Author: Editor

  • ပွင့်ဖြူ PDF ရဲဘော်စနေအတွက် M4 တလက် အလှူခံရရှိ

    ပွင့်ဖြူ PDF ရဲဘော်စနေအတွက် M4 တလက် အလှူခံရရှိ

    RNA_နိုဝင်ဘာ(၂၄)၊၂၀၂၂ခုနှစ်။

    မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် ( People’s Defence Force- Pwintbyu) တွင် တာဝန်‌ ထမ်းဆောင်နေသည့် ရဲဘော်စနေအတွက် M4 တလက်ကမ်ပိန်းတွင် ပြည်သူများ၏အလှူငွေ ကျပ်သိန်း ၂၀၀ ကျော်ရရှိသွားပြီဖြစ်ကြောင်း သိရသည်။

    “ရဲဘော်စနေအတွက် M4 တစ်လက် ဝယ်ယူနိုင်တော့မှာပဲဖြစ်ပါတယ်ခင်ဗျာ။ ပါဝင်ကူညီပေးကြတဲ့ တစ်ဦးချင်းတစ်ယောက်ချင်းတိုင်းကိုကော၊ Like Share ပြုလုပ်ပေးကြတဲ့ တစ်ဦးချင်းတစ်ယောက်ချင်းစီတိုင်းကိုကော ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။ လိုအပ်နေတဲ့ငွေပမာဏ သိန်း ၁၀၀ ကျော်ကို ကူညီပေးခဲ့ကြတဲ့ ကနေဒါက မိသားစုတွေကိုကော ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။ ပြည်သူတွေဟာ ခုချိန်ထိ စိတ်ဓာတ်ပြင်းထန်နေကြဆဲ ဖြစ်တဲ့အတွက် အရမ်းပီတိဖြစ်ရပါတယ်ခင်ဗျား” ဟု ပွင့်ဖြူ PDF က ကျေးဇူးတင်ကြောင်း ပြောကြားထားသည်။

    (more…)

  • စစ်ကောင်စီတပ်စစ်ကြောင်းက ကျေးရွာ ၁၁ ရွာမှ (၁၆၈)အိမ် မီးရှို့ဖျက်ဆီးခဲ့

    စစ်ကောင်စီတပ်စစ်ကြောင်းက ကျေးရွာ ၁၁ ရွာမှ (၁၆၈)အိမ် မီးရှို့ဖျက်ဆီးခဲ့

    ခလရ(၅၀) လက်အောက်ခံ တပ်သားနှင့်ပျူအဖွဲ့က ကျေးရွာ ၁၁ ရွာမှ (၁၆၈)အိမ် မီးရှို့ဖျက်ဆီးခဲ့
     
    RNA_နိုဝင်ဘာ(၂၄)၊၂၀၂၂ ခုနှစ်။
     
    မကွေးတိုင်း၊ ထီးလင်းမြို့နယ်အတွင်း ကျေးရွာ (၁၁) ရွာမှ နေအိမ် (၁၆၈) လုံးကို စစ်ကောင်စီတပ် စစ်ကောင်စီတပ် ခလရ(၅၀) လက်အောက်ခံ တပ်သားများ၊ ပျူစောထီများက နှစ်လအတွင်းလှည့်လည် မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
    Photo : YRF

    (more…)

  • အဆိုတော်နှင့်အတူနေသည့် အင်းစိန်ထောင်အရာရှိ စစ်ဆေးခံနေရ

    အဆိုတော်နှင့်အတူနေသည့် အင်းစိန်ထောင်အရာရှိ စစ်ဆေးခံနေရ

    ဇေကမ္ဘာခင်ရွှေထံမှလာဘ်စားပြီး အဆိုတော်နှင့်အတူနေသည့် အင်းစိန်ထောင်အရာရှိ စစ်ဆေးခံနေရ
    RNA_နိုဝင်ဘာ(၂၄)၊၂၀၂၂ ခုနှစ်။
     
    ဇေကမ္ဘာခင်ရွှေထံမှ ငွေသိန်း (၇၀) လာဘ်စားပြီး မကြာသေးမီက ထောင်ကလွတ်မြောက်သွားသည့် အဆိုတော်တဦးနှင့် တညတာ သိန်း (၈၀) ပေးပြီး အတူနေခဲ့သည့် ရန်ကုန်မြို့၊ အင်းစိန်အကျဉ်းထောင်မှ အသက် (၄၀) ကျော် အကြီးတန်းအရာရှိတဦး ထောင်တွင်းစစ်ဆေးမှု ပြုလုပ်ခံနေရကြောင်း သိရသည်။
     
