ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရှမ်းပြည်နယ် တောင်ပိုင်းနှင့်မြောက်ပိုင်း ပူးပေါင်းပြီး ရှမ်းပြည်သွေးစည်းညီညွတ်ရေး တပ်ပေါင်းစုဖွဲ့စည်း

RNA – စက်တင်ဘာ ၄ ရက်။

အာဏာသိမ်းစစ်ကောင်စီနှင့် အပေါင်းအပါများကို တော်လှန်တိုက်ခိုက်ရန်အတွက် ရှမ်းပြည် တောင်ပိုင်းနှင့် မြောက်ပိုင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်းပြီး ရှမ်းပြည်သွေးစည်းညီညွတ်ရေးတပ်ပေါင်းစု ဖွဲ့စည်းကြောင်း ယနေ့ ( စက်တင်ဘာလ ၄ ရက်) ထုတ်ပြန်ထားသည်။

ရှမ်းပြည်နယ်တွင် မြို့နယ်အလိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ဖွဲ့စည်းထားကြောင်း၊ စက်တင်ဘာလ ၁ ရက်နေ့ အစည်းအဝေးဆုံးဖြတ်ချက်အရ ရှမ်းပြည်သွေးစည်းညီညွတ်ရေး တပ်ပေါင်းစု ဖွဲ့စည်းရခြင်းဖြစ်သည်ဟု ရှမ်းပြည်သွေးစည်းညီညွတ်ရေးတပ်ပေါင်းစုက ယနေ့ ထုတ်ပြန်ထားသည်။

တပ်ပေါင်းစု၏ ရည်ရွယ်ချက်မှာ ရှမ်းပြည်နယ် တောင်းပိုင်း မြောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အချင်းချင်း ဆက်သွယ် ကူညီပံ့ပိုးရန်၊ ဖက်ဒရယ်ပြည်ထောင်စုစနစ် အောင်မြင်စွာအကောင်အထည်ဖော်နိုင်သည်အထိ ပြည်သူ့အစိုးရနှင့် လက်တွဲဆောင်ရွက်ရန်စသည်တို့ကို ရည်မှန်းထားကြောင်း သိရသည်။

Red News Agency

By RNA Editor

Leave a Reply

Your email address will not be published. Required fields are marked *