Author: Editor
-

စစ်ဘေးရှောင်များခိုလှုံနေသည့် ဘုန်းတော်ကြီးကျောင်းကို စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်
RNA_နိုဝင်ဘာ(၁၄)၊၂၀၂၂ ခုနှစ်။စစ်ဘေးရှောင်များ ခိုလှုံနေမှန်းသိနေသည့် ကယား(ကရင်နီ)ပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ ကုန်းဆွတ်ကျေးရွာ ဘုန်းတော်ကြီးကျောင်းဝန်းအတွင်း စစ်ကောင်စီတပ်က ယမန်နေ့ (နိုဝင်ဘာ ၁၃ ရက်) နံနက် ၈ နာရီဝန်းကျင်က လက်နက်ကြီးပစ်ခတ်သည့်အတွက် စစ်ဘေးရှောင်အမျိုးသမီး ၂ ဦးဒဏ်ရာရရှိသွားကြောင်း သိရသည်။ကရင်နီပြည်တွင်း စစ်ကောင်စီတပ်သည် စစ်ဘေးရှောင်များခိုလှုံနေသည့် ခရစ်ယာန်ဘုရားကျောင်းနှင့် ဘုန်းတော်ကြီးကျောင်းများ၊ ဒုက္ခသည်စခန်းနှင့် ကျေးရွာများအတွင်း ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးဖြင့် ပစ်ခတ်မှုများ ပြုလုပ်နေသည်။၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် ၂၀၂၂ ခုနှစ် အောက်တိုဘာ ၃၁ ရက်နေ့အထိ ကရင်နီပြည်တွင် စစ်ကောင်စီတပ်က အရပ်သားပြည်သူ (၂၈၂) ဦးနှင့် စစ်ဘေးရှောင်သေဆုံးမှု (၉၇) ဦး သတ်ဖြတ်ခဲ့ကြောင်း၊ လေကြောင်းတိုက်ခိုက်မှု (၁၇၃) ကြိမ်ရှိကြောင်း၊ ဘာသာရေးအဆောက် အဦ (၂၇) လုံးနှင့် နေအိမ်အဆောက် အဦ (၁၂၄၇) လုံး ပျက်စီးခဲ့ရပြီး ပြည်သူ (၂၈၀) ဝန်းကျင် ဖမ်းဆီးခံထားရသည်ဟု တိုးတက်သော ကရင်နီပြည်သူ့အင်အားစု – PKPF က ထုတ်ပြန်ထားသည်။#RedNewsAgency -

ရိက္ခာပို့သည့် စစ်ကောင်စီတပ် အဖွဲ့ဝင် ၅ ဦးကို ကြားဖြတ်တိုက်ခိုက်ရာ ဗိုလ်အဆင့်တဦးအပါအဝင် (၃) ဦးသေဆုံး
RNA_နိုဝင်ဘာ(၁၄)၊၂၀၂၂ ခုနှစ်။ကယား (ကရင်နီ) ပြည်နယ်၊ လွိုင်ကော်မြို့နယ် ၊ လောပိတမြို့ရှိ စစ်ကောင်စီခြေကုပ်စခန်းကို ရိက္ခာပို့သွားသည့် အရပ်ဝတ်များဖြင့် စစ်ကောင်စီတပ်က အဖွဲ့ဝင် (၅) ဦးကို KNDF B (10) ရဲဘော်များက ယမန်နေ့ ( နိုဝင်ဘာ ၁၃ ရက်နေ့ ညနေ ၃ နာရီဝန်းကျင်)က ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်က ဗိုလ်အဆင့် တဦးအပါအဝင် ၃ ဦးသေဆုံးသွားကြောင်း သိရသည်။
-