    အင်းစိန်အကျဉ်းထောင်တွင်း ဇေကမ္ဘာခင်ရွှေထောင်ဝင်စာနှင့် ထောင်ကမလွတ်ခင် အဆိုတော်အမျိုးသမီးတဦးတို့၏ ထောင်ဝင်စာပါဆယ်များသည် စစ်ဆေးခံနေရသည့် အရာရှိနေအိမ်မှတဆင့် ထောင်တွင်းစစ်ဆေးခြင်းမရှိ သယ်ပို့ခဲ့ကြောင်း၊ ဇေကမ္ဘာခင်ရွှေထံမှ သိန်း (၇၀) လာဘ်စားခဲ့ပြီး ရရှိသည့်ငွေနှင့်အတူ အဆိုတော်အမျိုးသမီးကို သိန်း (၈၀) ပေးကာ ထောင်ကလွတ်သည့်ညတွင် အတူနေခဲ့ကြကြောင်း အကျဉ်းဦးစီးဌာန အသိုင်းအဝန်းတွင် ပြောဆိုနေကြသည်။
     
    “ထောင်တွင်းစစ်ဆေးခံနေရတာပေါ့ အတိုင်ခံရတာက အရာရှိ အကြီးပိုင်းကပဲ၊ တိုင်တဲ့သူက လုံခြုံရေးအရာရှိဗျ ထိန်လင်းဦးလေ ဗိုလ်ထိန်ဆို အကုန်သိတယ် သူက ခြေတဖတ်ပြတ် စစ်တပ်ကလာတာ၊ အခု DE စစ်တာပေါ့ ထောင်တွင်း စစ်ဆေးမှုပေါ့၊ စစ်နေတာက ဒုတိယညွန်ကြားရေးမှူးချုပ်ကိုယ်တိုင် စစ်နေတာပါ။ အခုတိုင်တဲ့သူက တပ်ကလာတယ် အတိုင်ခံရတဲ့ အရာရှိက အရပ်ဖက်ပေါ့ အဲတော့ အားပြိုင်နေကြတာလည်းပါတယ်၊ အကုန်လုံးက​တော့ အတူတူနဲ့အနူနူပါပဲ ဘိန်းစားချင်းအတူတူ တမူးပိုရှုချင်တာ၊ မတည့်ရင် ဦးတဲ့သူက ဆော်နေကြတာ၊ အခုက အဆိုတော်နဲ့အိပ်လိုက်တာကော ခင်ရွှေဆီက ငွေယူတာကော ရောသွားတာ ” ဟု အကျဉ်းဦးစီးဌာန ဝန်ထမ်းတဦးက ပြောသည်။
     
    အင်းစိန်အကျဉ်းထောင်တွင် တာဝန်ကျနေသည့် ဝန်ထမ်းအများစုသည့် လာဘ်စားမှုများရှိနေပြီး ရာထူးကြီးသူက ပိုလာဘ်စားကြကြောင်း၊ သာမန်အကျဉ်းသားများသည် လာဘ်ပေးပြီး တန်းစီးချုပ်၊ အခန်းလူကြီး၊ စာရေး၊ စည်းကမ်းထိန်းစသည့် အခွင့်အရေးရသည့်နေရာများကိုယူပြီး ရောက်ရှိလာသည့် အကျဉ်းသားများထံမှ အိမ်ယာနေရာကောင်းရရှိရေး၊ ရဲဘက်မထွက်ရရေး၊ ထောင်တွင်းအလုပ်မလုပ်ရရေး (သက်သာသည့်အလုပ် ရရှိရေး) စသည့် နေရာများစွာမှ ဝန်ထမ်းများအတွက် ငွေရှာပေးရကြောင်း၊ ညွန်ချုပ်၊ ထောင်ပိုင်၊ ထောင်ပိုင်လေး၊ အဆောင်မှူး စသည့် အကျဉ်းဦးစီးဝန်ထမ်းများကလည်း ပတ်သက်နေသည့် အကျဉ်းသားများထံမှ ထောင်တွင်းနေထိုင် စားသောက်ရေး အဆင်ပြေစေရန် နည်းမျိုးစုံဖြင့် လာဘ်စားကြကြောင်း သိရသည်။
     
