နယ်စည်းမခြား မိုးကြိုးမုန်တိုင်းအဖွဲ့က စနိုက်ပါများနှင့် လေ့ကျင့်နေပြီ

RNA-စက်တင်ဘာ ၄ ရက်။

အာဏာသိမ်း စစ်ကောင်စီကို လက်နက်ကိုင် တော်လှန်နေသည့် ပြည်တွင်းအခြေစိုက် နယ်စည်းမခြား မိုးကြိုးမုန်တိုင်းတပ်ဖွဲ့ က စနိုက်ပါများနှင့် လေ့ကျင့်နေပြီဖြစ်ကြောင်း ယနေ့ထုတ်ပြန်ထားသည်။

နယ်စည်းမခြား မိုးကြိုးမုန်တိုင်းအဖွဲ့အနေဖြင့် ယခုအနေအခြေတွင် အာဏာသိမ်းစစ်ကောင်စီနှင့် အပေါင်းအပါများကို တိုက်ခိုက်နေပြီး၊ စနိုက်ပါ လေ့ကျင့်မှု ပြည့်ဝပါက အရှိန်အဟုန်မြှင့်ကာ စစ်ကောင်စီအကြီးအကဲများနှင့် ဒလန်များ စစ်ကောင်စီလက်အောက်မှ ပူးပေါင်းပါဝင်သူများကို တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်အာဏာသိမ်းပြီးနောက် ယနေ့ စက်တင်ဘာလ ၄ ရက်နေ့ထိ ကျဆုံးခဲ့ရသူ ၁၀၄၆ ဦး၊ ဖမ်းဆီးခံထားရသူ ၆၂၃၀ ဦး၊ ဖမ်းဆီးခံထားရသူများထဲတွင် ၂၆၄ ဦးမှာ ထောဂ်ဒဏ်ချမှတ်ခံထားရပြီး သေဒဏ် ၂၆ ဦး၊ ၁၈ နှစ်အောက် ကလေး ၂ ဦးပါရှိကြောင်း ယနေ့ AAPP က ထုတ်ပြန်ထားသည်။

Red News Agency

By RNA Editor

Leave a Reply

Your email address will not be published. Required fields are marked *