ကျေးရွာမီးရှို့သည့် စကစ တပ်ဖွဲ့ တိုက်ခိုက်ခံရ
စစ်ကောင်စီတပ်ကို ဝက်လက်ဗိုလ်ကျားကြီးအဖွဲ့နှင့်မဟာမိတ်များတိုက်ခိုက်
RNA_နိုဝင်ဘာ(၁၃)၊၂၀၂၂ခုနှစ်။
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ထန်းကြီးကျေးရွာကို မီးရှို့ပြီး ထွက်လာသည့် အကြမ်းဖက်စစ်ကောင်စီတပ်ကို ယနေ့ နေ့လည် ၁ နာရီဝန်းကျင်က ကျောင်းဖြူရွာအနီးတွင် ဝက်လက်ဗိုလ်ကျားကြီးအဖွဲ့နှင့်မဟာမိတ်ရဲဘော်များက တိုက်ခိုက်ခဲ့ကြကြောင်း Bo Tiger အဖွဲ့က ရုပ်သံနှင့်တကွ ထုတ်ပြန်ထားသည်။
[embedyt] https://www.youtube.com/watch?v=eJztWiWJ5rA[/embedyt]
Red News Agency
-

အာဏာရှင်ဆန့်ကျင်ရေးစာတန်းပါ ထမီ၊ ပုဆိုးများဝတ်ကာ ဆန္ဒပြ
RNA_အောက်တိုဘာ(၁၃)၊၂၀၂၂ခုနှစ်။
လုံခြုံရေးတင်းကြပ်နေသည့်ကြားက ရန်ကုန်မြို့ နေရာအနှံ့အပြား၌ ယနေ့ စစ်အာဏာရှင်ဆန့်ကျင်ရေးစာတန်းများ ရေးဆွဲထားသော ထမီ၊ ပုဆိုးများဝတ်ဆင်ကာ စစ်အာဏာရှင်ဆန့်ပျင်ရေစ လူထုလှုံ့ဆော်မှု ဆန္ဒပြခဲ့ကြသည်။
“ရန်ကုန်မြို့အပါအဝင် မြန်မာနိုင်ငံ မြို့ပြဒေသများရှိ အများပြည်သူအနေဖြင့် ၎င်းတို့အား နည်းမျိုးစုံဖြင့် ဖိနှိပ်ချုပ်ချယ်ကာ ရက်ရက်စက်စက် အနိုင်ကျင့်အုပ်ချုပ်ရန် ကြိုးပမ်းနေသော အကြမ်းဖက်စစ်တပ်အား အသွေးအသားထဲကပင် မုန်းတီးရွံရှာသောစိတ်များရှိနေကြသော်လည်း လုံခြုံရေးအခြေအနေများကြောင့် ထုတ်ဖော် ပြောဆို ပြသနိုင်ရန် အခက်အခဲရှိနေကြသည်။ ထိုသို့ ခံစားချက်များအပါအဝင် တော်လှန်ပြည်သူအချင်းချင်း အားပေးသည့် စာတန်းများအား ထမီ၊ ပုဆိုးများပေါ်တွင် ရေးဆွဲကာ သရုပ်ဖော်ခဲ့ကြခြင်းဖြစ်သည် ” ဟု Yangon Revolution Force – YRF က အသိပေးထားသည်။
ပြည်သူလူထုနှင့် တစ်သားတည်းရှိနေပြီး စစ်အာဏာရှင်ပြုတ်ကျသည်အထိ ဆက်လက်တော်လှန်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း၊ Yangon Revolution Force – YRF ၏ Soft Strike Community မှ လူငယ်ရဲဘော်များ အသက်စွန့်ကာ ယနေ့လှုပ်ရှားမှုကို ပြုလုပ်ခဲ့ကြောင်း သိရသည်။ Photo : YRF
Red News Agency
-

ချောင်းနှစ်ခွရဲစခန်းကို KNLAနှင့်နဂါးနီစစ်ကြောင်းတို့ ပူးပေါင်းတိုက်ခိုက်၊ ရဲ၃ဦးသေပြီး ၄ ဦးအရှင်ဖမ်းမိ
RNA_နိုဝင်ဘာ(၁၃)၊၂၀၂၂ခုနှစ်။
မွန်ပြည်နည်၊ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွရဲစခန်းကို KNLAပူးပေါင်းတပ်ဖွဲ့နှင့် နဂါးနီစစ်ကြောင်းတို့ ယမန်နေ့ ( နိုဝင်ဘာ ၁၂ ရက်) နံနက် ၆ နာရီဝန်းကျင်က တိုက်ခိုက်ခဲ့ခဒ့သည့်အတွက် ရဲ (၃)ဦး သေဆုံးပြီး၊ ၂ဦးထွက်ပြေးကာ ၄ ဦးအရှင်ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