    Red News Agency

  • ကော်ဘရာ သူရဲကောင်း (၃) ဦးဈာပန 

    ကော်ဘရာ သူရဲကောင်း (၃) ဦးဈာပန 

    RNA_နိုဝင်ဘာ(၂၃)၊၂၀၂၂ခုနှစ်။

    အကြမ်းဖက်စစ်ကောင်စီတပ်ကို တိုက်ခိုက်နေသည့် ကော်ဘရာ စစ်ကြောင်းမှ ကျဆုံး ရဲဘော် (၃) ဦးဈာပန ယနေ့ ညနေပိုင်းက စစ်ကြောင်းမှ ရဲဘော်များက ပြုလုပ်ခဲ့သည်။

    နိုဝင်ဘာလ ၂၂ ရက်နေ့ ညနေ ၆ နာရီဝန်းကျင်က စစ်ကောင်စီတပ်၏ ခြုံခိုတိုက်ခိုက်မှုကြောင့် ရဲဘော် နော်အဲမူ အသက် (၂၉) နှစ်၊ ရဲဘော် ကျော်စွာဟိန်း (ခ) ကျော်ကြီး အသက် (၂၀) နှစ် ၊ ရဲဘော် သီတာအေး (ခ) လုလုဖော် အသက် (၂၂) နှစ်တို့ ကျဆုံးခဲ့ရသည်။

    [embedyt] https://www.youtube.com/watch?v=krYpkDi-zj4[/embedyt]

    ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်ရင်း (၂၇) ဗိုလ်ဒါဘော ဦးစီးသည့် ကော်ဘရာ စစ်ကြာင်းသည် ကရင်ပြည်နယ်၊ မြဝတီ – ဝေါ်လေ ဒေသ၊ လေ့ကေ့ကော်၊ ဖလူး၊ မင်းလက်ပံ၊ သဲဖြူချောင်း၊ လူခို့၊ ဘလက်တို၊ သေ့ဘော့ဘိုး၊ ဆုံဆည်းမြိုင်၊ တောင်နီ စသည့် ဒေသတွင်း နယ်မြေအတွင်း စစ်ကောင်စီတပ်ကို တိုက်ခိုက်နေကြောင်း သိရသည်။

    #RedNewsAgency

  • ပြည်သူများကို ကယ်ထုတ်ရင်း YDF ရဲဘော်တဦးကျဆုံး၊ တဦးပျောက်နေ

    ပြည်သူများကို ကယ်ထုတ်ရင်း YDF ရဲဘော်တဦးကျဆုံး၊ တဦးပျောက်နေ

    RNA_နိုဝင်ဘာ(၂၃)၊၂၀၂၂ ခုနှစ်။
     
    မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ဇာဟောကျေးရွာတောင်ဘက်၊ ဇာဟော-အုတ်လှလမ်းပေါ်၌ အကြမ်းဖက်စစ်ကောင်စီတပ် ခလရ (၅၀) မှ အင်အားအများအပြားဖြင့် စစ်ကြောင်းထိုးလာသည့်အတွက် ပြည်သူများကို ယောကာကွယ်ရေးတပ်-YDF တပ်ဖွဲ့ဝင်များ ကယ်ထုတ်ရင်း ပစ်ခတ်ခံရကာ ရဲဘော်တဦးကျဆုံးကာ ရဲဘော်တဦးပျောက်ဆုံးနေကြောင်း သိရသည်။
     
    “YDF တပ်ဖွဲ့ဝင်များဖြစ်သော ရဲဘော်အောင်နိုင်၊ ရဲဘော် အောင်ကျော်မိုးနှင့် ‌ရဲဘော်အောင်ကိုကိုတို့ ထိမှန်ခဲ့ပြီး ရဲဘော်အောင်နိုင်သည် ရင်ညွန့်နှင့် နံကြားတွင် ကျည်ထိမှန်၍ နေရာတွင် ကျဆုံးခဲ့ပါသည်။ ရဲဘော်အောင်ကျော်မိုးသည် ဘယ်ဘက်လက်မောင်းတွင် ကျည်ထိမှန် ဒဏ်ရာ ရရှိခဲ့ပြီး ရဲဘော်အောင်ကိုကိုမှာ ပျောက်ဆုံးနေဆဲဖြစ်ပါသည်” ဟု YDF က ထုတ်ပြန်ထားသည်။

    (more…)

