ဦးဆောင်နေသည့် အကြမ်းဖက်အာဏာသိမ်းအဖွဲ့သည် ၂၀၂၃ ခုနှစ်တွင် ရွေးကောက်ပွဲကျင်းပရန် ပြင်ဆင်နေကြောင်း၊ ယနေ့ လွှတ်ပေးသည့် နိုင်ငံရေးအကျဉ်းသားများထဲတွင် လွတ်နီးများပါရှိပြီး၊ဖမ်းဝရမ်းထုတ်ခံရသည့် အနုပညာရှင်တို့ ပါဝင်ကြောင်း၊ ခိုး၊ဆိုး၊လု၊နှိုက်စသည့် ပြစ်ဒဏ်ကျအကျဉ်းသားများပါဝင်ပြီး စုစုပေါင်း (၅၇၇၄) ဦး လွှတ်ပေးမည်ဟု သိရသည်။

    (more…)

  • ကလေးကင်ပွန်းတပ်ပွဲကျင်းပနေစဉ် စကစ လက်နက်ကြီးကြောင့် ပြည်သူ ၁၁ ဦးသေဆုံး

    ကလေးကင်ပွန်းတပ်ပွဲကျင်းပနေစဉ် စကစ လက်နက်ကြီးကြောင့် ပြည်သူ ၁၁ ဦးသေဆုံး

    RNA_နိုဝင်ဘာ(၁၇)၊၂၀၂၂ ခုနှစ်။
     
    ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ လောင်းဒုံ(အုပ်စု)၊ ဂြစ်ချောင်းကျေးရွာအတွင်း၌ နိုဝင်ဘာလ ၁၆ ရက်နေ့ နေ့လည် ၁ နာရီ ဝန်းကျင်ကကလေးကင်ပွန်းတပ် (အမည်ပေး) ပွဲ ကျင်းပနေစဉ် မောင်တောမြို့နယ် စစ်ကောင်စီတပ် နခခ(၇)မှ လက်နက်ကြီးပစ်ခတ်သည့်အတွက် အသက် (၅) နှစ် ၆ နှစ်အရွယ် ကလေးငယ် နှစ်ဦးအပါအဝင် ပြည်သူ ၁၁ ဦးနေရာတွင် သေဆုံးကာ (၂၀) ကျော်ဒဏ်ရာရရှိကြောင်း သိရသည်။
     
    နိုဝင်ဘာလ ၁၆ ရက်နေ့က ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီတပ်၏ ကျေးရွာအတွင်း လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သား (၁၄) ဦးသေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရရှိခဲ့သည်ဟု ရက္ခိုင့်တပ်မတော် – AA က ထုတ်ပြန်ထားသည်။

    (more…)