” KNLA ပူးပေါင်းတပ်ဖွဲ့နှင့် နဂါးနီစစ်ကြောင်းမှ ရဲဘော်များ ပူးပေါင်းတိုက်ခိုက်ခဲ့ရာတွင် စခန်းမှူး လှကျော်ဦး၊ဒုတပ်ကြပ် စိုးငြိမ်းဦး၊တပ်သား အောင်နန်းဇွန်တို့ သေဆုံးပြီး၊ရဲဘော်တလာကိုနှင့်ဒုရဲအုပ်နန္ဒစိုးတို့ထွက်ပြေး၊ တပ်ကြပ်ကြီး အေးကို၊ရဲတပ်သား လွင်ကိုဟိန်း၊ ဒုတပ်ကြပ် မျိုးအေး၊ရဲတပ်သား ကိုလင်းတို့ကို အရှင်ဖမ်းဆီးရမိခဲ့ပါသည်” ဟု နဂါးနီစစ်ကြောင်းက သတင်းထုတ်ပြန်ထားသည်။
-

ဆင်အင်းကြီးကျေးရွာမှာ ရွာသား ၉ ဦးထက်မနည်းကို စစ်ကောင်စီတပ်က ရက်စက်စွာသတ်ဖြတ်
RNA_နိုဝင်ဘာ ၁၁၊၂၀၂၂ ခုနှစ်။
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ဆင်အင်ကြီးကျေးရွာတွင် စစ်ကောင်စီတပ်သားများ ယမန်နေ့ ( နိုဝင်ဘာ ၁၀ ရက်) ညပိုင်းတွင် ကျေးရွာကို ဝင်စီးပြီီး ရွာသား (၉) ဦးထက်မနည်းကို သတ်ဖြတ်ပြီး နေအိမ် ၁၀ လုံးဝန်းကျင်ကို မီးရှို့ဖျက်ဆီးသွားကြောင်း သိရသည်။
ပဒေသာကျေးရွာနှင့် ဆင်အင်းကြီးကျေးရွာကြားတွင် ယမန်နေ့ နံနက်ပိုင်းက စစ်ကောင်စီတပ်ယာဉ်တန်းကို ရက္ခိုင့်တပ်မတော် -AA က မိုင်းခွဲတိုက်ခိုက်ခဲ့သည့်အတွက် ရဟတ်ယာဉ်များအသုံးပြု လေကြောင်းတိုက်ခိုက်ခဲ့သေးကြောင်း၊ တိုက်ခိုက်ခံရပြီီးအနီးကျေးရွာများကိုစစ်ကောင်စီတပ်ဝင်စီးပြီး ဒေသခံပြည်သူများကို သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။
ဆင်အင်းကြီးကျေးရွာမှ မောင်မောင်သိန်း( အသက် -၄၁ နှစ်)၊ မောင်စံလှ(အသက် – ၃၈ နှစ်)၊ ဦးခင်မောင်(အသက် -၅၅ နှစ်)၊ ဦးဇံ(အသက်- ၆၅ နှစ်)၊ မောင်ကျော်သိန်း(အသက် – ၆၅ နှစ်)၊ ဒေါ်မေနု(အသက် -၅၀ နှစ်)၊ ဒေါ်မခင်သိန်းမိခင်(အသက် – ၉၂ နှစ်)၊ ရသေ့တောင်မြို့နယ်မှ ဆေးဆရာတစ်ဦး (အသက် -၆၀ နှစ်)၊ ဦးမှဲ့နီ(အသက် -၅၆ နှစ်) စသည်တို့ သေဆုံးခဲ့သည်ဟု ဒေသတွင်း သတင်းဌာန DMG တွင် ဖော်ပြထားသည်။
-