  • တိုက်ပွဲအတွင်း ကျားဖြူတပ်ခွဲ (၂) မှ ရဲဘော် (၃) ဦးဒဏ်ရာရ

    တိုက်ပွဲအတွင်း ကျားဖြူတပ်ခွဲ (၂) မှ ရဲဘော် (၃) ဦးဒဏ်ရာရ

    RNA_နိုဝင်ဘာ(၂၃)၊၂၀၂၂ ခုနှစ်။
     
    ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် တောင်ကြားအင်းတွင် စစ်ကောင်စီတပ်နှင့် KNLA၊ ကျားဖြူတပ်ခွဲ (၂) အပါအဝင် ပူးပေါင်းတပ်ဖွဲ့များနှင့် ယမန်နေ့ ( နိုဝင်ဘာ ၂၂ ရက်) နံနက် ၉ နာရီကျော်က တိုက်ပွဲအတွင်း ကျားဖြူတပ်ခွဲ (၂) အဖွဲ့မှ ရဲဘော် (၃) ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
     
    “စကစဘက်မှလက်နက်ကြီးများနှင့်အဆက်မပျက်ပစ်ကူ‌‌သောကြောင့် ကျွန်တော်တို့ကျားဖြူတပ်ခွဲ(၂)မှရဲဘော်၃ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။မိမိတို့ကျားဖြူတပ်ခွဲ(၂)မှရိက္ခာပို့ကား၁စီး၊ပွိုင့်တူးတူး၁လက်၊ဖုန်း၅လုံးနှင့်စစ်သုံးကျောပိုးအိတ် စစ်အသုံးအဆောင်များစွာကျန်ခဲ့သည်” ဟု 96 Soldiers – တောင်ပိုင်း ကျားဖြူ တပ်ခွဲ -၂ မှ ထုတ်ပြန်ထားသည်။

    (more…)

  • ရေးမြို့ရဲစခန်းမှူးအပါအဝင် (၃) ဦးသေဆုံးသည့်ရုပ်သံ

    ရေးမြို့ရဲစခန်းမှူးအပါအဝင် (၃) ဦးသေဆုံးသည့်ရုပ်သံ

    ရေးဘီလူး အဖွဲ့ပစ်ခတ်မှုကြောင့် ရေးမြို့ရဲစခန်းမှူးအပါအဝင် (၃) ဦးသေဆုံး ( ရုပ်သံ)

    RNA_နိုဝင်ဘာ(၂၃)၊၂၀၂၂ ခုနှစ်။

    မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ ရေးဘီလူးအဖွဲ့၏ ယနေ့ နံနက် (၈) နာရီ ၂၀ မိနစ်ဝန်းကျင်က စောင့်ကြိုပစ်ခတ်မှုကြောင့် ရေးမြို့မရဲစခန်း စခန်းမှူးအပါအဝင် ရဲ (၃) ဦးသေဆုံးကာ M16 တလက်နှင့် ပစ္စတို တလက်နှင့် အခြားပစ္စည်းတချို့ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

    [embedyt] https://www.youtube.com/watch?v=VAlsKPnTZHU[/embedyt]

    ရေးမြို့မရဲစခန်းအပါအဝင် စီးနင်းလာသည့် ယာဉ်ကို အရှေ့တောင်တိုင်း စစ်ဌာနချုပ် လက်အောက်ခံ စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် (စကခ – ၁၉) အနီးတွင် ရေးဘီလူးအဖွဲ့က စောင့်ကြိုပစ်ခတ် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

    Red News Agency

  • ကော်ဘရာစစ်ကြောင်း အလစ်အငိုက်တိုက်ခိုက်ခံရပြီး အမျိုးသမီး ရဲဘော် (၂) ဦးပါအဝင် ရဲဘော် ၃ ဦးကျဆုံး

    ကော်ဘရာစစ်ကြောင်း အလစ်အငိုက်တိုက်ခိုက်ခံရပြီး အမျိုးသမီး ရဲဘော် (၂) ဦးပါအဝင် ရဲဘော် ၃ ဦးကျဆုံး

    RNA_နိုဝင်ဘာ(၂၃)၊၂၀၂၂ ခုနှစ်။
     
    ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ဝေါလေဒေသတွင် ကော်ဘရာစစ်ကြောင်းမှ ကားတစ်စီးကို စစ်ကောင်စီတပ်က နိုဝင်ဘာလ ၂၂ ရက်နေ့ ညနေပိုင်းက အလစ်အငိုက်ဖမ်းပြီး ချောင်းမြောင်းတိုက်ခိုက်ရာ အမျိုးသမီးရဲဘော် (၂) ဦးပါအဝင် အနည်းဆုံး ရဲဘော် (၃) ဦးကျဆုံးခဲ့ကြောင်း Red News Agency က အတည်ပြုနိုင်သည်။
     
