အာဏာသိမ်း စစ်ကောင်စီတပ်ကထွက်ပြီး ပြည်သူ့ရင်ခွင်ဝင်ရောက်လာမည့် ပြည်သူ့စစ်သားများကို KNDF က လက်ခံမည်

RNA- ဩဂုတ် ၂၀ ရက်။

ကရင်နီအမျိုးသားကာကွယ်ရေးတပ်မတော် ( KNDF) က အာဏာသိမ်းစစ်ကောင်စီတပ်က ထွက်လာမည့် ပြည်သူ့ စစ်သားများကို လုံခြုံရေးအာမခံပြီး အတူပူးပေါင်း လက်ခံမည်ဖြစ်ကြောင်း သိရသည်။

ပြည်သူ့ရင်ခွင် ဝင်ရောက်လာမည့် စစ်ဟားများကို KNDF နှင့် အတူ ပူးပေါင်းကြိုဆိုမည့်ကိစ္စကို ယနေ့ ပြည်သူ့စစ်သားများအဖွဲ့နှင့် ဆွေးနွေးအတည်ပြုကြပြီး၊ ပြည်သူ့ရင်ခွင် ဝင်ရောက်လာမည့် စစ်သားများအတွက် လုံခြုံရေး အာမခံသည့်အပြင် ဆုငွေများပါ ချီးမြင့်မည်ဖြစ်ကြောင်း KNDF က ယနေ့တွင် ထုတ်ပြန်ထားသည်။

ပြီးခဲ့ရက်ပိုင်းကလည်း အာဏာသိမ်း စစ်ကောင်စီ လက်နက်ကိုင်အဖွဲ့မှ ပြည်သူ့ရင်ခွင် ဝင်ရောက်လာသူ များရှိကြောင်း၊ NUG နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၊ နွေဦးတော်လှန်ရေးက ပေါ်ပေါက်လာသည့် PDF များနှင့် ပြည်သူ့စစ်သားများ အတူပူးပေါင်းကာ ဒီမိုကရေစီရေးအတွက် စစ်အာဏာရှင်ကို တိုက်ထုတ်ရန် ပြင်ဆင်နေကြကြောင်း သိရသည်။

Red News Agency

By RNA Editor

Leave a Reply

Your email address will not be published. Required fields are marked *