ဒီသေနတ်ကို ယူလာခဲ့တာ ဆုကြေးငွေလိုချင်လို့ မဟုတ်ပါဘူး
ရေငတ်တဲ့ဒဏ် မခံနိုင်တော့ သူငယ်ချင်း ၂ ယောက် ရေရှာခပ်တော့ မိုင်းထိပြီး သူငယ်ချင်းက ဆုံးသွားတယ်။ ကျနော်က ဒဏ်ရာရသွားတယ်
CDM တပ်သားတစ်ဦး
သူငယ်ချင်း ၂ ယောက် CDM ဝင်ဖို့ ကြိုးစားခဲ့တာ ကြာခဲ့ပြီ။ CDM ကူညီရေး အဖွဲ့တွေထဲက တစ်ခုဖြစ်တဲ့ မေမေ့ရင်ခွင် အဖွဲ့နဲ့ ချိတ်ဆက်ခဲ့တယ်။ ချက်ခြင်းပဲ ထွက်လာလို့ရတယ်ဆိုပြီး လက်ခံပြီး ကမ်းကူခပါ အကူညီပေးမယ်လို့ ကြိုဆိုခဲ့ပေမယ် ကိုယ်လက်ထဲ ငွေလေးလည်း ဆောင်ထားချင်လို့ လစာလေးထုတ်ပြီးမှ ထွက်ခဲ့မယ်လို့ အကြောင်းပြန်ခဲ့တယ်။ လစာ မထုတ်ခင် ရှေ့တန်းကို ပါသွားတယ်။
ရှေ့တန်းမှာ ရိက္ခာမလောက် သောက်စရာရေ မရှိနဲ့ ရှေ့တန်း ကာကင်းကုန်းကို အပို့ခံရတယ်။ ရေငတ်တဲ့ဒဏ် မခံနိုင်တော့ သူငယ်ချင်း ၂ ယောက် ရေရှာခပ်တော့ မိုင်းထိပြီး သူငယ်ချင်းက ဆုံးသွားတယ်။ ကျနော်က ဒဏ်ရာရသွားတယ်။ အဲဒီနောက်မှာ မေမေ့ရင်ခွင် အဖွဲ့နဲ့ ပြန်ပြီး အဆက်အသွယ်ပြတ်သွားတယ်။ ဒဏ်ရာတွေ သက်သာလာမှ အဆက်အသွယ် ပြန်လုပ်နိုင်ခဲ့တယ်။
နောက်တစ်ကြိမ် CDM ဝင်ဖို့ ထပ်စီစဥ်ကြပြန်တယ်။ ဒါပေမယ် အင်တာနက်လိုင်း မကောင်းတာရယ် ကျနော်က ဖုန်းဆက်ဖို့ အဆင်မပြေတာရယ်ကြောင့် အချိတ်အဆက်တွေက လွဲနေပြန်တယ်။ အခုနောက်ဆုံးအခေါက်မှာတော့ ကျနော်ကို PDF အဖွဲ့တွေက လာကြိုတဲ့အချိန်မှာ ကျန်တဲ့သူတွေက မအိပ်သေးတော့ ကျနော်က ထွက်လို့ အဆင်မပြေသေးဘူးလို့ ပြောလိုက်တယ်။ နောက်နေ့ထပ်ကြိုးစားပြီး ထွက်ခဲ့မယ်လို့ ပြောလိုက်တယ်။ ကျနော်ထင်တာက ကျနော်ကို လာခဲ့ဖို့ ပြောတဲ့ နေရာက သူတို့ နေရာလို့ ထင်ထားတာလေ။
-