    “အခုက အဲ့မူရယ်၊ နောက်အမျိုးသမီးတဦးရယ်၊ အမျိုးသား တဦးရယ်ပေါ့ ကျသွားတာ သေချာပါပြီ၊ ဒါပေမဲ့ ပြင်ထားတာတော့ ၆ နေရာရှိတယ်ကြားတယ်၊ သေချာတာက ၃ ဦးက သေချာပါပြီ၊ စခတွေက ချောင်းမြောင်းပစ်တာ၊ တိုက်ပွဲဖြစ်ပွားချိန်မှာ မဟုတ်ပါဘူး” ဟု PDF ရဲဘော်တဦးက အတည်ပြုပြောကြားထားသည်။
     
    ကရင်ပြည်မှာ စစ်ကောင်စီတပ်နှင့် ကော်ဘရာစစ်ကြောင်းနှင့် မဟာမိတ်အဖွဲ့များ နေ့စဉ်နီးပါး တိုက်ပွဲဖြစ်ပွားနေကြပြီး၊ စစ်ကောင်စီတပ်က ချောင်းမြောင်းပစ်ခတ်သည့်အတွက် အကျအဆုံးများရခြင်းဖြစ်ကြောင်း၊ ဒဏ်ရာရရှိသူတချို့ရှိကြောင်း သိရသည်။
     
    #RedNewsAgency

  • တစ်နှစ်ဗျူဟာချမှတ်ဆောင်ရွက်နေပြီဟု NUG ပြည်ထဲရေးအမြဲတမ်းအတွင်းဝန်ပြော

    တစ်နှစ်ဗျူဟာချမှတ်ဆောင်ရွက်နေပြီဟု NUG ပြည်ထဲရေးအမြဲတမ်းအတွင်းဝန်ပြော

    RNA_နိုဝင်ဘာ ၂၃၊၂၀၂၂ ခုနှစ် ။
     
    အမျိုးသားညီညွတ်ရေးအစိုးရ(NUG)အနေဖြင့် One Year Strategy (တစ်နှစ်ဗျူဟာ)ကို ချမှတ်ဆောင်ရွက်နေပြီဖြစ်ကြောင်း NUG ပြည်ထဲရေးဝန်ကြီးဌာန အမြဲတန်းအတွင်းဝန်က ပြောသည်။
     
    အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထဲရေးနှင့်လူဝင်မှု ကြီးကြပ်ရေးဝန်ကြီးဌာနနှင့် စစ်ကိုင်းတိုင်း၊မကွေးတိုင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံဆွေးနွေးမှုစည်းအဝေး (၁၀/၂၀၂၂) ကို ယနေ့ နိုဝင်ဘာ ၂၃ ရက် တွင် ကျင်းပပြုလုပ်ခဲ့သည်။

    (more…)

  • တပ်မ ၁၀၁ မှပြန်လာသည့် ပျူစောထီးနှင့်အဖွဲ့ကို ကြားဖြတ်တိုက်ခိုက် 

    တပ်မ ၁၀၁ မှပြန်လာသည့် ပျူစောထီးနှင့်အဖွဲ့ကို ကြားဖြတ်တိုက်ခိုက် 

    ပခုက္ကူအခြေစိုက် တပ်မ ၁၀၁ မှပြန်လာသည့် ပျူစောထီးနှင့်အဖွဲ့ကို ကြားဖြတ်တိုက်ခိုက်

    RNA_နိုဝင်ဘာ(၂၂)၊၂၀၂၂ခုနှစ်။

    မကွေးတိုင်း၊ ပခုက္ကူအခြေစိုက် စစ်ကောင်စီတပ် တပ်မ (၁၀၁) မှပြန်လာသည့် စစ်ကောင်စီတပ်သားများနှင့်ပျူစောထီးများကို ဒေသခံပြည်သု့ကာကွယ်ရေးတပ်ဖွဲ့များက တွင်းမပျူစောထီးရွာနှင့် သရက်ကန်ပျူစောထီးရွာကြားတွင် ကြားဖြတ်တိုက်ခိုက်ခဲ့ကြသည်။

    မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ တပ်ရင်း(၁) တပ်ခွဲ -၁ နှင့် တပ်ခွဲ-၂( ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့) တို့ ပူးပေါင်း၍ နိုဝင်ဘာလ ၂၁ ရက်နေ့ ညနေ ၃ နာရီ ၅၀ မိနစ်ဝန်းကျင်က တိုက်ခိုက်ခဲ့ကြခြင်း ဖြစ်သည်။

    (more…)