စစ်ကောင်စီတပ် ဒုတပ်ရင်းမှူး ဗိုလ်မှူးချစ်ဝင်းသူ အပါအဝင် (၃) ဦး တိုက်ခိုက်ခံရပြီး သေဆုံး
RNA_နိုဝင်ဘာ(၁၀)၊၂၀၂၂ ခုနှစ်။မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဝင်းစိန်ကျေးရွာအနီးတွင် ယနေ့နံနက် (၅) နာရီ (၃၀) မိနစ်ဝန်းကျင်က ပြည်သူများကို မတရားဖမ်းဆီးလာသည့်ယာဉ်ကို သထုံပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တိုက်ခိုက်ခဲ့ရာတွင် ဖမ်းဆီးခံရသူများကိုလည်း ကယ်ထုတ်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ လေ့ကျင့်ရေး (၉) ဒုတပ်ရင်းမှူး ဗိုလ်မှူးချစ်ဝင်းသူ အပါအဝင် (၃) သုံးဦးသေဆုံးပြီး (၁) ဦးဒဏ်ရာရကာထွက်ပြေးလွတ်မြောက်သွားကြောင်း သိရသည်။“ကားပေါ်မှ လက်နက် ၃ လက် သိမ်းဆည်းရရှိခဲ့ပါသည်။ မတရားဖမ်းဆီးခံရသူကိုလည်း ကယ်ထုတ်နိုင်ခဲ့ပါသည်။ ဗိုလ်မှူး ချစ်ဝင်းသူသည် ထုံးဘိုလေးကျေးရွာ မီးရှို့မှုတွင် အဓိကပါဝင်သူဖြစ်ပြီး သထုံမြို့တွင်း တက်ကြွလှုပ်ရှားသူများအား မတရားဖမ်းစီးချင်း ဝီယော်ကျေးရွာ ရေတံခွန်လာသော လူငယ်များအား မတရားဖမ်းစီးချင်း မူးယစ်ဆေးဝါးဖြန့်ဖြူးရောင်းချချင်း ကားမှောင်ခိုလုပ်ငန်းများ လုပ်ကိုင်ချင်းများကို အဓိကလုပ်ဆောင်နေသူလည်း ဖြစ်ပါသည်” ဟု သထုံပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။သထုံမြို့နယ်အတွင်း စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးအဖွဲ့က တိုက်ခိုက်နေပြီး စစ်ကောင်စီတပ်သားများ အသေအဆုံးများနေကြောင်း သိရသည်။Red News Agency -

လူထုခေါင်းဆောင်နှင့် ဆွေးနွေးအဖြေရှာနိုင်မှသာပြဿနာပြေလည်ရေးလမ်းစရရှိနိုင်မည်ဟု NLD ထုတ်ပြန်
RNA_နိုဝင်ဘာ(၈)၊ ၂၀၂၂ ခုနှစ်။
အာဆီယံ အထူးကိုယ်စားလှယ်အပါအဝင် မြန်မာ့အရေးဆိုင်ရာကိုယ်စားလှယ်များအားလုံးသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် လွတ်လပ်စွာတွေ့ဆုံဆွေးနွေးအဖြေရှာနိုင်မှသာ လက်တွေ့ကျသော ပြဿနာပြေလည်ရေးလမ်းစ ရရှိနိုင်မည်ဟု ယုံကြည်ကြောင်း NLD ဗဟိုအလုပ်ကော်မတီက ထုတ်ပြန်လိုက်သည်။
စစ်မှန်သောကိုယ်စားပြုမှုရှိသည့် ခေါင်းဆောင်များ နှင့်လည်း တွေ့ဆုံဆွေးနွေးရန်လိုအပ်ပါကြောင်း၊ ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများအားလုံး အမြန်ဆုံးလွတ်မြောက် ရေးကို အာဆီယံအပါအဝင် ကမ္ဘာ့ခေါင်းဆောင်များ အနေဖြင့် ဦး စားပေးဆောင်ရွက်သင့်သော လုပ်ငန်း စဉ်အဖြစ်သတ်မှတ်အကောင်အထည်ဖေါ်သင့်ကြောင်း NLD ကအလေးအနက်တောင်းဆိုထားသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့်တိုင်းရင်း သား ပြည်သူလူထုကအပ်နှင်းလိုက်သောဆင့်လွှဲ တာဝန်ကို ကျေပွန်သည်အထိ ထမ်းဆောင်မည်ဖြစ်ကြောင်းနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်ရေးတို့အတွက် ပြည်သူလူထုနှင့်အတူ စစ်အာဏာသိမ်းမှုကိုဆန့်ကျင်သော တိုင်းရင်းသား အင်အားစုများ ၊မိတ်ဖက်အဖွဲ့အစည်းများ နှင့် တစိုက်မတ်မတ် လက်တွဲဆောင်ရွက်သွားမည်ဖြစ်ရာ စစ်ကောင်စီကျူးလွန်သော ရာဇဝတ်မှုများကို နိုင်ငံတကာဥပဒေများနှင့်အညီ ဖေါ်ထုတ်အရေးယူ နိုင်ရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်ရေးအတွက် ကုလသမဂ္ဂ အပါအဝင် အဖွဲ့အစည်းအသီးသီးနှင့် ကမ္ဘာ့နိုင်ငံအသီးသီးကပါ ယခုထက်ပိုမိုထိရောက်စွာ ကူညီပေးကြပါရန် NLD ကမေတ္တာရပ်ခံတိုက်တွန်းခဲ့သည်။
-

ပြည်သူ ၁၄ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်
RNA_နိုဝင်ဘာ(၇)၊၂၀၂၂ခုနှစ်။စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင် မြောက်ခြမ်းရှိ ကိုးတောင်ဘို့ တိုက်နယ်မှ အရပ်သား (၁၄) ဦးကို ဖမ်းဆီးသတ်ဖြတ် ခဲ့သည်ဟု ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ယနေ့ အသိပေးထားသည်။နိုဝင်ဘာလ ၃ ရက်နေ့ နေ့လည် ၂ နာရီဝန်းကျင်က ကန့်ဘလူမြို့နယ်မြောက်ခြမ်း ကိုးတောင်ဘို့အထိုင် စစ်ကောင်စီတပ် ခမရ-၃၆၃ စစ်ကြောင်းမှ စစ်ဘေးရှောင်တောတိုက်များမှ အပြစ်မဲ့ပြည်သူ(၁၄)ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်သည်။အပြစ်မဲ့ပြည်သူ(၁၄)ဦးမှာ ခုခံနိုင်သည့် လက်နက်တစ်စုံ တစ်ရာမပါဘဲ စစ်ကောင်စီတပ်၏ ဖမ်းဆီးခံရခြင်းဖြစ်ပြီး၊ နိုဝင်ဘာ (၆) ရက်နေ့ ညနေက အပြစ်မဲ့ပြည်သူ (၁၄)ဦးအား စစ်ကောင်စီတပ်သားများက PDF စွပ်စွဲပြီးရက်ရက်စက်စက်မီးရှို့သတ်ဖြတ်ခဲ့ကြောင်းစုံစမ်းသိရှိရသည်ဟု ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က အသိပေးထားသည်။ဖမ်းဆီးခံသူများမှာ လျှော်ဖြူကုန်းကျေးရွာမှ ဦးစိုးဝင်း (၂၇)နှစ်၊ ဦးကျော်မြင့်ထွန်း (၃၅)နှစ်၊ မောင်စိုးစံ (၁၈)နှစ်၊ ဦးမိုးဝင်းထွန်း (၃၀)နှစ်၊ ဦးကျော်စိုး (၃၅)နှစ်၊ ဦးဇော်ဇော် (၃၇)နှစ်၊ ဦးမြင့်ဦး (၅၀)နှစ်၊ ဦးဇော်မင်းစိုး (၃၅)နှစ်၊ ဦးငချို (၃၄)နှစ်၊ ဦးအောင်စိုး(၃၃)နှစ်၊ ဦးညီညီ (၃၀)နှစ်၊မောင်ဝင်းဝင်းသူ(၁၆)နှစ်၊(8)တန်းကျောင်းသား၊ ဦးမျိုးအောင်(၂၅)နှစ်၊ ဇီးကနားကျေးရွာမှ ဦးထွန်းဦး(၃၅)နှစ်တို့ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။Red News Agency























